Banana Diets ငှက်ပျောသီး-အာဟာရ

ရေးထားတာ ၅ နှစ်ရှိပြီ။ စောစောက ငှက်ပျောသီးအိတ်ရေးလိုက်လို့ ပြန်တင်ပါရစေ။ ဘလော့ခ်တခုထဲက ဂျပန်မှာ မနက်စာကို ငှက်ပျောသီးနဲ့ ရေကိုသာ နေ့တိုင်းစားရင် ၆ လ မှာ ၁၃ ကီလိုကျတယ်လို့ ဖတ်ရပါတယ်။ ဘယ်လို မြင်ပါသလဲ၊ ဖြစ်နိုင်ပါသလားဆရာ။ အရမ်းလွယ်နေလို့ပါ။

သူပြောလာတာ ဆရာပြန်လုပ်ဘို့ရာရှာတော့ မနက်စာကို ငှက်ပျောသီး စားနိုင်သလောက်ပြောတာ တွေ့ရသလို တလုံးထတည်းစားပါလည်း ဖတ်ရတယ်။ ပြီးရင် အခန်းအပူချိန်သာရှိတဲ့ ရိုးရိုးရေ သောက်ပါတဲ့။ နေ့လည်စာနဲ့ ညစာ ကြိုက်တာ သုံးဆောင်ပါတဲ့။ ညနေ ၃ နာရီ အဆာပြေလည်း သဘောဘဲတဲ့။ အဲ့ အချိုတည်းတာတော့ မဟဲနဲ့တဲ့။ ပြီးရင် သန်းခေါင်မတိုင်ခင် အိပ်ပါတဲ့။ ဟုတ်ပ လွယ်လိုက်၊ ရှင်းလိုက်တာ။

ရေးထားတာထဲမှာ ဇီဝဖြစ်စဉ်ကောင်းစေတယ်ဆိုတာလည်း ပါသေးတယ်။ ဂျပန် ဆေးပညာပါမောက္ခကနေ ထုတ်တဲ့ မေးခွန်းကိုတော့ ဂျပန်တွေက မသိချင်ရောင် ဆောင်ကြဆိုဘဲ။ ကိန်းဂဏန်းနဲ့ တိုးတက်လာတာကတော့ တိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကလာတဲ့ ငှက်ပျောသီး (အင်ပို့တ်) ဖြစ်တယ်။ အရောင်းက ၈ဝ% တက်သွားစေလို့တဲ့။

သတင်းထောက် Mary-Liz Shaw ကရေးတော့ ငှက်ပျောသီးအာဟာရကို ၁၉၇ဝ ကတည်းကလို့ သိရတယ်။ တစ္ဆေဝတ္ထု ရေးတဲ့ စာရေးဆရာ (ကလစ်ဖို့-သာလော) ကနေ ၁၉၉၅ မှာ စာအုပ်ရေးတယ်။ ၂ဝဝ၈ အောက်တိုဘာ လလယ်ထုတ် (တိုင်းမ်) မှာလဲ Japan Goes Bananas for a New Diet လို့ ပါခဲ့တယ်။ သုံးထားတဲ့ အင်္ဂလိပ်စကားစုက Go crazy နဲ့ အတူတူမို့ ဗမာလိုဆို အရူးထကြတယ်လို့ ပြောတာပါ။

မီဒီယာဆိုတာက ဘယ်သူ အရူးထထ ရေးစရာရတာကိုး။ အကိုးအကားလည်း ပါသေးတာ။ ငှက်ပျောသီးမှာ ကဇီဓါတ် ကနေ အဆီဓါတ် ပြောင်းပေမဲ့ဟာကိုတားနိုင်တဲ့ Resistant starch ပါသတဲ့။ ဒါ့ကြောင့် အပိုဆောင်းထားတဲ့ အဆီတွေကို ထုတ်သုံးလိမ့်မယ်ပေါ့။

ရေးတဲ့သူရှိတော့ မေးတဲ့-ဖြေတဲ့သူတွေလည်း ပေါ်လာတယ်။
- ငှက်ပျောသီးနဲ့ (ဘရိတ်ဖတ်) ရင် (ဝိတ်) ကျမယ်ဆိုတာ ဟုတ်ပါလား။
- ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ သုတေသနတွေတော့ တလှေကြီးလိုအုံးမယ်။
- အဲဒါက အန္ကရာယ်ကင်းရဲ့လား။
- ကင်းလောက်တယ် ထင်တာဘဲ။
- ဒါဆို ခင်ဗျားက စမ်းတော့မယ်ပေါ့။
- ဟင့်အင်း။

သိပ္ပံနည်းကျကျ ရေးပြတာတွေလည်း ဖတ်ပါအုံး။ ငှက်ပျောသီးမှာ Resistant starch ဆိုတဲ့ (ကလိုရီ) အစား လျှော့စေတာ သာမက (စပါယ်ရှယ်) ကျတာလည်း ရှိသေးသတဲ့။ သူ့ကို အူမကြီးထဲမှာ ကစော်ပေါက်သလို ဖြစ်သွားရင် တခြား (ဖိုင်ဗာ) ပါတဲ့ အစားတွေထက် Butyrate ဆိုတာကို ပိုထုတ်ပေးတယ်။ ဒါကနေ ဟော်မုန်းတမျိုး ဖြစ်စေအောင် လုပ်ပေးတယ်။ Satiety ဟော်မုန်းက စားချင်နေတယ်-စားလို့ဝပြီဆိုတာ ဖြစ်စေပါတယ်။ သူ့လိုဘဲ ပြောင်းကနေရတဲ့ Hi-maize resistant starch စားရင် ၂၄ နာရီအတွင်းမှာ (ကယ်လိုရီ) ၁ဝ% လောက် လျှော့စားသတဲ့။ ဘာလီစေ့ကနေ ရတာကလဲ အဲလို သဘောရှိတယ်၊ နောက်နေ့မှာ ခါတိုင်းလောက် မဆာဘူးတဲ့။

ဒါပေမဲ့ တင်းနစ်ကစားသူတွေ နားချိန်မှာ ငှက်ပျေားသီးတကိုက်စားတာ တွေ့ဘူးကြပါလိမ့်မယ်။ ကိုယ်တွေ့ပြောရရင် ကျွန်တော် တင်းနစ်ကစားရင် ငှက်ပျောသီးစားတဲ့နေ့ သကြားဓါတ်နည်းပြီး ဆက်မကစားနိုင်ပါ။ တခါမကပါ၊

Banana Diets ကို ဆန်းစစ်ရအောင်။ အာဟာရဥပဒေသအရ မနက်စောစောစာ ငှက်ပျောသီး ၁ လုံးစားပါ။ ၁ လုံးမက ဖြစ်ဖြစ် တခြားအသီးဖြစ်ဖြစ်လည်း စားလို့ရတယ်။ ၁၅-၃ဝ မိနစ် စောင့်ပြီး၊ ဆာသေးရင် တခုခုစားလို့ရပါတယ်။ နေ့စာ-ညစာ ကြိုက်ရာမှာစား၊ အချိုပွဲသာမပါနဲ့။ အခန်းအပူချိန်ရှိ ရေသာသောက်၊ ဝိုင်၊ ဘီယာ ဘာမှမသောက်ပါနဲ့။ ထပ်ဆောင်းဥပဒေ သန်းခေါင်ထက် ညဥ့်မနက်စေနဲ့။ ညစာကျေချက်အောင်လိုတဲ့ ၄ နာရီထက်ပိုရင် ပြန်ဆာလာမှာစိုးလို့။ လေ့ကျင့်ခန်းတောင် လုပ်မနေနဲ့။ အဲ့ နေ့တိုင်း နည်းနည်းလမ်းလျှောက်တာတော့ ကောင်းတယ်။

CBS News မှာ အာဟာရကျွမ်းကျင်သူ Kerri Glassman ကနေ Morning Banana Diet ဆိုတာ Fad diet ပါလို့ ပြောချ လိုက်တယ်။ သူပြောချင်တာက ဒါမှဒါလို့ပြောပြီး တခုတည်းအပေါ်သာ ဦးစေားပေးတဲ့ ပေါ်ပြူလာဝိတ်ချနည်းဘဲတဲ့။ ရေရှည်မှာ မှေးမှိန်သွားလိမ့်မယ်တဲ့။ သေခြာတာက ငှက်ပျောသီးမှာ ဖိုင်ဗာပါတယ်။ ပိုတက်ဆီယမ်ပါတယ်။ ပရိုတင်း ပါတယ်။ ဒါတွေက အင်မတန်ကောင်းတယ်။ ဒါပေမဲ့ တခြား Grapefruit fad diet နဲ့ Cabbage Soup diet တွေလို အတူတူဘဲ မျက်လှည့်လို တမဟုတ်ခြင်း ပြောင်းသွား-ကောင်းသွားမှာ မဟုတ်ဘူးလို့ အမျိုးသမီးကဆိုပါတယ်။

ဒါ့ပြင် တကယ်လို့ ငှက်ပျောသီးလေး ၁ လုံးစားပြီး၊ ပီဇာတို့ အကျော်တို့ ကြိုက်တာစားမဲ့သူတွေအတွက်က ဒုက္ခ အကြီးအကျယ် ကျရောက်စေနိုင်ပါသတဲ့။

ရုပ်ရှင်မင်းသမီး ဒီနည်းနဲ့ ၂၆ ပေါင်ကျသွားလို့ ဂျပန်မှာနာမည်ကြီးသွားရတာပါ။ ဂျပန်မလေးတွေ လိုက်အတုခိုးကြတယ်။ ခေတ်မီတာကိုး။ ၃၇ ပေါင်ကျသွားတဲ့ Watanabe အကြောင်းကိုရေးပေးတဲ့ Mixi ဆိုရှယ်ကွန်ရက် ကျေးဇူးလို့လည်း ပြောနိုင်ပါတယ်။ ကျွန်တော်တို့ခေတ်က Trend တွေ အတော်အောက်သွားပြီ မဟုတ်လား။

Dr. တင့်ဆွေ
၁၃-၉-၂ဝ၁ဝ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး