Best practice guidelines released for cervical cancer screening

သားအိမ်ဝကင်ဆာ ဆန်ခါတင်စစ်ဆေးမှု အကောင်းဆုံး လုပ်ဆောင်ချက်လမ်းညွှန်

American College of Physicians အမေရိကန် ဆရာဝန်များကောလိပ်က ထုတ်ပြန်ချက်ကို ၂ဝ၁၅ ဧပြီလ ၃ဝ ရက်က ထွက်တဲ့သတင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ သားအိမ်ဝကင်ဆာ ပျမ်းမျှအန္တရာယ်ရှိတဲ့ အမျိုးသမီးတွေကို အကောင်းဆုံး နည်းလမ်းတွေသုံးရင် မလိုအပ်တာတွေကို လျော့နည်းစေပါမယ်။

လမ်းညွှန်သစ်မှာ အသက် ၂၁ နှစ်ထက်စောပြီး စစ်စရာမလိုပါ။ ၃ နှစ်တခါထက်လည်း နီးစရာမလိုပါ။  ပျမ်းမျှအန္တရာယ် ရှိတဲ့ အမျိုးသမီးတွေဆိုတာ အရင်ကကင်ဆာဖြစ်ကာနီးနဲ့ ကင်ဆာရာဇဝင်မရှိခဲ့သူ။ HIV မရှိသူ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးတာမရှိသူ၊ သားအိမ်ကို (အီစထိုဂျင်) အတုဆေး Diethylstilbestrol မရခဲ့သူတွေ ဖြစ်တယ်။

အဲလိုအမျိုးသမီးတွေကို Pap smear ခေါ်တဲ့နည်းနဲ့ မူမှန်မဟုတ်တဲ့ (ဆဲလ်) တွေရှိ-မရှိစစ်နည်းကို အသက် ၂၁ နှစ် ကျော်မှသာ ၃ နှစ်တခါ လုပ်ဘို့လိုပါမယ်။ အသက် ၃ဝ ရောက်ရင် Pap smear နည်းအပြင် HPV test ကြွက်နို့ပိုး ရှာနည်းကိုပါ အသက် ၆၅ နှစ်အထိ ၅ နှစ်တခါလုပ်ရပါမယ်။ ၆၅ ကျော်သူတွေကို Pap smear နည်းမှာ ၂ ခါတက်တိုက် ရောဂါရှာမတွေ့ရင် HPV test ၃ ခါဆက်တိုက်မတွေ့ရင် ဘာမှစစ်စရာမလိုတော့ပါ။ တကယ်လို့ သားအိမ်ဝပါပါတဲ့ သားအိမ်ထုတ်နည်းလုပ်ထားရင်လည်း ဘယ်အရွယ်မှာဖြစ်ဖြစ် စစ်စရာမလိုတော့ပါ။

HPV ကြွက်နို့ပိုးကူးစက်မှုအသစ်တွေ့လို့ မပူပါနဲ့။ ၁-၂-၃ နှစ်မှာ ဘာမှဒုက္ခမပေးပဲ ပျောက်ပါတယ်။ စိတ်သက်သာ ရစေတာတခုက အသက် ၂၅ နှစ်အောက်မှာ သားအိမ်ဝကင်ဆာဖြစ်တာ အတော်ကိုနည်းလွန်းပါတယ်။ HPV ပိုး ရှိနေသူတွေလည်း အသက် ၆၅ ကျော်လို့ သားအိမ်ဝကင်ဆာ မဖြစ်ကြတာတွေ့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး