ပါပီတို့ခေတ်

စာရေးပြီးကို စာရေးပီးလို့ ရေးတာခုနောက်ပိုင်းအသုံးများလာတယ် facebook မှာ ပီးလို့ရေးတာ မြန်လို့ အတိုချုပ်သဘောနဲ့သုံးကြတာ

အလွန်မှားတယ်။ ပြီကို ပီလို့၊ ပြီးကို ပီးလို့ရေးနည်းကို ပေါ်လစီသတ်ပုံစာအုပ်မှာတောင် မပါဘူး။

ပီ
• ပီအောင်ဆို
• ပီနံသီး
• ပီသ
• ပီပြင်
• ပီလားကောင်
• ပီလောပီနံပင်
• ပီလောပင်
• ခွေးကလေးပါပီ

ပြီ
• လာပါပြီ
• ပြီးပါပြီ
• ပြီတီတီ
• ချစ်မိနေပြီ
• သေပြီ
• ပြန်လာပြီ
• စားပြီးပြီ
• အဆင်သင့်ဖြစ်ပြီ

ပါပီဆိုရင် အိမ်မှာမွေးထားတဲ့အကောင်လေးမဟုတ်လား။ စည်းရုံးရေးဆင်းပါပီလို့ရေးရင် ပါပီကိုစည်းရုံးရေးဆင်းခိုင်သလား ထင်စေမယ်။ အဲဒီအထဲမှာ ကျမအအဖေလည်းပါပီလို့ ရေးကြည့်။ ဆောရီး။ ကန်တော့ပါ။

တချို့ကလည်း အင်္ဂလိပ်စာလုံး P တဲ့။ ပိုဆိုးတယ်။ ကိုယ်ခန္ဓာအရင်းအနှီးပြုလုပ်ကိုင်ကြရတဲ့ မိန်းကလေးတွေကိုခေါ်တဲ့ ဘန်းစကား။ ပရော်စတီကျုကိုခေါ်တာ။ ဆောရီး။ ကန်တော့ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး