လယ်တီဆရာတော်ဘုရားကြီးမွေးနေ့

ပို့စ်တခု = Ye Khaing ဒီနေ့ နတ်တော်လဆန်း ၁၃ရက် - မြန်မာပြည်ရဲ့အကြီးကျယ်ဆုံး စာရေးဆရာ၊ ကဗျာဆရာ၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး မွေးနေ့။

ကျွန်တော် အလယ်တန်းကျောင်းစနေကတည်းက နေခဲ့တဲ့အိမ်က မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ အရှေ့လယ်တီ အရှေ့ဖက်မှာရှိတယ်။
ကျောင်းသွားရင် အနောက်လယ်တီကိုဖြတ်ပြီး မုံရွာ-ဘုတလင်ရထားလမ်းကိုကျော်တော့ အထက (၂) ကိုရောက်တယ်။
နေ့လည်နားချိန်မှာ လယ်တီကျောက်စာတိုက်ထဲမှာ ဆော့ကစားကြတယ်။
အဲဒီတုံးက ကျောက်စာတွေကို မွမ်းမံနေချိန်မို့ ကျောက်ချပ်တွေကို ဆောက်ကလေးနဲ့ ထွင်းရေးနေတာကို ရပ်ကြည့်လေ့ရှိတယ်။
ဒုတိယအစမ်းစာမေးပွဲအပြီးနဲ့ လယ်တီဆရာတော်မွေးနေ့ပွဲကိုက်လို့ ပွဲကြည့်ရတယ်။
လယ်တီဆရာတော် ရေးသားစီရင်ခဲ့တဲ့စာတချို့အလွတ်ရတယ်။

- ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်မလား၊
- ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်မလား၊
- ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်မလား။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး