Blood pressure drugs rethink urged

သွေးကျဆေးကို နှလုံးရောဂါလူနာတွေကိုပေးသင့်

နှလုံးရောဂါလူနာတွေကို သွေးဖိအား ပုံမှန်သာရှိပေမယ့် သွေးတိုးကျဆေးပေးထားရင် အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်တယ်လို့ယူဆချက်အသစ်တခု ကနေ့ထွက်ပေါ်လာပါတယ်။ Lancet မှာရေးသားလိုက်တာပါ။

သွေးတိုးရှိနေသူတွေအတွကိ လူနေမှုပုံစံပြောင်းတဲ့နည်းဟာ တွေးဖိအားကိုထိန်းဘို့မှာ အတော်အခယာကျပါတယ်။
သွေးတိုးရှိနေသူတွေဟာ တချိန်မှာ နှလုံးရောဂါနဲ့ ဦးနှောက်သွေးကြောမတော်တဆဖြစ်လာ ဖြစ်လာစေနိုင်တယ်။
သွေးဖိအား 140 mmHg ရောက်တာနဲ့ သွေးကျဆေးပေးသင့်တယ်လို့ အင်္ဂလန် National Institute for Health and Care Excellence အကြံပြုချက်သစ်ကဆိုပါတယ်။

ပညာရှင်တွေက အကြီးစားလေ့လာမှုပေါင်း တရာကျော်လုပ်ခဲ့ပြီးပါပြီ။ ၁၉၆၆ ကနေ ၂ဝ၁၅ အတွင်းမှာ လူနာပေါင်း ၆ သိန်းကိုလေ့လာခဲ့တယ်။

လူနေမှုပုံစံပြောင်းတယ်ဆိုတာ ဆိုဒီယမ် (ဆား) လျှော့စားဘို့၊ ကိုယ်အလေးချိန်ထိန်းဘို့၊ ကိုလက်စထောထိန်းဘို့နဲ့ ကိုယ်လက်လှုတ်ရှားမှုလုပ်ဘို့တွေဖြစ်ပါတယ်။ လေ့လာမှုအသစ်တခုအဆိုအရ သကြားလည်းလျှော့သင့်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်သူတွေ၊ ကိုလက်စထောများသူတွေနဲ့ အသက် ၆၅ နှစ်ကျော်သူတွေဟာ နှလုံးရောဂါနဲ့ ဦးနှောက် သွေးကြောမတော်တဆဖြစ်မယ့် အန္တရာယ်များကြတယ်။ သူတို့ကို သွေးကျဆေးပါပေးထားသင့်တယ်။ သွေးဖိအား နည်းနေသူတွေမှာတော့ အကျိုးရတာလည်းနည်းတယ်။ ဒါကြောင့် လူတိုင်ကိုပေးဘို့ တိုက်တွန်းမှုမပြုပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၅
http://www.bbc.com/news/health-35169864

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး