Burmese History Chronology by Dr. Than Tun

မြန်မာနိုင်ငံ (၁၃ဝဝ-၁၈၈၅) ဖြစ်ပေါ်တိုးတက်မှုအကျဉ်းချုပ်
(ဒေါက်တာသန်းထွန်းရေးတဲ့ မြန်မာသစ်စာတမ်းက ကောက်နှုတ်ချက်)
• ၁၃ဝဝ ပုဂံနိုင်ငံပျက်
• ၁၃၁၂ ပင်းယမြို့တည်
• ၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
• ၁၃၆၅ အဝမြို့တည်
• ၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
• ၁၄ဝ၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
• ၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
• ၁၄၃၇ သံတွဲ ရခိုင် လက်အောက်ခံစဖြစ်
• ၁၄၄၆ ရှမ်း သိုဟန်ဘွား တရုတ်မှာ အညံ့ခံ
• ၁၄၅၃ ရှင်ဥတ္တမကျော်၊ ရှင်သီလဝံသတို့ မွေးဖွား၊ မြန်မာစာပေကြီးပွား
• ၁၄၆ဝ မွန် ရှင်စောပု ရွှေတိဂုံစေတီရင်ပြင်တော်ကိုချဲ့
• ၁၄၅၇ မွန် ရာမာဓိပတိ (ဓမ္မစေတီ) မင်းက သာသနာသန့်စင်ရေးအတွက် သီရိလင်္ကာနဲ့ ဆက်သွယ်၊ ကလျာဏီကျောက်စာရေးထိုး
• ၁၅၂၃ ရှမ်း သိုဟန်ဘွား အဝ မင်းဖြစ်
• ၁၅၃၉ တပင်ရွှေထီး ဗဂိုးသိမ်း၊ ဗဂိုးမှာ နန်းသစ်ဆောက်
• ၁၅၄၁ တပင်ရွှေထီး မဒမကိုသိမ်း
• ၁၅၄၈ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပထမအကြိမ် ဝန်းရံတိုက်ခိုက်
• ၁၅၅ဝ တပင်ရွှေထီးလုပ်ကြံခံရ၊ မွန်တွေက မြန်မာကို ဗဂိုးကနှင်
• ၁၅၅၅-၅၉ ဘုရင့်နောင်က အညာမြန်မာ၊ ရှင်းပြည်၊ မဏိပူရက လင်းဇင်းထိသိမ်း၊
• ၁၅၆၄ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဒုတိယအကြိမ် ဝန်းရံ၊ မြို့ကိုသိမ်း၊ တနင်္သာရီ မြန်မာ လက်အောက်ခံဖြစ်လာ၊ ဗဂိုးကို မီးရှို့ဖျက်ဆီး၊
• ၁၅၆၉ အယုဒ္ဓယ (ယိုးဒယား)ကို မြန်မာက တတိယအကြိမ် ဝန်းရံ၊
• ၁၅၈၇-၉၃ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက စတုတ္တအကြိမ်ဝန်းရံ၊ ဘာမျှ အရာမရောက်
• ၁၆ဝဝ ရခိုင်၊ ယိုးဒယားပေါင်းပြီး ဗဂိုးကိုတိုက်၊ မြစ်ဝကျွန်းပေါ်မှာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်၊ နိုင်ငံ အစိတ်စိတ်ပြိုကွဲ၊ ဒီဗရစ်တို တညင်မှာအခိုင်အမာနေ
• ၁၆၁၇ မင်းခမောင်းက ရှင်မဖြူကျွန်းကိုသိမ်း၊ မာ့ဘ်နဲ့ ပုတကေ ပေါင်းပြီး ဘင်္ဂလားဒေ့ကိုတိုက်ခိုက်
• ၁၆၂၇ ဒတ်ခ်ျနဲ့ အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီတွေက မြန်မာမှာ ကုန်တိုက်ဖွင့်
• ၁၆၃၅ အဝကို မြို့တော်ပြောင်း
• ၁၆၅၂-၆၂ တရုတ်ဘက်က အညာမြန်မာနယ်တွေမှာ ဝင်ရောက်လုယက်
• ၁၆၇၇ ဒတ်ခ်ျနဲ့ အင်္ဂလိပ် အိန္ဒိယကုမ္ပဏီတိုက်ခွဲတွေ မြန်မာနိုင်ငံကရုပ်သိမ်း
• ၁၆၈၃ ဒတ်ခ်ျကုမ္ပဏီတိုက်ခွဲ ရခိုင်ကရုပ်သိမ်း
• ၁၆၈၈ ဘိတ် (မြိတ်) ကို ပြင်သစ်ကခေတ္တသိမ်းယူ၊ ပြင်သစ် အရှေ့အိန္ဒိယကုမ္ပဏီ တိုက်ခွဲ တညင်မှာဖွင့်
• ၁၇၂၁ ကက်သလစ် သာသနာပြု လုပ်ငန်းစ
• ၁၇၂၄-၅ဝ အညာမြန်မာဘက် မဏိပူရမှာ လုယက်
• ၁၇၂၅ မြန်မာက ဇင်းမယ်ကို လက်လွှတ်
• ၁၇၄ဝ ဗဂိုး၊ တညင်၊ မဒမ က မြန်မာတွေ ပြေးခဲ့ရ
• ၁၇၄၃ မြန်မာက တညင်ရ၊ ပြန်လက်လွတ်၊ မွန်က တညင်ရှိ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုန်တိုက်တွေကို မီးတိုက်
• ၁၇၄၇ အုတ်ဖိုကွေ့ရှမ်းက မဒရာရှိ မွန်တွေနဲ့ ပူးပေါင်း
• ၁၇၅ဝ အဝမင်းက ယွန်နန်ကို အကူအညီတောင်း၊ မနုရင်း ဓမ္မသတ် ပြုစု
• ၁၇၅၁ ကျောက်ဆည်ကို မွန်တို့သိမ်း
• ၁၇၅၂ အဝကို မွန်တို့သိမ်း
• ၁၇၅၃ အဝက မွန်တို့ထွက်
• ၁၇၅၄ အဝကို မွန်တို့က အကြီးအကျယ် လာရောက်တိုက်ခိုက်တာကို အလောင်းမင်းတရားက တွန်းလှန်
• ၁၇၅၅ မွန်တို့က ဟံသာဝတီရောက်မင်းကို ရေမှာဖျောက်၊ အလောင်းမင်းတရား ပြည်၊ မြန်အောင်၊ ရန်ကုန်ကို သိမ်း၊ အင်္ဂလိပ်သင်္ဘောတွေကိုဖမ်း၊ ရန်ကုန်မှာ မီးလောင်၊ ကပ္ပတိန်ဗေကာ သံအဖြစ်နဲ့ အလောင်းမင်းတရားဆီလာ၊ မဏိပူရကို ပထမအကြိမ်ဖျက်ဆီး၊ ရှမ်းက အညံ့ခံ
• ၁၇၅၆-၅၇ ဗဂိုးကိုရံ၊ မွန်တို့ကို အပြီးတိုင်နိုင်
• ၁၇၅၈-၅၉ အလောင်းမင်းတရားက မဏိပူရကို အောင်နိုင်
• ၁၇၆ဝ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပဉ္စမအကြိမ် ဝန်းရံ၊ တနင်္သာရီကို မြန်မာက သိမ်း၊ အဲဗ်စ်သံအဖွဲ့ရောက်၊ ရန်ကုန်မှာ အရှေ့အိန္ဒိယကုန်တိုက်ဖွင့်
• ၁၇၆၄ မဏိပူရကို တိုက်ခိုက်လုယက်
• ၁၇၆၇ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဆဋ္ဌမအကြိမ် ဝန်းရံသိမ်းယူ
• ၁၇၆၅-၆၉ တရုတ် ကျူးကျော်စစ်
• ၁၇၇၃ မွန်တွေ ထိုင်းလင်းဘက်မှာ ခိုလှုံ
• ၁၇၆၈-၈၂ ထိုင်းလင်း (ယိုးဒယား) က မြန်မာတွေကို တိုက်ထုတ်
• ၁၇၈၃ အမရပူရကို မင်းနေပြည်လုပ်၊ ရန်ကုန်ကို မွန်တို့က ခေတ္တသိမ်း
• ၁၇၈၄-၈၅ ရခိုင်ကိုသိမ်း၊ အရပ်ရပ် ကျောက်စာတွေစု
• ၁၇၉၄ ရခိုင်မှာ သူပုန်ထ၊ မြန်မာက စစ်တကောင်းဘက်ကိုဝင်
• ၁၈၁၃ မဏိပူရကို ချီတက်၊ ဂျပ်ဆင် မြန်မာနိုင်ငံကိုရောက်
• ၁၈၁၄ မဒမမှာ မွန်တွေ ပုန်ကန် ထိုင်းလင်းဘက်ကို ဝင်ရောက် ခိုလှုံ
• ၁၈၁၆ အာသမ်ကို မြန်မာက တိုက်ခိုက်အောင်မြင်
• ၁၈၁၉ မြန်မာက မဏိပူရကိုသိမ်း၊ မြန်မာက အာသမ်ကိုသိမ်း
• ၁၈၂၃ အဝကို မင်းနေပြည်ပြန်လုပ်၊ ရှင်မဖြူ (ဆဟာဟပုရိ) ကျွန်းကို မြန်မာကသိမ်း
• ၁၈၂၄-၂၆ အင်္ဂလိပ်-မြန်မာ ပထမစစ် ဖြစ်ပွား၊ ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်ယူ
• ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ် ဖြစ်ပွား၊ အကြေမြန်မာကို အင်္ဂလိပ်သိမ်း
• ၁၈၅၇ မန္တလေးမြို့ စတည်
• ၁၈၈၅ အင်္ဂလိပ်-မြန်မာ တတိယစစ်ဖြစ်ပွား၊ အညာမြန်မာကိုပါ အင်္ဂလိပ်သိမ်း။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး