Kyat ကျပ်ငွေ









၁၅-၅-၁၉၆၄ မှာ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ဗိုလ်ချုပ်နေဝင်းက ပဌမဆုံးအကြိမ် တရားမဝင်ကြေညာလိုက်တယ်။

၃-၁၁-၁၉၈၅ နေ့မှာ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်ငွေစက္ကူတွေကို ဒုတိယအကြိမ် တရားမဝင်ကြေညာလိုက်တယ်။

၅-၉-၁၉၈၇ နေ့မှာ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန်ငွေစက္ကူတွေကို တတိယအကြိမ် တရားမဝင်ကြေညာလိုက်တယ်။

ဗိုလ်ချုပ်နေဝင်းက ငွေစက္ကူတွေကို တရားမဝင်သုံးခါလုပ်ခဲ့တယ်။ ပဌမနဲ့ ဒုတိယအကြိမ်တွေမှာ အကန့်အသတ်နဲ့ လဲပေးသေးတယ်။ နောက်ဆုံးတခါမှာ တပြားမှမပေးတော့ပါ။ ဗိုလ်ချုပ်နေဝင်းရဲ့ မဆလပါတီထိပ်သီးတွေက စစ်တပ်ကဖြစ်ကြတယ်။ နောက်ပါတီတခုဖွဲ့တော့လည်း မဆလ ဗဟိုကော်မတီဝင်တွေက ဦးဆောင်ပြန်တယ်။ အခုထိ။ 

အသပြာငွေကို ကုန်းဘောင်ခေတ်ကစသုံးတယ်။ ပဌမဆုံးငွေက ၁၈၅၂ ကနေ ၁၈၈၉ အထိ။ ငွေဒင်္ဂါးခေါ်တဲ့အကြွေကို ၁၈၅၂ ခုနှစ် မင်းတုန်းမင်းလက်ထက်က စသုံးတယ်။ ပြင်သစ်က အကူအညီပေးခဲ့တယ်။ ၁၉၄၃ ကနေ ၁၉၄၅ အတွင်း သုံးခဲ့တာက ဂျပန်ငွေစက္ကူတွေဖြစ်တယ်။ ၁-၇-၁၉၅၂ မှာ အသစ်တွေစသုံးတယ်။ ၁၉၅၆ ကစပြီး ၁၊ ၅၊ ၁ဝ၊ ၂၅ နဲ့ ၅ဝ ပြား အကြွေတွေ ထုတ်တယ်။ ၁၉၄၄ ခုနှစ်မှာ ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ် စက္ကူတွေ ထုတ်တယ်။ ၁၉၄၄ မှာ ၁ဝဝ တန် ထုတ်တယ်။ ၁၂-၂-၁၉၅၂ နေ့မှာ ပြည်ထောင်စုဘဏ်ကနေ ငွေစက္ကူသစ် ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ်စက္ကူတွေ ထုတ်တယ်။ ၂၁-၉-၁၉၅၈ မှာ ၂ဝ တန်နဲ့ ၅ဝ တန်တွေ ထုတ်တယ်။

၁၉၇၂ ခုနှစ်မှာ မြန်မာကျပ်ငွေတွေကို ဝါဇီစက်ရုံကနေရိုက်ထုတ်ပါတယ်။ ဂျာမဏီ Giesecke & Devrient ကကူညီခဲ့တာ ဖြစ်တယ်။ ၁ဝ-၁၁-၁၉၈၅ နေ့မှာ ၇၅ ကျပ်တန်ငွေစက္ကူစထုတ်တယ်။ ဦးနေဝင်းရဲ့ ၇၅ နှစ်မြောက် မွေးနေ့ အတွက်လို့ ယူဆရတယ်။ ၁-၉-၁၉၈၆ နေ့မှာ ၁၅ ကျပ်နဲ့ ၃၅ ကျပ်တန်တွေထုတ်ပါတယ်။ ၂၂-၉-၁၉၈၇ နေ့မှာ ၄၅ ကျပ် တန်နဲ့ ၉ဝ ကျပ်တန်ငွေစက္ကူတွေထုတ်ပါတယ်။ ဦးနေဝင်းရဲ့ ကံကောင်းတဲ့နံပါတ် (၉) အရလို့ ယူဆကြပါတယ်။

၂ဝ-၆-၁၉၈၈ နေ့မှာ ငွေစက္ကူသစ်တွေရိုက်ပါတယ်။ ၁-၃-၁၉၉ဝ နေ့မှာ ၁ ကျပ်တန်နဲ့ ၂၇-၃-၁၉၉ဝ နေ့မှာ ၂ဝဝ ကျပ်တန် ငွေစက္ကူတွေရိုက်ပါတယ်။ ၂၇-၃-၁၉၉၄ နေ့မှာ ပြား ၅ဝ၊ ၂ဝ၊ ၅ဝ၊ ၁ဝဝ နဲ့ ၅ဝဝ ကျပ်တန်ငွေစက္ကူတွေ ရိုက်နှိပ်ပါတယ်။ ၁-၅-၁၉၉၅ နေ့မှာ ၅ ကျပ်တန်နဲ့ ၁ဝ တန်တွေရိုက်နှိပ်ပါတယ်။ ၁၉၉၈ ထဲမှာ ၁ဝဝဝ တန် ငွေစက္ကူတွေရိုက်ပါတယ်။ ၂ဝဝ၄ ခုနှစ်ထဲမှာ ၂ဝဝ၊ ၅ဝဝ နဲ့ ၁ဝဝဝ တန်တွေကို အရွယ်အစားသေးလိုက်ပါတယ်။ ၁-၁ဝ-၂ဝဝ၉ နေ့မှာ ၅ဝဝဝ တန် ငွေစက္ကူသစ်တွေထုတ်တယ်။ ၁၅-၆-၂ဝ၁၂ နေ့မှာ ၁ဝဝဝဝ တန်ငွေစက္ကူတွေထုတ်တယ်။

Foreign Exchange Certificates (FEC) ခေါ်တဲ့ ဒေါ်လာတုငွေစက္ကူတွေကို ၁၉၉၃ မှာစထုတ်ပါတယ်။ ၂ဝ-၃-၂ဝ၁၂ နေ့မှာ FEC တွေကို တဖြေးဖြေးရုပ်သိမ်းမယ်လို့ကြေညာခဲ့တယ်။ ၂ဝ-၃-၂ဝ၁၃ နေ့မှာ FEC ကိုရုပ်သိမ်းလိုက်တယ်။

မြန်မာပြည်မှာသုံးတဲ့ ငွေစက္ကူတွေသမိုင်းဟာ နိုင်ငံရေးသမိုင်းနဲ့ မြန်မာစာသမိုင်းလည်းဖြစ်တယ်။ ငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ကွယ်ပျောက်ခဲ့ရပြီး၊ သတ်ပုံ (တ) နေရာမှာ (တစ်) တွေဖြစ်လာတယ်။ ရုပ်ပုံတွေနဲ့ သတ်ပုံတွေဟာ အုပ်စိုးတဲ့အစိုးရတွေရဲ့ အတွင်းသဘောကို ဖော်ပြနေတယ်။

ပုံ ၁ မှ ၅ အထိ = ၁၉၄၄-၁၉၄၅ ထုတ်
၆ မှ ၉ အထိ = ၁၉၆၅ ထုတ်

(မှတ်တမ်းမှာ ကွဲလွဲချက်တွေ့ရင် ပြင်ပါမယ်။)

ဒေါက်တာတင့်ဆွေ
၁၄-၁၁-၂ဝ၁၆
၁၄-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး