Circulating vaccine-derived poliovirus – Myanmar

မြန်မာပြည်မှာ ပိုလီယို သူငယ်နာအကြောသေရောဂါ ဖြစ်ပွါးမှု ၂ ခုတွေ့ရှိထားတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ၂၁-၁၂-၂ဝ၁၅ နေ့ကထုတ်ပြန်ချက်ဖြစ်ပါတယ်။ circulating vaccine-derived poliovirus type 2 (cVDPV2) လို့ ခေါ်ပါတယ်။

၇-၁၁-၂ဝ၁၅ နေ့က ဓါတ်ခွဲခန်းစစ်ချက်အရ သိလာရတာလို့ဆိုပါတယ်။ တနှစ်နဲ့ လေးလအရွယ် ယောက်ျားလေး တယောက်မှာ acute flaccid paralysis (AFP) ခေါ်တဲ့အကြောသေရောဂါကို ၅-၁ဝ-၂ဝ၁၅ နေ့ကစဖြစ်နေတယ်။ ကလေးကို အရင်က ပိုလီယိုကာကွယ်ဆေး တိုက်မထားပါ။

ဒိအရင် ၁၆-၄-၂ဝ၁၅ နေ့ကလည်း ၂ နှစ် ၄ လသားတယောက်မှာ တွေ့ထားတဲ့ VDPV2 strain အမျိုးအစားပဲ ဖြစ်တာ တွေ့ရတယ်။ ကလေးနှစ်ယောက်လုံးက ရခိုင်ပြည်နယ်ကချည်း ဖြစ်တယ်။ ပိုးပြန့်နေတာ တနှစ်ကျော်ပြီလို့ ကောက်ချက် ချနိုင်တယ်။ အိမ်နီးချင်း ၂၈ အိမ်က ဝမ်းနမူနာကိုလည်း စစ်ဆေးခဲ့တယ်။ ၃ ယောက်ဆီက ထပ်တွေ့ရတယ်။

မြန်မာပြည်မှာ ၂ဝ၁၄ စာရင်းအရ တပြည်လုံးကာကွယ်ဆေးပေးနှုန်း ၇၆% ရှိတယ်။ ရောဂါအထူးဖြစ်နိုင်ခြေ လူဦးရေထဲမှာ ကာကွယ်ဆေးထိုးတာ နည်းတယ်။ ၂ဝ၁၅ ဆာဗေးညွှန်းကိန်းအရတော့ (2015 non-polio AFP rate: 1.8; 93% adequate stool collection percentage) ဖြစ်လို့ကောင်းပါတယ်။ ပြည်နယ်ဒေသအလိုက် ကာကွယ်ပေးမှုကတော့ ကွာဟနေတယ်။

WHO နဲ့ Global Polio Eradication Initiative တို့ကနေ အရေးပေါ်လုပ်စရာတွေလုပ်တယ်။ ဒီဇင်္ဘဘာ ၅ ရက်ကနေ ၇ ရက်အထိ oral polio vaccine (tOPV) ကာကွယ်ဆေးကို supplementary immunization activity (SIA) အဖြစ် ၁၅ မြို့နယ်မှာ တိုက်ကျွေးခဲ့တယ်။ ၅ နှစ်အောက်ကလေးပေါင်း ၃ သိန်း ၆ သောင်းရှိတယ်။ ဖေဖေါ်ဝါရီအကုန်အထိ ရခိုင်ပြည်နယ်ထဲမှာ အဲလို ၃ နေရာမှာဆက်လုပ်ပါမယ်။

အဲဒီဒေသတွေကို ကာကွယ်ဆေးတိုက်မထားတဲ့ ကလေးတွေ ခရီးမသွားသင့်ပါ။ ဒေသခံတွေလည်း ကာကွယ်ဆေး ထပ်တိုက်တာဖြစ်ဖြစ် inactivated polio vaccine (IPV) ထိုးဆေးဖြစ်ဖြစ်ရပြီး ၄ ပါတ် ကနေ ၁၂ လအတွင်း ခရီးမသွားသင့်ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး