Doctor patient relation ဆရာ-လူနာ ဆက်ဆံရေး ဆရာမ-လူနာ ဆက်ဆံရေး

ကျမ (ကျွန်မ) ဆိုတာ မကြားရသလောက် ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကို သမီးလို့ပြောတာဟာ ငယ်ရွယ်တဲ့ ကလေးမလေးတွေကနေပြောတာနဲ့ သူ့နေရာနဲ့သူအံဝင်ရင်တော့ ချစ်စရာကောင်းပါတယ်။ နေရာရွေးမမှန်ရင် ရီစရာဖြစ်သွားနိုင်တယ်။

ကျန်းမာရေးမှာ စာရေးမေးရင် တိတိကျကျရေးစေချင်ပါတယ်။ မေးတဲ့သူနဲ့ ဖြေမယ့်သူ မြင်နေရတာမဟုတ်ပါ။ အပျို-အအို ဆိုတာ ဝေလာဝေး၊ အထီး-အမ၊ အကြီး-အငယ် ဘယ်သိနိုင်မလည်း။

သမီးဆိုပြီးရေးရင် မေးနေသူလား၊ သူ့သမီးလား စဉ်းစားနေရတယ်။ မနေ့ညကလည်း သားတဲ့။ သူကိုယ်တိုင်လား၊ သူ့သားလား တကယ်မသိလို့ပြန်မေးထားတယ်။ ကျွန်တော်ကတော့ တကယ့်အမျိုးမတော်ရင် ဘယ်သူ့ကိုမဆို သမီး၊ သား၊ တူ၊ တူမ စတာမျိုးမသုံးမိအောင်ကြိုးစားတယ်။ ဆရာ-လူနာ ဆက်ဆံရေးမှာ စည်းထားရပါတယ်။

ဒေလီမှာတုံးက အသက် ၄ဝ ကျော် အမျိုးသမီးတယောက်ကနေ ဆေးခန်းဆရာမကိုပြောနေတယ်။ သမီ့း့ ဘာဖြစ်တယ်ပေါ့။ သူ့ကိုသူ သမီးလို့ပြောတာ အကျင့်ပါနေပုံရတယ်။ ဆရာမ အသက်က ၃ဝ လောက်သာရှိတယ်။ လူနာထွက်သွားမှ ဟာ့ ဆရာမမှာ သမီးရှိတာ အခုမှသိတယ်လို့ အိမ်ထောင်မကျသေးတဲ့ကိုယ့်ဆရာမကို ပြောလိုက်တယ်။

သူများတွေနဲ့ သမီး-သားလို့ပြောတာ အဆင်ပြေနေကြရင် ပြောစရာမရှိပါ။ ကျွန်တော်နဲ့တော့ဗျာ ပြန်မေးနေရတာ အချိန်ပိုကုန်လွန်းလို့ပါ။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၃
၂၃-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး