မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, December 6, 2016

Ecee-2 အီးဇီးတူး မယဉ်ကျေးမှု

(ကန်တော့ပါ)

ဆရာ ကျတော့် အမျိုးသမီးရဲ့ လစဉ်ဓမ္မတာမလာခင် လက္ခဏာများမပြပဲ ဓမ္မတာလာခဲ့ခြင်းအတွက် တခုလောက် မေးချင်လို့ပါ။ ဖြစ်သူရဲ့ အသက်က ၃၄ ပါဆရာ။ အမျိုးသမီးပါ။ ကျတော့် အမျိုးသမီးက အရေးပေါ်တားဆေး ကို တလအတွင်းမှာ သုံးခါသောက်ခဲ့မိတယ် ဆရာ။ အဲလိုသောက်ခဲ့ခြင်းကြောင့် ဒီလ ဓမ္မတာမလာခင်မှာ ခါးအောင့်ခြင်း ဗိုက်အောင့်ခြင်းဆိုတဲ့ လက္ခဏာတွေမရှိပဲ ဒီနေ့ မနက်မှာ ဓမ္မတာလာခဲ့ပါတယ်။ အဲတာ ပုံမှန်သဘာဝအတိုင်းဖြစ်ခြင်း မဟုတ်ပဲ ဒီလို ဘာလက္ခာမှမပြခဲ့လို့ စိတ်ပူခြင်းဆိုတာဖြစ်နေရလို့ပါဆရာ။ အဲလိုဘာကြောင့်ဖြစ်ပြီး အရေးပေါ် တားဆေးတွေသောက်ခဲ့မိလို့များလားဆိုတာရယ် ဘာတွေဆက်ဖြစ်လာနိုင်လည်းဆိုတာလေးကို သိခွင့်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။

မေးလာသူ တရာ (တစ်ရာ မဟုတ်) လောက်ရှိပါပြီ။ မြန်မာပြည်မှာသုံးနေတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေးဆိုတာ Ecee 2 ဖြစ်ပါတယ်။ တခြားတနာမည်တွေနဲ့ ရောင်းတယ်လို့ မေးခွန်းတွေအရ သိရတယ်။ အမေရိကမှာ Plan B = Emergency contraception (EC) = Emergency contraceptive pills (ECPs) = Morning-after pill = Day after pills ဖြစ်တယ်။ မြန်မာပြည်မှာ ဝယ်ရတယ်လို့သိရတဲ့ Postinor ဆိုတာက Postinor-2, Postinor Duo နာမယ်တွေနဲ့ တချို့နိုင်ငံတွေမှာ ရှိတယ်။ ဆေးတွေက ခပ်ဆင်ဆင်တွေပါ။ ဆေးတကပ်မှာ ၂ လုံးပါတယ်။ Levonorgestrel 1.5 mg တလုံး တကြိမ်တည်း၊ ဒါမှမဟုတ် 750 μg စီနှစ်ခါခွဲ ၁၂ နာရီတခါ သောက်ရတယ်။ အတူနေပြီး ၇၂ နာရီအတွင်းသောက်ရင် စိတ်အချရဆုံး ဖြစ်တယ်။ WHO အဆိုအရ နာရီ ၁၂ဝ အထိလည်းရတယ်။

သူများတိုင်းပြည်တွေမှာ မေးလေ့မရှိတဲ့မေးခွန်းတွေ ရပါတယ်။ တခါသောက်ပြီး နောက်ဘယ်နှစ်နာရီအတွင်း အတူနေရင် ထပ်သောက်ဖို့ လို မလို။ အရေးပေါ်ကို ပဲလှော်လို သဘေားထားသူလို့ ငေါ့မိပါသေးတယ်။ အဲလိုမေးခွန်းမျိုးအတွက် ဆေးသုတေသနလုပ်ထားတာမရှိပါ။ ခဏခဏသောက်ရင် ဘာဖြစ်မလည်း။ သူများတိုင်းပြည်တွေမှာ အဲလိုခဏခဏ မသောက်ကြလို့ ဆေးသုတေသနမလုပ်ကြပါ။ မြန်မာပြည်မှာ သုတေသနလုပ်ရင် မပြောကြလို့ခက်တယ်။ ဒါပေမယ့် ကျွန်တော့်ဆီလာတဲ့ မေးခွန်းတွေက အရေအတွက်အတော်ကိုများတယ်။ သုတေသနလုပ်ချိန်မရလို့သာ မလုပ်နိုင်တာပါ။

သေချာတာက အရေးပေါ်ကိုယ်ဝန်တားဆေးသောက်ရင် ဟော်မုန်းတွေပြောင်းမယ်။ ရာသီပြောင်းမယ်။ တခါသောက် တခါပြောင်းမယ်။ ရေရှည် ဘာဖြစ်မလည်း မပြောနိုင်ပါ။ နောင်မှာ ကလေးမရလည်း မဖြစ်လောက်ပါ။ အခွင့်အလမ်းတော့ နည်းနိုင်တယ်။ ကင်ဆာမဖြစ်လောက်ပါ။ သွေးဆင်းတာကို ရာသီလို့ပြောရင် မတိကျပါ။ ဟော်မုန်းပြောင်းလို့ သွေးဆင်းတာဖြစ်တယ်။

အဲလိုသုံးသူတွေမှာ လိင်ကတဆင့်ကူးစက်ရာဂါရတာ များကြတယ်။ ပွင့်လင်းမှုနည်းကြပြီး၊ အသက်ကငယ်ကြသေးတော့ ကျန်းမာရေးအသိကို သိပ်ဂရုမစိုက်ချင်ကြသေးပါ။ အဖေါ်ကို သတ်သတ်မှတ်မထားသူတွေ၊ အဖေါ်တယောက်မက ထားသူတွေလည်း မနည်းပါ။ ဆေးအတုကြောင့်နဲ့ ဆေးသောက်နည်းမမှန်လို့ ကိုယ်ဝန်ရသွားလို့ မေးလာတာတွေလည်း ရှိတယ်။ အိမ်ထောင်ကျပြီးသူတွေ တနေရာစီနေရလို့ အရေးပေါ်တားဆေးသုံးတာ မနည်းလှပါ။ အဲဒီနည်းကို မသုံးသင့်ကြပါ။ ဟန်းနီးမွန်းဆီးအောင့်ခြင်းရောဂါက အဲလို အပျိုဆိုသောမိန်းကလေးတွေမှာပါဖြစ်တယ်။ အတက်ရပ်ဆေး၊ တီဘီဆေးနဲ့ HIV ဆေးတွေနဲ့ တွဲမသောက်သင့်ပါ။ သွေးကြောထုံးရောဂါရှိနေသူ၊ သွေးမခဲပြဿနာရှိနေသူတွေလည်း မသင့်ပါ။ ကိုယ်ဝန်ရှိနေသူနဲ့ ကိုယ်ဝန်ဆောင်ဘို့စိတ်ကူးရှိသူတွေလည်း မသင့်ပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.