Estrogen voice အသံကြား ခြားခြားနားနားသိပါစေ

ကျွန်တော့်ပို့စ်တခု = I, Me, Mine, Myself ကျွန်တော်

Lin Lat Kyal မင်းတုန်းမင်း တိုင်းခန်းလှည့်လည်သည်အခါ ညနေဘက်ရောက်လို့ လူမကွဲရင် ဟိုဟာဘယ်သူလဲလို့ မေးခဲ့ရင် ကျွန်မပါဆို တော်ကောက်သတဲ့။ နောက် တော်အကောက်မခံရအောင် အမျိုးသမီးမှန်သမျှကျွန်တော်ပါလို့ ဖြေကြရော့ဆိုပဲ။ အဲဒီကစလို့ မန်းမြို့သူမှန်ရင် ကျွန်တော်လို့ သုံးသတဲ့။ ကြားဘူးတာလေးပါ။

Tint Swe ဖတ်ဖူးတယ်။ ဟုတ်တယ်လို့တော့ မထင်ပါ။ မမီလိုက်လို့လည်းမဟုတ်ပါ။ ယောက်ျားအသံနဲ့ မိန်းမအသံဆိုတာ ဟော်မုန်းမူမှန်ဆိုရင် မတူကြတာကို လူတိုင်းသိပါတယ်။ ဘာစကားလုံးပြောပြောပါ။ အမျိုးသမီးအသံကို (အီစထိုဂျင် ဗွိုက်စ်) လို့ ဟော်မုန်းနာမည်ယူပြီး ပြောလေ့ရှိတယ်။ ဂေးတွေက မိန်းမလို အတုခိုးပြီး ကနွဲ့ကရပြောပေမယ့် လေယူလေသိမ်းသာ လုပ်လို့ရမယ်။ (တက်စတိုစတီရုန်း) ကျားဟော်မုန်းသံက သိသာတယ်။

ရေဒီယိုကနေ အင်တာဗျူးတွေမှာ အသံကြားတာနဲ့ အဲလိုပြောကြာတာတွေ များနေတယ်လို့ထင်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၅
https://www.youtube.com/watch?v=LN1mVU_QTtc

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး