Gonorrhoea could become untreatable

ဂနိုးရီးယား ကုမရတဲ့အခြေအနေထိရောက်နိုင်

ဒီစိတ်မကောင်းစရာ ဆေးပညာသတင်းကို ၂၅-၁၂-၂ဝ၁၅ နေ့မှာ အင်္ဂလန်ဆေးပညာအကြီးအကဲက ပြောလိုက်တာ ဖြစ်ပါတယ်။ Dame Sally Davies (ဆယ်လီ ဒေဗစ်) ကနေ super-gonorrhoea ဆူပါ၈နိုးရီးယား ဖြစ်လာနေတယ်လို့ စာနဲ့ရေးသားသတိပေးလိုက်တာပါ။ လက်ရှိသုံးနေတဲ့ ပိုးသေဆေး နှစ်မျိုးလုံးနဲ့ မပျောက်ကင်းတာကိုတွေ့လာလို့ သတိပေးရတာဖြစ်တယ်။

လိင်ကတဆင့်ကူးစက်ရောဂါ အထူးကုဆရာဝန်တွေကလည်း ဆေးယဉ်တဲ့ဂနိုးရီးယာကို မတ်လကတည်းက ပြောထားပြီး ဖြစ်ပါတယ်။ လက်ရှိ Azithromycin စားဆေးနဲ့ Ceftriaxone ထိုးဆေးတွေကို တွဲသုံးရတာတယ်။ စားဆေးတမျိုးတည်း သုံးလို့ ဆေးယဉ်နိုင်တာကိုလည်း အွန်လိုင်းကနေ ဆေးရောင်းနေတာတွေကို အသိပေးခဲ့ပါသေးတယ်။

ဂနိုးရီးယားဆိုတာ Neisseria gonorrhea ပိုးကနေဖြစ်စေတယ်။ လိင်ကတဆင့်ကူးစက်တယ်။ ကွန်ဒွမ်မသုံးရင် ကူးစက်တယ်။ လိင်လမ်းကနေ ဖြူဖြူ၊ ဝါဝါ၊ စိမ်းစိမ်းအရည်ထွက်မယ်။ ဆီးသွားရင်နာမယ်။ အမျိုးသမီးဆိုရင် ကြားရက်သွေးဆင်းမယ်။ တချို့မှာ အဲလိုဟာတွေမခံစားရပဲ ပိုးရှိနေလို့ သူများကို ကူးစက်စေတယ်။

ဆေးမကုရင် သားသမီးမရတာဖြစ်လာစေနိုင်တယ်။ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ရမ်းတာဖြစ်မယ်။ သားအိမ်ပြွန်ပိတ်မယ်။ ကိုယ်ဝန်ဆောင်ကနေ မွေးလာမယ့်ကလေးကို ကူးစက်နိုင်တယ်။ မွေးကာစ မျက်စိနာတမျိုး ဖြစ်စေနိုင်တယ်။

လိင်ကတဆင့်ကူးစက်ရောဂါတွေထဲမှာ ဒုတိယအဖြစ်အများဆုံးရောဂါဖြစ်တယ်။ (ကလာမိုင်ဒီးယား) ရောဂါက အများဆုံးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၅
http://www.bbc.com/news/health-31649099

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး