Hollow school ရွှေကျောင်းပြောင်ပြောင်

ခုတလော ပညာရေးစနစ်ပြုပြင်ရေးမှာ NLD နဲ့ တက်ကြွလှုတ်ရှားသူတွေနဲ့ သဘောထားခြင်း မတိုက်ဆိုင်တာတချို့ ဖြစ်နေတယ်။ အခမဲ့ပညာရေးစနစ် လုပ်သင့်မလုပ်သင့်နဲ့ အခုလုပ်သင့်မလုပ်သင့်။

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတဲ့စကားလည်း အားလုံးသိပါတယ်။ စဉ်းစားတွေးခေါ်မှု အားမပေးခြင်းကြောင့် ပညာရေးစနစ်ကျဆင်းခဲ့တာပါလို့ ဒေါ်အောင်ဆန်းစုကြည့်က တိုကျိုတုံးက ပြောခဲ့ဘူးတယ်။

မြန်မာပြည်မှာ ကျောင်းသားတွေက အလွတ်ကျက်မှတ်တဲ့အစဉ်အလာရှိပြီး သူတို့ကြီးလာတော့လည်း သူများကို မေးခွန်းထုတ်ရမှာ အားနာတတ်တယ်လို့ လူမျိုးအလိုက်ကို ကောက်ချက်ချတာခံကြရတယ်။

အမေရိကာမှာ ဘယ်သူကမဆို မေးခွန်းမေးလေ့ရှိတယ်။ အမေးခံရသူက ကျောင်းဆရာဖြစ်ဖြစ်၊ အမတ်ဖြစ်ဖြစ် သမတဖြစ်ဖြစ် မေးတာကိုသဘောကျကြတယ်။

တလောက အိမ်မှာတင်စကားပြောကြရင်းနဲ့ ထောက်ပြတာလေးတခုရှိတယ်။ အမေရိကန်တွေက မေးခွန်းမေးဘို့ပဲ ကျောင်းမှာသင်ပေးတယ်။ ကိုယ်တိုင်စဉ်းစားတွေးခေါ်ယူဘို့ သင်မပေးဘူးတဲ့။ အိုင်းရစ်လူမျိုးက ပြောတာပါ။
အိုင်းရစ်ဆိုတာ အင်္ဂလန်နဲ့ဆက်နေတဲ့ အိုင်ယာလန်နိုင်ငံသားတွေကို ခေါ်တာပါ။ အိုင်းရစ်တွေ တွေးခေါ်တာ တော်ကြပါသလား။ နာမည် (၄) ခုသာ ပေးပါရစေ။

၁။ (ဂွန်နာသန် ဆွစ်ဖ်) ၃ဝ-၁၁-၁၆၆၇ - ၁၉-၁ဝ-၁၇၄၅။ (ဂါလီဗာ) ၏ခရီးများကို မြန်မာပြည်က ကျောင်းသားကအစ သိပါမယ်။ ကျွန်တော်တို့ ရှစ်တန်းမှာ အင်္ဂလိပ်ဖတ်စာပြဋ္ဌာန်းစာအုပ်ဖြစ်ပါတယ်။

၂။ (အော်စကာ ဝိုင်းလ်ဒ်) ၁၆-၁ဝ-၁၈၅၄ - ၃ဝ-၁၁-၁၉ဝဝ။ ပြဇာတ်၊ ဝတ္တု၊ ကဗျာဆရာ။ (ဗစ်တိုးရီးယန်း) အသိုင်းအဝိုင်းကို ရယ်စရာစာတွေရေးခဲ့တယ်။

၃။ (ဂျော့ ဘားနတ်ရှော) ၂၆-၇-၁၈၅၆ - ၂-၁၁-၁၉၅ဝ။ စာပေနိုဗယ်ဆု (၁၉၂၅) ရတဲ့ စာရေးဆရာ။ ပြဇာတ်တွေ၊ ဝေဖန်ရေးတွေရေးတယ်။ ဖေဘီယန်ဆိုရှယ်လစ် (၁၈၈၉) မှာရေးတယ်။

၎။ (ဂျိမ်းစ် သြဂတ်စတင်း) (၂-၂-၁၈၈၂ - ၁၃-၁-၁၉၄၁)။ ဝတ္တု၊ ကဗျာဆရာ။ (ဟိုးမား) ရဲ့ (အိုဒက်ဆီ) မဟာကဗျာကြီး ထဲက (အူလက်ဆီးစ်) ကိုရေးခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၅
Picture of Gulliver surrounded by citizens of Lilliput

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး