Reply accordingly ရီပလိုင်းလုပ်ရခြင်း

၁။ San San လက်ဘက်အဆိုကိုဗြစ်တဲနေရာမှာကပ်အဝတ်နဲစီး5နှစ်လောက်ဖြစ်တာအဲဒီနီနဲပျောက်သွားတယ်

Tint Swe ကိုယ်ပိုင်ဆေးနည်းတွေကို ကိုယ့်ဖေ့စ်ဘွတ်မှာသာ တင်ကြဘို့ စည်းကမ်းလုပ်ထားပါတယ်။ ဆောရီး။

၂။ Tin Min Khaing လောက်မင်းရွက်ပြုပ်နဲ့ရေချိုးပေး

Tint Swe ကိုယ်ပိုင် ကိုယ်သိ ဆေးနည်းတွေကို ကိုယ့်ဖေ့စ်ဘွတ်မှာ တင်ပါရန်

၃။ Khine Zan သမီးတို့ရှမ်းပြည်ရဲ့ ရေ၊ မြေ၊ တောတောင်သဘာဝ အရမ်းလှတယ်ဆရာ။ ရှမ်းအစားအစာတွေလည်းကောင်။ ဆရာကို ဖိတ်ခေါ်ပါတယ်ရှင့်။

၎။ Yu Moe ဆရာအလည်လာခဲ့ပါ။ ရှမ်းပြည် အမြဲနွေးထွေးစွာကြိုဆိုနေပါတယ်။

Tint Swe ဆရာ့ မတူပီက တပည့်မလေးလိုတော့ မလုပ်ကြနဲ့။ ဆရာက အေးချမ်းတဲ့ဒေသကိုသဘောကျတယ်ဆိုလို့ ကျမတို့ဆီမှာလာနေပါ။ ကျမက မလေးရှားကိုသွားမှာ။ ဆရာ့ကိုကျွေးထားမယ်တဲ့။ ထမင်းတော့ မချက်တတ်ဘူးတဲ့။

၅။ Shwe Pauke ဆရာ့ကို ခုတလောမတွေ့လို့ ကျန်းမာပါစေ။

Tint Swe ဆရာ အိပ်ချိန်မှာသာ ဖေ့စ်ဘွတ်ပေါ်မရှိတာ။ မနေ့ညက ၄ နာရိပဲအိပ်တယ်။ မေးတဲ့သူတော့ ဖေ့စ်ဘွတ်ကို မဖွင့်တာ ဘယ်လောက်ကြာ မသိပါ။ အဲလိုမေးသူတွေ တွေ့တွေ့နေတယ်။

၆။ Win Tun Oo Deep relationship ဆိုတာကို ဘာသာပြန်တာ ပင်လယ်နက်ဆက်ဆံရေးလိုပြန်ရတာလား မသိလို့မေးတာနော်

Tint Swe ဓါတ်ပုံတွေ့မှာပါ။ Deep-sea port Dewai ထားဝယ် ပင်လယ်နက်နက်ဆိပ်ကမ်းပုံ ဖြစ်ပါတယ်။ ကျွန်တော်က ပို့စ်ခေါင်းစဉ်ကို တိုက်ရိုက်ဘာသာပြန်တာ မလုပ်ပါ။ အင်္ဂလိပ်လိုရော မြန်မာလိုပါ အဓိပ္ပါယ်တွေဟာ တင်တဲ့စာကို ထင်ဟပ်စေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး