Seeds for planting အစေ့ချခဲ့ကြခြင်း

- သောင်ရင်းမြစ်ကို စုန်ဆန် ကျည်ဆံသံတွေကြား၊
- သွားလိုက်လာလိုက်ရတဲ့ အစည်းအဝေးများ၊ ညီလာခံများ၊
- ကရင်တွေကြားနေ၊ ကရင်တွေပေးထားတဲ့လုံခြုံရေးနဲ့သွား၊
- နိုင်ငံရေးဆွေးနွေး၊ နိုင်ငံရေးအလုပ်များ၊
- ခွဲသွားရသူတွေကိုသနား၊ အားနည်းသူကိုတော့ အားပေးစကား၊
- အားအင်ချိနေတဲ့ဗမာပြည်ကြီးအတွက် တတတ်တအား၊
- အနှစ်နှစ်ဆယ်ဟာ အမြစ်တွယ်စေပါတကား။

(NLD/LA, MPU, NCUB, NCGUB မှ လုပ်ဖေါ်ကိုင်ဖက်များကို သတိရလျက်)

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၅
ဓါတ်ပုံ = ၂ဝဝ၃ NLD/LA ညီလာခံ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး