The Most Dangerous Times on the Road

လမ်းပေါ်မတော်တဆဖြစ်မှု အဆိုးဆုံးကာလများ

အရက်သောက်ရင်း ကားမောင်းလို့ လမ်းပေါ်မှာ မတော်တဆဖြစ်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်စေတယ်။

၂ဝဝ၁ ကနေ ၂ဝဝ၅ အတွင်း National Highway Traffic Safety Administration (NHTSA) မှတ်တမ်းတွေအရ တနေ့မှာပျမ်းမျှ ၃၆ ယောက်သေဆုံးခဲ့တယ်။ ခရစ်စမတ်နေ့မှာ နေ့စဉ် ပျမ်းမျှ လူ ၄၅ ယောက်သေဆုံးတယ်။ နှစ်သစ်ကူးနေ့မှာ ၅၄ ယောက်သေဆုံးခဲ့တယ်။ နွေရာသီမှာသက်သာတယ်။

ဆယ်ကျော်သက်တွေအတွက် အဆိုးဆုံးရက် ၁ဝဝ ရှိတယ်။ Memorial Day အောက်မေ့ဘွယ်နေ့နဲ့ Labor Day လေဘာနေ့ကြားရက်တွေဖြစ်တယ်။ မေလနဲ့ သြဂုတ်လအတွေင်း ဟိုင်းဝေးလမ်းမတွေပေါ်မှာ ၁ဝ ယောက်ဖြစ်တာ ၉ ယောက်သေဆုံးတယ်။

အဆိုးဆုံးက ဟောလီးဒေးတွေမှာဖြစ်တယ်။ ဥပမာ ဇူလိုင်လ (၄) ရက် အမေရိကန်လွတ်လပ်ရေးနေ့။ ပျမ်းမျှ ၄၄ ယောက်သေတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်ကြားမှာ သေဆုံးနှုန်း ၃၄% တိုးလာတယ်။ ၄၅ ယောက်သာ သေရာကနေ ၅၄ ယောက်အထိသေးလာတယ်။ စက်တင်္ဘာ (၂) နဲ့ သြဂုတ်လ (၁၃) ရက်တွေက ဒုတိယနဲ့ တတိယလိုက်တယ်။ ဇူလိုင် (၁၅)၊ မေ (၂ဝ) နဲ့ နိုဝင်္ဘာ (၁၁) တွေက ဆက်လိုက်တယ်။ နှစ်သစ်ကူးအကြိုနေ့ ဒီဇင်္ဘာ (၃၁) ရက်က နံပါတ် (၇) လိုက်ပြီး၊ ၁၃ဝ ပျမ်းမျှသေတယ်။

မြန်မာပြည်မှာ အရက်မူးပြီး သေဆုံး ဒဏ်ရာရတာတွေ လျှော့နည်း ပပျောက်ပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး