မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, March 31, 2015

Brain size ဦးနှောက်ကြီးသလား

• ကိုယ်ခန္ဓာနဲ့ ဦးနှောက်အရွယ်အစားက အချိုးကျကျ ရှိတတ်တယ်။ တချို့အကောင်တွေမှာ ဦးနှောက်ရယ်လို့ သတ်သတ် မှတ်မှတ်မရှိပဲ ဦးနှောက်အလုပ်ကိုလုပ်တဲ့အင်္ဂါလို့သာရှိတယ်။ တချို့အကောင်ငယ်တွေမှာ ဦးနှောက်အင်္ဂါ မပါကြဘူး။
• Echinoderms (starfish, sea urchins, sand dollars) အကောင်တွေမှာ Brain entirely ဦးနှောက်အင်္ဂါ မပါကြဘူး။ Starfish ကြယ်ငါးတွေမှာ အာရုံခံစရာသာပါပြီး ဗဟိုအာရုံကြောစနစ်မပါဘူး။ Flat worms အူနေသန်ကောင်အပြားတွေမှာ အာရုံကြောတွေတော့ပါတယ်။ ပုရွက်ဆိတ်တွေမှာတော့ ဦးနှောက်ပါတယ်။ သူ့အရွယ်နဲ့စာရင် ကြီးတယ်။ လူတွေထက် အနံ့ခံအား ပိုကောင်းတယ်။
• ဝါရှင်တန်တက္ကသိုလ်သုတေသနအရ Green lizard အစိမ်းရောင်ပုတ်သင်ဟာ ဦးနှောက်အသေးဆုံးရှိတဲ့ အကောင်လို့ သိရတယ်။ Green anole ပုတ်သင်က အရောင်ပြောင်းတယ်။ အညိုရောင်လဲဖြစ်နိုင်တယ်။
• ဦးနှောက်-ကိုယ်ခန္ဓာအချိုးအစားတိုင်းတာနည်းရှိတယ်။ ကိုယ်ခန္ဓာကြီးတိုင်း ဦးနှောက်ကြီးတယ်ဆိုတာ ယေဘုယျသာ မှန်တယ်။ ဥပမာ ဆင်ဆိုရင် ဦးနှောက်အရွယ်က ကိုယ်အရွယ်အစားနဲ့ မမျှဘူး။ အသိဥာဏ်ကတော့ ကောင်းပါတယ်။
• Dolphins ဒေါ်လဖင်တွေမှာ ဦးနှောက်-ကိုယ်အလေးချိန်အချိုးအစားမှာ အမြင့်ဆုံးဖြစ်လို့ ဆင်တွေလိုပဲ ဥာဏ်ကောင်းတယ်။ ပုတ်သင်တွေ၊ တချို့လိပ်တွေလည်းအဲလိုပဲ။
• ငှက်တွေထဲမှာ Parrots ကြက်တူရွေး၊ Crows ကျီးကန်းနဲ့ Magpies ငှက်ကျား၊ Jays ဖွတ်ကုလား၊ Ravens ကျီးနက်ကြီးငှက်တွေက ဥာဏ်ကောင်းကြတယ်။
• Octopuses ရေဘဝဲ၊ Jumping spiders ပင့်ကူတွေကလည်း ဥာဏ်ကောင်းတယ်။ Sharks ငါးမန်းတွေဟာ ငါးတွေထဲမှာ ဥာဏ်အကောင်းဆုံးဖြစ်တယ်။ Whales ဝေလငါးတွေက ဆင်တွေလို ကိုယ်ခန္ဓာအချိုးနဲ့စာရင် ဦးနှောက်သေးတယ်။
• သက်ရှိသတ္တဝါမှန်သမျှထဲမှာ နို့တိုက်သတဝါတွေကဦးနှောက်ဥာဏ်အကောင်းဆုံးဖြစ်တယ်။ Sperm whale အမျိုးအစား ဝေလငါးမှာ ဦးနှောက်က 7 kg (17.5 pounds) လေးတယ်။ Blue whale အမျိုးအစားဝေလငါးမှာ ဦးနှောက်က 5 kg (12.5 pounds) လေးတယ်။
• Human brain လူ့ဦးနှောက်ဟာ 2.7 pounds (1.2 kg) လေးတယ်။ 1.1 - 1.4 kg ဆိုရင်ပုံမှန်ဖြစ်တယ်။ ကိုယ်အလေးချိန်ရဲ့ ၂% ရှိတယ်။ ယောက်ျားတွေဦးနှောက်က မိန်းမတွေထက် 100 grams (0.3 pounds) ပိုလေးတယ်။
• ဆင်ဦးနှောက်က 4.78 kg (10.5 pounds) လေးတယ်။ ကိယ်အလေးချိန်ရဲ့ ဝ့၁% သာရှိတယ်။
• Gorilla gorilla beringei ဂေါ်ရီလာတွေဦးနှောက်က 430 g (0.95 pounds) လေးတယ်။
• Chimpanzee ချင်ပန်ဇီတွေဦးနှောက်က 350 g (0.77 pounds) လေးတယ်။
• Mouse lemur (Microcebus murinus) ကြွက်အမျိုးဦးနှောက်က 2 g (0.004 pounds) သာလေးတယ်။
• Walrus (Odobenus rosmarus) အစွယ်ပါပင်လယ်ဖျံဦးနှောက်က 1.1 kg (2.4 pounds) လေးတယ်။
• အိမ်မွေးကြောင်ဟာ 30 grams (0.06 pounds) လေးရင် ဦးနှောက်က တောကြောင်ထက် 23.9 % ပိုပေါ့တယ်။
• ခွေးဦးနှောက်ဟာ Wolf မြေခွေးဦးနှောက်ထက် 29 % ပိုပေါ့တယ်။
• ဒေါ်လဖင်တကောင်ဟာ 120 kg (280 pounds) လေးရင် သူ့ဦးနှောက်ဟာ 1.7 kg (4 pounds) လေးတယ်။ ချင်ပန်ဇီတကောင်ထက် ၃ ဆပိုတယ်။
• ဦးနှောက်အရွယ်အစားကြီးတာထက် Neurons နူရုန်း အရေအတွက်ကပိုပြီးအရေးပါတယ်။ သစ်သီးယင်ကောင်ကတော့ တိရစ္ဆာန်တွေထဲမှာ အငယ်ဆုံးဦးနှောက်ရှိတယ်။ နူရုံးခေါ်တဲ့ အရုံကြောဆဲလ်တွေ စုစုပေါင်း ၂ သိန်းခွဲသာရှိတယ်။ Octopus ရေဘဝဲ ဦးနှောက်ထဲမှာ နူရုန်းအကြီးစားပေါင်း သန်း ၅ဝဝ ပါတယ်။ လူ့ဦးနှောက်မှာ နူရုန်းအသေးစားပေါင်း ၁ဝဝ ဘီလီယန်ပါတယ်။

ဒေါက်တာတင့်ဆွေ

Adult questions အရွယ်ရောက်သူများ မေးခွန်း

Q: ကန်တော့ပါဆရာ။ ကျမအသက်က ၂ဝ ပါ။ အိမ်ထောင်သယ်ပါရှင့်။ ခန္ဓာကိုယ်က အရင်တိုင်းပဲ ဖွံ့ဖြိုးသင့်တဲ့နေရာ မဖွံ့ဖြိုးလို့ပါဆရာ။ ယောက်ျားနဲ့ဘာညာကိစ္စတွေလည်း စိတ်မပါဖြစ်နေလို့ပါဆရာ။ သူငယ်ချင်းတွေကတော့ ဟော်မုန်းဓာတ် အရမ်းနည်းနေလို့တဲ့။ ဟော်မုန်းဆေးသောက်ပေးလို့တော့ ပြောပါတယ်ဆရာ။ အဲ့ဒါ ဘယ်လိုဆေးမျိုး သောက်ရမလည်း ညွှန်ကြားပေးပါလားဆရာ။ နေတာက့ မှာပါရှင့်။ မရိုမသေမေးမိတဲ့အတွက်လဲ ကန်တော့ပါဆရာ။ 

A: လိင်စိတ်နည်းတာလား။ အခုမှလား။ အိမ်ထောင်ကျကတည်းကလား။ ရင်သားနဲ့ တင်က သူများနဲ့မတူတာလား။ ဆေးစစ်ဖူးလား။ ရာသီမှန်သလား။

Q: တားဆေးသောက်။ လိင်စိတ်နည်းတာ အိမ်ထောင်စကျတည်းကပါရှင့်။ ရာသီကမှန်ပါတယ်။ ဆေးတခါမှ မစစ်ဖူးပါဘူးရှင့်။ တခါတလေ အရေးပေါ်တားဆေးတွေသောက်ပါတယ်။ အစကဆေးထိုးမလို့ပါရှင့်။ ဒါပေမယ့် ဆေးထိုးပြီးရင် အရမ်းဝလာမှာကြောက်လို့ မထိုးဖြစ်သေးတာပါ။ သမီးအဓိကသိချင်တာကလေ၊ ကန်တော့ပါဆရာရယ်၊ ရင်သားတွေ၊ တင်သားတွေ မဖွံ့ဖြိုးလို့ပါ။ ဟော်မုန်းဆေးတွေသောက်ရင် ဖွံ့ဖြိုးတယ်လို့ကြားဖူးလို့ပါဆရာ။ တကယ်လို့ အဲ့ဆေးတွေရှိရင် ညွှန်းပေးပါလားဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

A: မိန်းကလေးတွေမှာ သူများထက်ထူးပြီး ရင်သားသေးငယ်စေတဲ့အကြောင်းရင်း (၂) ခုရှိတယ်။ (၁) Genetic disorder မျိုးဗီဇနဲ့ (၂) Hormonal problem around puberty အပျိုဖြစ်ချိန်မှာ ဟော်မုန်းကမောက်ကမဖြစ်လို့ကြောင့်ဖြစ်တယ်။
မျိုးဗီဇကြောင့်ဆိုရင် ဆေးကုသလို့မရနိုင်ပါ။ ဟော်မုန်းကြောင့်ဖြစ်တာဆိုရင် Endocrinologist ဟော်မုန်းအထူကု ဆရာဝန် ကနေသာ အကောင်းဆုံးလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဟော်မုန်းဆေးဆိုတိုင်း အားမကိုးပါနဲ့။ ကြောငြာဆေးတွေကို မယုံပါနဲ့။ နှိပ်နယ်နည်းနဲ့ လေ့ကျင့်ခန်းနည်းတွေကတော့ ဘေးထွက်ဆိုကျိုးကင်းနိုင်ပါတယ်။

Estrogen အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့ခေါ်လေ့ရှိတယ်။ အီစထိုဂျင်ကို မျိုးဥအိမ်တွေကနေ ထုတ်ပေးနေတယ်။ Estradiol ဆေးကို သွေးဆုံးအမျိုးသမီးတွေမှာ ခံစားရတာတွေ သက်သာစေဖို့ ပေးတယ်။ သတိထားဖို့က အသည်းမကောင်းသူ၊ သွေးယိုတတ်သူ၊ ရာသီမမှန်သူ၊ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မျိုးအိမ်ကင်ဆာနဲ့ လည်ပင်းကြီးကင်ဆာရှိသူတွေ၊ နှလုံးအတက်ခ်ရဘူးသူတွေ၊ သွေးခဲရောဂါရှိသူတွေက ဒီဟော်မုန်းဆေးနဲ့ မသင့်ပါ။ ဆီးချိုရှိသူ၊ သွေးတိုးရှိသူ၊ အဝလွန်သူ၊ အဆီများသူတွေနဲ့လည်း မသင့်ပါ။ ရေရှည်သုံးရင်လည်း ရင်သားကင်ဆာဖြစ်လာဖို့ အခွင့်အလမ်းပိုတယ်။ ကိုယ်ဝန်ရှိနေရင်လည်းမသုံးရပါ။

ဟော်မုန်းဆေးကို အထူးကုဆရာဝန်ကမညွှန်ရင် မသောက်သင့်ပါ။ လိုတာဖြစ်လာနိုင်သလို မလိုတာလည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်တားဆေးတွေထဲမှာလည်း ဟော်မုန်းတွေ ပါနေတယ်။ အဲတာကြောင့် ဝတာ၊ မဝတာအပြင် လိင်စိတ်ကိုလည်း ပြောင်းစေတတ်တယ်။ ဆေးစာတွေပို့လိုက်ပါတယ်။ လက်လှမ်းမီတာကို လုပ်ပါလေ။

• Aphrodisiac လိင်စိတ်အားပေး အစာနဲ့ဆေးများ http://doctortintswe.blogspot.com/2015/03/aphrodisiac.html
• Breast Beauty ရင်သားအလှ http://doctortintswe.blogspot.com/2014/12/breast-beauty.html
• Breast Massage ရင်သားနှိပ်နယ်ခြင်း http://doctortintswe.blogspot.com/2015/03/breast-massage.html
• Butt exercises for women အောက်ပိုင်း ဖွံ့ထွားလိုလျှင် http://doctortintswe.blogspot.com/2015/03/butt-exercises-for-women.html
• Female Viagra အမျိုးသမီး ဗိုင်ယာဂရာ http://doctortintswe.blogspot.com/2014/11/female-viagra-2_24.html
• Libido in Women အမျိုးသမီး စိတ်နည်းနေခြင်း http://doctortintswe.blogspot.com/2015/02/libido-in-women.html

Dr. တင့်ဆွေ

Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ

သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္ကာတွေ၊ ချစ်တာတွေ အသာထား၊ “တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊ တညတာ စခန်းသွား” နေကြလို့ အချစ်ဆိုတာလေး ရှာတော့ ၃ ရာစုမှာ သွားတွေ့ပါတယ်။ ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine ချစ်သူများနေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။

ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ ချစ်သူများနေ့ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လဲ အချစ်ရှိတယ်ပေါ့။”
Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လဲ ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိ နတ်သမီး” Aphrodite ကနေ လာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊ အစား နဲ့ အမူအကျင့်တွေ အများကြီး ရှိခဲ့ပါတယ်။

ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ ကွက်ကနဲ ကွင်းကနဲမြင်အောင် ရေးပါရစေ။ လိင်စိတ်အားပေးအစာနဲ့ ဆေးတွေထဲမှာ ပုံပန်းကိုက လိင်အင်္ဂါနဲ့ တူတာတွေပါတယ်။ ကြံချိုကနေ ထုတ်တဲ့ဆေး ရောင်းကောင်းလှတယ်။ ငှက်ပျောသီး နဲ့ ရေခဲမုံ့ကို မော်ဒယ်လှလှ ပါးစပ်နားတေ့ပြ ကြော်ညာတော့လဲ တမျိုးဘဲ။

ကနု-ကမာဆိုတာ မ-အင်္ဂါနဲ့ တူလို့တဲ့။ ၁၈ ရာစု ဥရောပ နန်းတွင်းနဲ့ အထက်တန်းလွှာ အမျိုးသမီး ကြီး-ငယ် ကြားမှာ ရေပန်းစားခဲ့တဲ့ Womanizer မြာပွေသူလို့ သမိုင်းတင်ခဲ့တဲ့ Giacomo Casanova ဟာ မနက်စာ စားရင် ကနု-ကမာ ၅ဝ အစိမ်း စားတယ်လို့ ပြောစမှတ် ရှိတယ်။ ဒီအစားက သွပ်ဓါတ် များတာမို့ သုက်အား ကောင်းစေတယ်။ D-aspartic acid နဲ့ N-methyl-D-aspartate တွေပါလို့ တက်စတိုစတီရုန်း ကျား-ဟော်မုန်း များစေတယ်။

အလယ်ခေတ်တုံးက “အထင်တခု” ရှိခဲ့တယ်။ ယောက်ျားရဲ့ ဘယ်ဘက်က အစိကို ထုတ်ထားရင် သား ယောက်ျားလေး မွေးစေသတဲ့။ ကနေ့အထိ ယုံနေကြတာကတော့ အထီးကောင်တွေရဲ့ အစိ၊ (ရောကီး) တောင်တန်းကလာတဲ့ ကနု-ကမာ ဒီနေရာမှာ ကောင်းပါသတဲ့။ နွားထီး ဟာကို အများဆုံး စားသုံးကြပါတယ်။

Yohimbine ဆိုတာ အမေရိကမှာ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား လိင်အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ ချော့ကလက်လဲ စာရင်းထဲ ထည့်တယ်။ ဒါပေမဲ့ သူ့ထဲပါတဲ့ Serotonin, Phenylethylamine တွေဟာ ဦးနှောက် ထဲက သာယာမှုရတဲ့နေရာတွေကို သက်ရောက်နိုင်လို့ Sex နဲ့တော့ တူတယ်၊ ဒါပေမဲ့ သူ့ကြောင့် Sex ကို အကျိုး သက်ရောက်တာ ရှာမတွေ့ဘူး။

(ကလပ်) ဆေးတွေလဲ နာမည်ရှိတယ်။ Alkyl nitrites (Poppers) ဆိုတာကို ရှူရတယ်။ ကြွက်သား အနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ မူးယစ်အုပ်စုဝင် (ကိုကိန်း) နဲ့ (မက်သမ်ဖတမင်း) တို့လည်း ဒီလိုဘဲတဲ့။ လေ့လာသူတွေက ပြန်ပြောတယ်။ ဆေးခြောက်၊ ကိုကိန်းနဲ့ Ecstasy (MDMA) ဆေးဝါးတွေက ကျားဟော်မုန်း လျှော့စေလို့ ပြောင်းပြန်အကျိုး သက်ရောက်စေသတဲ့။ အရက်မျိုးစုံ နဲနဲဆိုရင် ဖြစ်စေနိုင်ပေမဲ့ များသွားလို့ကတော့ တယောက်ထဲ အိပ်ပျော်သွားမှာ သေခြာတယ်။

Spanish fly ဆိုတဲ့ အင်းဆက်ကို ဆေးပြား၊ ဆေးမှုံ့၊ ဆေးရည်၊ မျိုးစုံကို မပေါ့်တပေါ်ပုံ အဖုံဖုံနဲ့ ရောင်းပါတယ်။ အမှန်က Fly မဟုတ်ဘဲ Beetle ပိုးကောင် ဖြစ်ပါတယ်။ အကောင်တော့ လိုက်ရှာမနေပါနဲ့။ ဒီအကောင်မှာ ဒီအစွမ်း မရှိဘူးလို့ ထောက်ပြတာ ရှိတယ်။ ရောင်းတော့ကောင်းတယ်။ (စာတပုဒ် ရေးထားပါတယ်။)

သဘာဝ လိင်အားတိုး အစာနဲ့ဆေး လို့ နာမယ်ပေးတာတွေလဲ မနည်းပါ။ သစ်ကြံပိုးခေါက်၊ တရုပ်နံနံကြီး၊ တရုတ်နံနံသေး၊ လေးညှင်းပွင့်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ နွယ်ချိုမြစ်၊ ဇာတိပ္ဖိုလ် အသီး-အခွံ-အပွင့်၊ မုံညင်း၊ ငရုတ်ကောင်း၊ ကုံကုမံ၊ သစ်ခွရည်။ နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။

အနံ့တွေကလဲ အားပေးပါသတဲ့။ နှင်းဆီရိုင်းက ထုတ်တဲ့ရေမွှေး။ Kasturi Mriga သမင်တမျိုးက ထုတ်တဲ့ Musk (Kasturi) ရေမွှေးက “အမျိုးသမီးတွေ ကောက်ကောက်ပါ လိုက်လာစေနိုင်တယ်” လို့ နာမယ်ရနေတာ ရာစုနှစ် တခု ရှိနေပါပြီ။ ကြော်ညာဝင်ပါရစေ။ The Body Shop White Musk, Comptoir Sud Pacifique Cristal dr Musc, Serge Lutens Clair de Musc, Montale White Musk, Les Bains du Maais Musc Blanc, Le Palais des Reines, Il Profumo Musc Bleu တွေက ထိပ်ဆုံး ရေမွှေး ၇ မျိုးပါ။ နောက်ပိုင်း Male musk deer သမင်းဖိုကနေ မဟုတ်ဘဲ တခြားအကောင်တွေရဲ့ အိတ်ကနေ ထုတ်ယူကြတယ်။

လိင်အားပေးတဲ့ ပန်းတွေလဲရှိတယ်။ Morning glory ပန်းရောင်နဲ့ အပြာရောင် ရောပွင့်တဲ့ပန်း၊ ဘိန်းပန်း၊ နေကြာ၊ နှင်းဆီရိုင်း။

ဗီတာမင်ဘီအုပ်စု၊ သွပ်ဓါတ်၊ Kelp ပင်လယ်ရေညှိ၊ L-Tyrosine အမိုင်နိုအက်စစ်၊ Spirulina ပင်လယ် ရေညှိအသေး၊ လူတိုင်းစားတဲ့ ဂျုံ ထဲမှာ မဟော်မုန်း အီစထိုဂျင် နဲ့ ဗိတာမင် အီး ပါတယ်။

တိုင်းရင်းဆေးတွေထဲမှာ Ashwagandha အိန္ဒိယ (ဂျင်ဆင်း) လို့လဲခေါ်တဲ့ ဆေးဘက်ဝင်သစ်မြစ်။ ဗမာတွေ မပူနဲ့ ကွမ်းရွက်၊ ကွမ်းသီးမှာလဲ ဒီတန်ခိုး မဆိုးဘူးတဲ့။

တောင်အမေရိကမှာ ပေါက်တဲ့ Borrachero အပင်၊ အရိုင်းသုံးရင် Get-you-drunk “မူးသွားမယ်နော်” လို့ ပြောနိုင်တယ်။ ဝတ်မှုံရှူတာနဲ့ အိပ်မက်ဆန်းတွေ မက်စေတာက Hallucinogen စိတ်ကို ပြောင်းလဲစေတဲ့သတ္ကိ ပြင်းပြင်း ရှိလို့။ သူ့ထဲမှာ ပါတဲ့ Scopolamine (Hyoscine) ကိုတော့ ဆေးအဖြစ် သုံးတယ်။ အန်ချင်တာ၊ ကားမူးတာ၊ အဆိပ်သင့်တာ၊ အရည်ထွက် များတာ၊ မျက်စဉ်း စတာတွေမှာ သုံးတယ်။ ဒါပေမဲ့ Zombies ဖုတ်ဝင်သလို ဖြစ်စေတဲ့ သတ္ကိရှိလို့ အမေရိကားမှာ ဘာလို့ တရားဝင် ရောင်းခွင့်ပြုသလဲဆိုပြီး Drug Safety Society က မေးခွန်း ထုတ်နေတယ်။

စုံတွဲတွေ စားသုံးဘို့ ချက်နည်း-ပြုတ်နည်း Cookbooks for Lovers စာအုပ်တွေလဲ သပ်သပ်ရှိသေးတယ်။ ဒီထဲမှာ ကညွတ်၊ ငှက်ပျေားသီး၊ မှို၊ (ဒီ သုံးမျိုးက သဏ္ဌာန်အရ ပြောကြတာလား မသိပါ။) Caviar (Sturgeon) ငါးဆားနယ်၊ Creamy wild mushroom soup မှိုရိုင်း (ဆု-ပ်)၊ သင်္ဘောသဖန်းသီး၊ (ဂျင်ဆန်း)၊ ကျောက်ပုဇွန်၊ ကမာ-မုတ်ကောင်၊ Puffer Fish အဆိပ်ရှိ ပင်လယ်ငါး၊ Radish မုံလာဥ ဖြူ-နီ၊ (အဝါ မဟုတ်)၊ Truffles ညိုမဲမဲ မှိုတမျိုး၊ နွားပျိုသားဟင်းစတာတွေပါတယ်။

ဒီလိုအစားအစာတွေမှာ အမျိုးသမီးတွေအတွက်က ပုံမှာပါတာတွေလို့ဆိုပါတယ်။ ကျန်တာတွေက အမျိုးသားတွေအတွက်ဖြစ်တယ်။

လိင်စိတ်အားပေးအစာနဲ့ ဆေးဆိုတာတွေကို သိပ္ပံနည်းကျ ပြောရရင်တော့ စိတ်မှာသက်သာစေတဲ့ ဆေးမျိုးတွေက များတယ်။ ရောဂါ အတော်များများကို ဒီသဘောမျိုး ဆေးတွေ ပေးပါတယ်။ “လူနာကို ညာတာလား” လို့ မေးရင် မှန်လဲ မှန်တယ်။ မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သုံးခဲ့ကြတာပါ။ ဆေးပေးတာတင်မက ခွဲစိတ်ပေးရတာလည်း ပါသေးတယ်။ လူနာရဲ့ စိတ်မှာ သက်သာတယ်လို့ ထင်သွားစေတာကိုက ထိရောက်တဲ့ ကုသနည်းတခု မဟုတ်ပါလား။

Dr. တင့်ဆွေ

Breast Massage ရင်သား နှိပ်နယ်ခြင်း

ဆရာရေးတဲ့ ဆောင်းပါးတွေထဲက Large breast ဖြစ်အောင်ရေးထားတဲ့ ဆောင်းပါးကို ဖတ်ပြီးပါပြီ။ အဲ့ဒီ့ အထဲက Olive သံလွင်ဆီနဲ့ လိမ်းရမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် တစ်ကြိမ်လုပ်ရင် အချိန်ဘယ်လောက်ထိကြာအောင် လုပ်ရမလဲ ဆိုတာ မသိလို့ပါ။ ပြီးတော့ ရေမချိုးခင် လုပ်ရတာလား၊ လုပ်ပြီး အချိန်ဘယ်လောက်ကြာကြာနေရမလဲ၊ ပြီးတော့ Breast ကြီးအောင်လုပ်ဖို့ အချိန်ကာလ ဘယ်လောက်ထိ လုပ်ရင်ရလဲဆိုတာ သိချင်လို့ပါဆရာ။

အမျိုးသမီးတွေ (ဘရာ) ကို အကြာကြီးဝတ်ထားရတာ ကျန်းမာရေးအရပြောရရင် သိပ်မကောင်းပါ။ တင်းကျပ်တာဆို ပိုဆိုးတယ်။ လေသလပ်တာ၊ အပေါ်ယံချွေးထွက်တာ နည်းစေယုံမက အထဲက သွေးပြန်ရည်စနစ် ကောင်းကောင်း မလုပ်ရရင် သွေးထဲက မကောင်းတာတွေ စွန့်ထုတ်တာကို နည်းစေတယ်။ ညအိပ်ချိန်မှ အတွင်းခံမဝတ်ဘဲအိပ်တာဟာ အဖြူဆင်းခြင်းမှာ မှိုရောဂါသက်သာစေတယ်။ အတွင်းခံမှန်သမျှ လှတာ၊ ဆန်းတာ၊ Sexy ဖြစ်တာအပထား ချည်ထည်က အကောင်းဆုံးဖြစ်တယ်။

ရင်သား နှိပ်နယ်ခြင်း Breast Massage ရဲ့ ရည်ရွယ်ချက်က ရင်သားကို သူ့သဘာဝအတိုင်း ဖွံ့ထွားလာမှာကို လှုံ့ဆော် အရွယ်အစားအားပေးဘို့ အဓိကဖြစ်တယ်။ ရလဒ်ကတော့ တခုမကပါ။ Sကြီးထွားစေဘို့သာမကဘဲ သွေးလှည့်ပါတ်တာ၊ သွေးပြန်ရည်လှည့်ပတ်တာ၊ အာရုံခံတာတွေကိုပါ တိုးတက်ကောင်းမွန်စေမယ်။ အမြင်ပိုလှစေမယ်၊ တင်းတင်းရင်းရင်း ရှိနေအောင်ကိုလည်း လုပ်ပေးရာကျမယ်။ အိမ်ထောင်သည်ဖြစ်လဲ ကိုယ်ဝန်ရှိရင် နို့နာမဖြစ်အောင်၊ ကလေးနို့တိုက်တဲ့အခါ အခက်အခဲမရှိအောင်ကိုလဲ ကာကွယ်ရာကျတယ်။ ကိုယ့်ရင်သားမှာ အလုံးအကျိတ် ရှိ-မရှိကို သိစေနိုင်လို့လဲ ကောင်းပါတယ်။ ရေမိုးချိုးတိုင်း ရင်သားကို တယုတယပွတ်သပ်ပါ။ ထိပ်ဖျားကို အသေအခြာပွတ်ပါ။ ရေချိုးပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ဖိအားသုံးပြီးသန့်ပေးပါ။ “ရင်သားအား မိမိဖါသာစမ်းသပ်နည်း” ရေးထာတာ ရှိပါတယ်။

ကိုယ့်ဖါသာလုပ်နိုင်တဲ့ အဆင့် ၄ ဆင့်နည်း (မူကွဲတွေလဲရှိပါတယ်)
၇ ရက်တပါတ်မှာ အနည်းဆုံး ၂ ကြိမ်လုပ်ပါ။ Breast Cream သုံးပါ။ အဆင့် ၁ ဆိုတာက သွေးပြန်ရည်စနစ်ကို ကောင်းစေအောင် လုပ်ပေးတာဖြစ်တယ်။ အဆင့် ၂ နဲ့ ၄ အထိက သွေးပြန်ကြောထဲက သွေးတွေစီးတာ ပိုမိုကောင်းဘို့ ဖြစ်တယ်။ အဆင့် ၄ ကတော့ ရင်သားကိုထောက်ကူပေးနေတဲ့ အရွတ်တွေကို ကောင်းစေဘို့ပါ။

အဆင့် ၁။ လက်ချောင်လေးတွေကို နို့သီးထိပ်ကနေ ဝေးရာဆီကို ရွှေ့ပေးပါ။ သိပ်မဖိပါနဲ့။ မျက်တောင် ခတ်သလိုသဘော သာသာလေးရွှေ့ပါ။ ဖြေးဖြေးသာလုပ်ပါ။
အဆင့် ၂။ ရင်သားကို လက်မနဲ့ လက်လေးချောင်း ကားထားတဲ့ ပြိုင်နေတဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး၊ ဆွဲမသလိုနဲ့ ဖိချသလိုဖြစ်အောင် လုပ်ပါ။
အဆင့် ၃။ ရင်သားကို လက်မနဲ့ လက်လေးချောင်း အဝိုင်းပုံအနေအထားနဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး၊ နာရီလက်တံ လည်သလိုတခါ ပြောင်းပြန်လည်သလိုတခါ ညှစ်ပေးပါ။ နာအောင် မလုပ်ပါနဲ့။ မြန်စရာမလိုပါ။
အဆင့် ၄။ ရင်သားကို လက်မကအထက် လက်လေးချောင်းကအောက် ကားထားတဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး၊ ခပ်ဖိဖိအင်အားနဲ့ အထက်ကြွစေအောင်လုပ်ပါ။

နောက်တနည်း
၁။ ရေချိုးပါ။ ရေခြောက်အောင်သုတ်ပါ။ ရင်သားကို ပုဝါခပ်နွေးနွေးနဲ့ သုတ်ပါ။
၂။ ရင်သားဆီ-အဆီ လိမ်းပါ။ ရင်သား အရွယ်အစားအပေါ် မူတည်ပြီး အနဲ-အများ ချိန်ပါ။
၃။ ရင်သား တဖက်ခြင်းလုပ်ပါ။ လက်တဖက်၊ နှစ်ဖက် အဆင်ပြောသလို သုံးပါ။ ရင်သားကို အောက်ခြေကကနေ အထက်ဆီပင့်တင်ပါ။ အတွင်းဘက်ကို ဦးတည်ပါ။ ချိုင်းဘက်ကို မဟုတ်ပါ။ စက်ဝိုင်းပုံ အထက်ပင့် ဖြစ်ပါစေ။ ၂-၃ မိနစ်ကြာလုပ်ပါ။ ဆီ-အဆီ အကုန်စုပ်ဝင်သွားပါစေ။
၎။ နောက်တဖက်ကို အဲဒီနည်းအတိုင်းလုပ်ပါ။

တခါနှိပ်နယ်တာ အချိန်သိပ်ယူစရာ မလိုပါ။ ၂-၅ မိနစ်လို့ အကြမ်းဖျင်း ပြောနိုင်တယ်။ တနေ့ ၁ ခါရယ်မဟုတ်ပါ။ ရေးပြခဲ့တဲ့ နည်းတွေက ဆိုင်တွေမှာ သုံးတာတွေဖြစ်တယ်။ ကိုယ့်ဖါသာလုပ်ရင် လက်နှစ်ဖက်နဲ့ ရင်သားနှစ်ဖက်လုံးကို တပြိုင်တည်း လုပ်နိုင်တယ်။ မှန်ထဲကြည့်လုပ်ရင်တော့ ပိုကောင်းမယ်။ အခြေခံသိဘို့က ရင်သားတခုလုံးကို ထိမိစေဘို့ပါ။ အရောင်ရင့်အဝိုင်းလဲ ပါရမယ်။ နို့သီးထိပ်လဲ မကျန်စေရဘူး။ သဘာဝအတိုင်း ဖွံ့ထွားလာမှာကို နိုးဆွမှုဖြစ်စေအောင် လုပ်တာမို့ပါ။ အောက်ခြေပိုင်းဟာ ချိုင်းဘက်ဆီအထိ အမြီးလိုရှိတာမို့ ချိုင်းဘက်အထိ ရောက်ပါစေ။ နို့အုံကို ဆွဲမချပါနဲ့။ နို့သီးထိပ်ဆီ ဦးတည်ပါ။ အောက်ကနေ ပင့်တင်တာ ပိုလုပ်ပါ။ စက်ဝိုင်းလည်လုပ်ပါ။

Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါနဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ

Nirvana Buddha လျောင်းတော်မူ

• ပဲခူးက ရွှေသာလျောင်းဘုရားကို ရောက်ဖူးတယ်။ အတော်ကြာပါပြီ။ မရောက်ဖူးသေးတဲ့ မုဒုံမှာ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးရှိသတဲ့။ လျောင်းတော်မူဘုရား တဆူတည်ရှိရာ မုံရွာ၊ ဗောဓိတထောင်ကိုတော့ လျောင်းတော်မူ ဘုရားရော လက်ရှိကမ္ဘာ့အမြင့်ဆုံးလို့ဆိုတဲ့ ရပ်တော်မူဘုရားကြီးပါ မတည်မီကသာ ရောက်ဖူးတယ်။
• သုံးခေါက်ရောက်ဖူးပြီးဖြစ်တဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရာ အိန္ဒိယနိုင်ငံ၊ ကုသိနာရုံ (ကူစီနဂါး) မှာရှိတဲ့ ရုပ်ပွါးတော်ဟာ လျောင်းတော်မူပုံဖြစ်တယ်။ အဲတာကိုနမူနာယူပြီး၊ ကမ္ဘာအရပ်ရပ်မှာ လျောင်းတော်မူ ရုပ်ပွါးတော်တွေကို တည်ထားကိုးကွယ်ကြာတာဖြစ်တယ်။
• မြတ်စွာဘုရား လျောင်းတော်မူပုံတော်တွေက နှစ်မျိုးရှိတယ်။ နှစ်မျိုးလုံးဟာ Medical Body Positions ဆေးပညာသုံး ကိုယ်အနေအထားတွေ (Supine, Prone, Dorsal Recumbent, Lithotomy, Knee-chest, Sims', Trendelenburg, Modified Trendelenburg, Sitting, Fowler's) ထဲမှာ မပါဘူး။

• ပြီးခဲ့တဲ့ရသတ္တပတ်အဆုံးရက်တွေမှာ ဝါရှင်တန်ဒီစီကို အလည်ရောက်တော့ ကိုဇော်ဝင်းနဲ့ မစုမွန်တို့အိမ်မှာ ခေတ္တခဏ နားကြတယ်။ သူတို့နဲ့ လူချင်း တခါမှမဆုံးဖူးသေးပေမယ့် အလွန်ကိုဖေါ်ရွေကြတယ်။ ကိုဇော်ဝင်းက ဖေ့စ်ဘွတ်ဖရင်း၊ မစုမွန် (VOA) ကအသံဖရင်း။
• ရေဒီယိုတွေမှာ အလုပ်လုပ်ကြသူတွေနဲ့ လူချင်းတွေ့ဖူးတာကနည်းတယ်။ အသံတွေကိုတော့ အလွန်ကို ရင်းနှီး ကျွမ်းဝင်ပါတယ်။ ဖေ့စ်ဘွတ်ဖရင်းရယ်လို့ဖြစ်မလာခင် နှစ်တွေအများကြီးစောပြီး (အသံဖရင်း) ဆိုတာ ရှိတာပါ။ ကျွန်တော့်မှာ BBC, VOA, RFA, DVB ရေဒီယိုတွေကျေးဇူးကြောင့် များတယ်။
• တီဗွီအစီအစဉ်တွေ လွှင့်လာတော့ ရုပ်ရေကိုပါ ကြည့်သူတွေက မြင်လာနိုင်ကြတယ်။ DVB TV မှာ ကျွန်တော်ကို မြင်ရတယ်လို့ ပြည်တွင်းနေအမျိုးတွေက ပြန်ပြောကြတယ်။ တီဗွီသတင်းထောက်တွေကို အဆင်သင့်တိုင်း ကျေးဇူးတင်ကြောင်းပြောဖို့ မမေ့ပါ။ ကိုခင်မောင်လတ် သတင်းပို့တာက အများဆုံးဖြစ်မယ်။ တချိန်ကပေါ့။
• မစုမွန် (VOA) ကနေ လျောင်းတော်မူရုပ်ပွါးကို အန်တီအတွက်လက်ဆောင်ပေးလိုက်တယ်။ အတင်းပေးလိုက်တယ် ပြောရမလား။ အားနာတဲ့သူထက် သူ့စေတနာကုသိုလ်ကသာလွန်တာမို့ လျောင်းတော်မူဘုရားဟာ အခုဆို ကျွန်တော်တို့အိမ်က ဘုရားစင်ပေါ်မှာ ရောက်နေပါပြီ။
• ကျွန်တော်က ဆေးပညာအဖြေတိုင်းမှာ ဝါကျလေးတကြောင်းသာဖြေရတာဖြစ်ဖြစ် ကျန်းမာချမ်းသာပါစေလို့ ရေးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘာသာရေးယဉ်ကျေးမှုအရ မဟုတ်ပါ။ စိတ်ဆေးပညာသဘောအရ ရေးတာပါ။ တကယ်တော့ ဆုတောင်းစရာမလိုတဲ့ ကံတရားတွေဟာ တကယ်ရှိတာပါ။

ဒေါက်တာတင့်ဆွေ + ဒေါ်မြမြအေး
၃၁-၃-၂ဝ၁၅

Monday, March 30, 2015

Construction in front of my house

- ကနေ့ ပုလဲမြို့ ပါရမီရပ်က ဆေးခန်းနဲ့ နေအိမ်လေး သန့်ရှင်းရေးလုပ်ပေးကြသူတွေ လက်ဆုံစားထမင်းဝိုင်းနဲ့ အဆုံးသတ်ကြပြီတဲ့။
- တယောက်က ကွန်မင့်မှာရေးပါတယ်။ ဆရာ့အိမ်ရှေ့က သာအေးကောင်းမှုဆိုတာကြီးကတော့ သဘောမခွေ့လှပါဘူးဗျာ။
- စစ်ကိုင်းတိုင်းမှူး (အခုစစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်) ဦးသားအေးက ကျွန်တော့်အိမ်ရှေ့တည့်တည့်မှာ ရေကန်တခု လာဆောက်ထားပါသတဲ့။
- ရေစက်တော့ မဆုံပါရစေနဲ့။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၅ (မြန်မာရက်စွဲ)

Kinwunmingyi U Kaung ကင်းဝန်မင်းကြီးဦးကောင်း

(ကွန်မင့် သစ်တခု) = ဧရာဝတီစာပေပွဲဆိုလို့ ကျနော်လည်းရောက်ဖြစ်တယ်ဆရာ။ ဒေါက်တာစိုးလင်း (ရတနာပုံ) က ကင်းဝန်မင်းကြီး ဦးကောင်းအကြောင်း စာတမ်းဖတ်တယ်ဆရာ။ အဲဒီမှာ ဆရာရယ်၊ အခုသမဝန်ကြီးဦးကျော်ဆန်းရယ်က၊ ဦးကောင်းရဲ့အနွယ်တော်တွေလို့ ပြောတယ်။

(ကွန်မင့် ဟောင်းတခု) = သမိုင်းဆရာတော်တော်များများက ကင်းဝန်မင်းကြီးကို သစ္စာဖောက်လို ရေးသားကြတယ်။ ကျမကတော့ အဲလိုမမြင်ဘူး။ သူကနိုင်ငံခြားတိုင်းပြည်တွေ လေ့လာဖူးတော့ အတွေးအခေါ်ခေတ်မှီသူ။ လွှတ်တော် နိုင်ငံရေးစနစ်ကို အကောင်ထည် ဖော်ချင်တဲ့ မျိုးချစ်စိတ်ရှိသူ၊ တိုင်းပြည်ကိုတိုးတက်စေချင်သူလို့မြင်တယ်။ တချိန်မှာ စာရေးဖြစ်ရင် ကင်းဝန်အကြောင်း စာတစ်အုပ်ရေးချင်တယ်။

အမေ့ရွာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေကဦးကောင်းရဲ့မြေးတော်တယ်။ (ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။) အရင်က (မုံတိုင်ပင်) လို့ ရာဇဝင်-သမိုင်းစာအုပ်ဟောင်းတွေမှာရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့ အမျိုးဆိုတာကို နည်းနည်းတော့ကြွားချင်ခဲ့တယ်။ မုံရွာ အထက (၂) မှာ ၉ တန်း၊ ၁ဝ တန်းတုံးက ကဗျာလေးစာလေးရေးတုံးက ကင်းဝန်နွယ် ဘာညာဆိုပြီး ကလောင်နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်ကပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ်နံရံကပ် စာစောင်မှာအဲဒီနာမည်နဲ့ တခါတလေပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး (ဘလော့ခ်) ကို ပုလဲသွယ်လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကရင်နီလူမျိုး နိုင်ငံရေးမိတ်ဆွေတွေကအသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကိုသီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေကသူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ (ဦးကောင်းလိမ်ထုတ်) ဆိုတာရော၊ နှစ်ခုလုံးကိုသူ့အမျိုးတွေက အမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ တောင်သမန်အင်းက လေညှင်းဆော်တော့ထဲမှာ ရေးသားထားတာကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

ဦးကောင်းအကြောင်းရေးဘို့ တိုက်တွန်းကြတယ်။ ကျွန်တော်က သမိုင်းသမားမဟုတ်ပါ။ သမိုင်းကိုဖတ်တဲ့သူသာဖြစ်တယ်။ နောက်ပြီး ကင်းဝန်မင်းကြီးအကြောင်းကို အမျိုးမစပ်သူတွေကနေရေးတာ ပိုသင့်မြတ်မယ် ထင်ပါတယ်။ ညှာစရာ၊ သာစရာ မလိုပါ။ မင်းတိုင်ပင်ရွာက ဦးကောင်းကောင်းမှု ဘုန်းတော်ကြီးကျောင်းပုံ တနေ့ကရထားတာ ပြန်ရှာမရသေးလို့။ ကျွန်တော် ငယ်ငယ်က ဆော့ကစားဘူးတဲ့နေရာလေးပါ။ မယ်မင်းဆီအုတ်ဂူလေးလဲ ခြုံနွယ်တွေကြားထဲမှာ သွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့အမျိုးကလို့လဲ သိရပါတယ်။ ကျွန်တော့်အမေရဲ့ အဖေ ဦးကောင်းရဲ့တူအရင်း (ဦးထင်) က မင်းတိုင်ပင်တိုက်နယ်သူကြီးဖြစ်ပါတယ်။ သူဆုံးတော့ မုံရွာ၊ ဆူးလေကုန်းရပ်မှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့် အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးမီးလှုံဘို့ရာ ဆွဲယူသွားခဲ့ကြရတာ မှတ်မိနေသေးတယ်။

မင်းတိုင်ပင်သူကြီးဦးထင်က ဝန်ကြီးဦးကျော်ဆန်းအမျိုးမဟုတ်ပါ။ ဦးကျော်ဆန်းနဲ့ ကျွန်တော် အမျိုးတော်တယ်လို့သိတာ တနှစ်လောက်သာရှိသေးတယ်။ သူများတွေကမေးလာရင် မဟုတ်ပါဘူးဗျာလို့ဖြေခဲ့တယ်။ အမတယောက် ဗုဒ္ဓဂါယာကို ဘုရားဖူးလာတော့မှ အမျိုးစပ်ပြလို့ နှစ်ဝမ်းကွဲညီအကိုတော်မှန်း သိပါတယ်။

ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးကဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲရှိသေးတာ။

Dr. တင့်ဆွေ
၁၁-၁၁-၂ဝ၁၃
၃၁-၃-၂ဝ၁၅
Portrait ဦးငွေကိုင်ရေးဆွဲခဲ့တဲ့ ဆီဆေးပန်းချီလက်ရာ ၅၇့၅ စင်တီမီတာ x ၃၈ စင်တီမီတာ။

31-3-2015 My house and clinic in Pale being cleaned (live reporting)

ကနေ့ ပုလဲမြို့ ပါရမီရပ်က ဆေးခန်းနဲ့ နေအိမ်ကို သန့်ရှင်းပေးကြသူများ

ဦးထွန်းသိန်း (ပုလဲ)၊ ဦးမြင့်ကြည် (ပုလဲ)၊ ဦးအောင်တင့် (ပုလဲ)၊ ဦးမြင့်ဝင်း (ပုလဲ)၊ သူရအောင် (ပုလဲ)၊ သန့်ဇင်အောင် (ပုလဲ)၊ ကိုထူး (ပုလဲ)၊ ကိုထက် (ပုလဲ)၊ ထွန်းပုလဲ (ပုလဲ)၊ ဒေါ်ခင်သန်း (ပုလဲ)၊ ဒေါ်အောင်သန်းကြွယ် (ပုလဲ)၊ ဒေါ်ခင်ခင် (ပုလဲ)၊ ဦးစိန်မောင် (ရိုး)၊ ဦးခင်မောင်သိန်း (နွယ်ရှောက်)၊ ကိုမြင့်ငွေ (နွယ်ရှောက်)၊ ထွန်းနိုင်ဌေး (နွယ်ရှောက်)၊ ကိုပေါပြည့်အောင် (နွယ်ရှောက်)၊ ဦးကံ (ရိုး)၊ ဦးစိန်မောင် (ရိုး)၊ ဦးမြင့်ငွေ (ရိုး)၊  ဦးဖုန်းကျော် (ရိုး)၊ ဦးနေလင်း (ရိုး)၊ ဦးဖိုးတုတ် (ရိုး)၊ ဦးမင်းနိုင်ထွေး (ရိုး)၊ ကိုဇေယျာညွန့်နိုင် (ကျောက်ကန်)၊ ဦးချိုဆန်း (ကျောက်ကန်)၊ ဟိန်းဟိန်းအောင် (မုံရွာ)၊ ဥဂ္ဂါလင်း (မုံရွာ)။ ဦးမိုး (လပုကန်) ဦးအောင်လင်း(ပုလဲ)။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၅ (မြန်မာရက်စွဲ)

30-3-2015 My house and clinic in Pale is being cleaned right now

ပုလဲက ကျွန်တော့်နေအိမ်နဲ့ဆေးခန်းပျက်ကို ရပ်ရွာမှာ မီးရေးထင်းရေးစိုးရိမ်ရလို့ အမျိုးတွေနဲ့ ရပ်ဆွေရပ်မျိုးတွေက သန့်ရှင်းရေး လုပ်နေကြတာကို ဖေ့စ်ဘွတ်ကနေ တိုက်ရိုက်ပုံတွေတင်နေတာတဲ့။

သန့်ရှင်းကျန်းမာကြပြီးသကာလ ရန်သူမျိုးမှန်သမျှက ကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၅

‎My colleagues and me လုပ်ဖေါ်ကိုင်ဖက်များ

ခုချိန်မှာ
• တနာရီဘယ်လောက်ရတဲ့အလုပ်သာလုပ်နေမယ်။
• သောက်စရာပါတဲ့ အစည်းအဝေးအပြီးဧည့်ခံပွဲမှာ ဓါတ်ပုံ ဗီဒီယိုအရိုက်ခံရတဲ့အထဲမှာပါနေမယ်။
• နိုင်ငံရေးစကားမပြောတော့သူ၊ သတင်းဆိုရင်နားမထောင်တော့သူဖြစ်နေမယ်။

တချိန်တုံးကတော့
• အဖွဲ့အစည်းအလံတော်ကို ကိုင်ထားတဲ့ဓါတ်ပုံထဲမှာပါခဲ့တယ်။
• တောတွေတောင်တွေထဲမှာ ငပိရည်နဲ့ထမင်းစားခဲ့တယ်။
• ဟောတာပြောတာတွေမှာ အာဘောင်အာရင်းသန်ခဲ့တယ်။

ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့
• ကဲ့ရဲ့သင်္ဂြိုဟ်ပြုတာခံရနိုင်တယ်။
• သွားလေသူလို့ ကင်ပွန်းတပ်ခံရနိုင်တယ်။
• သာပေါင်းညာစားလို့ သမုတ်ခံရနိုင်တယ်။

ကျွန်တော်ကတော့
• လူကြီးမင်းကို တနှစ်တာ၊ ဆယ်နှစ်တာ၊ အနှစ်နှစ်ဆယ်ကြာ လုပ်တုံးက လုပ်ခဲ့သူရယ်လို့ ဂုဏ်ပြုပါတယ်။
• မြောင်းထဲရောက်မသွားသေးသမျှ လူကြီးမင်းဟာ ကျွန်တော့် လုပ်ဖေါ်ကိုင်ဖက်ဖြစ်ဆဲပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၅

Bamboo shoot မျှစ် ဘယ်ကမျှစ်လည်း

Nyominlwin Pma ကိုယ့်မြို့အကြောင်းလည်း ကိုယ်ရေးရဦးမည်၊ ပျဉ်းမနားမြို့သည် ၀န်ထမ်းမြို့ဟု မဆလခေတ်က ပြောစမှတ်တွင်သည်။ စီးပွားရေးကြီးကြီးကျယ်ကျယ် ပြောစမှတ်ပြုလောက်အောင်မရှိ၊ သစ်၊ ဝါး၊ တောတောင်များရှိသည်၊ သို့သော် လူတိုင်းလုပ်နိုင်သည့်ကိစ္စမဟုတ်၊ ထိုအထဲမှ မျှစ်၊ မျှစ်ချဉ်ကတော့ လူအတော်များများလုပ်နိုင်သဖြင့်၊ မျှစ်ချဉ်ကောင်းထွက်သည့် မြို့အဖြစ်တော့ အသိအမှတ်ပြုခံရသည်။့

အရင်က တာဝန်နဲ့ ထိုင်းကို ခဏခဏခရီးသွားခဲ့ရဖူးတယ်။ အခေါက်တိုင်း မျှစ်ဝယ်ပါတယ်။ အခွံမခွါရသေးတာရရင် မျှစ်စို့ကြီးတွေကို ကျောပိုးအိတ်မှာ နိုင်သလောက်ထည့်ပြီး သယ်လာပါတယ်။

မာနယ်ပလောခေါ်တဲ့ အတိုက်အခံမှန်သမျှရဲ့ဌာနချုပ်ကိုလည်း ၁၉၉၅ မတိုင်ခင်မှာ သုံးခေါက်ရောက်တယ်။ NCGUB ရုံးမှာ ထမင်းစားရင် မျှစ်ပါတယ်။ ဦးခွန်မားကိုဘန်း (ကယန်း) ရဲ့လက်ရာပေါ့။

ဒေလီမှာနေရတုံးက ပုလဲကအသိတယောက် နေပြည်တော်မှာ တာဝန်ကျနေတယ်။ ကျွန်တော့်ဆီကို လက်ဆောင် ပို့ချင်တယ်ဆိုလို့ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ မျှစ်စိမ်းကပို့မရတော့ မျှစ်တွေကို သူကိုယ်တိုင် လှီးစိတ်ပြီး၊ မျှစ်ခြောက် လုပ်ထားသတဲ့။ အဆင်မသင့်ချင်တော့ ကျွန်တော်က နေရာတခုထပ်ပြောင်းရပြန်လို့ လက်ဆောင်က မရောက်နိုင်တော့ပါ။ အရသာကောင်းတော့ ရနေသလိုပါပဲ။ ပျဉ်းမနားမျှစ်ကို စားတော့မစားဖူးသေးပါ။

ဒေါက်တာတင်ဆွေ
၃ဝ-၃-၂ဝ၁၅

VOA Health Q and A ကျန်းမာရေးနဲ့ဆေးပညာ

• ကျန်းမာရေးနဲ့ဆေးပညာ သိလိုတာတွေကို အမေးအဖြေလုပ်ပေးနေတာ အတော်ကြာပါပြီ။ အရင်ဆုံးတော့ (အီးမေးလ်) ကနေလုပ်တယ်။ အခုနေတဲ့အရပ်ကိုပြောင်းလာတော့ အရင် (အီးမေးလ်) က ပျက်သွားတာမို့ အသစ်လုပ်ရတယ်။
• (ဖေ့စ်ဘွတ်) ပေါ်လာတော့ (မက်ဆေ့ခ်ျ) နဲ့ (ချတ်) ကနေမေးတာတွေကိုဖြေပါတယ်။ (ကွန်မင့်) ကနေမေးတာတော့ တင်ထားတဲ့ (ပို့စ်) နဲ့မဆိုင်ရင် မဖြေပါ။
• အခုအသစ်တမျိုး တိုးပါအုံးမယ်။ VOA အသံလွှင့်ဌာနကနေ မေးလာတွေကို မကြာခင်မှာဖြေပါမယ်။ VOA မှာ ကျန်းမာရေးကဏ္ဍ ရှိနေပြီးဖြစ်ပေမယ့် အခုအစီအစဉ်က အသစ်ပါ။ အခုဖြစ်နေတာကိုမေးတာမျိုး၊ ရာသီစာ ဝေဒနာတွေ ဖြစ်ပါမယ်။ ဆရာဝန်ကနေ ပြောချင်တာရွေးပြောတာမျိုး မဟုတ်ပါ။
• မေးတဲ့သူနာမည်တော့ ခွင့်ပြုရင်သုံးပါမယ်။ မသုံးစေချင်ရင်တော့ ကြိုတင်ပြောပါ။ နေရပ်ကိုတော့ သိချင်ပါတယ်။ ကူးစက်ရောဂါတွေက နေရပ်လည်းလိုက်ဖြစ်တယ်။ မြန်မာပြည်ကလူတွေ ၃-၄ သန်းမက ပြည်ပထွက်နေကြရလို့ တိုင်းပြည်လည်း သိချင်တယ်။ တချို့ရောဂါတွေက တချို့နိုင်ငံတွေမှာပိုဖြစ်တယ်။ ဆေးညွှန်ရတာလည်း နေရာသိမှ ပိုအဆင်ပြေတယ်။ တချို့တိုင်းပြည်မှာ ဆရာဝန်ဆေးလက်မှတ်ပါမှသာ ဝယ်လို့ရတဲ့ဆေးရယ်လို့ ရှိလို့ပါ။
• လူတွေမှာဖြစ်နေတာအကုန်ကို ပါစေချင်တယ်။ မျိုးပွါးလမ်း၊ အိမ်ထောင်ရေး၊ လိင်ပိုင်းဆိုင်ရာတွေကိုလည်း မေးကြတာ အတော်ကိုများတယ်။ ရေဒီယိုက အများသုံး (မီဒီယာ) ဖြစ်လို့တော့ သုံးသင့်တယ်ထင်တာကိုသာ သုံးမှာပါ။ ဝေါဟာရ အသုံးအနှုန်းတွေကို အတတ်နိုင်ဆုံး ယဉ်ကျေးပြီး၊ မှန်ကန်တိကျ နားလည်သဘောပေါက်တာမျိုးသာ ရွေးသုံးပါမယ်။ တချို့စကားလုံးတွေက အများသဘောတူအသုံးဖြစ်မလာသေးပါ။ ဥပမာ သားအိမ်ခေါင်း၊ သားအိမ်ဝ၊ သားအိမ်လည်ပင်း။
• အသံ (ဖိုင်လ်) နဲ့လည်း မေးစေချင်ပါတယ်။ အသံကို VOA မှာ အသုံးပြုခွင့်ကိုပါ ရချင်တယ်။
• အမေးမဟော်သဓာဖြစ်ကြစေချင်ပါတယ်။ မေးနည်းစည်းကမ်းကိုလည်း ခဏခဏအသိပေးနေပါတယ်။ စည်းကမ်းညီရင် အဆင်ပြေလွယ်ကူပြီး၊ အချိန်ကုန်သက်သာပါတယ်။ စည်းကမ်းကို လိုလာရင်ပြင်ပါမယ်။ ၂ဝဝဂ ဖွဲ့စည်းပုံလို ပြင်မရတာမျိုး မကြိုက်ပါ။
• အခုတော့ VOA နဲ့ ဖက်ဒရယ်အစိုးရနဲ့ တရားဝင်ဖြစ်မှုအတွက် စလုပ်နေပါပြီ။ အဖြေနွားကျောင်းသားဖြစ်အောင် ကြိုးစားပါမယ်။ နွားကျောင်းသားဆိုတာ တကယ့်အရှိလူ။ ရောဂါတွေ အများဆုံးခံစားနေကြရသူ။ ၇၅% ထဲကလူတွေကို ကိုယ်စားပြုပါတယ်။


ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၅

Dictated Education အမိန့်ပေးပညာရေး

• မြန်မာထောက်လှမ်းရေးကတော့ -
ဝါရှင်တန်တက္ကသိုလ်မှာ သင်္ချာပါမောက္ခလုပ်ရသူကို အလီမရသူလို့ မြက်ခင်းသစ်မှာရေးတယ်။ သင်္ချာဆိုရင် အလီရမှလို့သာ သိပုံရတယ်။
• မြန်မာအာဏာပိုင်တွေကတော့ -
မြန်မာရာဇဝင်ဆိုရင် အင်ပါယာထူထောင်နိုင်သူတွေကိုသာ ရုပ်တုကြီးတွေထုတယ်။
အတုယူစရာ မင်းသုံးပါးရှိတယ်။ တရုပ်ပြေးမင်း၊ ကုလာကျမင်းနဲ့ အနောက်ဖက်လွန်မင်းတွေဖြစ်တယ်။
• နေပြည်တော်အနားက ပျဉ်းမနားမှာ -
အစက မြင်းရုပ်ကြီးတွေရှိတယ်။ နောက်မှာ ဆင်ရုပ်တွေရောက်လာတယ်။ ဒိနောက်လူရုပ် (ယုတ်) တွေ ရောက်လာပြီလို့ ပြောကြတော့ အဲလိုမပြောရဆိုပြီး အမိန့်ထုတ်ထားတယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၅
Photo from Which dictator killed the most people?

University of Hamburg ပညာရေးအားပေးတဲ့အမွေ ဘယ်ကနေရသလည်း

• ၁၉၉ဝ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရပြီးကတည်းက ပြည်တွင်းမှာရော ပြည်ပမှာပါ တဖွဲ့တည်းမှာ လက်တွဲလုပ်ခဲ့တဲ့ ဒေါက်တာစိန်ဝင်းအိမ်ကို မနေ့ကရောက်ပါတယ်။ အိန္ဒိယမှာရေတုံးကတော့ အစည်းအဝေးရှိလို့ (ယူအက်စ်) ကို ၄-၅ ခေါက်ရောက်တယ်။ ရောက်တိုင်း သူ့အိမ်မှာပဲတည်းတယ်။ အဲဒီတုံးက ဆရာစိန်ဝင်းဆီကို သူ့မိသားစုက ရောက်မလာသေးဖူး။
• ၂ဝဝ၈ ဖွဲ့စည်းပုံဖြစ်လာကတည်းက နိုင်ငံတကာခရီးမထွက်နိုင်တော့ပါ။ NCGUB ကိုလည်း ဖျက်လိုက်ရတယ်။ အခုမှသာ ဝန်ကြီးချုပ်ဆီပြန်ရောက်နိုင်တော့ပါတယ်။
• ခုတခေါက် ဝါရှင်တန်လည်းရောက်တော့ မီဒီယာထဲကမိတ်ဆွေတယောက်က NCGUB သမိုင်းကိုရေးပါလို့ နှစ်ခါပြောလာတယ်။

• ဒေါက်တာစိန်ဝင်းအိမ်မှာ ရီစရာမောစရာလည်းပြောဖြစ်တယ်။ မီဒီယာထဲကနောက်တယောက်က ပြောပါတယ်။ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးကောင်းစားစဉ်က ပြည်ပရောက်တွေမကောင်းကြောင်း မုသားစာအုပ်တွေ ထုတ်တယ်။ ဆရာစိန်ဝင်းတို့ပါတီ PND က NLD ကိုအဖျက်ခံရင် အရံပါတီအနေနဲ့ ထောင်ထားတာလို့ ထောက်လှမ်းရေးကသိတယ်။ အဲဒီပါတီကို (အသက်ကယ်ပါတီ) လို့ ထောက်လှမ်းရေးစာအုပ်ကသုံးတယ်။ ဒေါက်တာစိန်ဝင်းက အဲလိုခေါ်တာတော့ သိပ်မနာပါဘူးဗျာတဲ့။ ကျွန်တော့်ကို တစ်အလီတောင် မရတဲ့သူလို့ ရေးတာ နာတယ်တဲ့။
• ဒေါက်တာစိန်ဝင်းက သင်္ချာပညာတော်သင်ရလို့ ဂျာမဏီ (ဟန်းဘဂ်) မှာ (မာစတာ) ပြီးတယ်။ (ပီအိတ်ခ်ျဒီ) ဆက်တက်ဘို့ အမှတ်ကောင်းတော့ ဆက်တက်တာ ဦးနေဝင်းအစိုးရက ခွင့်မပြုဘူး။ မြန်မာပြည်ပြန်လည်း ရောက်ရောအဖမ်းတယ်။
• ဒေါက်တာစိန်ဝင်း ပြီးခဲ့တဲ့ (ဆမစ်စတာ) တခုအတွက် ဝါရှင်တန်တက္ကသိုလ်မှာ သင်္ချာပါမောက္ခ လုပ်လိုက်သေးပါတယ်။ မြန်မာထောက်လှမ်းရေးကတော့ အလီမရသူတဲ့။ ကြည့်ရတာ သင်္ချာဆိုတာ အလီတခုပဲလို့ထင်ပုံရတယ်။
ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၅

Cannon Soldiers of Burma: A Part of Burmese History Largely Unknown to Its Modern Peoples & the World

• ဂျိမ်းစ်မြင့်ဆွေရေးတဲ့ မြန်မာပြည်ရောက် အမြောက်စစ်သည်များစာအုပ်က ပေါ်တူကီတွေဘယ်တုံးကစပြီး မြန်မာပြည် ရောက်သလည်းစတဲ့ သမိုင်းကြောင်းတွေကို ရေးထားတာဖြစ်တယ်။
• စာရေးသူက ကျွန်တော်တို့ NCGUB ဝါရှင်တန်ဒီစီရုံးမှာ ဒါရိုက်တာ တနှစ်လောက်လုပ်ဖူးတယ်။ မုံရွာက ဘာသာပြန် စာရေးဆရာတယောက်က လိုတယ်ချင်လို့လှမ်းပြောထားတယ်။
• မနေ့က NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းအိမ်ရောက်တော့ အဲဒီစာအုပ်တအုပ်ပေးလိုက်တယ်။ မုံရွာကို ပို့ရအုံးမယ်။ • ဆရာစိန်ဝင်းက စာအတော်ဖတ်တယ်။ ခုတခေါက်သွားတော့ ပါဠိဖတ်နည်းသင်တန်းတက်နေသတဲ့။
• ကျွန်တော်ကတော့ သမိုင်းစာအုပ်တွေ ဖတ်ချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၅

Fugitive doctor သူပုန်ဆရာဝန်ဘဝ

• မကြာသေးခင်က အတန်းတူသူငယ်ချင်း အသည်းအထူးကုဆရာဝန်တယောက် ဆုံးသွားခဲ့တယ်။
• အခုပဲ အတန်းတူသူငယ်ချင်းကပြောလို့ ကျွန်တော်တို့ (၇) နှစ်တိတိ ဆေးကျောင်းမှာ အတူတက်ခဲ့သူ (၇ဝ) ကျော်ထဲမှာ ၁၅ ယောက်တိတိ ဆုံးသွားကြပြီတဲ့။ ဆုံးတဲ့သူတွေအားလုံးက ယောက်ျားလေးတွေတဲ့။
• စီနီယာတန်းကတယောက် ဒေလီမှာဆုံးသွားတော့ နာရေးကိစ္စကို တတ်နိုင်သလောက်လေးကူညီခဲ့ရတယ်။
• တမြန်နေ့ကသိရတာ စီနီယာတန်းကတယောက် ဆုံးပြန်တယ်။ သူကြီးခေါ် ဒေါက်တာသန်းစိန် ဒေလီ WHO ရုံးမှာ ဒါရိုက်တာလုပ်တုံးက တမြို့ထဲမှာနေပေမယ့် သွားမတွေ့ပဲနေခဲ့တယ်။ ကိုယ့်က သူပုန်ပြည်ပြေးဆရာဝန် ဖြစ်နေလို့ အဲလို အစိုးရအလုပ်ဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာဖြစ်ဖြစ်လုပ်နေသူတွေကို တခါမှ မဆက်သွယ်ပဲ ရှောင်ခဲ့ရတယ်။ ကျွန်တော်နဲ့စကားပြောသူတိုင်းမှာ အန္တရာယ်ရှိကြတယ်။
•နှစ်ပေါင်း ၂ဝ ကျော်အတွင်းမှာ စုစုပေါင်း (၁) ယောက်တိတိသာ လူစွမ်းကောင်းရှိခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၅

29-3-2015 Institute of Medicine, Mandalay 1965-72 batch Medical Fellowship Reunion


၁၉၆၅ ကနေ ၁၉၇၂ အထိ (၇) နှစ်တိတိ မန္တလေးဆေးတက္ကသိုလ်မှာ အတူစာသင်ခဲ့ကြတဲ့သူငယ်ချင်းတွေ ပြန်လည်တွေ့ဆုံတဲ့ပွဲကို မတက်နိုင်လို့ စိတ်တော့မကောင်းပေမယ့် အားလုံးကိုသတိရတယ်လို့ အဝေးကနေ နှုတ်ဆက်လိုက်ပါတယ်ချင်းတွေရေ့
ဒေါက်တာတင့်ဆွေ
အင်ဒီယာနာပိုးလစ်
Photo from Dr. Khin Tint Swe

29-3-2015 Visiting Maryland

၂၉-၃-၂ဝ၁၅ မေရီလင်းရှိတဲ့ ကိုခင်မောင်စိုးမင်းနဲ့ မယုဆွေတို့အိမ်မှာတည်းခိုပြီး အင်ဒီယာနာပိုးလစ်ကိုပြန်မလာမီ။
ဓါတ်ပုံ = ဦးစိန်ဌေး

ဝါရှင်တန်နဲ့ မေရီလင်းကိုခရီးသွားရာကနေ အခုပဲ အင်ဒီယာနာပိုးလစ်ကိုပြန်ရောက်ပါတယ်။ ကျန်မိသားစုဝင်တွေက ကိုစိုးမင်း + မယုဆွေအိမ်မှာအိပ်ကြပြီး၊ ကျွန်တော်က ဦးစိန်ဌေးအိမ်မှာ အိပ်ပါတယ်။ အိပ်ယာထပြီး ပြန်မထွက်မီ ငါးချိတ်ပေါင်းမနက်ခင်းစာစားခဲ့ရတယ်။
ဓါတ်ပုံ ဦးစိန်ဌေးဇနီး

28-3-2015 Visiting Marlland

28-3-2015 With my old associates, U Bo Hla Tint and Ko Aung San Myint at Ko Zaw WIn Hlaing (VOA)'s house

28-3-2015 Dr. Tint Swe, Ko Zaw Win Hlaing, U Aung Thein, Dr. Sein Win in Maryland
ဦးအောင်သိန်းကတော့ ဒီကမြန်မာမိသားစုတွေကိုပြောတယ်၊ ကျွန်တော်တို့က အတိုက်အခံ မဟုတ်ဘူးတဲ့။ အမြဲတန်းအခံတွေချည်းဖြစ်နေရတယ်တဲ့။ အဲတာပြည်တွင်းအခြေအနေပဲ။
Two anti-military dictatorship brothers from Burma meet again after 25 years in Maryland.
My brother Sayadaw and I never discussed to do whatever we could to oppose to military rule but we can be seen together though we reside in different places which may be 1,000 miles away.
ကျွန်တော်တို့ညီအကိုနှစ်ယောက် နှစ်အစိတ်မကကြာပြီမတွေ့ကြတာ။ ဘယ်မှာနေနေ မတရားတာကိုရင်ဆိုင်ဆန့်ကျင်တာမှာတူကြတယ်။ နေကြရတာ မိုင်ဘယ်နှစ်ထောင်ဝေးဝေး တိုင်ပင်စရာမလိုပါ။
28-3-2015 Burmese community in Maryland meet with Sayadaw U Teikhanyana and U Aung Thein. Among them are Dr. Sein WIn and Dr. Tint Swe of NCGUB.
ဝါရှင်တန်ဒီစီနဲ့ မေရီလင်းမှာနေထိုင်ကြတဲ့ မြန်မာမိသားစုတွေက အလွန်နွေးထွေးကြတယ်။ ရေဒီယိုတွေမှာလုပ်ကိုင်နေသူတွေ + အက်စတစ်ဗစ်တွေနဲ့ NCGUB အဖွဲ့ဝင်တွေက ဆရာတော်နဲ့ ဦးအောင်သိန်းတို့ကို တကူးတကလာပြီးတွေ့ကြတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

27-3-2015 Visiting Washington, DC

27-3-2015 Visiting Smithsonian's National Air and Space Museum

27-3-2015 U Teikhanyana, Ko Thein Hteik Oo (VOA) + Ma Thiri Kyaw Win, Ko Zaw WIn, Dr. Tint Swe in Maryland
 

7-3-2015 Visiting Washington, DC

ကနေ့ နေ့လည်မှာ ဆရာတော်ဦးတိက္ခဉာဏကို မေရီလင်းပြည်နယ်မှာ ကိုသိန်းထိုက်ဦး (VOA) + မသီရိတို့ နေအိမ်မှာ ဆွမ်းကပ်ပြီး၊ ရှေ့နေကြီးဦးအောင်သိန်းနဲ့အတူ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပါတယ်။
အခုနယူးယော့ကို ခရီးဆက်သွားကြပါပြီ။



Ko Zaw WIn, Daw Mya Mya Aye, Akari Mya Mya Swe, Dr. Tint Swe, Yaza Tint Swe, Pinny Tint Swe
Photo by Ma Suu Mon (VOA)

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၅

28-3-2015 We meet again after over 25 years

၂၇-၃-၂ဝ၁၅ နေ့က ဝါရှင်တန်ဒီစီ၊ VOA အသံလွှင့်ဌာနမှာ လက်ပတောင်းမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ဆရာတော်နဲ့ ကျွန်တာ် နှစ်ပေါင်း ၂၅ ကျော်ကြာမှသာ ပြန်ဆုံဖြစ်ကြတယ်။
ဦးတိက္ခဉာဏက ကျွန်တော့်ညီဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၅

Thursday, March 26, 2015

Increment တိုးတက်လာတဲ့မြန်မာပြည်

• မြန်မာပြည်မှာ အစိုးရဝန်ထမ်းတွေ လစာတိုးသတဲ့။
• ကျွန်တော့်ဘဝမှာ အစိုးရလစာ ပထမဆုံးရတာ အလုပ်သင်ဆရာဝန် (ဟောက်ဆာဂျင်) ဖြစ်တော့ တလမှာ ၂၁ဝ ကျပ်ရတယ်။
• အငယ်တန်းလက်ထောက်ဆရာဝန်က ၃၂ဝ ကျပ်။ လက်ထောက်ဆရာဝန်ကနေ မြို့နယ်ဆရာဝန်ဖြစ်တော့ ၄၅ဝ ကျပ်ရခဲ့တယ်။ လုပ်သက် ၁၅ နှစ်မှာ ၇ဝဝ ကျပ်ရခဲ့တယ်ထင်တယ်။
• လူနာတယောက်ကို ဆေးတလုံးထိုး (တခါလာပြ) ၃ ကျပ်ယူတယ်။ နောက် ၅ ကျပ်၊ နောက်ဆုံးထွက်လာကာနီး ၁ဝ ကျပ်။ လစာနည်းဝန်ထမ်းတွေလာပြရင် ၅ ကျပ်ယူခဲ့တယ်။
• ရွှေတကျပ်သား ၃ဝဝ ခေတ်ကိုမှီတယ်။ စစ်ကိုင်းဆေးရုံမှာတာဝန်ကျတော့ ရွှေတကျပ်သား ၃ ထောင်။ မြန်မာပြည်က ထွက်လာတော့ ရွှေတကျပ်သား ၃ သောင်းခေတ်ကပါ။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၅

Resistance Day speech

တော်လှန်ရေးနေ့ ကာချုပ်မိန့်ခွန်း (သို့) ကိန်းဂဏန်များကပြောတဲ့ မြန်မာ့သမိုင်း

• ကျွန်တော် ၁၉၉ဝ ရွေးကောက်ပွဲက ကိန်းဂဏန်းတွေကိုအလွတ်ရတယ်။ တနှစ်တခါ IPU မှာသွားပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံနေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြောင်း တင်ပြနေခဲ့ရလို့ပါ။ ထောင်ထဲမှာ ကျန်သေးသူတွေ၊ ထောင်ထဲမှာသေသွားသူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ပြည်ပထွက်ရသူတွေကို အတိုးအလျော့ ကိန်းဂဏန်း အတိအကျနဲ့ တင်ပြပါတယ်။
• ၁၉၉ဝ ရွေးကောက်ပွဲရလဒ်တွေကိုလဲ အလွတ်ရွတ်နိုင်ပါတယ်။ နိုင်ငံရေးပါတီပေါင်း ၂၃၅၊ ရွေးကောက်ပွဲဝင်တော့ ၉၇၊ အနည်းဆုံးတနေရာ အနိုင်ရတာက ၁ဝ ပါတီ။ ကိုယ့်ဖါသာဖျက်တာက ၁ဝ၂ ပါတီ၊ အစိုးရကနေ အပိတ်ခံရတာက ၃ ပါတီ၊ ရွေးကောက်ပွဲမှာ ၃ နေရာဝင်မပြိုင်လို့ ဖျက်ရတာက ၆ ပါတီ၊ ဝင်မပြိုင်လို့ ဖျက်ရတာက ၃၁ ပါတီ၊ အပြီးမှာ ကျန်နေတာက ၉၃ ပါတီ၊ ထပ်အဖျက်ခံရတာက ၈၃ ပါတီ၊ နောက်ဆုံးမှာ တရားဝင်ရပ်တည်နိုင်တော့တာက ၁ဝ ပါတီ။
• အနိုင်ရတာမှာ NLD က ၃၉၂ နေရာ၊ ဒုတိယလိုက်တာက SNLD ၂၃ နေရာ၊ တတိယက ALD ၁၁ နေရာ၊ NUP တစည က ၁ဝ နေရာ။ အမတ်နေရာ အနည်းဆုံး ၁ နေရာနိုင်တာက ၂၈ ပါတီ။
• ၂ဝ၁ဝ ရွေးကောက်ပွဲကို စာရင်းဇယားနဲ့တော့ မှတ်မထားပါ။ ၂ဝ၁၂ တော့သိတယ်။
• အမျိုးသားညီလာခံ သမိုင်းစဉ်ကိုလဲ ရက်စွဲအတိအကျ မှတ်သားထားတယ်။ စတင်တဲ့နေ့စွဲ = ၉-၁-၁၉၉၆၊ ပြီးစီးတဲ့နေ့စွဲ = ၁၇-၁၂-၂ဝဝ၇၊ အချိန်ယူမှု = ၁၄ နှစ် ၁၁ လ၊ ၁၂ ရက်။
• အမျိုးသားညီလာခံလုပ်တဲ့ သမိုင်းစဉ်ကိုလဲ ရက်စွဲအတိအကျ မှတ်ထားပါတယ်။
- ရွေးကောက်ခံရတဲ့အမတ်တွေဟာ ဖွဲ့စည်းပုံအသစ်ရေးဘို့ တာဝန်ရှိသူတွေဖြစ်တယ်လို့ ၂၇-၇-၁၉၉ဝ မှာ နဝတ က ကြောညာခဲ့တယ်။
- တကယ်တန်း ဖွဲ့စည်းပုံရေးတဲ့အခါ အမျိုးသားညီလာခံ အစပိုင်းမှာ အမတ်တွေဟာ ၁၅့၂၄% တက်ခဲ့ကြရပေမဲ့၊ နောက်ဆုံး ညောင်နှစ်ပင်ညီလာခံမှာ ၁့၃၈% သာ ပါရတော့တယ်။
• ဖွဲ့စည်းပုံကို ဆန္ဒခံယူပွဲလုပ်တဲ့အခါ အင်မတန်ထူးခြားလှတဲ့ ကိန်းဂဏန်လဲ မမေ့ပါ။
- ၁၅-၁၁-၂ဝ၁ဝ နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ တောင်ငူမဲဆန္ဒနယ်မြေမယ် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၄၆၄၆ ယောက်၊ ထောက်ခံမဲပေးသူပေါင်း ၇၁,၂၂၇ + ကြိုတင်မဲ ၄,၉၇၇ = ၇၆၂,ဝ၁၄၊ ရာနှုန်းအားဖြင့် ၁ဝ၂% ကနေ ထောက်ခံတယ်လို့ ပါခဲ့တယ်။
• နာဂစ်မုန်တိုင်းမှာ လူပေါင်း ၁၃,၄ဝဝဝ ယောက် အသက်ဆုံးပါးခဲ့ရတယ်ဆိုတာ နောက်ဆုံးဂဏန်းဖြစ်တယ်။
• ကျွန်တော် မေ့နေတဲ့ ကိန်းဂဏန်းတခုရှိပါတယ်။ နာဂစ်မုန်တိုင်းမှာ သေဆုံးပျက်စီးမှုတွေကို အစိုးရသတင်းစာတွေမှာ တိတိကျကျထုတ်ပြန်ပေးခဲ့တာမှာ လူတွေအပြင်၊ နွား၊ ကျွဲ၊ ဝက်၊ ကြက်၊ ဘဲသာမက ကွဲသွားခဲ့ရတဲ့ ဘဲဥအရေအတွက်လဲ တိတိကျကျပါခဲ့တယ်။ အဲဒါကို ကျွန်တော်မေ့နေတယ်ဗျာ။
- ဆန္ဒခံယူပွဲမှာ ထောက်ခံမှု ၉၂့၄၈% ရှိတယ်ဆိုတာလေး မေ့နေတာကို ၂၇-၃-၂ဝ၁၄ နေ့က တပ်မတော်နေ့ (တော်လှန်ရေးနေ့) ကာချုပ်က မိန်းခွန်းမှာထည့်ပြောတာ ကြားလိုက်ရလို့ ကျေးဇူးတင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Resistance Day တပေါင်းသက်သေ တည်စေသော်ဝ်

(ပြီးခဲ့တဲ့နှစ်ကရေးခဲ့တဲ့စာ)

• မိန်ရာသီ တပေါင်းလ၊
• လေးဆယ့်ငါးခုနစ်တုံးက သည်အချိန်မှာ၊
• ဗိုလ်ချုပ်ဟာ မြင်းစီးပြီး၊ တပ်မတော်ကြီးကို စစ်ဆေး၊
• ဖက်ဆစ်တော်လှန်ရေးစခဲ့တယ်။

• ဖက်ဆစ်တော်လှန်ရေး သွေးနဲ့စတေး၊
• လွတ်လပ်ရေးရ၊ ဗိုလ်ချုပ်မြင်မသွားရ၊
• အဲဒီကစ (၂၇) မတ်လ၊ ဖက်ဆစ်တော်လှန်ရေးနေ့လို့ခေါ်ခဲ့ကြ။

• အခုတော့ဗျာ၊ မိန်ရာသီတပေါင်းလမှာ၊
• တပ်ချုပ်တွေဟာ မာစီဒီးစီးပြီး၊ တပ်မတော်ကြီးကိုစစ်ဆေး၊
• မိန့်ခွန်းတွေ ပေးနေကြတယ်။

• အနှစ်ငါးဆယ်ကြာ ကံဇာတာဆုတ်ယုတ်၊
• တပ်ချုပ်စိတ်မာန်ပြောင်း၊
• တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ပြောင်း၊
• တပ်သည်သာအမိ၊ တပ်သည်သာအဖလို့ပြောင်း၊
• တိုင်းပြည်စီးပွါးရေး ဟောင်းလောင်း၊
• တပ်မတော်ဂုဏ်သရေ ဟောင်းလောင်း။

• မိန်ရာသီတပေါင်းလ၊ ခုချိန်ကစပြီး၊
• တပ်မတော်ကြီးကို မြင်းစီးပြီးစစ်ဆေးတဲ့တပ်ချုပ်မျိုးသာရှိစေချင်၊
• တိုင်းပြည်ကြီးကို လူတွေနဲ့မောင်းပြီး၊ ကောင်းစေချင်တဲ့ တပ်ချုပ်မျိုးသာ ရှိစေချင်။

• အဲသည်အခါ နေ့နာမည်အပြောင်းကို၊
• ကောင်းချီးသြဘာ ထောပနာပြု၊
• လူထုသရုပ်သကန်၊ လက်ပန်ပွင့်လို ရဲရင့်နီမြန်း၊
• အောင်ပန်းနဲ့ တပ်မတော်နေ့လို့သာ၊
• မခိုင်းဘဲခေါ်မှာ၊ ခိုင်းလဲအော်မှာ၊
• လွှတ်တော်မှာ ဥပဒေပြုစရာမလိုပါ။     ။

(၁၉၄၅ မတ်လ ၂၇ ရက်၊ ဖက်ဆစ်တော်လှန်ရေးနေ့ကို ဂုဏ်ပြုလျက်)

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၄

Wednesday, March 25, 2015

Health education ကျန်းမာရေးပညာပေး

ကျွန်တော် အရင်တာဝန်ထမ်းခဲ့ဖူးတဲ့အရပ်ဒေသမှာ ကျွန်တော်နဲ့တွဲလုပ်ခဲ့သူတွေကနေ ကျန်းမာရေးအတွက် ဆက်ပြီး ဆောင်ရွက်နေကြတဲ့ သတင်းနဲ့ဓါတ်ပုံတွေ့ရတယ်။

(၁) ပုလဲမြို့နယ် မင်းတိုင်ပင် R.H.C အိုင်းမကျေးရွာမှာ ဝမ်းလျှော/ပျက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း အခမဲ့ဆေးဝါးကုသခြင်းလုပ်ငန်းမျးဆောင်ရွက်နေစဉ်

ပုလဲမြို့နယ်ကို ထားရစ်ခဲ့ပြီး တဖက်နိုင်ငံမှာနေခဲ့ရတုံးကလည်း အဲလိုကျန်းမာရေးအသိပညာပေးခဲ့တာကိုလည်း အမှတ်ရနေမိနေတယ်။

(၂) ၃ဝ-၉-၂ဝဝ၈ နယူးဒေလီ Hastal အရပ်မှာနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို စိတ်ကျန်းမာရေး ဟောပြောခဲ့စဉ်

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅
Photo (1) from Kaung Kin Pyar, Mingdaingbin
Photo (2) by Yamuna clinic staff, New Delhi

Light for Education ပညာဆီမီး ထိန်ထိန်ညီး

မုံရွာက တူတယောက်ကတင်ထားတယ်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း ဖယောင်းတိုင်ကို ကျုပ်တို့ မစွန့်လွှတ်နိုင်ဘူး။ နောက်တယောက်လည်း မုံရွာမှာ မိုးတွေရွာလို့ မီးပျက်သတဲ့။

• ပညာဆီမီးဆိုတာ တယ်မှန်တာပဲ။
• ကျွန်တော်တို့ ငယ်ငယ်တုံးက ၅ တန်းကစပြီး၊ တညမှာ ဖရောင်းတိုင်တချောင်းကုန်အောင် စာကြည့်ရတယ်။ အဖေချမှတ်ထားတဲ့ စာကြည့်စည်းကမ်းအရပေါ့။ အဲဒီတုံးက ဖရောင်းတိုင်တချောင်းကုန်ရင် တနာရီပဲ။ စံချိန်ကိုက်။
• တော်လှန်ရေးကောင်စီတက်ကာစက ဖရောင်းတိုင်ဝယ်လို့ရသေးတယ်။ အဝယ်ရခက်လာတော့ ရေနံဆီမီးခွက်နဲ့ စာကြည့်ရတယ်။ (မဆလ) ခေတ်ဖြစ်လာတော့ ရေနံဆီပါရှားကုန်ရော။
• လျှပ်စစ်မီးသွယ်နိုင်လာတော့ အိမ်မှာ နယ်ကနေကျောင်းလာတက်ကြတဲ့ ကျောင်းသားတွေကလည်းများတော့ အခန်း နှစ်ခန်းကြားကထရံမှာ လေးထောင့်ပေါက်ဖေါက်ပြီး၊ ၂ ပေမီးချောင်းလုပ်ပေးထားတယ်။ နှစ်ခန်းလုံး မီးလင်းအောင်လို့။ မီတာကြေးက တယူနစ်ကို ၆၅ ပြား။
• အတန်းကြီးလာတော့ စာဖတ်စရာတွေများလာလို့ တညတနာရီနဲ့မရတော့ဘူး။ မီးပျက်တာသိပ်မများလို့ ဆယ်တန်းကို ရှောရှောရှူရှူအောင်ပါတယ်။
• နောက်ပိုင်းကျောင်းသားတွေမှာ ကျွန်တော်တို့ထက် ဆန်းပြားလာတယ်။ ဘက်ထရီမီးတို့၊ အင်ဗာတာတို့၊ ဆိုလာတို့ ပေါ်လာတာကိုး။
• မီးမပါ ပညာမရဘူး။ ခက်တာက အခုရနေတဲ့ပညာက ဖရောင်းတိုင်မီးနဲ့ရှာရတာထက် ညံ့နေတယ်တဲ့။
• ကိုင့်း့ ရေနံဆီမီးခွက်ခေတ်ကို ပြန်သွားကြစို့။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၅

27th March 1945 Anti-Fascist Resistance Day

နက်ဖြန် ဖက်ဆစ်ကို တော်လှန်ကြမယ်။

ပုံ
(အောင်ဆန်း)
စစ်သေနာပတိ
ဖက်ဆစ်တော်လှန်ရေးမြန်မာ့တပ်မတော်
မကွေးတိုင်း၊ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ၊

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၅
Photo from Paukkalay Tayet

PLA holds night live-fire drills near border with Myanmar

• တရုပ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ တရုပ်-မြန်မာနယ်စပ်မှာ ကျည်အစစ်သုံးစစ်ရေးလေ့ကျင့်မှုလုပ်

• ပုံနှိပ်ထုတ်ဝေတဲ့ South China Morning Post သတင်းစာမှာ ဖေါ်ပြထားတာကို ဒေသစံတော်ချိန် ၂၆-၃-၂ဝ၁၅ နေ့ နံနက် ၂ နာရီ ၂ဝ မိနစ်က ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ သတင်းဖြစ်ပါတယ်။
• People's Liberation Army ခေါ် တရုပ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကနေ တိုက်ပွဲတွေဖြစ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာ အဲလိုစစ်ရေးလေ့ကျင့်မှုလုပ်တာကို China Central Television တီဗွီဌာနရဲ့ စစ်ရေး (ချယ်နယ်) ကနေ အင်္ဂါနေ့ညက ထုတ်လွှင့်လိုက်ပါတယ်။ အမှတ် (၁၄) Army Corps ရဲ့ တပ်ရင်းတခုကနေ လတ်တလောပြုလုပ်ခဲ့တဲ့ Large-scale live-fire drill အကြီးစား ကျည်အစစ်သုံး စစ်ရေး လေ့ကျင့်မှုလို့ ဖေါ်ပြခဲ့ပါတယ်။ တပ်တွေရဲ့ Combat readiness at night ညပိုင်းမှာ အသင့်ရှိနေမှုအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သားတွေဟာ flamethrowers မီးထွက်စစ်လက်နက်တွေ ကိုင်ဆောင်ထားတာကို မြင်တွေ့နိုင်ပါတယ်။
• တရုပ်လူမျိုး ဝေဖန်သူတွေက ဒီလိုလုပ်ရတာဟာ သူ့နိုင်ငံသားတွေက မြန်မာစစ်လေယာဉ်ကနေ ဗုံးချလို့ လူတွေ သေကျေတဲ့အပေါ်မှာ အစိုးရကနေ လုံလောက်တဲ့အရေးယူဆောင်ရွက်မှုမလုပ်ဖူးလို့ဝေဖန်မှုတွေကို ပြေငြိမ်းစေဖို့ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅
http://www.scmp.com/news/china/article/1747370/pla-holds-night-live-fire-drills-near-border-myanmar

Courtesy မသင့်ဘူးဆိုတာပဲ ခေါ်ချင်ပါသလား

Tint Swe: How to address people အမည်သညာခေါ်စရာကား

Comment: ဒါက ဒီလောက်တောင်အခက်တွေ့စေသလား။

• နမူနာတွေကို အရင်စာတွေထဲမှာ ရေးဖူးပါတယ်။
• အရပ်ထဲမှာ ဘယ်လိုခေါ်ခေါ် ထူးသင့်ရင်ပြန်ထူးမှာပါ။ စာနဲ့ဆိုရင် သင့်မြတ်တာကိုသာ ရေးသင့်ပါတယ်။
• ပြောသလိုမရေးလည်း ဘာမှတော့ လုပ်မရပါ။ မေးခွန်းနားလည်ရင်တော့ ဘယ်လိုခေါ်ခေါ် မဖြေတာရယ်လို့ မရှိပါ။ ဆရာမလို့ခေါ်လည်း ဖြေရတာာပါပဲ။
• ဒေလီမှာ အကြမ်းမဖက်လှုပ်ရှားမှုသင်တန်းတခုမှာ သင်တန်းသားတွေကို ကိုယ့်ကို ဘယ်လိုအခေါ်ခံရတာကို မကြိုက်ဆုံးလည်းလို့ သင်္ခန်းစာတခုလုပ်တယ်။ ချင်းအမျိုးသား တယောက်ကနေ (ချင်းပုပ်) လို့ခေါ်ခံရင် မကြိုက်ဆုံးလို့ ပြောတယ်။ အဲဒီနောက် ဘယ်သူကမှ (ချင်းပုပ်) လို့ မခေါ်ကြတော့ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅

Lack of Sunlight may Cause Myopia

နေအလင်းရောင်နည်းလို့ မျက်စိမှုံကြရတယ်

• Myopia (မိုင်အော့ပီးယား) ခေါ်တဲ့ အနီးမြင် (အဝေးမှုံ) ဖြစ်တာကို လွန်ခဲ့တဲ့ နှစ် ၃ဝ ကြာ ဆန်းစစ်လေ့လာလို့ သိရတာဖြစ်ပါတယ်။ တချို့နေရာဒေသတွေမှာ ၈ဝ-၈၉% အထိများတယ်။
• စာသင်ခန်းတွေမှာ အလင်းရောင် မလုံလောက်တာက အကြောင်းတချက်ဖြစ်တယ်။
• နေရောင်မလုံလောက်သူတွေမှာ ဗီတာမင် (ဒီ) လည်းနည်းလို့ Rickets အရိုးပျော့ရောဂါလည်း ရစေနိုင်တယ်။
• စင်္ကာပူ၊ တိုင်ဝမ်နဲ့ တရုပ်ပြည်တွေမှာ (မိုင်အော့ပီးယား) ဖြစ်နေတာ ကပ်ရောဂါလိုပဲ။ အနောက်နိုင်ငံတွေမှာလည်း ဖြစ်နှုန်းတိုးလာနေတယ်။ ဘာလို့အဲလိုမှုံကြသလည်း လေးလာမှုတွေ အနှစ် ၁၅ဝ ရှိပေမယ့် တိတိကျကျမသိရသေးပါ။
• နေရာင်အရနည်းတဲ့ ဆောင်းရာသီမှာပိုဆိုးတယ်။ စာသင်ခန်းထဲမှာ အချိန်ပိုကြာတဲ့ကျောင်းသားတွေမှာ ပိုဖြစ်တယ်။
• နောက်ဆုံးတွေ့ရှိချက်အရ ဗီတာမင် (ဒီ) နည်းတာထက် နေအလင်းရောင်နည်းတာကြောင့် (မိုင်အော့ပီးယား) ပိုဖြစ်တာကို သိလာရတယ်။
• အဲတာကြောင့် ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က အနီးမှုံဖြစ်နေတယ်လို့ ပြောရတော့မယ်။
• တဖက်သပ်စွပ်စွဲတာ မသင့်ပါ။ မျိုးဗီဇကြောင့်လည်း ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅

Pregnancy Myths ကိုယ်ဝန်ဆောင် အယူအဆ အလွဲအမှားများ

၁။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မက ဒီနေ့မှာကိုယ်ဝန် ၁၈ ပတ်ပြည့်ပါတယ်။ အစားအသောက်၊ အနေအထိုင်နဲ့ ပတ်သတ်ပြီး သိလိုတာ အချို့ကို မေးမြန်းခွင့်ပြုပါရှင်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကောက်ညှင်းမစားသင့်ဘူးလို့ ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကောက်ညှင်း နှစ်ကြိမ်စားမိပါတယ်ရှင်။ ကောက်ညှင်းစားတာက ကလေးကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်မလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ်ရှင်။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန် အိပ်စက်တဲ့အခါ ပက်လက်အနေအထား လုံးဝအိပ်လို့မရဘူုးလို့လည်း ပြောကြပါတယ်ရှင့်။ ကျွန်မအနေနဲ့ ဘေးတစောင်းအိပ်တာ ပိုများပေမယ့် တခါတရံမှာ အဆင်မပြေတာကြောင့် ပက်လက်အနေအထား အိပ်မိတာတွေရှိပါတယ်။ အဲ့ဒီလို ကိုယ်ဝန်ဆောင်ချိန် ပက်လက် အနေအထား အိပ်စက်မိတဲ့အခါမှာ ကလေးကို ထိခိုက်နိုင်ပါသလားရှင်။

၂။ ဆရာ သမီးနာမည်က့ ပါ။ ကိုယ်ဝန်က ၄ လရှိပါပြီ။ သူများတွေကပြောတယ် နွားနို့သောက်ရင် အထဲကကလေး မွေးလာရင် အသားဖြူ တယ်ဆိုတာဟုတ်ပါသလားဆရာ။

၃။ ကျွန်မအသက်က၂၃ နှစ်ပါဆရာ အခုကိုယ်ဝန် လွယ်ထားပါတယ်ဆရာ။ မီးတွင်းထဲမှာ ဘယ်လို နေထိုင်သင့်လဲဆိုတာ သိချင်လို့ပါဆရာ။ လူကြီးတွေကပြောတယ် တစ်လတိတိ ခေါင်းမလျှော်ရဘူး ပြောတော့တော်တော်စိတ်ညစ်ရပါတယ်။ ရေကိုင်ရင်တောင် ရေနွေးကိုပဲကိုင်ရမယ်၊ ဆပ်ပြာဆိုလည်း ကာဘော်လစ် ဆပ်ပြာ ပဲကိုင်ရမယ်၊ အဲကွန်းခန်းထဲ မနေရဘူး၊ အစားအသောက်ကအစ အစုံမစားရဘူး ပြောပါတယ်။ အဲ့ဒါတွေက အမှန်တွေပဲလားဆရာ။ ပြီးတော့ သွေးသားသန့်အောင် ဘယ်လိုအရာတွေ လုပ်ပေးသင့်ပါသလဲရှင်။ မီးတွင်းထဲမှာ သွေးသန့်အောင် အရက် နဲ့ဆေးနဲ့ပါသောက်ရမယ်တဲ့ဆရာ။

၎။ ဆရာရှင့် သမီး ကိုယ်ဝန်က ၅ လနီးပါးရှိနေပြီလို့ ကိုယ်ဝန်သွားအပ်တော့ Doctor ပြောပါတယ်၊ ကလေး နှလုံးခုန်သံပါ ကြားရပါတယ်တဲ့ဆရာ။ သမီးသိချင်တာ ကိုယ်ဝန်ဆောင်တဲ့သူတွေ ညနေ ၅ နာရီ ကျော်ရင် ရေမချိုးရဘူးလို့ ပြောကြပါတယ်။ သမီး အလုပ်ချိန်က နေ့လည် ၂ နာရီကနေ ည ၁၁ ထိ မို့လို့ပါ။ ညနေ ၅ နာရီကျော်ရင် ရေမချိုးရဘူးဆိုတာ ဟုတ်ပါသလား ဆရာ။ နောက် ငှက်ပျောသီးကို ကိုယ်ဝန်ရင့်လာရင် မစားရဘူးတဲ့၊ ကလေးက အထဲမှာထွားနေရင် မွေးရခက်လို့တဲ့ ဟုတ်ပါသလားဆရာ။

မဟုတ်ပါ။ မဟုတ်ပါ။ မဟုတ်ပါ။ မဟုတ်ပါ။

ကိုယ့်ကလေးတွေ နွားနို့သောက်ချင်အောင် လှည့်ပါတ်လိမ်ညာပြောခဲ့ရတာတွေကို အမှတ်ရလာတယ်။ ဆေးပညာစာကိုတော့ ဆန်းစုမှုတွေလုပ်ထားတဲ့ သူများနိုင်ငံက အထောက်အထားတွေကိုသာရေးပါမယ်။ ကျွန်တော်တို့နိုင်ငံမှာက ပိုပြီး ထူးထူးဆန်းဆန်းတွေပြောကြတယ်။

ကိုယ်ဝန်အတွက် ရေးချိုးတာကို ဆရာဝန်တွေက ကန့်သတ်မှုမလုပ်ပါ။ ရေချိုးတာက အကျင့်လိုလဲဖြစ်သလို အကျင့်မဟုတ်ဘဲ ရေချိုးလို့လဲ ဘာမှ မဖြစ်စေပါ။ ချိုးတဲ့ရေရဲ့ အပူချိန်ကိုသာ ကြည့်စရာလိုပါမယ်။ ကိုယ်အပူချိန်နဲ့ တူလေကောင်းလေပါ။ ခပ်နွေးနွေးချိုးတတ်သူတွေက ၁ဝဝ ဒီဂရီ (အက်ဖ်) ရှိတဲ့ရေနဲ့ ချိုးသင့်ပါတယ်။ ရေချိုးရခြင်းရဲ့ အကျိုးကျေးဇူးတွေကို အားလုံးသိပါမယ်။ သန့်ရှင်းရေးအပြင် ပင်ပန်းနေတဲ့ကြွက်သားတွေကို ပြေလျော့စေပါမယ်။ ခြေထောက်ရောင်နေသူတွေလဲ သက်သာစေနိုင်တယ်။ ရေမြွာရည်နည်းနေသူတွေမှာ တိုးလာစေမယ်။ စောမွေးမှာကိုပါ တားနိုင်လောက်ပေါသေးတယ်။ စိုးရိမှ်ုတွေ သက်သာစေမယ်။ ရေကူးချင်သူတွေ ကူးပါလေ။

ငှက်ပျေားသီးလဲ စားနိုင်ပါတယ်။ ကလေးထွားတာ ကောင်းပါတယ်။ ကလေးဟာ အချိုးအစား ကျကျထွားလို့ အမွေးခက်တာ မဟုတ်ပါ။ ခေါင်းက ရှိသင့်တာထက် ပိုကြီးနေရင်သာ ခက်နိုင်ပါတယ်။

၁။ အတူနေတဲ့အနေအထားအရ ကလေးဟာ ယောက်ျားလေး၊ မိန်းကလေးဖြစ်တယ်။ မဟုတ်ပါ။ ဖခင်ဆီကလာတဲ့ X နဲ့ Y (ခရိုမိုဇုမ်း) တွေကနေသာ ကလေးရဲ့လိင်ကိုသတ်မှတ်တယ်။

၂။ ကလေးနှလုံးခုန်သံကနေ ယောက်ျားလေး၊ မိန်းကလေးခွဲသိမယ်။ မဟုတ်ပါ။ ဘယ်လိင်ဖြစ်ဖြစ် နှလုံးခုန်နှုန်းဟာ တမိနစ်မှာ ၁၂ဝ ကနေ ၁၆ဝ ရှိတယ်။

၃။ လက်ကိုခေါင်းပေါ်မြှောက်တင်ရင် ကလေးကို ချက်ကြိုးပတ်နေတတ်တယ်။ မဟုတ်ပါ။ အထဲကကလေး လှုပ်ရှားမှုကြောင့်သာ အဲလိုဖြစ်နိုင်တယ်။

၎။ ကိုယ်ဝန်ပေါ်ရင် ကလေးက ကြီးမယ်။ မဟုတ်ပါ။ ကိုယ်ဝန်တိုင်းမှာ အဲလိုမဟုတ်ပါ။ အရပ်မြင့်သူတွေက ကိုယ်ဝန်သိပ်မပေါ်တတ်ပါ။ ရေမြွာရည်များတာနဲ့ အမွှာကိုယ်ဝန်ကြောင့် ကိုယ်ဝန်က သူများထက်ကြီးမယ်။

၅။ ကိုယ်ဝန်ဆောင်တုံး မျက်နှာမှာ တင်းတိတ်ပေါ်တာဟာ (ကိုယ်ဝန်မျက်နှာဖုံး) ရာသက်ပန်ကျန်မယ်။ မဟုတ်ပါ။ မွေးပြီး ပြောင်း၊ ပျောက်ပါမယ်။

၆။ ကိုယ်ဝန်ဆောင်နေတုံး အတူနေတာ အန္တရာယ်ကြီးတယ်။ မဟုတ်ပါ။ (စာတပုဒ်ရေးထားပါတယ်။)

၇။ ကိုယ်ဝန်ရှိစ အိပ်ရာထဈေဒနာတွေက မနက်ထမှာသာဖြစ်တယ်။ မဟုတ်ပါ။ (စာတပုဒ်ရေးထားပါတယ်။)

၈။ ကိုယ်ဝန်ဆောင်ရင် ရေမချိုးနဲ့။ မမှန်ပါ။ ရေချိုး သန့်ရှင်းဘို့ အရေးကြီးပါတယ်။

၉။ Linea nigra ခေါ်တဲ့ ချက်ကနေ ဆီးစပ်အထိတန်းနေတဲ့ အရောင်ရင့်မျဉ်းကြောင်းကနေ ယောက်ျားလေး-မိန်းကလေး သိတယ်။ ဖြောင့်ရင် ယောက်ျားလေး၊ ကောက်ရင် မိန်းကလေး။ ချက်အထက်ရောက်ရင် ယောက်ျားလေး။ မဟုတ်ပါ။

၁ဝ။ အသားအရေနူးညံရင် မိန်းကလေး၊ ခြောက်နေရင် ယောက်ျားလေး။ မဟုတ်ပါ။

၁၁။ ဆံပင်ပါးပြီး မွဲခြောက်ရင် မိန်းကလေး။ များပြီး အဆီပြန်နေရင် ယောက်ျားလေး။ မဟုတ်ပါ။

၁၂။ အချိုကြိုက်နေရင် မိန်းကလေး။ အငန် နဲ့ အချဉ်ကြိုက်ရင် ယောက်ျားလေး။ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Durian ဒူးရင်းသီးနဲ့ ကျန်းမာရေး

ဆရာ သစ်သီးဆို အကုန်စားလို့ရလားဆရာ။ ဥပမာ ဒူးရင်းသီးပါဆရာ။ ကိုယ်ဝန်က ၂ လပါဆရာ။

ဒူးရင်းသီးကိုတော့ သတိထားသင့်ပါတယ်။ သုတေသနတော့ ကောင်းကောင်းမတွေ့ပေမယ့် လူပြောများတယ်။ အဲလိုရေးပြီး လိုက်ရှာရပါတယ်။

ဒူးရင်းသီးကို King of Fruits သစ်သီးတွေရဲ့ဘုရင်လို့လည်းခေါ်ကြတယ်။ ဒူးရင်းသီးကောင်းတာ၊ ကြိုက်ကြတာတွေတော့ မရေးလိုပါ။ ကျန်းမာရေးဒေါင့်နေသာရေးပါရစေ။ ဒူးရင်းသီးထဲမှာ (သကြား + ဗီတာမင် (စီ) + ပိုတက်ဆီယမ် + အမိုင်နိုအက်စစ်) တွေပါတယ်။ စားရင် (ကာဗွန်ဟိုက်ဒရိတ် + ပရိုတင်း + အဆီဓါတ်) တွေရစေမယ်။

တချို့နိုင်ငံတွေ ဥပမာ မလေးရှားမှာ အရွက်နဲ့အမြစ်ကို ကိုယ်ပူကျဆေးအနေနဲ့သုံးတယ်။ အရွက်ကို ဖျားနေသူရဲ့နဖူးမှာ ကပ်ရတယ်။ ၁၉၂ဝ တုံးက နယူးယောက်မှာ Durian Fruit Products, Inc. ကုမ္ပဏီကနေ Dur-India ဆိုပြီး ဒူးရင်း စားသောက်ကုန်တွေ ရောင်းတယ်။ ဆေးရည်နဲ့ စားဆေးတွေဖြစ်တယ်။

ကျန်းမာရေးသတိပေးချက်တွေ သိပ်တော့မစုံသေးပါ။
• ဒူးရင်းသီးကို ဘီယာနဲ့ရောရင် လေပွမယ်၊ အစာမကျေဖြစ်မယ်၊ အနေရခက်မယ်၊ လွန်ကဲရင် သေနိုင်တယ်လို့ ဖတ်ရတယ်။ ဘာလို့ဖြစ်ရသလည်း ကိုယ်ခန္ဓာကနေ ဒူးရင်းသီးနဲ့ ဘီယာ၊ အရက်မှာပါတဲ့ အဆီနဲ့ သကြားဓါတ်တွေအွက် အလုပ်ပိုတွေလုပ်ပေးရလို့ဖြစ်တယ်။ ဒူးရင်းသီးထဲမှာ ဆာလ်ဖါ ကန့်ဓါတ်လည်း ပါတယ်။ Diethyl disulfide ဖြစ်တယ်။ ဒီဓါတ်ကနေ အရက်ရဲ့ ကျေချက်မှုဖြစ်စဉ်ကို တားတယ်။ ခေါ်တဲ့ အရက်သောက်ပြီးဖြစ်လာတဲ့ လက္ခဏာတွေကို လွန်ကဲစေတယ်။
• Cholesterol level ကိုလက်စထောတော့ ထူးပြီးမများစေပါ။ သူ့ထဲကအဆီဟာ Monounsaturated fats အမျိုးအစားသာဖြစ်လို့ ကျန်းမာရေးအတွက် မစိုးရိမ်ရပါ။ အစားများသူတွေ ခါးတုတ်လာနိုင်တယ်။ ဒူးရင်းသီး တလုံးကနေ ကယ်လိုရီ ၈၈၅ ကနေ ၁၅ဝဝ အထိရစေမယ်။
• ကိုယ်အလေးချိန်တက်စေမယ်။ ဒူးရင်သီး ၁ ကေဂျီလေးတာကနေ ကယ်လိုရီ ၁၃၅ဝ ရမယ်။ တနေ့မှာ ကယ်လိုရီ ၂ဝဝဝ လိုသူအတွက် ၆၈% ရသွားပြီဖြစ်တယ်။
• ဒူးရင်းသီးစားတာကနေ ခွန်အားကိုချက်ချင်းပေးတယ်။ အာဟာရဓါတ်ကြွယ်ဝတယ်။
• ပိုတက်ဆီယမ်၊ ဖိုက်ဘာ၊ သံဓါတ်၊ ဗီတာမင်စီနဲ့ ဗီတာမင်ဘီအုပ်စုတွေပါတယ်။
• ၆ဝ၂ ဂရမ်လေးတဲ့ ဒူးရင်းသီး သိပ်မကြီးတာတလုံးကနေ ကလိုရီ = 885 ရမယ်၊ အဆီစုစုပေါင်း =32.1g (တနေ့တာရဲ့ ၅ဝ%) ရမယ်၊ ဆိုဒီယမ် = 13mg (မများပါ) ရမယ်၊ ကာဗွန်ဟိုက်ဒရိတ်စုစုပေါင်း = 163.1g (တနေ့တာရဲ့ ၅ဝ%) ရမယ်၊ ပရိုတင်း = 8.8g ရမယ်။
• လူတယောက်ရဲ့ တနေ့တာလိုအပ်ချက်ရဲ့ ဗီတာမင်စီရဲ့ 198% ရမယ်၊ သံဓါတ်ရဲ့ 14% ရမယ်၊ ဗိတာမင်အေရဲ့ 5% ရမယ်၊ ကယ်လ်စီယမ်ရဲ့ 4% ရတာဖြစ်တယ်။
• ဆီးချိုရှိသူတွေ အကန့်သတ်နဲ့သာ စားသင့်တယ်။
• Libido လိင်စိတ်ကဲစေမယ်ဆိုတာ မမှန်ပါ။
• Addictive ဒူးရင်သီးကလည်း စွဲစေတဲ့အစားအစာဖြစ်တယ်။ အရက်သမား၊ မူးယစ်ဆေးသမားတွေလိုပဲ စားချင်နေမယ်။
• တရုပ်အယူအဆမှာ ဒူးရင်းသီးက အအေးစာဖြစ်တယ်၊ အပူသက်သာစေမယ်ဆိုတာ မမှန်ပါ။ ဗမာတွေက တက်စာလို့ ပြောတယ်။ ခက်တာက တက်တယ်ဆိုတာ တနေရာမှာ တမျိုးပြောကြတယ်။ စကားနောက်တရားပါ ဖြစ်တတ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅

How to address people အမည်သညာခေါ်စရာကား

• အမျိုးမတော်ပဲနဲ့ တဖက်လူကို အကို၊ ဦးလေး၊ အဘ၊ စဖြင့်ခေါ်တာနဲ့ ကိုယ့်ကိုယ်ကို သမီး၊ သားလို့ ပြောတာမျိုးဟာ ကျွန်တော့်အတွက်တော့ အခက်အခဲရှိပါတယ်။
• ကျန်းမာရေးမေးလာသူတွေကနေ ကိုယ့်ကိုယ်ကို သမီးလို့ရေးလာရင် ဖြစ်နေတာက ရေးတဲ့သူကိုယ်တိုင်လား၊ သူ့သမီးလား၊ သူ့မြေးမလေးလား ထင်နိုင်တယ်။ အဲလိုစဉ်းစားရတာ ၉-၁ဝ ခါရှိပါပြီ။
• ဆရာဝန်ကို ဦးလေးလို့ခေါ်ပြီး သူ့ဦးလေးအကြောင်းကို မေးနေတာလဲ ဝေခွဲရခက်ပါတယ်။
• ကိုယ့်ကိုယ်ကို သမီးလို့သုံးနေသူတွေမှာ သားသမီးရတဲ့ အချိန်ရောက်တာတောင်မှ အပြောင်းရခက်ကြပုံရတယ်။ မျက်စိအောက်မှာတင် ကလေးအမေဖြစ်သွားတဲ့သူတွေကလဲ သူ့တို့ကိုယ်သူတို့ သမီးလို့ပြောတုံးပဲ။ အဲဒီသဘာဝကိုတော့ ပြောစရာမရှိပါ။ ကျွန်တော့်ကို ရေးလာ၊ ပြောလာရင်တော့ ဂွကျတယ်။
• မနေ့ပဲ ယောက်ျားတယောက်လာလည်တယ်။ သူ့ကိုယ်သူသားလို့ပြောတယ်။ သူ့သားက ၅ နှစ်ရှိပြီတဲ့။
• ဆရာလို့သုံးတာက အရွယ်မရွေး၊ ကျား-မ မရွေးတင့်တယ်ပါတယ်။ လေးစားရာကျတယ်။ ယဉ်ကျေးတယ်။
• ဆရာကြီးဆိုရင်တော့ မမှန်ပါ။ ဆရာဝန်လောကမှ အထူးကုတွေကိုမှ ကြီးထည့်လေ့ရှိလို့ပါ။ ကျွန်တော်က ရိုးရိုးဆရာဝန်ပါ။
• ပိုဆိုးတာက အဘလို့ခေါ်တာဖြစ်တယ်။ ကျွန်တော် အသက်ငယ်ချင်လို့မဟုတ်ပါ။ ဖေ့စ်ဘွတ်မှာ မွေးနေ့ကို အတိအကျ ရေးထားပါတယ်။ (အဘ) ဆိုတာ တပ်ရင်းမှူးကိုခေါ်ကြတယ်။ စစ်အစိုးရထဲက လူကြီးတွေကိုလည်း အဘခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချခဲ့သူ သူကိုယ်တိုင်က ထောင်ကျပြီးလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။ အဲသည်ကတည်းက ကျွန်တော့မှာ အဘဆိုတာကို ခါးသီးလာတော့တာပဲ။
• ဒေါက်တာဆိုတာ နားယဉ်နေကြပါပြီ။ ကျွန်တော့်နာမည်ရှေ့မှာ ဒေါက်တာထည့်တာက အကြောင်းရှိပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်း ထုတ်ပြန်တုံးကရော၊ အစိုးရဂေဇက်ထဲမှာပါ ရွေးကောက်ပွဲဝင်ဘို့ မှတ်ပုံတင်အတိုင်း ဒေါက်တာတင့်ဆွေ လို့ပါတယ်။ ၂ဝ၁၂ နာမည်မည်းစာရင်းတွေ ဖျက်ပေးတော့လဲ သည်အတိုင်းပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကို စစ်အစိုးရတွေက ဘယ်လိုပဲ တန်ဘိုးကျအောင်လုပ်လုပ်၊ ကျွန်တော်က ဂုဏ်ပြုချင်လို့ ဖြစ်ပါတယ်။
•ကျွန်တော့်နာမည်မှာ တခါတလေ Dr. လို့ရိုက်ပါတယ်။ေ (သဝေထိုး) ကို ကွန်ပြူတာက ဖတ်တာတမျိုးဖြစ်နေလို့ပါ။
• ကျွန်တော့်ဆီ စာရေးရင်လဲ Sir လို့ မသုံးစေပဲ၊ Sayar လို့သာ ပြင်ပေးပါတယ်။
• ဆရာ-လူနာ ဆက်ဆံရေးမှာ စည်းခြားရပါတယ်။ ဆရာဝန်နဲ့ လူနာကြားမှာ တွယ်ကပ်မှုကို အထူးသတိထားရပါတယ်။ Doctor-patient relationship ဆရာ-လူနာ ဆက်ဆံရေး (၂) ပုဒ်ရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ

GCBA ဂျီစီဘီအေ

• General Council of Burmese Associations (GCBA) မြန်မာအသင်းချုပ်ကြီးဟာ ဗြိတိသျှကိုလိုနီခေတ်မှာ ပေါ်ပေါက်လာခဲ့တယ်။ ဒီအသင်းကြီးရဲ့ မူလအစဟာ Young Men's Buddhist Associations (YMBA) ခေါ် ၁၉ဝ၆ ခုနှစ်မှာထူထောင်ခဲ့တဲ့ (ဗုဒ္ဓဘာသာကလျာဏယုဝ) အသင်းကြီးဖြစ်တယ်။ အသင်းရဲ့ရည်ရွယ်ချက်တွေက (အမျိုး၊ ဘာသာ၊ သာနာ၊ ပညာ) အချက်လေးချက်ဖြစ်တယ်။ (ဝိုင်အမ်ဘီအေ) အသင်းကို လူထုထောက်ခံမှုအားကောင်းလို့ ၂ နှစ်အတွင်း အသင်းပေါင်း ၂ဝဝ ဖြစ်လာခဲ့တယ်။
• ၁၉၂ဝ ပြည်မြို့မှာကျင်းပတဲ့ (ဝိုင်အမ်ဘီအေ) နှစ်ပတ်လည်အစည်းအဝေးမှာ ပိုပြီးကျယ်ပြန့်တဲ့ (ဂျီစီဘီအေ) အသင်းကြီးအဖြစ် ပြောင်းလဲထူထောင်လိုက်တယ်။
• ရဟန်းတော်တွေကလည်း ဝံသာနုစိတ်ဓါတ်တွေပေါ်ပေါက်လာလို့ (သံဃသာမဂ္ဂီ) အသင်းတွေ ပေါ်ပေါက်လာပြန်တယ်။ (ဂျီစီဘီအေ) အသင်းကြီးကို အားပေးထောက်ခံကြတယ်။
• ၁၉၂၁ မှာ (ဂျီစီဘီအေ) အောက်မှာ (ဝိုင်ဒဗျူဘီအေ) ခေါ်တဲ့ အမျိုးသမီးအသင်းတွေပေါ်ပေါက်လာတယ်။ ၂ဝဝဝ ကျော် အထိရှိတယ်။
• (ဂျီစီဘီအေ) ကို ဝံသာနုအသင်းလို့လည်းခေါ်လာကြတယ်။
• ၁၉၂၃ မှာ (ဂျီစီဘီအေ) အသင်းကြီး နှစ်ခြမ်းကွဲတယ်။ ဗြိတိသျှအစိုးရက (ဒိုင်အာခီ) အုပ်ချုပ်ရေးစနစ် စတင်လိုက်လို့ ဖြစ်တယ်။ မူရင်းကို ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ကဦးဆောင်တယ်။ ကျန်တစုကို ဦးဘဖေ၊ ဦးဘလှိုင်၊ ဦးပု၊ ဦးဘဦးတို့က ခေါင်းဆောင်တဲ့ (၂၁) ဦးအစုဖြစ်တယ်။ ၁၉၂၅ မှာ နောက်ထပ် ကွဲပြန်တယ်။ စင်ပြိုင်တွေလည်းပေါ်လာတယ်။ ခွဲရေးတွဲရေးမှာလည်း အမြင်တွေကွဲခဲ့ကြတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ (ဂျီစီဘီအေ) နာမည် လုံးဝပျောက်ကွယ်သွားတယ်။
• သင်ခန်းစာယူနိုင်တာက
(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရအောင်ဆောင်ရွက်မှုတွေထဲမှာ (ဂျီစီဘီအေ) အသင်းကြီးဟာ အလွန်အရေးပါခဲ့တယ်။
(၂) အရပ်သားတွေ စုစည်းဆောင်ရွက်ခဲ့တာဖြစ်တယ်။ ယောက်ျား၊ မိန်းမနဲ့ ရဟန်းတော်တွေ ပါဝင်ကြတယ်။
(၃) အမျိုး၊ ဘာသာ၊ သာနာ၊ ပညာအတွက်ဦးတည်ခဲ့တာဖြစ်တယ်။ (ပညာ) ပါတာကို သတိပြုသင့်တယ်။ ကနေ့ပြောနေကြတဲ့ အမျိုး၊ ဘာသာ၊ သာသနာဆိုတာနဲ့ မပြည့်စုံပါ။ မမှန်ပါ။
(၄) အုပ်စိုးသူတွေက အပြောင်းအလဲလုပ်ရင် စုစည်းညီညွတ်နေသူတွေ ကွဲသွားတတ်တယ်။

ဒေါက်တာတင်ဆွေ
၂၅-၃-၂ဝ၁၅

Medical students အညာရပ်ကျေး ဆေးကျောင်းသားများ

• မန္တလေးဆေးကျောင်းတက်ရတော့ မြန်မာပြည် အထက်ပိုင်း မြို့နယ်အစုံက ကျောင်းလာတက်ကြတဲ့ သူငယ်ချင်းတွေ ရလာတယ်။ ရှမ်း၊ ကချင်နဲ့ ချင်းပြည်နယ်ကကျောင်းသားတွေလည်းပါတယ်။
• အခုပုံလေးကို သူငယ်ချင်းဆီကရတာ။ ပခုက္ကူ၊အုပ်စုရဲ့ပုံ။ သူတို့တတွေက ကျွန်တော်တို့ မုံရွာအုပ်စုနဲ့ မတူတာက သူတို့က အဲလိုစုစည်းမှုပိုရှိတာဖြစ်တယ်။ မြင်းခြံ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်ကနေ ကျောင်းလာတက်သူတွေပါတယ်။
• သူတို့မှာ နောက်ထပ်တူတဲ့အချက်လေးတွေရှိတယ်။ စကားပြောတာ တချို့အသံထွက်တွေက ကျွန်တော်တို့နဲ့ မတူကြဘူး။ အရိုးခံနဲ့ တောဆန်ကြတယ်။ ပွင့်လင်းတယ်။ ဆရာတင်မိုးအရပ်ကလူတွေပေါ့။
• ကျွန်တော်တို့ မုံရွာသားတွေကို ရွာသစ်ကြီးသားက မှတ်ချက်ပေးတာတခုရှိတယ်။ မင်းတို့မုံရွာသားတွေမှာ တူကြတာ သုံးချက်ရှိတယ်တဲ့။ ပန်းချီဆွဲတယ်။ ဈေးအလွန်ဝယ်တယ်။ ကားမောင်းရင် အမြန်မောင်းကြတယ်တဲ့။ ကိုဌေးလှိုင် (ကွယ်လွန်) နဲ့ ကျွန်တော့်ကိုကြည့်ပြောတာ။
• ဒီအုပ်စုနဲ့ မုံရွာအုပ်စုက အတော်နီးစပ်တယ်။ အညာသားအစစ်၊ တောသားအစစ်တွေဆိုပိုရင်းနှီးကြတယ်။
• အခုဓါတ်ပုံပို့သူဆိုရင် အထူးခြားဆုံးပဲ။ သူ့အပြောနဲ့ အကျင့်စရိုက်တွေက ဘယ်တော့မှ မမေ့နိုင်တာတွေ။ ရီစရာတွေဆို ခုထိကွက်ကွက်ကွင်းကွင်း သတိရတုံးရှိသေး။ သူကပဲ ကျွန်တော့်ကို မယ်ဒလင်တီးသင်ပေးတာ။ သီချင်းကြီး ၂ ပုဒ်တိတိ တီးတတ်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅

Tuesday, March 24, 2015

Provisions လိုအပ်ချက်များ

ဒီအိမ်လေးကလည်း ဆရာ၏အစွမ်းထက်တဲ့ ဓားတစ်လက်ကြောင့် တစ်နယ်လုံးကျန်းမာခဲ့ကြလို့ ဆရာ့ကို မျှော်နေကြပါတယ်ဗျာ။

• ဆေးထိုးအပ်နဲ့ ခွဲစိပ်ဓားလည်းကိုင်ဖူးတယ်။
• ပင်နီတိုက်ပုံနဲ့ ယောလုံချည်လည်းဝတ်ဖူးတယ်။
• ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီလည်းဝတ်ဖူးတယ်။

• အခုတော့ ဝတ်ချင်တာဝတ်ပြီး၊ ကိုင်စရာမပါ လက်ချောင်းလေးတွေသာ အသုံးပြုနေရတယ်။
• နေချင်တဲ့ဆီမှာလည်း မနေရသေးပါ။
• ဓားရောအပ်ပါ ကိုင်လို့နိုင်ပါသေးတယ်။

• မနေ့ကပဲ အင်တာဗျူးမှာပြောပါသေးတယ်။ အမြင်ရှိရမည်ဆိုတာနဲ့မပြီးတဲ့အကြောင်း။
• လုပ်ချင်စိတ်တခုတည်းနဲ့ မရ။ လုပ်တတ်တာနဲ့လည်း မပြီး။ လုပ်ခွင့်သာဖို့ကလည်း လိုပါသေးတယ်။
• ဤသုံးမျိုး ချက်မပိုင်လျှင် ကျွန်တော်တို့နိုင်ငံ နောင်ပြင်နိုင်ဖို့ရာ ခက်ပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅
Photo from Ko Ko Aung

Times ပုလဲအိမ် အကြိမ်ဘယ်လောက်

• လူသူမနေ ပူနွေနှစ်ဆယ်ခေါက်၊
• သစ်ပင်တိုး မိုးနှစ်ဆယ်ခေါက်၊
• အမိုးထရံဆန်ခါပေါက် ဆောင်းနှစ်ဆယ်ခေါက်၊
• အိမ်ကိုမရောက် နွေမိုးဆောင်းနှစ်ဆယ်ခေါက်၊
• စိတ်ရောက် အခေါက်နှစ်ထောင်လောက်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅ (မြန်မာရက်စွဲ)

Aye Clinic ဆေးခန်း

• ဒီစမ်းသပ်ခန်းလေးထဲမှာ အားကိုးတကြီးနဲ့ လာရောက်ပြသကြဘူးတဲ့လူနာတွေ၊
• ဒီကုတင်ပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ခွဲစိတ်ကုသမှုခံယူကြဘူးတဲ့လူနာတွေ၊
• ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၅ (မြန်မာရက်စွဲ)

Perfect picture ပြီးပြည့်စုံတဲ့ ပန်းချီကား

• သူများတက္ကသိုလ်တွေမှာ မမေ့စရာနေရာတွေ၊ အထင်ကရတွေကိုယ်စီရှိကြတယ်။ ကံ့ကော်ပင်၊ သစ်ပုပ်ပင်၊ တမာလမ်း၊ ထနောင်းလမ်း။
• မန္တလေးဆေးတက္ကသိုလ်မှာတော့ စိတ်ကူးယဉ်စရာရယ်လို့ မရှိခဲ့ပါ။ ၁၉၆၅-၇ဝ ဝန်းကျင်တုံးက ဆေးကျောင်းရှေ့မှာ ကုက္ကိုပင်နဲ့ စိန်ပန်းပင်သာရှိတယ်။ ဗာဒံပင်ရှိတယ်။ လွမ်းစရာရယ်လို့ ပြောမရတာတွေပါ။ ယောက်ျားလေး၊ မိန်းကလေး ကျောင်းဆောင်တွေမှာလည်း ထူးခြားတာရယ်လို့ အမှတ်မထားမိပါ။ စာဖွဲ့စရာလို့လည်း မအောက်မေ့ခဲ့ပါ။
• အခု စိန်ပန်းတွေပွင့်နေပြီဆိုတော့ ဆေးမန်းက စိန်ပန်းကို လွမ်းလာမိတယ်။ အနီရဲရဲပါ။ အပြာမရှိပါ။
• စိန်ပန်းဟာ တော်ဝင်မဟုတ်၊ ထီးသုံးနန်သုံးမဟုတ်ပါ။ ပန်ရတဲ့ပန်းလည်းမဟုတ်။ ဘုရားပန်းလည်း မဟုတ်ပါ။ အရိပ်ကောင်းရတဲ့အပင်မျိုးလည်း မဟုတ်ပါ။
• ဘာပဲဖြစ်ြဖစ် ကိုယ့်ကျောင်းပန်းကို လွမ်းပါတယ်။ ပုံဆွဲဝါသနာပါတော့ ရှုမျှော်ခင်းဆွဲရင် စိုစိမ်းပြာမှိုင်းနေတဲ့ နောက်ခံမှာ နီစွေးနေတဲ့ စိန်ပန်းပွင့်ကိုင်းလေးထည့်လိုက်ရင် ဆွဲဆောင်အားကောင်းလာတယ်။
• သူငယ်ချင်းတွေအကုန်ပါ ထည့်မြင်ကြည့်တော့မှသာ ပန်းချီကားလေးက ပြည့်စုံသွားတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၅