မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, September 30, 2015

A drop of rain မိုးရေတစက်

- ဆိုင်ကယ်တွေနဲ့ သွားလာဆင်းတက်၊
- ဆင်တွေနဲ့ သွားလာဆင်းတက်၊
- ပုလဲနယ်က တောင်ပေါ်ဒေသ ယောနယ်ဖက်၊
- နောက်တက်မျိုးဆက် ငါအားတက်၊
- ၉ဝ ခုနှစ်ကို ငါအိပ်မက်၊
- ၂ဝ၁၅ အတွက်တော့ စာတရွက်၊
- ငါတတ်နိုင်တာ မိုးတစက်။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၅
ဓါတ်ပုံ Win Aung Aung = ပုလဲမြို့နယ်မှ အရွေးခံကြမည့် NLD ကိုယ်စားလှယ်လောင်းများ

Sharpshooter ၅၂၈ ကို စနိုက်ပါနဲ့ပစ်ခြင်း

ကျွန်တော့်ပို့စ်တခု = 528 ဆိုက်ကားနံပါတ် ၅၂၈

Joe Sniper NLD အာဏာရပြီး မြန်မာပြည်ထိုင်းတောင်ပိုင်းလိုဖြစ်ပါက ခင်ဗျားအသက်ပေးရလိမ့်မည်။

ဒီတခါ အသက်ကိုပါ ခြိမ်းလာတယ်။ စစ်ထောက်လှမ်းရေး ဇာတ်သိမ်းပြီးနောက်မှာ ဒါအရင်ဆုံး ပြန်ပေါ်လာတာဖြစ်တယ်။ မဲရုံကိုတော့ စနိုက်ပါနဲ့ချိန်ထားလို့မရပါ။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၅

HIV treatment for all လူတိုင်းကို ဆေးပေးမယ်

HIV ပိုးရှိနေသူတွေ CD4 cell count ဘယ်လောက်ရှိနေနေ ART ဆေးပေးပါတော့မယ်။ လူကြီး ကလေးလည်း မရွေးပါ။ ရောဂါဖြစ်လမ်းရှိနေသူတွေကိုတော့ ဦးစားပေးမှုလုပ်နိုင်ပါတယ်။

CD4 counts (>500 cells/mm3) တွေကိုဆေးပေးတုံးက AIDS နဲ့ ဆက်နွှယ်နေတဲ့ရောဂါတွေ ဖြစ်လာနှုန်း ၅၇% ကျဆင်းတာကိုသိလို့ 350 cells/mm3 ကျမှဆေးပေးရာကနေ CD4 counts (>500 cells/mm3) အထိနည်းကတည်းက ဆေးစပေးတာလုပ်ခဲ့ပါတယ်။ နောက်လေ့လာမှုတခုအရ CD4 cell count ကို ကြည့်မနေပဲ ဆေးပေးတော့ ၉၃% ရောဂါဖြစ်နှုန်း ကျဆင်းတာ တွေ့လာလို့ အခုလို ပိုးတွေ့သူတိုင်းကို ဆေးပေးသင့်တယ်လို့ ဖြစ်လာတာပါ။

ဆေးပေးနည်းလမ်းညွှန်သစ်မှာ PrEP (tenofovir disoproxil fumarate) ကိုပါ ဆေးအတွဲမှာ ထည့်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဘယ်လိုဆေးအတွဲရယ်လို့တော့ WHO ကနေ သတ်သတ်မှတ်မှတ်လုပ်မထားပါ။ Truvada (tenofovir + emtricitabine) ဆေးအတွဲကိုတော့ လေ့လာမှု အကျယ်ပြန့်ဆုံး လုပ်ထားပြီး ရှိပါတယ်။ Truvada ဆေးတမျိုးတည်းကို တနေ့ ၁ လုံးပေးတာနဲ့ (MSM) ဂေးယောက်ျားတွေမှာ ၉၂% လျှောနည်းတာ သိထားပါသေးတယ်။

ဆေးလမ်းညွှန်သစ်အရ လူနာပေါင်း ၂၈ သန်းသာပေးဘို့ရှိရာကနေ အခု ၃၇ သန်းအထိ ဆေးပေးရမှာဖြစ်ပါတယ်။ ၂ဝဝ၄ UNAIDS ခန့်မှန်းချက်အရ ၂ဝ၁၅ ခုနှစ် မတ်လစာရင်းအရ HIV ပိုးရှိနေတဲ့ လူကြီး ၄၁% နဲ့ ကလေး ၃၂% တို့က ART ဆေးရနေကြတယ်။ စုစုပေါင်း ၁၅ သန်းဖြစ်တယ်။

Pre-Exposure Prophylaxis (PrEP) ဆိုတာ HIV ပိုးနဲ့မတွေ့မီ ပိုးကူးစက်ခံရနိုင်ခြေရှိသူကို ကာကွယ်ဆေးပေးနည်း ဖြစ်ပါတယ်။ Truvada (tenofovir and emtricitabine) ဆေးအတွတြလုံးတည်းကို တနေ့ ၁ လုံးသောက်ဘို့ဖြစ်တယ်။ အဲတာက HIV ပိုးရှိနေသူဆိုရင် တခြားဆေးနဲ့ပါတွဲပေးတဲ့ဆေးဖြစ်ပါတယ်။ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးထိုးခြင်း လုပ်သူတွေကို ဆိုလိုတာဖြစ်တယ်။ ၉၂% ကာကွယ်နိင်ပါတယ်။ ဆေးကိုစဉ်ဆက်မပြတ်မသောက်ရင်တော့ အဲလောက် ကာကွယ်မှုမရနိုင်ပါ။ ကွန်ဒွမ်ပါသုံးရင် ပိုစိတ်ချရပါမယ်။ သံသယဖြစ်စရာနဲ့ကြုံပြီး ဆေးလည်းသောက်နေတုံး ၃ လနေရင် ဆေးစစ်ရပါမယ်။

(၁) Expanded access to treatment ဆေးကုသမှုကိုလက်မှမ်းမီရေးနဲ့ (၂) PrEP ဆေးပေးခြင်းဟာ UNAIDS ရဲ့ 90-90-90 ရည်မှန်းချက်ကိုပြည်မီပါလိမ့်မယ်။ ဆိုလိုတာက (က) HIV ပိုးရှိနေသူတွေထဲက ၉ဝ% က ပိုးရှိနေကြမှန်းသိစေရမယ်။ (ခ) ပိုးရှိသူတွေထဲက ၉ဝ% ကဆေးရနေရမယ်။ (ဂ) Viral load ပိုးကိုစမ်းမရတဲ့အဆင့်ထဲက ၉ဝ% လည်း ဆေးရနေရမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅

HIV ပိုးရှိနေသူတိုင်းကို ဆေးပေးတော့မည်

HIV ပိုးတွေ့သူတိုင်းကိုဆေးပေးကုသနည်းကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထောက်ခံချက်ပေးလိုက်ပြီဆိုတဲ့ သတင်း ၃ဝ-၉-၂ဝ၁၅ နေ့သတင်းကထွက်ပါတယ်။

အခုထိကတော့ HIV ပိုးရှိနေသူတိုင်းကို ART ဆေး မပေးပါ။  CD4 count ခေါ်တဲ့ CD4 T lymphocytes (CD4 cells) သွေးဖြူဥအရေအတွက် နည်းလာမှသာ ဆေးပေးနည်းကိုသုံးနေပါတယ်။ အစောပိုင်းကာလတွေမှာ CD4 350 cells/mm3 အထိကျဆင်းမှသာ ဆေးပေးပြီး မကြာသေးခင်က CD4 500 cells/mm3 အထိနည်းလာရင် ဆေးပေးတော့လို့ လမ်းညွှန် ပြောင်းခဲ့ပါတယ်။ အခုတော့ ပိုးရှိနေသူတိုင်းကို ဆေးပေးဘို့ဖြစ်လာပါပြီ။

UNAIDS အဆိုအရ ၂ဝ၃ဝ မှာ AIDS နဲ့ဆက်ပြီးသေဆုံးရမှု ၂၈ သန်းကို ကယ်ဆယ်ရာကျပါမယ်။ ဒီအတိုင်းလုပ်ရင် လူပေါင်း ၂၈ သန်းကနေ ၃၇ သန်းကိုဆေးပေးရမှာဖြစ်ပါတယ်။ လက်ရှိတော့ ၁၅ သန်းကသာ ဆေးရနေပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅
http://www.bbc.com/news/health-34402618

Honor မင်းမြှောက်ပေးရခြင်း

ဆိုက်ကားနံပါတ် ၅၂၈ ကို ဖတ်တဲ့သူရော ကွန်မင့်ပေးသူပါများလို့ ကျေးဇူးတင်ပါတယ်။ ဘလော့ခ်စရာတော့ တယောက်ပဲ ရတယ်။ ခင်ဗျားတို့ပဲ မြှောက်ပေးနေကြတာလို့ ရေးလို့ပါ။

အလေးပြုတာကို မြှောက်ပေးတယ်လို့ မြင်ပုံထောက်တော့ တပ်မတ်ေကြီးဟာ နေ့စဉ်တဓူဝအချင်းချင်း မြှောက်နေကြသလို ဖြစ်မနေပေဘူးလား။ စစ်ထဲကထွက်ပြီးရင်တော့ တယောက်တယောက် ချနေကြတာမြင်သိနေရတယ်။

သူတို့ကိုပဲ လူတွေကမင်းမြှောက်ပေးတာ ခံချင်နေကြလို့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုရေးထားပြီး၊ ညစ်နည်းမျိုးစုံလုပ်နေရပြီ မဟုတ်ဘူးလား။ အမြှောက်ခံချင်ကြတာက ဆိုက်ကားဆရာတွေမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅

Fibrous papule of the face မျက်နှာငါးမျက်စိ

ဆရာ အရပ်အခေါ် ငါးမျက်စိဆိုတာ ဘာကြောင့် ဖြစ်ရတာလည်း၊ ဘယ်လိုကုသလို့ ရပါသလဲဆရာ။

အရပ်ခေါ်တွေက တခါတလေဂွကျတယ်။ ငါးမျက်စိဆိုတာ ခြေဖနောင့်တွေမှာဖြစ်တာကိုလည်း ခေါ်တယ်။ အဲတာက ဆေးစာနဲ့ Corns and calluses ဖြစ်တယ်။ စာတပုဒ်ရေးထားပါတယ်။ အခုမေးတာမျိုးက မျက်နှာ။ Fibrous papule ခေါ်တယ်။ ကင်ဆာမဟုတ်တဲ့ အသစ်ဖြစ်လာတဲ့၊ ဝက်ခြံနဲ့တူတဲ့ အကျိတ်-အလုံး-အသီးလေးတွေဖြစ်ပါတယ်။ ရောဂါဗဒေမှာ Angiofibroma အမျိုးအစားလို့သတ်မှတ်တယ်။

အဖြစ်မနည်းပါ။ အရွယ်မရွေး၊ ကျား-မ မရွေးဖြစ်တယ်။ အရေပြားပေါ်မှာ ခပ်ခုံးခုံးလေး တောက်ပြောင်နေတယ်။ အသားပိုနဲ့ တူတယ်။ အရွယ်အစားလည်း ၁ ကနေ ၅ မီလီမီတာရှိတယ်။ ပါး၊ မေး၊ လည်ပင်း၊ နဖူးတွေမှာ အဖြစ်များတယ်။ ၃ ယောက်မှာ ၁ ယောက်က ထိခိုက်မိရာကနေဖြစ်တယ်လို့ ပြောကြတယ်။ အများစုမှာ အလိုလို ပေါက်လာတယ်။

လက်မှာဖြစ်တာမျိုးက မှန်ဘီလူးနဲ့စစ်ရင် မတူတာတွေ့တယ်။ giant cell fibroma ခေါ်တယ်။ အခုဟာမှာ spindled cells တွေတွေ့မယ်။

ကုသဘို့မလိုပါ။ အကြည့်ရဆိုးတာကလွဲရင် ဘာမှမဖြစ်ပါ။ ဆေးသောက်-ဆေးထိုး-ဆေးလိမ်းလို့ မပျောက်ပါ။ အလှအပတွက်ဆိုရင် ခွဲထုတ်ရမယ်။ အမာရွတ်လေးထင်ကျန်မှာတော့ သိထားပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅

Tuesday, September 29, 2015

Deep thought လွဲလည်းမလွဲနဲ့ နက်နက်နဲနဲ စဉ်းစားပါ

၁။ Aung Aly ဆရာသမိုင်းကို ကြေညက်တဲ့သူပါ။
၂ (က)။ Javid Ali ဆရာကိုလေးစားပါတယ်ဗျာ။ ကဗျာကတော့ရှယ်ဘဲ။
၂ (ခ)။ Su Min ကဗျာကာရန်လေးက ကောင်းတယ်ဆရာ
၃။ KhinPone Nyar ဆရာ ဆေးရုံမရှိ၊ ဆေးခန်းမရှိ၊ မြန်မာပြည်မရှိ၊ ဆမ သက်တမ်းမရှိတဲ့လား။ ဆရာ့စာကတိုတိုလေး  ဒါပေမဲ့ ရင်ထဲမှာ နင့်သွားတယ်ဆရာ။

မှတ်ချက်သုံးမျိုးမှာ ပညာရပ်သုံးမျိုးပါတယ်။ သမိုင်း၊ ကဗျာနဲ့ ဆေးပညာ။ ကျွန်တော်က မြန်မာစာကိုတော့ ဆေးကျောင်း ဒုတိယနှစ်အထိနဲ့ သမိုင်းကို ၉ တန်းအထိသာ သင်ခဲ့ရတယ်။ ဆေးပညာလည်း ၇ နှစ်စာသာသင်ယူခဲ့ရပါတယ်။

ငယ်စဉ်က ဆရာအမျိုးအစား သုံးမျိုးလုံးဆီကနေ ပညာရင်နို့သောက်စို့ခဲ့ပါတယ်။ ဖတ်မှတ်တာလည်း အစုံကြီး မဟုတ်တောင် စုံပါတယ်။ ပညာတတ်လူတန်းစာကို နှိမ်တာ၊ ပစ္စည်းမဲ့မှဆိုတဲ့ လက်ဝဲအယူအဆလည်း ဖတ်တဲ့ထဲမှာ ပါတယ်။ အသက်ကြီးပိုင်းအတော်များများထဲမှာ လက်ဝဲကိုစွဲနေသူတွေမနည်းပါ။ ကျွန်တော်လည်း အသက်ကြီးပေမယ့် မစွဲပါ။ အရင်းရှင်လို့သတ်မှတ်တာလည်း မဖြစ်ပါ။ တောင်မရောက် မြောက်မရောက်တော့ မဟုတ်ပါ။

ပစ္စည်းရှိမှဆိုတာတော့ ပိုဝေးသေးတယ်။ ဥစ္စာကို ကျိကျိတက်ချမ်းသာဘို့ဆိုတာ ရည်ရွယ်ရင်းကို မရှိပါ။ ဒါပေမယ့် လူမွဲတော့ မဟုတ်ပါ။ မွဲတာကို ဂုဏ်တင်ပြောချင်သူလည်းမဟုတ်ပါ။ ပညာလည်းရှာပါတယ်။ ပညာမှပညာကွလို့လည်း မလုပ်ပါ။ ပါရဂူဘွဲ့တော့ မရပါ။

ကဗျာရယ်လို့ ရေးနေတာလည်း မဟုတ်ပါ။ ကိုယ်ကိုယ်ကိုနှိမ့်ချခြင်းဟာ ချီးမြှေက်တာကို ပိုရချင်လို့ဖြစ်နိုင်ပေမယ့်၊ ကျွန်တော်က မဟုတ်ပါ။ ဘာရေးရေး (စာ) လို့သာရေးပါတယ်။ ကဗျာဆရာတွေက တော်ကြတယ်။ ကျွန်တော်ရေးတာပါ ကဗျာလို့လုပ်မိရင် ကဗျာဆရာတွေကို အားနာတာအမှန်ပဲ။

ဆေးစာတွေရေးပါတယ်။ ကျွန်တော်ငယ်ငယ်က ဆရာဝန်စာရေးဆရာတွေ ရေးတာတွေရော ကျန်းမာရေးပညာပေးတွေပါ ဖတ်ပါတယ်။ ရေးပုံရေးနည်းတွေကိုတော့ တဦးဆီကမှ အတုမခိုးပါ။ ကျွန်တော် စာရေးနည်းက စကားပြောသလို မန္တလေးဟန်ပါ။ အဲလိုရေးရတာ ဖတ်တဲ့သူနဲ့ ရင်းနှီးတယ်။ မျက်နှာချင်းဆိုင်ပြောနေသလို ရေးချင်တာ။ စာသင်နေသလို၊ ကျမ်းစာအုပ်ဖတ်ခိုင်းသလို မရေးချင်ပါ။ မီဒီယာရေးနည်းလည်း ကျွန်တော်နဲ့ မကိုက်ပါ။

ဘယ်အကြောင်းအရာတွေ ရေးမလည်းဆိုတာ ဆေးသိပ္ပံမှာ စနစ်တကျ ဗေဒတွေခွဲသလို မရေးပါ။ မေးလာတဲ့မေးခွန်းကို ဖြေသလိုသာရေးတယ်။ လိုတာကိုရစေချင်တဲ့သဘောမျှသာဖြစ်တယ်။ မေးတာများလို့ ရေးစရာလည်းများရတာပါ။ မေးတဲ့သူတွေက အတန်းအစားကအမျိုးမျိုးဆိုတော့ ချင့်ချိန်ရတာတော့ရှိတယ်။ တချို့အတွက် နားလည်ရခက်မှာ သိပါတယ်။ ဖတ်တဲ့သူတွေထဲမှာ ဆေးလောကလူတွလည်းပါနေတယ်။ ခုမှပေါ်လာတဲ့ ကုသနည်းသစ်မှာလို ရောဂါဖြစ်စေတာကို ဒက်ထိမှန်အောင် Targeted therapy ပစ်မှတ်ထား ဆေးပေးနည်း၊ လူနာတဦးချင်းအတွက် သန့်သန့်ဆေး Personalized medicine ပါဇင်နယ်လိုက်ဆေးမျိုးအထိတော့ မရောက်နိုင်တော့ပါ။ အရွယ်အရ အချိန်မရှိလောက်ပါ။

သမိုင်းကို စိတ်ဝင်စားလို့ ရှာဖတ်ပါတယ်။ ကိုယ့်သမိုင်းကိုလည်း စုံအောင်သိချင်တယ်။ သူများသမိုင်းလည်း သိချင်တာပဲ။ စိတ်မကောင်းဖြစ်ရတာက အခုရွေးကောက်ပွဲကာလမှာ ပြောတာရေးတာတွေဖတ်တော့ တချို့က စစ်အစိုးရ ဘယ်လိုက ဘယ်လို အာဏာတက်ယူနေသလည်း မသိကြပါ။ ပြည်ခိုင်ဖြိုးကို ပုံမှန်နိုင်ငံရေးပါတီတခုလို ထင်နေကြတယ်။ ၁၉၈၈ နဲ့ ၂ဝဝ၇ မှာ သတ်ခဲ့ဖြတ်ခဲ့၊ ဖမ်းဆီးခဲ့တဲ့သူတွေဟာ အဲဒီလူတွေပဲလို့ မေ့သွားတာလား၊ မသိတာလား။ ရာဇဝင်မဖတ်တော့ ပုဂံခေတ်ကအရည်းကြီးကို မသိသူတွေက အသံကောင်းဟစ်နေကြတာကို မသိကြရှာဘူး။

ကျွန်တော်ဆိုလိုချင်တာက ကိုယ်ပိုင်ဟန်လုပ်နိုင်တာ ကောင်းတယ်။ စဉ်းစားဉာဏ်တော့ သုံးရမယ်ပေါ့။ တချို့မှာ ဉာဏ်ရှိပြီး မသုံးတတ်ဘူးဖြစ်နေကြတယ်။ တချို့က တလွဲသုံးနေကြတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅

Gourd ဗူးသီးမှ အရီးတော်

လူချင်းလည်း သိတယ်။ ဖေ့စ်ဘွတ်မှာလည်း နေ့တိုင်းလိုတွေ့နေတဲ့ ကျောင်းဆရာမယောက်ကို ပေါ့ပါ့ပါပါးပြောစေတယ်။
•့။
•့။
• ဆရာ ကန်တော့ပါတယ်နော်  ကျမစကားမှားသွားရင်။
• ဆရာက ခပ်ပေါ့ပေါ့ပြောတာပါ။
• ဟုတ်ကဲ့ပါဆရာ။ အသိစိတ်က ဆရာနဲ့ပြောရင် လေးစားမှုကအရင်းခံနေတာ။ ရင်းနှီးစိတ်ကလည်း အလိုလို ဝင်ဝင်လာတာ။
• ဆရာ့ကို တင်ပါ့လို့ အပြောခံရတာ ခဏခဏ။
• ဆရာ ဒကာဒကာမတွေ ပေါတာပေါ့။ ဆွမ်းကွမ်းမျှရဲ့လားဆရာ။
• ဆရာလည်း ဒီမြို့က ဆရာတော်လိုပါပဲ။ ဟိုနေ့က သူ့ကျောင်းအပင်က ဗူးသီးအကြီးကြီးတလုံးကို အိမ်အထိ လာပို့ပေးတယ်။ ဆရာတော်အတွက် ဆွမ်းကပ်ဘို့ တယောက်တရက်သတ်မှတ်ထားတာ တချို့ကမေ့တဲ့ရက်မှာ ကျောင်းရှိတဲ့ ဟင်းလေးအိုးနဲ့ပြီးရသတဲ့။ ဒကာတော်ကတော့ ဘုန်းကြီးစွန့်တဲ့ဗူးသီးကို ဗူးသီးကြော်ကြော်စားလိုက်တာ ဓါတ်ပုံတောင် မရိုက်လိုက်ရဘူး။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅

528 ဆိုက်ကားနံပါတ် ၅၂၈

- အက်ႌအနီ တီရွပ္ကိုယ္စီ
- ကြေးနီရောင် နေလောင်တဲ့အသား
- မောသလားမမေးနဲ့ အမောပြေဘို့ရာ
- အမေပြောတာ လုပ်နေကြတာ
- လက်ကိုင်တန်းမှာ NLD အလံကိုယ်စီံပါ

- ချွေးတွေဘယ်လောက်စိုစို နေကိုမမှု
- အာဏာရှင်ကို ရင်ဆိုင်အန်တု
- ဆိုက်ကားသမားထု ကျွန်ုပ်အလေးပြု

- အဟောင်းကို တောင်းဆိုးပလုံးဆိုးလို စွန့်ပစ်
- ပြည်သူတွေပြောင်းချင်တဲ့ ခေတ်သစ်
- ဆိုက်ကား နံပါတ် ၅၂၈

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၅

Pregnancy - LSCS ဗိုက်ခွဲမွေးရခြင်း

ကလေးမီးဖွါးတာမှာ ပုံမှန်မွေးဖွါးခြင်းဆိုတဲ့ မွေးလမ်းကြောင်းကနေဖွါးတာက အကောင်းဆုံးဖြစ်ပါတယ်။ မွေးလမ်းကြောင်းကနေတောင်မှ ဘာအကူအညီမှ မပါဘဲ၊ ဓမ္မတာ-ထုံးစံအတိုင်းမွေးနိုင်တာက (ပါဖက်) ဖြစ်တယ်။

တခါတလေ ကူရတာတွေ ရှိတယ်။ သားဦးမွေးရင် မွေးလမ်းကို ချဲ့ပေး-ပြန်ချုပ်ပေးရတာ။ သားအိမ်ညှစ်အား နည်းနေရင် Oxytocin ဆေးကို သွင်းပေးရတာ။ ကလေးခေါင်းထွက်တာ ကြာမနေစေချင်လို့ ညှပ်ဆွဲ၊ လေစုပ်စက်နဲ့ ဆွဲကူမွေးပေးရတာ။ လုံးဝအနာမခံချင်လို့ Epidural delivery ဆိုတဲ့ ခါးထုံဆေးနဲ့ မွေးပေးတာလည်းရှိသေးတယ်။

ခွဲမွေးရတာမှာ ဘာလို့ ခွဲမွေးရသလဲ။ မခွဲရင် မရဘူးလား။ တကယ်ကိုမရဘူးလားဆိုတာတွေ သိရလိမ့်မယ်။ မခွဲရင်လည်းရတယ် ဆိုတာနဲ့ ခွဲကိုခွဲရမှာ နှစ်မျိုးရှိတယ်။ တချို့က နေ့ကောင်းရက်သာရွေး ခွဲမွေးချင်သူတွေလည်း ရှိတယ်။ တခါတလေ ဆရာဝန်ကစိတ်မရှည်လို့၊ Risk ကိုနဲနဲလေးမှ မယူချင်လို့ ခွဲတာလည်း ရှိတယ်။ တချို့ဆေးရုံ-ဆေးခန်း တွေကတော့ ခွဲပေးရင် လူနာဆီကငွေပိုယူလို့ရတာမို့၊ လုံလောက်အောင် အချိန် မစောင့်ဘဲ ခွဲတာလည်း တကယ်ရှိပါတယ်။

မွေးလမ်းကနေမွေးမရလို့ ခွဲရတာမှာ တခြားရွေးစရာလမ်းမရှိတာမို့ ခွဲမွေးတာအကောင်းဆုံးဖြစ်တယ်။ ကလေးခေါင်းနဲ့ မိခင်မွေးလမ်းမတန်တဆ ဖြစ်တာ။ ဒါမှာလည်း ၂ မျိုး။ မအေရဲ့ အရိုးကွင်းကကျဉ်းနေတာနဲ့ ကလေး ခေါင်းက ပုံမှန်ထက် ကြီးနေတာ။ ဒီအခြေအနေ နှစ်ရပ်လုံးကခွဲကိုခွဲရမယ်။

နောက်တမျိုးက အချင်းဟာပုံမှန်ရှိရမဲ့ သားအိမ်အဝနဲ့ ဝေးရာမှာမဟုတ်ဘဲ၊ အောက်ပိုင်းရောက်နေတာ။ အချင်းက သားအိမ်အဝကို အပြည့်ဖြစ်ဖြစ်၊ တစိတ်တပိုင်းဖြစ်ဖြစ် လာဖုံးနေတာမျိုး။ အချင်းရှေ့ရောက်လို့ ခေါ်တယ်။ မွေးခါနီးလို့ သားအိမ်အဝကျယ်လာတာနဲ့ အချင်းကွာလာပြီး၊ ကလေးမမွေးခင် သွေးတွေ အရင်ဆင်းတာမျိုး။ APH ခေါ်တာပေါ့။ မမွေးမီသွေးဆင်းခြင်းအကြောင်းတရားတွေထဲကအရေးအကြီးဆုံးဖြစ်တယ်။ ဒါကို Ultrasound မှာ ကြိုသိထားနိုင်တာမို့၊ ရက်ရွေးပြီး၊ အေးအေးဆေးဆေး ခွဲမွေးပါလေ။

ကလေးအနေအထားပုံမှန်မဟုတ်တာ၊ ရိုးရိုးမွေးဘို့ ကြိုးစားရင်းအချိန် ပိုမစောင့်သင့်တာ။ မိခင်ဖြစ်ဖြစ် ကလေးဖြစ်ဖြစ် တခုခုဖြစ်လာလို့ မွေးလမ်းကနေမွေးအောင် အချိန်မစောင့်သင့်တော့တာ။ ဟိုကဆက်နေ-ဒီကဆက်နေ၊ ထူးဆန်းတဲ့ ကလေးဖြစ်နေတာ၊ ဒါတွေမှာလည်းခွဲတာကောင်းတယ်။

ဗိုက်ခွဲမွေးရတိုင်းနောက်လည်းခွဲရမယ်ဆိုတာနေရာတိုင်းမှာယူဆလို့မရပါ။ အရင်တခါ ခွဲတုံးကဘာအကြောင်းကြောင့် ခွဲရလည်းအပေါ်မှာမူတည်တယ်။ အချင်းရှေ့ရောက်လို့ ခွဲထားရသူဟာ နောက်ကိုယ်ဝန်က ပုံမှန်ဖြစ်ပြီးရိုးရိုးမွေးလို့ရတယ်။ ကလေးအနေအထားဆိုတာလည်း တခါပုံမှန်မဟုတ်တိုင်း အမြဲမှားမနေတတ်ပါ။

ခွဲမွေးတာဖြစ်ဖြစ် အနာလေးတခုခွဲရတာဖြစ်ဖြစ် အနည်းနဲ့အများသတိထားရတာတွေ ချည်းပါဘဲ။ ခွဲစိတ်ခြင်း အန္တရာယ်တွေက ခွဲစိတ်မှု ကြီးကြီးသလို၊ လုပ်တာကိုင်တာပေါ့ဆရင် ပေါ့ဆသလိုရှိနိုင်တယ်။ ခွဲမွေးရတဲ့အတွက် အားသာချက်တွေလည်းရှိပါတယ်။ ရက်၊ အချိန်၊ ရွေးမွေးနိုင်တယ်။ တတိယကလေးခွဲရရင် တခါတည်း သားကြော ဖြတ်ပေးနိုင်တယ်။ မွေးလမ်းကြောင်း မပျက်စီးပါ။ ရက်ရွေးပြီးခွဲမယ်ဆိုရင် ကိုယ်ဝန် ၃၉ ပါတ်ထက်စောလေ ကလေးအတွက် အသက်ရှူလမ်းအားနည်းလေဖြစ်တယ်။ ၇ လနဲ့မွေးတာလဲရှင်ပါတယ်။ ဒါပေမဲ့ % ပြည်ကောင်းတာတော့ မဟုတ်ပါ။

ယေဘုယျပြောရရင် ဗိုက်ခွဲမွေးတာဟာစိတ်ချရတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် စီစီစဉ်စဉ်လုပ်ရရင် ပိုတောင်မှ စိတ်ချနိုင်ပါတယ်။ (ယူကေ) မှာအမျိုးသမီး ၂၅% ဟာဗိုက်ခွဲမွေးကြတယ်။ အမေရိကားမှာ ၃ဝ% ရှိတယ်။ နှစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဗိုက်ခွဲမွေးရတာတိုးလာနေတယ်။ ဆရာဝန်တွေကရှင်းပြတာကတော့ တောင်းဆိုလို့ ခွဲပေးရတာမို့ များလာတာ မဟုတ်ပါ။ မိခင်လောင်းတွေကကိုယ်အလေးချိန် များလွန်လို့၊ ဆီးချိုရောဂါလဲရှိတာ များလာကြလို့ပါ။

ဗိုက်ခွဲမွေးရသူ ၁ဝ% ဟာရက်ရွေးပြီးခွဲပေးရတာဖြစ်တယ်။ ၁၅%က အရေးပေါ်ခွဲပေးရတာဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နေ ဖြစ်သင့်တယ်ယူဆတာကချမ်းသာတဲ့တိုင်းပြည်တွေမှာဗိုက်ခွဲမွေးနှုန်း ၁၅% လောက်ဖြစ်တယ်။ ဗြိတိန်မှာ ၁၅% လောက်ကအပြင်ဆေးခန်းတွေမှာခွဲမွေးပြီးရာခိုင်နှုန်းမြင့်မားတယ်။ နာမည်ကြီးသူတွေလာမွေးတတ်တဲ့ Portland Hospital ဆေးရုံမှာဆိုရင် ၃၅-၄ဝ% အထိခွဲမွေးတယ်။

(မဒေါ်နား) တို့ (ဗစ်တိုရီယား ဘက်ခမ်း) တို့လဲပါတယ်။ ဒီလိုလူမျိုးတွေ လာမွေးရာကနေ အရပ်စကားတခုပေါ်လာတယ်။ အလှမပျက်ချင်၊ ဗိုက်မညှစ်ချင်ကြသူတွေ။ Too Posh To Push ခေါင်းစဉ်နဲ့ ၁၁-၄-၁ဝဝ၄ နေ့ထုတ် Time မဂ္ဂဇင်းမှာ ရေးထားသေးတယ်။ အင်္ဂလန်မှာလည်း မထူးဘူး။ ကြောက်စိတ် + အဆင်ပြေမှု + အရေးပေါ်ဆိုတဲ့ အချက် ၃ ချက် ကြောင့် ခွဲမွေးရတာလို့ ခြုံပြောနိုင်ပါတယ်။ အမျိုးသမီးတဦး ဗိုက်ခွဲမွေးရတာဟာ ပန်းခြံထဲ လမ်းလျှောက်သလို သဘောထားပါ။ ဒါပေမဲ့ သိသင့်သိထိုက်တာ မှန်သမျှတော့ ကြိုသိထားဘို့လိုပါတယ်။

Dr. တင့်ဆွေ

LSCS after LSCS ဗိုက်ခွဲမွေးပြီး နောက်တခါဘယ်တော့ခွဲမွေးမလည်း

ကျွန်မ အသက် ၃၂ ပါဆရာ။ ကျွန်မ ၂ဝ၁၄ ဇွန် ၄ မှာ အော်ပရေးရှင်းလုပ်ပြီး ကလေးမွေးခဲ့ပေမဲ့ အဖတ်မတင်ခဲ့ဘူးဆရာ။ ၂၀၁၄ အောက်တိုဘာမှာ ကလေးထပ်ရခဲ့ပေမဲ့ ဆရာဝန်တွေက မယူခိုင်းခဲ့ဘူး။ မိခင်အတွက်စိုးရိမ်ရတယ်တဲ့။ ခွဲပြီး ၂ နှစ်မှ ကလေးယူရမယ်ဆိုလို့ ဖျက်ချခဲ့တယ်ဆရာ။ ခုဆို ၁ နှစ်နဲ့ ၂ လ တောင်ရှိပြီ။ တချို့တွေဆို ၆ လနဲ့ ပြန်ယူတာတွေလည်း ရှိတယ်ဆရာ။ ကလေးမယူခိုင်းခဲ့တာ အပြင်ဆေးခန်းက ဆရာဝန်ပါ။ ဆေးရုံကြီးက ဆရာဝန်တွေကတော့ ရှိပြီးမှတော့ မတတ်နိုင်တော့ဘူး ယူလိုက်ပါလို့ပြောပါတယ်။ ဒါပေမဲ့အပြင်ဆေးခန်းဆရာဝန်က ပထမကလေးရဲ့ နှလုံးမကောင်းတာတွေ အသက်ရှုနှုန်းနှေးတာတွေကို သေသေချာချာပြောပြပြီး အမြန်ဆုံးဆေးရုံကြီးလွှတ် ခွဲစိတ်ခိုင်းတာဆိုတော့ သူ့ကိုအားကိုးပြီး ဖျက်ခဲ့မိတာပါ။ သူလည်းပြောပါတယ် ခွဲပြီးသိပ်မကြာခင် ကလေးရတော့ ယူရင်လည်းရပါတယ်တဲ့။ ဒါပေမဲ့ မိခင်အတွက်ကတော့ ခွဲတာမကြာသေးတဲ့အတွက် တဖြည်းဖြည်းနဲ့ကြီးလာမဲ့ ဗိုက်က အရမ်းတင်းလွန်းရင်လည်း မကောင်းဘူးလို့ပြောတယ်ဆရာ။ ဆေးရုံမှာလည်း အဲလိုပါပဲ ခွဲမွေးတဲ့ဘယ်သူ့ကိုမဆို ၂ နှစ်လောက်မှယူခိုင်းတယ်ဆရာ။ တချို့ကတော့ ၆ လ၊ ၁ နှစ်နဲ့ယူပေမဲ့ ဆရာဝန်တွေက ဆူကြတယ်လို့တော့ပြောကြတယ်။ ကျွန်မကိုလည်း ဆေးရုံကြီးက ဖျက်ခွင့်မပေးပါဘူး။ အပြင်ဆေးခန်းဆရာဝန်ကပဲ အကျိုးအပြစ်တွေပြောတော့ ဖျက်ချလိုက်တာပါဆရာ။ တခြားတော့ ဘာရောဂါမှတော့ မရှိပါဘူး။ အခုတနှစ်လည်းကျော်လာပြီဆိုတော့ ကလေး ပြန်လိုချင်လို့ပါဆရာ။ ခွဲဒဏ်ရာအတွက်လည်း စိတ်ချရပြီလားဆိုတာသိချင်ပါတယ်။

အရင်တခါဗိုက်ခွဲကလေးမွေးပြီးနောက်မှာ နောက်ကိုယ်ဝန်ယူဘို့ ခြောက်လလို့ယေဘုယျပြောလေ့ရှိတယ်။ အရင်ခွဲထားတဲ့ အတွင်းအပြင်ချုပ်ရိုးတွေ ကောင်းကောင်းကျက်စေဘို့ စောင့်ခိုင်းတာဖြစ်တယ်။

ဗိုက်ခွဲမွေးဘို့ ဆီးစပ်နေရာမှာ (ဘီကီနီ) ချုပ်ရိုးခေါ်တဲ့ ကန့်လန့်ဓါးခွဲရာဟာ ၃ လဆိုရင် ကောင်းကောင်းကျပါပြီ။ ၆ လ စောင့်ပါဆိုတာ နောက်ကိုယ်ဝန်ကို မွေးလမ်းကြောင်းကနေ ရိုးရိုးလည်းမွေးလို့အဆင်ပြေအောင်ပြောတာဖြစ်ပါတယ်။ အဲလိုမွေးတာကို Vaginal birth after caesarean (VBAC) လို့ခေါ်တယ်။

တယောက်နဲ့တယောက် မတူကြပါ။ ချုပ်ရိုးကောင်းတာ၊ ချုပ်ရိုးအနာရင်းတာ၊ ကိုယ်ခံအားနည်းတာ၊ သွေးအားနည်းတာ၊ အခံရောဂါ (သွေးတိုး၊ ဆီးချို၊ နှလုံး) တခုခုရှိတာ။

မိသားစုအရေးထည့်တွက်ရတာလည်း သေချာပေါက်ရှိပါမယ်။ ပိုအရေးကြီးတာက အသက်။ အကြမ်းပြောရရင် အသက် ၃၅ နှစ်နောက်မှာ ကိုယ်ဝန်ရဘို့ သူများထက် ခက်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရတာလည်း သူများထက် ပင်ပန်းနိုင်တယ်။

အရင်ကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန်နီးရင် အချင်းအောက်ကျတာပိုဖြစ်နိုင်တယ်လို့ လေ့လာမှုတခုကဆိုပါတယ်။

အရင်တခါခွဲမွေးရရင် နောက်လည်းခွဲမွေးရမယ်လို့ပြောလာခဲ့တာက ၁၉၂၂ ခုနှစ်ကတည်းကစတယ်။ ၁၉၅ဝ ကျော် ကလည်းက Lower Segment Caesarean Section (LSCS) သားအိမ်အောက်ပိုင်းကနေခွဲမွေးနည်းကို သုံးလာခဲ့ကြပါတယ်။ ဒါပေမယ့် ကနေ့ကာလတွေမှာ VBAC နည်းကိုသုံးလာနေကြပါပြီ။ သြစတေးလျမှာ ၆၇% က အဲလိုလုပ်ပါတယ်။ အောင်မြင်ပါတယ်။ တကယ်တန်း LSCS လုပ်ဖို့လိုတဲ့ကိုယ်ဝန်အရေအတွက်ဟာ ၃% သာရှိတယ်။

ကျွန်တော် ဒေလီမှာနေရတုံးက ယမုန်နာဆေးခန်းလေးဖွင့်ပြီး မြန်မာပြည်ကလူမှန်သမျှကို အခမဲ့ဆေးကုပေးတော့ မွေးလူကိုလည်းလက်ခံတယ်။ ကိုယ့်ဆေးခန်းမှာတော့ ခွဲမွေးမပေးခဲ့ရပါ။ နေရာထိုင်ခင်းနဲ့ ပစ္စည်ကိရိယာတွေ ပြင်ဆင် စုဆောင်းထားပါသေးတယ်။ ဒေသခံဆရာဝန်တွေကဖွင့်တဲ့ ပုဂ္ဂလိကဆေးခန်းတခုကိုတော့ အရေးပေါ်ခေါ်ရင်သွားပြီး ခွဲစိတ်ရတဲ့အခါ ဗိုက်ခွဲမွေးပေးရတာကများတယ်။ အိန္ဒိယမှာဘွဲ့ရတဲ့ အိုဂျီဘွဲ့ရဆရာဝန်မတယောက် အဆစ်လုပ်တော့ ကိုယ့်ကိုယ်ကို တမျိုးကြီး။ ကျွန်တော်က မန္တလေးဆေးကနေ အင်မ်ဘီဘီအက်စ်ဘွဲ့လေးသာရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၅

Shan ရှမ်းတွေလည်း မိတ်ဆွေပဲ

Kotoe Taunggyi ရှမ်းပြည်နယ် NLD ကိုယ်စားလှယ်များစည်းရုံးရေးသတင်းများ

Tint Swe ရှမ်းတွေလည်း ဆရာ့မိတ်ဆွေပဲ။

Kotoe Taunggyi ဟုတ်တယ်ဆရာ။့ နဲ့ ကျနော်ကလည်း မန္တလေးထောင်ထဲမှာ ၅ နှစ်လောက် တစ်ဆောင်ထဲ နေလာတာလေ။

Tint Swe စိုင်းလိတ် (စိုင်းခမ်းလိတ်) နဲ့က တနှစ်ကြီးတနှစ်ငယ်။ ပဌမနှစ်အဆောင်မှာ ကုတင်ချင်းကပ်လျက်နေခဲ့ရတယ်။ နောက်ရှမ်း ဆေးကျောင်းသားတယောက်က ကျွန်တော့်ထက် အတန်းကြီး၊ သူ့ရည်းစားပုံကို ဆရာက ပုံတူဆွဲပေးရတယ်။ သူ့နာမည်တော့ မပြောတော့ဘူး။

ဓါတ်ပုံ = Kotoe Taunggyi ခေါက်နွဲ့တောင်အဆင်း ရှုခင်း

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၅

Child abandonment ကလေးစွန့်ပစ်ခြင်း

ကိုယ်မွေးတဲ့ကလေးကို စွန့်ပစ်တာ ကမ္ဘာ့နေရာတိုင်းမှာရှိတယ်။ ဥပဒေတွေလုပ်ထားပေမယ့် များလွန်းသေးတယ်။ အမေရိကားမှာ မွေးစကလေးပေါင်း ဘယ်လောက်များများ စွန့်ပစ်ခံရသလည်းဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ မလေးရှားမှာ ၂ဝဝ၅-၂ဝ၁၁ စစ်တမ်းတခုအရ ကပ်ရောဂါလိုများလွန်းတယ်။ ကလေး ၅၁၇ ယောက် စွန့်ပစ်ခဲ့တယ်။ အဲဒီထဲက ကလေး ၂၈၇ ယောက်က သူများတွေတွေ့ချိန်မှာ သေဆုံးနေကြပြီ။

ဘာလို့စွန့်ပစ်ကြသလည်း ဆင်းရဲမွဲတေမှုက အဓိကအကြောင်းခံဖြစ်တယ်။ နိုငံရေးအကြောင်းခံလည်းပါတယ်။ လူမှုဖူလုံရေးစနစ် ညံ့ခြင်း၊ ကလေးမွေးစားတာကို ခက်အောင်လုပ်ထားခြင်းကြောင့် များတတ်တယ်။ နောက်တချက်က အသက်ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ရသူတွေမှာ လူမှုရေးအဆင်မပြေမှုကြောင့် မွေးလာတဲ့ကလေးကို စွန့်ပစ်ချင်ကြတယ်။ ကလေးက မိန်းကလေးဖြစ်နေလို့ စွန့်ကြတာလည်းရှိတယ်။ မိဘတွေရဲ့ ပညာရေးနိမ့်ကျလို့၊ မိသားစုစီမံကိန်း ညံ့လို့၊ စတာတွေကလည်း ကလေးစွန့်ပြစ်ရခြင်း အကြောင်းခံတွေဖြစ်တယ်။

မြန်မာပြည်မှာ ကိုယ့်လူမျိုးမဟုတ်သူတွေကို နာကြည်းကြဘို့ အမုန်းတရားဟောခြင်းနဲ့ ကိုယ့်ဘာသာမဟုတ်တာကို ဆဲရေးတိုင်းထွာခြင်းတို့ဟာ လက်ရှိအစိုးရက ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မွေးယူအားပေးထားသော အင်အားစုတခု ဖြစ်တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လက်ရှိအစိုးရပါတီရှုံးလျှင် အဲတာတွေကို မလိုခြင်တဲ့ကလေး လမ်းဘေးစွန့်သလို စွန့်ပစ် စွန့်လွှတ်တာခံရပါလိမ့်မည်။

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၅

Monday, September 28, 2015

Numbers ကိန်းဂဏန်းများကပြောတဲ့ သမိုင်း

NLD က ၁ဝဝ% အနိုင်ရချင်တယ်တဲ့။ မြန်မာ့ရွေးကောက်ပွဲသမိုင်းထဲမှာ ကိန်းဂဏန်းတွေ မှတ်လောက်သားလောက် ရှိတယ်။ NLD လောဘကြီးတယ်မထင်ပါနဲ့၊ ၁ဝ၂% အနိုင်ရခဲ့တာ တကယ်ရှိပါတယ်။

- ကျွန်တော် ၁၉၉ဝ ရွေးကောက်ပွဲကိန်းဂဏန်းတွေကို အလွတ်ရတယ်။ တနှစ်တခါ IPU မှာသွားပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံနေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြောင်း တင်ပြနေခဲ့ရလို့ပါ။ ထောင်ထဲမှာ ကျန်သေးသူတွေ၊ ထောင်ထဲမှာ သေသွားသူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ပြည်ပထွက်ရသူတွေကို အတိုး-အလျော့ ကိန်းဂဏန်း အတိအကျနဲ့ တင်ပြပါတယ်။
- ၁၉၉ဝ ရွေးကောက်ပွဲရလဒ်တွေကိုလဲ အလွတ်ရွတ်နိုင်ပါတယ်။ နိုင်ငံရေးပါတီပေါင်း ၂၃၅၊ ရွေးကောက်ပွဲဝင်တော့ ၉၇၊ အနည်းဆုံးတနေရာ အနိုင်ရတာက ၁ဝ ပါတီ။ ကိုယ့်ဖါသာဖျက်တာက ၁ဝ၂ ပါတီ၊ အစိုးရကနေ အပိတ်ခံရတာက ၃ ပါတီ၊ ရွေးကောက်ပွဲမှာ ၃ နေရာဝင်မပြိုင်လို့ ဖျက်ရတာက ၆ ပါတီ၊ ဝင်မပြိုင်လို့ ဖျက်ရတာက ၃၁ ပါတီ၊ အပြီးမှာ ကျန်နေတာက ၉၃ ပါတီ၊ ထပ်အဖျက်ခံရတာက ၈၃ ပါတီ၊ နောက်ဆုံးမှာ တရားဝင် ရပ်တည်နိုင်တော့တာက ၁ဝ ပါတီ။
- အနိုင်ရတာမှာ NLD က ၃၉၂ နေရာ၊ ဒုတိယလိုက်တာက SNLD ၂၃ နေရာ၊ တတိယက ALD ၁၁ နေရာ၊ NUP တစည က ၁ဝ နေရာ။ အမတ်နေရာ အနည်းဆုံး ၁ နေရာနိုင်တာက ၂၈ ပါတီ။
- ၂ဝ၁ဝ ရွေးကောက်ပွဲကို စာရင်းဇယားနဲ့တော့ မှတ်မထားပါ။ ၂ဝ၁၂ တော့သိတယ်။
- အမျိုးသားညီလာခံသမိုင်းစဉ်ကိုလဲ ရက်စွဲအတိအကျ မှတ်သားထားတယ်။ စတင်တဲ့နေ့စွဲ = ၉-၁-၁၉၉၆၊ ပြီးစီးတဲ့နေ့စွဲ = ၁၇-၁၂-၂ဝဝ၇၊ အချိန်ယူမှု = ၁၄ နှစ် ၁၁ လ၊ ၁၂ ရက်။
- အမျိုးသားညီလာခံလုပ်တဲ့ သမိုင်းစဉ်ကိုလဲ ရက်စွဲအတိအကျ မှတ်ထားပါတယ်။
- ရွေးကောက်ခံရတဲ့အမတ်တွေဟာ ဖွဲ့စည်းပုံအသစ်ရေးဘို့ တာဝန်ရှိသူတွေဖြစ်တယ်လို့ ၂၇-၇-၁၉၉ဝ မှာ (နဝတ) က ကြောညာခဲ့တယ်။
- တကယ်တန်း ဖွဲ့စည်းပုံရေးတဲ့အခါ အမျိုးသားညီလာခံအစပိုင်းမှာ အမတ်တွေဟာ ၁၅့၂၄% တက်ခဲ့ကြရပေမဲ့၊ နောက်ဆုံးညောင်နှစ်ပင်ညီလာခံမှာ ၁့၃၈% သာ ပါရတော့တယ်။
- ဖွဲ့စည်းပုံကို ဆန္ဒခံယူပွဲလုပ်တဲ့အခါ အင်မတန်ထူးခြားလှတဲ့ ကိန်းဂဏန်လဲမမေ့ပါ။
- ၁၅-၁၁-၂ဝ၁ဝ နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ တောင်ငူမဲဆန္ဒနယ်မြေမယ် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၄၆၄၆ ယောက်၊ ထောက်ခံမဲပေးသူပေါင်း ၇၁,၂၂၇ + ကြိုတင်မဲ ၄,၉၇၇ = ၇၆၂,ဝ၁၄၊ ရာနှုန်းအားဖြင့် ၁ဝ၂% ကနေ ထောက်ခံတယ်လို့ ပါခဲ့တယ်။
- ဆန္ဒခံယူပွဲမှာ ထောက်ခံမှု ၉၂့၄၈% ရှိတယ်ဆိုတာလေး မေ့နေတာကို ၂၇-၃-၂ဝ၁၄ နေ့က တပ်မတော်နေ့ (တော်လှန်ရေးနေ့) မိန်းခွန်းမှာ ပြန်ကြားလိုက်ရလို့ ကျေးဇူးတင်ပါတယ်။
- နာဂစ်မုန်တိုင်းမှာ လူပေါင်း ၁၃,၄ဝဝဝ ယောက် အသက်ဆုံးပါးခဲ့ရတယ်ဆိုတာ နောက်ဆုံးဂဏန်းဖြစ်တယ်။
- ကျွန်တော်မေ့နေတဲ့ ကိန်းဂဏန်းတခုရှိပါတယ်။ နာဂစ်မုန်တိုင်းမှာ သေဆုံးပျက်စီးမှုတွေကို အစိုးရ သတင်းစာတွေမှာ တိတိကျကျ ထုတ်ပြန်ပေးခဲ့တာမှာ လူတွေအပြင်၊ နွား၊ ကျွဲ၊ ဝက်၊ ကြက်၊ ဘဲသာမက ကွဲကျေခဲ့ရတဲ့ ဘဲဥအရေအတွက်လည်း သတင်းစာထဲမှာ တိတိကျကျပါခဲ့တယ်။ အဲဒါကို ကျွန်တော်မေ့နေတယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၄
နေ့ ၁၂ နာရီ၊ ၅၁ မိနစ်။

Just what I see ဖေ့စ်ဘွတ်ကနေ မြန်မာပြည်ကိုကြည့်မြင်ရခြင်း

- စင်ကို ပြင်ဆင်၊ မြင်မြင်သမျှ အနီရောင်လွင်ပြင်၊
- ဆိုင်ကယ် တက်တူးထိုး၊ ဟဲလ်မက် အနီရောင်ဆိုး၊
- ဆိုက်ကား အလံစိုက်၊ ခေါက်ခိုက်တဲ့ ပြည်သူများ၊
- လှေမှာ အောင်လံထူ၊ လူကို ခြယ်သ၊
- ကားကို အလှဆင်၊ တိုင်းပြည်ကို ပြင်ချင်သူများ။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၅

The performers အနုပညာ့ အစွမ်းဆိုတာ့

သတင်း Hein Zin Tun ၃ဝ/၉/၂ဝ၁၅ ရက်နေ့တွင် မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အနုပညာရှင်များဖြစ်ကြသော လူမင်း၊ လင်းလင်း၊ စောဖိုးခွား၊ အာဇာနည်၊ မောင်မောင်အေး၊ ရန်ရန်ချမ်း၊ အနဂ္ဂ၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ သံသာဝင်း၊ သျှီ၊ အိုင်းရင်းဇင်မာမြင့်၊ ကော်နီ၊ မီမီဝင်းဖေ၊ အိမ့်ချစ်၊ သီရိရှင်းသန့် တို့မှ မုံရွာမြို့အနှံ့ လှည့်လည်၍ စည်းရုံးလှုံ့ဆော် ဖြေဖျော်သွားပါမည်။ခွတ်ဒေါင်း ကြယ်ဖြူ အလံများ လွှင့်ထူးပြီး မြို့လုံးကျွတ်ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

NLD အတွက် စည်းရုံးရေးလုပ်နေကြတာက လူရွှင်တော်များနဲ့ အနုပညာရှင်များတဲ့။
လူကြမ်းမင်းသားများနဲ့ လူကြမ်းအစစ်များက ဘယ်ပါတီအတွက်လည်း မတွေ့သေး၊ မေးနေစရာလည်းမလိုပါ။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၅

Sunday, September 27, 2015

Ballot box အမှိုက်ပုံး နဲ့ မဲပုံး

Thi Ha ခုထိ ဖော်ရှိုးတွေလုပ်ပြနေတုန်းပဲ။ ဘပြောင် ဦးပိန်တံတား မလာခင် အမှိုက်ပုံးသစ်လေးတွေ လာထားတယ်။ ပြန်သွားရော ချက်ခြင်းကို ပြန်သိမ်းတော့တာပဲ။

ကျွန်တော်ထင်တာတော့ သမဝန်ကြီး ရှင် ၁ဝဝ လုပ်တုန်းက ပုလဲမြို့နယ်မှာ မွေ့တုံ၊ မင်းတိုင်ပင်၊ မင်းမ၊ အိုင်းမ။ မ လေးလုံးတဲ့။ ရွေးကောက်ပွဲ မဲစည်းရုံးတော့ နှောကံ၊ ကံရိုး၊ တုန်းကံ၊ ကံသုံးကံတဲ့။

အမှိုက်ပုံးအရောင်ကြည့်ရင် ယတြာမဟုတ်ဘူးလို့လည်း ပြောမရဘူးထင်တယ်။ သမတက အနီရောင်ပုံးထဲ အမှိုက်တစ ထည့်ပြတယ်။ လူထုက မဲပုံးထဲမှာ အနီမဲတွေ တလှကြီးထည့်ကြမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅
Photo-MDY Street Ko Phyo

Free ride အခမဲ့ဆိုက်ကား

ဘီးပေါက်တဲ့ကား၊ စက်ပျက်တဲ့ကား၊ ဗွက်နစ်တဲ့ကား၊ လယ်ကန်သင်းမှာ နောက်ဝန်ရိုးနဲ့တိုက်နေလို့ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ကား၊ အားလုံးကို စီးဘူးတယ်၊ မောင်းဘူးတယ်။ အကုန်ကြုံဘူးတယ်။

ဆိုက်ကား စီးဘူးတယ်။ အခုတော့ နင်းပို့ချင်တယ်။

အိန္ဒိယားမှာ ဆိုက်ကားနင်းသူက ခရီးသည်ရှေ့ကနေတာမျိုး မကြိုက်ပါ။ မြန်မာဆိုက်ကားလို့ ခရီးသွား ဦးစားပေးတာမျိုး ကြိုက်တယ်။ ဆိုက်ကား အလကားပို့ပေးမယ်ဆိုတာ ပိုပြီးစိတ်ဝင်စားတယ်။

ကျွန်တော့်ဘဝ အခမဲ့တွေနဲ့ အကျိုးပေးတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

Total Lunar Eclipse လမင်းကြီးပါ နီပါလိမ့်မယ်

မြန်မာပြည်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေ နွှဲနေကြတယ်။ အစိမ်းရောင်နဲ့ အနီရောင်တွေ အားပြိုင်နေကြတယ်။

ဒီမှာတော့ ခဏနေရင် လကြတ်မယ်။ ဒီတခါက အပြည့်အဝလကြပ်မှာဖြစ်တယ်။ ထူးခြားတယ်။ နေထိုးထားတဲ့ကမ္ဘာမြေကြီးအရိပ်က လပေါ်ကိုတည့်တည့်ကျမယ်။ အဲဒီအခိုက်အတန့်မှာ လင်းထင်းနေရမယ့်လက မှောင်သွားလိမ့်မယ်။ အပြည့်အဝ လကြပ်တာက လနဲ့ကမ္ဘာနဲ့အနီးဆုံး အကွာအဝေးဖြစ်တဲ့ မိုင်ပေါင်း ၂၂၂ဝဝဝ အကွာမှာဖြစ်မယ်။ အဝေးဆုံးမှာရှိတုံး မြင်ရတာထက် ၁၄% ပိုကြီးနေတာကို မြင်ရမယ်။ ၃၃% ပိုပြီး တောက်ပနေမယ်။

ကမ္ဘာကနေမြင်ရမယ့်အရောင်ကို Deep rusty red နီညိုရင့်ရောင်လို့လည်းတိတိကျကျဖေါ်ပြတယ်။ အပြာရောင်ကဲနေတဲ့ ကမ္ဘာ့ဝန်းကျင် အဒ်မော်စဖီယာကြောင့် အဲလိုအရောင်ကိုဖြစ်စေတာပါ။ Brick-coloured အုတ်နီခဲရောင်၊ Blood red သွေးနီရောင်လို့ ခေါ်ကြတယ်။

ဒီနှစ်ထဲမှာ လကြတ်တာ ၄-၄-၂ဝ၁၅ တုံးကလည်း တခါဖြစ်ခဲ့ပါသေးတယ်။ နောက်ဆုံးဖြစ်ခဲ့တာက ၁၉၂၈ ခုနှစ်ကဖြစ်ပြီး နောက် ၂ဝ၃၃ မှာ တခါထပ်ဖြစ်ပါမယ်လို့ NASA နာဆာက ဟောကိန်း ထုတ်ထားပါတယ်။

လကြတ်တာမှာ အင်္ဂါလေးရပ်ရှိတယ်။ (၁) လပြည့်နေမယ်။ (၂) ကမ္ဘာနဲ့အနီးဆုံးဖြစ်မယ်။ အကြီးဆုံးမြင်ရလို့ ဆူပါမွန်းလို့ ခေါ်တယ်။ (၃) ကမ္ဘာ့အရိပ်က လပေါ်တည့်တည့်ကျနေမယ်။ (၄) ကမ္ဘာကြီးမှာ နေရောင်ရော လရောင်ပါ တပြိုင်တည်းမှာ ရနေပါမယ်။

လ လုံးဝကြတ်မဲ့အချိန်
ယူအက်စ် အရှေ့ပိုင်း ၂၇-၉-၂ဝ၁၅ ရက်နေ့ ည ၉ နာရီ ၇ မိနစ် ကနေစမယ်။ ၁ဝ နာရီ ၁၁ မိနစ်မှာ ကမ္ဘာ့အရိပ် လုံးဝ ကျရောက်မှာဖြစ်လို့ လအရောင်က သွေးလိုနီရဲလာပါမယ်။ ၁၁ နာရီ ၂၃ မိနစ်အထိ အဲလိုရှိနေမယ်။ ၁၂ နာရီ ၂၇ မိနစ်မှာ အဆုံးသတ်သွားပါမယ်။

နယူးဒေလီ Penumbral Lunar Eclipse
စမည့်အချိန် = တနင်္လာနေ့ ၂၈-၉-၂ဝ၁၅ နံနက် ၅ နာရီ ၄၁ မိနစ်
အများဆုံးအချိန် = တနင်္လာနေ့ ၂၈-၉-၂ဝ၁၅ နံနက် ၆ နာရီ ၅ မိန်စ
ပြီးဆုံးချိန် = တနင်္လာနေ့ ၂၈-၉-၂ဝ၁၅ နံနက် ၁ဝ နာရီ ၅၂ မိနစ်
ကြာချိန် = ၅ နာရီ ၁၁ မိနစ်

မြန်မာနိုင်ငံက ယူအက်စ် အရှေ့ပိုင်းစံတော်ချိန်ထက် ၁ဝ နာရီခွဲစောတယ်။ နယူးဒေလီထ့် ၁ နာရီတိတိစောတယ်။ ဒါပေမယ့် အချိန်တူမှာ တပြိုင်တည်းမြင်ကြရတာမျိုးမဟုတ်ပါ။ မြန်မာနိုင်ငံအတွက် ၉-၃-၂ဝ၁၆ နေ့ အတွက်သာ တွေ့ပါသေးတယ်။ ဆောရီး။

နေနဲ့လနဲ့ နှစ်ပါးဆိုင် အနိုင်ရမည် အနီရောင်ပါတီ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း

၁။ မင်္ဂလာပါဆရာ မိခင်နို့အပြည့်အဝတိုက်ရင် သားဆက်ခြားနည်းတစ်ခုခုသုံးစရာလိုပါသလား ဆရာ။
၂။ ဆရာ သမီးက ကလေးမွေးထားတာ ၄၇ ရက်ရှိပါပြီ။ ခုထိရာသီမလာသေးပါဘူး။ ဘယ်တော့မှလာတတ်ပါသလဲ။
ပြီး ဆေးက နို့တိုက်မိခင်သောက်တဲ့တားဆေးရှိတယ်ပြောကျပါတယ် ဆရာဆေးနာမည်ဘေးညွန်ပေးပါနော် ကလေးမရခင်တော့ မာဗလွန် ၂၈ သောက်ခဲ့ပါတယ်။ သမီးနဲ့လည်းတည့်ပါတယ်။ နို့တိုက်မိခင်သောက် တားဆေးလေးပြောပေးပါရှင့်။
၃။ ဆရာရှင့် ကလေးမွေးပြီးကတည်းက သားဆက်ခြားတဲ့အနေဖြင့် သုံးလခံဆေးထိုးထားပါတယ်ဆရာ။ သုံးချောင်း ထိုးဖူးပါတယ်ဆရာ။ ကလေး ၁ နှစ်ကျော်တော့ marvelon 28 ဆက်သောက်ပါတယ်။ ခုကလေး ၁ နှစ်နဲ့ ၁ဝ လရှိပါပြီ။ နို့လဲမဖြတ်ရသေးပါဘူး။ ခုသမီးတားဆေးဖြတ်လိုက်ပါပြီဆရာ။ အဲ့ဒါနောက်ကလေး ထပ်ယူရင် ကိုယ်ဝန်ချက်ချင်း ကပ်နိုင်လားဆရာ နို့တိုက်တဲ့အချိန် တားဆေးစားရင် နို့ထွက်နဲစေတာလား ကလေးကိုရောဆိုးကျိုးပေးနိုင်ပါသလားဆရာ။ သမီး OG က နို့တိုက်နေရင် တားဆေးလုံးဝ မစားရဘူးလို့ပြောလို့ပါ။ ဆရာ့ဆောင်းပါးထဲမှာ ဟော်မုန်း ၁ မျိုးထဲပါတာ စားရင်တော့ ရတယ်လို့ရေးထားတာတွေ့လို့ပါ။ ခုတားဆေးဖြတ်လိုက်တော့ ရာသီလဲမမှန်ပါဘူးဆရာ။ အရင်လိုရာသီ လစဉ်ပြန်မှန်အောင် ဘာလုပ်ရမလဲဆရာ။

ကိုယ်ဝန်ဆောင်တာ ၁၆ ပတ်ရှိရင် နို့တွေကနေ နို့ရည်ထွက်နိုင်ခြေရှိလာပြီ။ အရွယ်အစား ကြီးထွားလာလို့ပါ။ ဒါပေမဲ့ အချင်းကနေ ထုတ်ပေးနေတဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) ဟော်မုန်းတွေကြောင့် နို့ထွက်အောင်လုပ်ပေးသေး၊ ဦးနောက်မှာရှိတဲ့ (ပစ်ကျူထရီ ဂလင်း) ကနေ နို့ထွက်ဟော်မုန်းကို ထွက်မလာအောင် တားထားသေးတယ်။

ကလေးဖွါးပြီး အချင်းကျတာနဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေ နည်းလာပြီး ပြောခဲ့တဲ့ နို့ထွက်ဟော်မုန်း (ပရိုလက်တင်) ထွက်လာပြီးသကာလ နို့တွေကနေ နို့ရည်တွေ ထွက်တော့မယ်။ တခုရှိပြန်တာက ကလေးကို နို့မတိုက်ရင်တော့ အဲလို မဖြစ်တော့ ပြန်ဘူး။ ကလေးက နို့ကို စို့ (စုပ်) တာကနေ နိုးဆွပေးတဲ့သဘော သက်ရောက်တယ်။

ကလေးမီးဖွါးပြီး ရာသီပြန်လာတာ မတူကြပါ။ ကလေး တလခွဲရှိတဲ့အထိ တားဆေးမသုံးဘဲလဲ နေနိုင်တယ်။ ကလေးနို့ဖြတ်ပြီးရင် ကြိုက်တဲ့နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာသုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေး ရဘို့ ဝေးတတ်တယ်။ ရာသီမဆင်း၊ ကလေးမရတာမျိုး ဖြစ်တယ်။ ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာ များတယ်။ ၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။

ကိုယ်ဝန်တားဆေးတွေက နာမည်အမျိုးမျိုးနဲ့ လာတယ်။ အမျိုးသမီး အမျိုးမျိုးကို သက်ရောက်စေတာကလဲ အမျိုးမျိုး ရှိနိုင်တယ်။ ကိုယ်ဝန်တား စားဆေးတွေထဲမှာ အများဆုံး သုံးနေကြတာက ဟော်မုန်း ၂ မျိုးတွဲ၊ တနေ့တလုံး စားရတဲ့ ဆေးမျိုး ဖြစ်တယ်။ ဟော်မုန်းတွေဆိုတာ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေဖြစ်တယ်။ ကလေး နို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့ (အီစထိုဂျင်) က နို့ထွက်နည်းစေမယ်။

ကလေး နို့တိုက်တုံးသုံးနိုင်တဲ့ ကိုယ်ဝန်တားဆေးများ
၁။ Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။
၂။ Progestin-only pill (POP) တမျိုးထဲပါတဲ့ တားဆေးမျိုးက ပိုအဆင်ပြေတယ်။ ဒီဆေးမျိုးကို Mini pill လို့လဲ ခေါ်တယ်။ တားဆေးထဲက ဟော်မုန်းဟာ မိခင်နို့ရည်ထဲ မရောက်နိုင်လို့ ကလေးကိုဒုက္ခမပေးပါ။ ဟော်မုန်း ၂ မျိုးပါအမျိုးအစားထက် ကိုယ်ဝန်တားရာမှာ ထိရောက်မှု ရာနှုန်းနည်းတယ်။ ဆေးကိုနေ့တိုင်းမှန်မှန်နဲ့ အချိန်လဲမှန်မှန်သောက်ဘို့ သတိကြီးရမယ်။ ဆေးနာမည်တွေက Exluton, Micronor, Nor-QD နဲ့ Ovrette တွေဖြစ်တယ်။
၃။ Progestin-only implants အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant and Jadelle (Norplant II), Implanon, Sino-implant (II) (Zarin, Femplant and Trust), Nexplanon တွေကို သုံးနိုင်တယ်။
၎။ Barrier methods အဖုံး-အကာ-အစွပ်နည်းတွေထဲက Condom (ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။ Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာ အရွယ်အစား ရင်စားပြန်မရသေးလို့ အနေမတော် ဖြစ်နိုင်တယ်။
၅။ Intrauterine system (IUS), IUD with progestogen, IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။
၆။ Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ ဘာဟော်မုန်းမှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။

Vaginal rings သန္ဓေတား သားရေကွင်း ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။ Contraceptive patch = Transdermal patch (Evra, Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။

Dr. တင့်ဆွေ

Motorbike Décor ဆိုင်ကယ်နဲ့ ကယ်မယ်

တရက်နှစ်ရက်အတွင်း ဆိုင်ကယ်ရူးရူးနေတဲ့နှစ်ယောက်ကို ဖေ့စ်ဘွတ်ကပြောပြတယ်။ ဒေလီနေသူက ကျွန်တော့်ရုံးမှာ အလုပ်လုပ်ခဲ့သူ။ မုံရွာသားက ကျွန်တော့်တူအရင်း။

ဟိုအရင်က ရှေးဗမာယောက်ျားမှန်ရင် ထိုးကွင်းမင်ကြောင်ထိုးကြရတယ်။ ခုခေတ်မှာ ဘာလူမျိုးဖြစ်ဖြစ်၊ ယောက်ျားမိန်းမ တက်တူးထိုးကြတယ်။ ဗမာကြီးတွေက သတ္တိအလွန်ကောင်းကြတယ်။ အလွန်ကိုနာမယ်။ ထိုးပြီးလည်း မပျောက်တော့လို့ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုးဆိုပြီး၊ ပြင်လို့မရတော့တာကို စာဆိုထားတယ်။

ခုခေတ်မှာ တက်တူးက ထိုးထားပြီးပြင်လို့ရတယ်။ သိပ်လည်းမနာပါ။ နည်းပညာ ပိုကောင်းတာမှန်ပေမယ့် ရောဂါ ရတတ်တယ်။ သွေးကတဆင့်ကူးစက်တဲ့ အသည်းရောင် စီ နဲ့ HIV ကို ကူးစက်လာနိုင်တယ်။

နောက်ခေတ်ပေါ်ရောဂါတခုက Motorbike Decorations မော်တော်ဆိုင်ကယ်ကို အလှဆင်တာဖြစ်တယ်။ Tattoo sticker ဆိုင်ကယ်ကို တက်တူးထိုးတာလို့လည်းခေါ်တယ်။ မြန်မာပြည်မှာနောက်ဆုံးပေါ်က ဆိုင်ကယ်ကို ရွေးကောက်ပွဲ ကင့်ပိန်းအတွက် အလှဆင်ကြတာဖြစ်တယ်။ အဲတာလည်းကူးစက်တယ်။ ကျွန်တော်က ဆရာဝန်ပေမယ့် အဲလိုရောဂါကို ပြန့်ပွါးစေချင်တယ်။

အဲတာမျိုးကို ဆိုင်ကယ်နဲ့ ကယ်ချင်သူတွေက လုပ်ကြတာပါ။ ကော်မရှင် အမြင်ကပ်ပေမယ့် ဘာမှမတတ်နိုင်ဘူး။ ဆိုင်ကယ်တက်တူးက ဖျောက်လည်း မပျောက်ပါ။ မျက်စိနဲ့မမြင်ရလည်း ပါမင့်နင့်ဖြစ်တယ်။ နောင်ပြင်ရန်ခက်သည့်အမျိုး (အာဏာရှင်စနစ်ဆိုး) ကို ပြင်ချင်ကြသူတွေက လုပ်နေကြပြီ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

The difference လူနဲ့ တိရစ္ဆာန်

- ဝါဝါမြင်တိုင်း ရွှေမဟုတ်
- အနီမြင်တိုင်း NLD မဟုတ်
- အစိမ်းမြင်တိုင်း သဘာဝပတ်ဝန်းကျင်မဟုတ်
- ကေသရာဇာ လူကိုမအုပ်ချုပ်

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

Minywa မင်းရွာ

ဆရာရေ့ သမဝန်ကြီး ယ္ခင် ရှင် ၁ဝဝ လုပ်တုန်းကလည်း ပုလဲမြို့နယ် မွေ့တုံ၊ မင်းတိုင်ပင်၊ မင်းမ၊ အိုင်းမ။ မ လေးလုံး။ ဒီနေ့လည်း အောင်နိုင်ရေးကို ကျော်ဆန်းခရီးစဉ်အစ နှောကံ၊ ကံရိုး၊ တုန်းကံ၊ ကံသုံးကံအရူးထပြီး ဆိုင်ကယ်တန်း ကားတန်းနဲ့ ထွက်သွားကြတယ်။

အေ့း့ တို့စည်းရုံးရေးကတော့ ဆရာတော်ကြီးတွေ မေတ္တာပို့သလို အရပ်လေးမျက်နှာ၊ ဆယ်မျက်နှာ၊ ဝန်းကျင် စကြာဝဠာ အကုန်ပါတယ်။ သုခိတ၊ ဒုက္ခိတ အကုန်ပါတယ်။

ဆရာ ဓါတ်ပုံထဲမှာ ညာဘက်က မင်းရွာက ဒေါ့့် ရဲ့အမျိုးသား ဦ့း့ ပါ။ ဦ့း့သား ဦ့း့၊ ဦ့း့ ပုလဲ၊ ကို့ ရုံးထိုင်ပေးကြပါတယ်။ သတိရနေကြပါတယ်။ ဆရာ့အကြောင်းပြောရင်း ဓာတ်ပုံပို့ပေးပါပြောလို့ ပို့ပေးလိုက်ထာပါ။ ဆရာတို့မိသားစုကျန်းမာပါစေ။ ဦ့း့ ဒေါ့့် ရဲ့တူ မောင့့် ပါဆရာ။

အားလုံးက အမျိုးတွေချည်းပဲ။ ဟိုနေ့က မင်းတိုင်ပင် အမေ့ရွာ။ အခုဟာက အဖေ့ရွာ ကျွန်တော့်ရွာ မင်းရွာ။ မင်းပြောင်းမင်းလွှဲ လုပ်ရာမှာပါတဲ့ရွာ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

Breakfast news တိုက်ပုံ

မနက်စောစော ပြောရအုံးမယ်။ သူငယ်ချင်းဆရာဝန် အလွန်ရင်းနှီးတယ်။ မန္တလေးကနေ လှမ်းပြီးဖုန်းဆက်တယ်။
ဟေ့ကောင့့် ငါ မင့်ဘို့ လက်ဆောင်လေး လူကြုံနဲ့ ပေးလိုက်တယ်။
ဟာ့ ဘာလည်းကွ။ ငါကြိုက်တာ ဟုတ်ရဲ့လား။
တိုက်ပုံတထည်ပါကွာ။ NLD တိုက်ပုံ။
အော့့် ငါလည်း ရချင်နေတာနဲ့အတော်ပဲကွ။ ငါက NLD အထိမ်းအမှတ်ပစ္စည်းလေးတခုလောက် မှာရမလား စဉ်းစားနေတာ။
မင့်သမီးကလည်း ၂ဝ၁၅ ပြက္ခဒိန်ကို လှမ်းပို့သေးတယ်လေကွာ။ အဲတာလည်း NLD ကထုတ်တာပဲ။ ၁၁-၁-၂ဝ၁၅ နေ့က ငါတောင် ဖေ့စ်ဘွတ်မှာ တင်လိုက်သေး။
မန္တလေးကနေဝယ်ယူ။ စင်္ကာပူကိုသယ်လာ၊  ရန်ကုန်မှာရိုက်တဲ့ ကလင်ဒါ၊ စေတနာမေတ္တာနဲ့ အင်ဒီယာနာကိုပို့ပေး၊ သမီးလေး ကျေးဇူးတင်တယ်။
၂ဝ၁၅ ကို အဲလိုဖွင့်ထားတော့ တနှစ်လုံးတွက်တာ နိမိတ်ပေါ့ကွာ။ သူတို့မိသားစုက NLD ထဲမှာ ကျွန်တော်လို ထဲထဲဝင်ဝင် ဝင်လုပ်နေတာမဟုတ်ကြပါ။ အခုချိန်မှာ အဲလိုလူတွေ အများကြီးလိုနေတယ်။ တပြည်လုံးမှာရှိပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

Saturday, September 26, 2015

Bile အစိမ်းရောင်သည် အလွန်ခါး၏

Pyue Lay = ကျွန်တော့် အဖေရွာ မင်းတိုင်ပင်ကတော့ ကျွန်တော်ဘောင်းဘီအတို အစိမ်းရောင် ဝတ်တာလေးကို ရွာကလူတွေက ဘာလို့ အစိမ်းရောင်ဝတ်တာလဲလို့ ပြောလိုက်ကြတာ။ အဲလောက်ထိအောင် အစိမ်းရောင် မုန်းနေကြတာ တွေးတာကြည့်ကြပေါ့ဗျာ။

ကာလံဒေသံ အဂ္ဃံ ဓနံ၊ ကာလနဲ့ ဒေသ ရွေးတတ်ရမယ်လို့ ဆုံးမစကားရှိတယ်။

ဖဆပလခေတ် နောက်ဆုံးရွေးကောက်ပွဲကို ငယ်ငယ်က မျက်မြင်သက်သေဖြစ်ခဲ့ရဘူတယ်။ ငယ်တော့ မှတ်မိတာဆိုလို့ အရောင်တွေပါပဲ။ အဝါရောင်နဲ့ အနီရောင်က အဓိကများတယ်။ ကြားထဲမှာ အပြာရောင်။ တသီးပုဂ္ဂလကို အစိမ်းရောင် ပေးထားတယ်။ အဲဒီုံက ဦးနုက ဘာသာရေးကို မဲဆွယ်ရေးလက်နက်အဖြစ်သုံးခဲ့တယ်။ ဘုန်ကြီးတွေရဲ့ သင်္ကန်းအရောင်နဲ့ သန့်ရှင်း ဖဆပလနဲ့ အဝါနုရောင်ကလည်း ဆင်နေသေးတယ်။ အနီရောင် တည်မြဲ ဖဆပလ ကို စစ်တပ်ကအားပေးတယ်။

၂ဝ၁၅ ရွေးကောက်ပွဲနဲ့ယှဉ်ကြည့်ရင် ထူးခြားတိုက်ဆိုင်မှုလို့ ပြောရမှာရှိတယ်။ အရင် စစ်တပ်ကအားပေးခဲ့တဲ့အနီရောင်က အခုတော့ NLD ရဲ့အရောင်ဖြစ်လာတယ်။ အစိမ်းရောင်ယူထားတဲ့ ပြည်ခိုင်ဖြိုးကို ဘုန်းကြီးတစိတ်တပိုင်းက ပြောင်ပြောင် တင်းတင်း ထောက်ခံအားပေးနေတယ်။

ခုနေမှာ အရောင်မြင်တာနဲ့ ဘာလည်းလို့သိနေကြပြီ။ တမင်တကာ ရွေးဝတ်ကြသူတွေက အကြောင်းမဟုတ်ပါ။ မင်းတိုင်ပင်သားလို အမှတ်မဲ့ဝတ်မိရင် အထင်မှားခံရနိုင်တယ်။

ကျွန်တော်က ဆရာဝန်ဆိုတော့ အရောင်ကိုကြည့်လေ့ရှိတယ်။ လူနာကို မစမ်းခင်မှာ မျက်စိနဲ့အရင်ကြည့်ရတယ်။ ဖျော့တော့နေရင် သွေးအားလည်းနေနိုင်တယ်။ ကျွန်တော့်ကိုယ်ပိုင် သုတေသနတခုရှိတယ်။ အသည်းရောင်အသားဝါ ဖြစ်နေသူတွေ ၅ ယောက်လာရင် ၃ ယောက်က အဝါရောင်ဝတ်လာလေ့ရှိတယ်။

ဆရာဝန်အမြင်မှာတော့ အနီရောင်ဝတ်ထားရင် သွေးအားကောင်းတယ်။ အစိမ်းရောင်ဆိုတာ သည်းခြေရည်အရောင် ဖြစ်တယ်။ အလွန်ကို ခါးတယ်။ နာကျည်းးခါးသီးစရာတွေကလည်း တပုံတပင်ရှိတာကိုး။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

Super Blood Moon လမင်းကြီးပါ နီလိမ့်မယ်

မြန်မာပြည်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေ နွှဲနေကြတယ်။ အစိမ်းရောင်နဲ့ အနီရောင်တွေ ပြိုင်နေကြတယ်။

နက်ဖြန် လကြတ်မယ်။ ကမ္ဘာမြေကြီးအရိပ်က လပေါ်ကိုတည့်တည့်ကျမယ်။ လနဲ့ ကမ္ဘာ အနီးဆုံးအကွာအဝေးဖြစ်တဲ့ မိုင်ပေါင်း ၂၂၂ဝဝဝ အကွာမှာဖြစ်မယ်။ အဝေးဆုံးမှာရှိတုံး မြင်ရတာထက် ၁၄% ပိုကြီးနေတာကို မြင်ရမယ်။ ၃၃% ပိုပြီး တောက်ပနေမယ်။

ကမ္ဘာကနေမြင်ရမယ့်အရောင်ကို Deep rusty red နီညိုရင့်ရောင်လို့လည်းတိတိကျကျဖေါ်ပြတယ်။ အပြာရောင်ကဲနေတဲ့ ကမ္ဘာ့ဝန်းကျင် အဒ်မော်စဖီယာကြောင့် အဲလိုအရောင်ကိုဖြစ်စေတာပါ။ Brick-coloured အုတ်နီခဲရောင်၊ Blood red သွေးနီရောင်လို့ ခေါ်ကြတယ်။

ဒီနှစ်ထဲမှာ လကြတ်တာ ၄-၄-၂ဝ၁၅ တုံးကလည်း တခါဖြစ်ခဲ့ပါသေးတယ်။ လာမယ့်တနင်္ဂနွေ ည ယူအက်စ် အရှေ့ပိုင်း စံတော်ချိန် ည ၉ နာရီ ၇ မိနစ် ကနေစမယ်။ ၁ဝ နာရီ ၁၁ မိနစ်မှာ ကမ္ဘာ့အရိပ်လုံးဝကျရောက်မှာဖြစ်လို့ လအရောင်က သွေးလိုနီရဲလာပါမယ်။ ၁၁ နာရီ ၂၃ မိနစ်အထိ အဲလိုရှိနေမယ်။ ၁၂ နာရီ ၂၇ မိနစ်မှာ အဆုံးသတ်သွားပါမယ်။ ယူအက်စ် အရှေ့ပိုင်းစံတော်ချိန် ထက် ရန်ကုန်အချိန်က ၁ဝ နာရီခွဲစောတယ်။

နောက်ဆုံးဖြစ်ခဲ့တာက ၁၉၂၈ ခုနှစ်ကဖြစ်ပြီး နောက် ၂ဝ၃၃ မှာ တခါထပ်ဖြစ်ပါမယ်လို့ NASA နာဆာက ဟောကိန်း ထုတ်ထားပါတယ်။

လကြတ်တာမှာ အင်္ဂါလေးရပ်ရှိတယ်။ (၁) လပြည့်နေမယ်။ (၂) ကမ္ဘာနဲ့အနီးဆုံးဖြစ်မယ်။ အကြီးဆုံးမြင်ရလို့ ဆူပါမွန်းလို့ ခေါ်တယ်။ (၃) ကမ္ဘာ့အရိပ်က လပေါ်တည့်တည့်ကျနေမယ်။ (၄) ကမ္ဘာကြီးမှာ နေရောင်ရော လရောင်ပါ တပြိုင်တည်းမှာ ရနေပါမယ်။

နေနဲ့လနဲ့ နှစ်ပါးဆိုင် သွေးနီပါတီ နိုင်ပါစေသား။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၅

Benevolent vote please စေတနာမဲ

နေ့တိုင်းလိုလိုတွေ့ရတဲ့ မရိုးနိုင်တဲ့ ပို့စ်လေးတွေရှိတယ်။ ဥပမာလေး နှစ်ခုပေးပါရစေ။ လူချင်းတော့မသိပါ။

ယနေ့ ရောင်ခြည်သစ်ကုသိုလ် ဖြစ်အခမဲ့ဆေးကုခန်းတွင် အထွေထွေရောဂါဝေဒနာရှင်လူနာ (့) ဦးအခမဲ့ ဆေးကုသပေးပါသည်။ (ဒေါက်တာထက်အောင်ကျော်)

မန္တလေးမှာ ဆရာဝန်တွေက ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်းစတာတွေမှာ ကုသိုလ်ဖြစ် အသည်းရောင် ဘီ ကာကွယ်ဆေးထိုးတာ စသဖြင့် လုပ်ပေးနေကြတယ်။ (ဒေါက်တာလှလှမြင့်)

ကျွန်တော့်ဆီကိုလည်း ကျန်းမာရေးမေးသူတွေက နာရီတိုင်းမှာရှိနေတယ်။

ဘယ်အစိုးရတက်တက်ဆိုတာ လူနာလာတာနဲ့ စေတနာမှာသာ မှန်ကန်တဲ့စကားဖြစ်ပါတယ်။ လာမဲ့ရွေးကော်က်ပွဲမှာ စေတနာမဲတွေသာ ပေးကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Fishing net ကွန်မပစ်ဘဲမိတဲ့ငါး

Lunar Eclipse လမင်းကြီးပါ နီလိမ့်မယ်ထဲမှာ ငါးစင်ရိုင်း ၃ ကောင်မိတယ်။ အရှင်လတ်လတ် လွှတ်ပေးလိုက်ပါတယ်။ နောက်တခါတော့ မလာစေနဲ့ပေါ့ ဘလော့ခ်။

၁။ Tinko Min သြော် လ ကြပ်တာက ဒေါင်းကို ကိုယ်စားပြုတာတဲ့လား မသိလို့ပါ ကိုတွေကတောသားပါ
၂။ Soe Moe ကျနော့်အထင်ပေါ့လေလကြတ်တာနဲ့ နေရာလုပွဲဘာမှမဆိုင်သလိုဘဲနော်ဟီးဟီးးးးးးးး
၃။ Yan Naing ဘာမှမဆိုင်

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Extraordinary EC အဘိဇ္ဈာတာ + သူရ ဘွဲ့ရ ကော်မရှင်

- ကိုယ့်ပါတီကလူကို ပယ်ချရဲတဲ့သတ္တိ ကော်မရှင်မှာမရှိ။
-  သေဆုံးသွားသူတွေဆီကမဲ ယူရဲတဲ့သတ္တိ ကော်မရှင်မှာရှိ။
 - လမ်းကိုနာမည်ပေးထားလည်း မဲပေးခွင့်ပေးသနားတယ်။
- သက်ရှိငုတ်တုတ်ကိုတော့ ကော်မရှင်က အဖက်မလုပ်။
- ဦး ကို ဒေါ် လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲ မြန်မာပြည်တခုတည်းမှာပဲရှိတယ်။
- နိုင်ငံရေးပါတီတခုကို မဲမပေးဘို့ တိုက်ခိုက်တာကို အသဲခိုက်နေတာလည်း ကောက်မရှင်ပဲ။
- သံသရာလွတ်ရေး ဟောပြပေးရမယ့်အစား ကျွန်ဘဝမှာဆက်နေရေးအားပေးနေတာ မြန်မာပြည်မှာပဲရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Kuki ကူကီး

တိုင်းရင်းသားလူမျိုးစုအတွေ အတော်စုံစုံလင်လင်နဲ့ ခင်ခင်မင်မင်နေခဲ့ရတာ နှစ်အစိတ်လောက်ရှိသွားပြီ။ တရပ်ထဲမှာ အတူနေရတာမျိုး မဟုတ်ပါ။ သေကောင်ပေါင်းလဲအခြေအနေမျိုးမှာလည်း အတူတူနေခဲ့ရတာပါ။

မြန်မာပြည်ထဲတုံးက ကူကီးအတွေ့အကြုံရယ်လို့ ၁၉၈၅ ခုနှစ် စစ်ကိုင်းတိုင်း မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲကို ပုလဲကနေ သွားကစားခဲ့ရတုံးက တမူးမြို့မှာ ကူကီးလူမျိုးရယ်လို့ စတွေ့ခဲ့တာပါ။ ကူကီးလူမျိုးတွေက မြန်မာပြည်ဖက်မှာ ကဘော်ချိုင့်ဝှမ်းမှာနေကြတယ်။ အိန္ဒိယဖက်မှာ ပိုများတယ်။

ကျွန်တော် ၁၉၉ဝ အကုန်မှာ အိန္ဒိယကိုထွက်လာရတယ်။ ထွက်လာရတာကနိုင်ငံရေးမို့ နိုင်ငံရေး အင်အားစုတွေအကုန်နဲ့ ဆက်ဆံပေါင်းသင်းရတော့ ကူကီးလည်းပါတယ်။ သူတို့မှာ လက်နက်ကိုင်အဖွဲ့ရှိတယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင် လှုတ်ရှားကြတယ်။ နာဂတွေနဲ့ နယ်မြေအငြင်းပွါးရာကနေ တိုက်ကြခိုက်ကြတယ်။ ကျွန်တော်တို့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ဘယ်အဖွဲ့နဲ့ဖြစ်ဖြစ် အဆင်ပြေကြပါတယ်။ မဏိပူပြည်နယ်က ကူကီးအမတ်နဲ့လည်း ခဏခဏတွေ့ဖြစ်ပါတယ်။

ကျွန်တော် ဒေလီကနေ မိုးရေးကို ပဌမဆုံးသွားတော့ ကူကီးလွှမ်းမိုးထားချိန်ဖြစ်တယ်။ အရင်တခေါက်ရောက်ဘူးခဲ့တဲ့ မိုးရေးနဲ့မတူတော့ဘူး။ ကျွန်တော့်အသက်အန္တရာယ်လုံခြုံရေးကို ကျောင်းသားအဖွဲ့ကနေ ကူညီတယ်။ ကူကီးအဖွဲ့ ခေါင်းဆောင်က ညနေစာကျွေးတယ်။ လိုသုံးလိုမယ် အတိုလေးတလက်ပါ ပေးထားသေးတယ်။

နောက်လေးနှစ်နေတော့ ကျွန်တော့်မိသားစုကို မိုးရေးလမ်းကနေ ခေါ်ယူပါတယ်။ ကျွန်တော်က မိုးရေးအထိမဆင်းသေးပဲ သူတို့ မဏိပူမြို့တော် အင်ဖါးအထိရောက်မှသာ ဒေလီကနေဆင်းသွားတယ်။ နယ်စပ်ကို ကျွန်တော်ရောက်တာနဲ့ သတင်းပေးတွေက တဖက်ကမ်းကိုသတင်းပို့တာ သိတယ်။

မိသားစုတွေ မိုးလေးရောက်တော့လည်း ကျောင်းသားအဖွဲ့ကနေ ကူညီစောင့်ရှောက်ပါတယ်။ ကျောင်းသားတာဝန်ခံကနေ အန်တီ့ ဘာမှမပူနဲ့ လုံခြုံရေးစိတ်ချ။ ကျွန်တော်တို့ရှိတယ်။ အားပေးကောင်းတယ်။ မနက်လင်းတော့ အိမ်ရှေ့မှာ ချထားတဲ့ သစ်သားပုံကြီးက မရှိတော့ဘူးတဲ့။ တာဝန်ယူစကားပြောခဲ့တဲ့ ကျောင်းသားခေါင်းဆောင် မျက်နှာပူပါလေရော။ သူတို့က ဗမာစစ်သားနဲ့ သူပုန်သူကန်သာ သတိရှိပြီး သူခိုးကိုမေ့ထားကြတာကိုး။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅
Photo of Moreh

High flying campaign မြင့်-တည်-တံ့

ဆရာဝန်မိတ်ဆွေ ဒေါက်တာလွဏ်းဆွေကရေးတယ်။ သူက NLD ဖက်က မဟုတ်ပါ။ မီဒီယာသမားပါ။

Lun Swe အဆင့်မြင့်မြင့် တည်တည်တံ့တံ့
ဘယ်ရွေးကောက်ပွဲမှာမဆို ဂုဏ်သိက္ခာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်သူဘယ်ဝါ ပြောတာကို မယုံကြဖို့၊ ဘယ်အဖွဲ့ ဘယ်ပုဂ္ဂိုလ်ကိုတော့ မဲမပေးကြနဲ့လို့ ကိုယ့်ကိုယ်ကိုယ် အဆင့်ချပြီး ဟောပြောစည်းရုံးတာမျိုး မလုပ်သင့်ဘဲ ကိုယ်တိုင် ဘာလုပ်ပေးနိုင်မယ်။ ကိုယ့်ပါတီအနေနဲ့ ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုသာ လူထု နားလည်လက်ခံအောင် အဆင့်မြင့်မြင့် တည်တည်တံ့တံ့ စည်းရုံးပြောဆိုသင့်တယ်လို့ ထင်ပါတယ်။

Tint Swe အဆင့်အမြင့်ဆုံးကတော့ ကာချုပ် တပ်မတော် ဟတ်စကီနဲ့ဆင်းနေတဲ့ စည်းရုံးရေးပါပဲဗျာ။ ခုထိ နှစ်ခေါက်ရှိပြီ။ ရာထူးကလည်း မြင့်ပ၊ စစ်အာဏာရှင်စနစ်ကလည်း တည်မြဲပ၊ သူများကို တန့်အောင်လည်း စွမ်းဆောင်နိုင်ပ။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Naga shawl နာဂလက်ဆောင်

ဒေါ်စုကိုခြုံပေးနေတာက နာဂခြုံတည်ဖြစ်ပါတယ်။ အိန္ဒိယမှာနေခဲ့တုံးက လူမျိုးစုံနဲ့ မိတ်ဆွေတွေဖြစ်ခဲ့ပါတယ်။ နာဂနဲ့ ကူကီး တိုက်နေတုံးကာလတွေမှာ နာဂတွေပေးတဲ့ အဲလိုလက်ဆောင်မျိုးကို ကူကီးနယ်ထဲ သယ်မသွားရဲဘူး။ ကူကီးကပေးတာကိုလည်း နာဂနယ်ထဲ မသုံးရဲဘူး။

ကျွန်တော်တို့တတွေ ပြည်ပနဲ့ နယ်စပ်မှာနေခဲ့တုံးက သူပုန်လို့ခေါ်တဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ အများကြီး။ တခုကမှ ဒုက္ခမပေးခဲ့ကြပါ။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၅

Naga people ဟုမ္မလင်းမြို့ကနေကြိုဆိုကြတဲ့ မြန်မာနာဂတွေ

မြန်မာပြည်မှာနေတုံးက နာဂဒေသကို မရောက်ဘူးပါ။ အိန္ဒိယရောက်ပြီး ကိုဟီးမားဆိုတဲ့ နာဂလင်းပြည်နယ်မြို့တော်ကို အစဆုံးရောက်တော့ ကိုယ့်ဆီက နာဂတွေနဲ့ ကွာလွန်းတာကိုသိရတယ်။ အဲဒီမှာက ဂျင်းနဲ့ စကပ်နဲ့ ဟော့ရှော့တွေချည်း။ ကိုယ့်တိုင်းပြည်က နာဂယောက်ျားတွေက တောင်ပေါ်မှာနေရင် အရှက်လုံယုံလေးသာဝတ်တယ်လို့ သိထားတာကိုး။

မြန်မာပြည်က နာဂအမျိုးသမီးဆိုလို့ အိန္ဒိယနိုင်ငံ ကိုဟီးမား၊ ဒင်မာပူ၊ မိုးရေးနဲ့ ဒေလီမြို့တွေမှာသာ တွေ့ခဲ့ရတယ်။ အိန္ဒိယနာဂအမျိုးသမီး ဒေါက်တာ (အလာနာ ဂိုမေးလ်) က ကျွန်တော်နဲ့အတူ BCD ဒေလီ မြန်မာစင်တာမှာ အတူ လုပ်ကိုင်ပါတယ်။ သူက ဆရာဝန်မဟုတ်ပါ။ ဂျဝါဟာ လားလ် တက္ကသိုလ်က ပီအိတ်ခ်ျဒီရထားသူဖြစ်ပါတယ်။ သူ ရန်ကုန်လာတုံးက မွန်အမျိုးသမီးတယောက်ကနေ မပန်းနုလို့ နာမည်ပေးလိုက်သတဲ့။

အခုတော့ ကိုယ့်ဆီကနာဂတွေလည်း တိုးတက်နေပါပြီ။ တဖက်နိုင်ငံနဲ့ ကူးလူးဆက်ဆံနေရလို့သာဖြစ်ပါတယ်။ မြန်မာနာဂ အမျိုးသားတွေနဲ့လည်း ရင်းရင်းနှီးနှီးလက်တွဲလုပ်ကိုင်ခဲ့ရတယ်။ အိန္ဒိယမှာပါပဲ။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၅
ဓါတ်ပုံ Soe Myint Thein

Friday, September 25, 2015

In this damned cage... But ပွင့်ပြီးရင် ဖွင့်ကြမယ်

ဆရာ သမီးက ပုလဲမြို့နယ့့် ရွာမှာ ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် ဆရာကို လူချင်းတော့ မမြင်ဖူးခဲ့ပါဘူး။ သမီး ဖေဖေပြောပြောနေလို့ ဒေါက်တာတင့်ဆွေဆိုတာ သမီးကြားနေရပါတယ်။ ဆရာတင်ထားတဲ့ ဈေးကြီးလွန်းတဲ့ ရွေးကောက်ပွဲများဆိုတဲ့စာလေးက သိသင့်တာကို သိလိုက်ရပါတယ်။

သမီးတို့ အိမ်ကလဲ လယ်ထွန်စက်တစ်ခု အရစ်ကျနဲ့ ဝယ်ထားပါတယ်။ သူများပိုက်ဆံကို ကိုယ့်ပိုက်ဆံလုပ်ပြီး မသိနားမလည်တဲ့ ပြည်သူတွေကြား မျက်နှာသာယူနေတာ မြင်နေပေမယ့်လည်း မတားဆီးနိုင်ဘူး။ ရွေးကောက်ပွဲ ကာလရောက်တော့ သမီးတို့ရွာမှာ နှစ်ခြမ်းကွဲနေတယ်ဆရာ။ ဦးကျော်ဆန် ကြံ့ခိုင်ရေးပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် NLD ထောက်ခံသူများဆိုပြီး။ မနေ့က ဦးကျော်ဆန်းက ရွာမှာဟောပြောတယ်တဲ့ နီးစပ်ရာထောက်ခံသူတစ်ချို့ကို တစ်သိန်းစီပေးတယ်တဲ့။ သူလုပ်ပေးထားလို့ နေပြည်တော့့် မှာ အလုပ်ရနေတဲ့တစ်ယောက်က အမာခံပေါ့ဆရာ။ သူက မဲဆွယ်တာကို အဲလိုပဲ ငွေကိုရေလိုသုံးနေတယ်ဆိုတော့ ဘယ်ကပိုက်ဆံတွေလဲ စဉ်းစားစရာမကောင်းဘူးလား။ ဘယ်သူ့ဆီကလာလို့ ဘယ်သူတာဝန်ယူရမယ့်ပိုက်ဆံတွေလဲ။

သမီးက ခုရန်ကုန်မှာ အလုပ်လုပ်နေပါတယ်ဆရာ။့ ပါ။ လစာ ၇ သိန်းလောက်ရတော့ အစိုးရကို တစ်လ ၃ သောင်း ဝင်ငွေခွန်ဆောင်ရပါတယ်။ တစ်လ ခြောက်ထောင် လူမှုဖူလုံရေး ဆောင်ရပါတယ်။ အခွန်စာအုပ်ကတော့ တစ်နှစ် ကျော်ကျော်လောက်ဆောင်အပြီးမှာ လက်ခံရရှိကြောင်းရခဲ့ပါတယ်။ လူမှုဖူလုံရေးကတော့ နှစ်နှစ် ပြည့်တော့မယ်။ ဘာအထောက်ထား လက်ခံစာရွက် ဘာထောက်ပံ့မှုမှ မရသေးပါဘူးဆရာ။ နိုင်ငံသားတယောက်အနေနဲ့ အခွန် ဆောင်သင့်ပါတယ်။ ဒါပေမယ့် ဆောင်သမျှအခွန်ကြေးတွေဟာ ထိရောက်မှုရှိရမယ်။ ပြည်သူက ပေးတဲ့အခွန် ပြည်သူတွေအတွက် အကျိုးရှိတဲ့နေရာမှာသုံးရမယ်။ တစ်ဦးတစ်ယောက်ကိုယ်ကျိုးအတွက် မသုံးသင့်ဘူး။

သမီးက တောင်သူသားသမီးတစ်ယောက်ပါဆရာ။ ဆင်းရဲတယ်။ ပိုက်ဆံတန်ဖိုးကိုသိတယ်။ သမီး ရန်ကုန်မှာ တစ်ယောက်ထဲ အဆောင်မှာနေပြီး ကြိုးစားရပါတယ်။ အဆောင်လခက အစိုးရကိုဆောင်ရတဲ့ အခွန်လောက် သမီး မပေးနိုင်ပါဘူး။ သမီး မိဘကိုလဲ ကျေးဇူးဆပ်ချင်သေးတယ်လေ။ သမီးတို့ အနာဂတ် နောက်မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် သမီးတို့နိုင်ငံကို ပြောင်းလဲပေးနိုင်မယ့်ခေါင်းဆောင် သမီး သိပ်ကိုလိုလားပါတယ်ဆရာ။

ဒီရွေးကောက်ပွဲက သမီးတို့ အနာဂတ်အတွက် မျှော်လင့်ချက်ပါပဲ။ ဆရာ ပုလဲကို တစ်ကြိမ်လောက်လာပြီး ဟောပြောပေးနိုင်ရင် သိပ်ကောင်းမှာပါပဲဆရာ။ အနှောက်ယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ။

အနှောက်ယှက်ကတော့ ဆရာပြန်လာပြီး နယ်သူနယ်သားတွေ ပြည်သူပြည်သားတွေကို စကားမပြောနိုင်တာပါပဲ။ ဒါပေမယ့် အခုလို ဆရာရေးတဲ့စာကနေ လူငယ်လူရွယ်တယောက် လေးလေးနက်နက်စဉ်းစားခွင့်ကို ဖွင့်ပေးသလိုဖြစ်လို့ ကျေနပ်တယ်။ ဆရာ ဆက်ကြိုးစားနေမယ်။ လူငယ်တွေလည်း ကြိုးစားကြပါ။ လှောင်အိမ်ထဲလည်းနေရ မျက်စိလည်း ပိတ်ထားခံရတာထက်တော့ သက်သာရာရလာပြီလို့ အောက်မေ့ပါ။ လှောင်အိမ်တံခါးကိုလည်း မဲနဲ့ဖွင့်ကြရအောင်။

I'm stuck in this damned cage... But not for long!

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၅

Bengal အစိုးရက မှားအောင်လုပ်ထားတဲ့ ဘင်္ဂလား

ယဉ်ကျေးမှုနဲ့ ယုံကြည်မှုကို မေးလာသူက အိုင်ဒီမှာ ရာဂျစ် ချောင်ဒရီပေမယ့် သူ့ကို မင်းဇော်လို့ပဲခေါ်တယ်။ ကာလကတ္တားမှာရောက်နေတယ်။ ၁၉၉၆ ကျောင်းသားဆန္ဒပြပွဲအပြီး ထွက်ပြေးရတဲ့ ဗကသ ထဲကပါ။ မင်းဇော်ကမှ ဘင်္ဂါလီအစစ်။ ဘင်္ဂလားသွေးပါတယ်။ တမျိုးအဓိပ္ပါယ်မကောက်လိုက်ပါနဲ့။ ဘင်္ဂါလီအသုံးကို ရောကောသောကော အလွဲလွဲသုံးနေကြတဲ့သူတွေကို ပြောပြချင်လို့ပါ။

အင်္ဂလိပ်ကိုလိုနီခေတ်မှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတွေကို တစုတည်းထားပြီးအုပ်ချုပ်တယ်။ လွတ်လပ်ရေးရတော့ (၃) နိုင်ငံသီးခြားစီဖြစ်လာတယ်။ ပါကစ္စတန်ကတော့ အရှေ့နဲ့ အနောက်ကွဲနေတယ်။ ၁၉၇၁ မှာ အရှေ့ပါကစ္စတန်ကနေ ဘင်္ဂလားဒက်ရှ်ဖြစ်လာတယ်။ အရင်က အဲတာကို မွတ်ဆလင်းအများစုနေတဲ့ အရှေ့ဘင်္ဂလားပြည်နယ်လို့ခေါ်ခဲ့တာပါ။ အနောက်ဘင်္ဂလားဆိုတာ အိန္ဒိယနိုင်ငံထဲကဖြစ်တယ်။ ဟင်ဒူဘာသာဝင် ဘင်္ဂါလီတွေ အများစုနေကြတယ်။

ဘင်္ဂလားဒက်နိုင်ငံမှာ ဘင်္ဂါလီစကားပြောဘင်္ဂါလီလူမျိုး ၉၈% ရှိတယ်။ ကိုးကွယ်ရာဘာသာမှာ မွတ်ဆလင်မ် ၈၉့၅%၊ ဟင်ဒူ ၉့၅%၊ ဗုဒ္ဓဘာသာ ဝ့၇% နဲ့ ခရစ်ယန် ဝ့၃%၊ ရှိတယ်။

ဘင်္ဂါလီသွေးပါသူတွေထဲမှာ နာမည်ကြီးသူတချို့ကို သိကြပါမယ်။ ကဗျာဆရာကြီး ရာဘန္ဒြာ နတ်(သ်) တဂိုး နဲ့ နိုဗယ်ဆုရ စီးပွါးရေးပညာရှင် အမာတီယာဆန် တို့က အိန္ဒိယနိုင်ငံသား ဘင်္ဂါလီတွေ။ ဆရာပါရဂူ နဲ့ ဗဂျီအောင်စိုးတို့စာသင်ခဲ့တဲ့ ရှန်တိနိကေတန် ကလည်း အနောက်ဘင်္ဂလားမှာပဲ ရှိတယ်။

အခုအစိုးရလက်ထက်မှာ မွတ်ဆလင်ဘာသာဝင်တွေကို ဘင်္ဂါလီလို့ခေါ်ခိုင်းနေတာ မှားတယ်။ ဘင်္ဂါလီဆိုတာ လူမျိုး။ ကိုးကွယ်ရာဘာသာ မဟုတ်ပါ။ အစိုးရပေါ်လစီအရ ဘင်္ဂါလီဆန့်ကျင်ရေးဆိုတာ ဟင်ဒူကိုးကွယ်သူ အိန္ဒိယသွေးပါသူတွေကို ဆန့်ကျင်ခိုင်းနေတာဖြစ်နေတယ်။ အစ္စလမ်ဘာသာဝင် အိန္ဒိယသွေးပါတဲ့ မွတ်ဆလင်ကို ဘာမှမပြောဘူး။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Culture and Belief ယဉ်ကျေးမှုနဲ့ ယုံကြည်မှု

Rajiv Chowdhury ဆရာ ယဉ်းကျေးမူ နဲ့ ကိုးကွယ်မူ မရှင်းမရှင်းဖြစ်နေတယ် ရှင်းပြပေးပါ။

ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာဘာသာကို တချို့နိုင်ငံတွေမှာ တခါတလေမှသာ ခွဲပြောတယ်။ လိင်မမေးနဲ့ ဘာသာရေးမမေးနဲ့ အယူအဆလည်းရှိလို့ပါ။ နေရာတိုင်းမှာတော့ မဟုတ်ပါ။ ယဉ်ကျေးမှုဆိုတာ ဘာသာရေးက အများကြီးလွှမ်းမိုးထားလို့ ယဉ်ကျေးမှုလို့ပြောလိုက်ရင် ဘာသာရေးပါတွဲနေတာမို့ တခါတလေမှာ ယဉ်ကျေးမှုလို့သာ တလုံးတည်းသုံးတာလည်း ရှိတယ်။ (ကာလ်ချာ) လို့ပြောရင် ယေဘုယျသိပ်ကျတဲ့ အတန်းအစားသတ်မှတ်ပြီးပြောတာဖြစ်တယ်။ ဥပမာ မြန်မာပြည်ကဆိုတာနဲ့ မြန်မာပြည်က အဓိကကျတဲ့ လူမျိုး + ဘာသာစကား + ကိုးကွယ်မှု + ယဉ်ကျေးမှု စတာတွေ အကုန်ကို ခြုံပြောလိုက်တာဖြစ်တယ်။ လေ့လာဆန်းစစ်မှုလုပ်မှသာ ဘယ်အမျိုးအစားမှာ ဘယ်လောက်များတယ် နည်းတယ် ထည့်ပြောပါတယ်။

Faith ယုံကြည်မှု
ဘာသာရေးအမျိုးမျိုးကို ဆိုလိုတယ်။ Religion ကိုးကွယ်ရာဘာသာနဲ့ အတူရောသုံးလေ့ရှိတယ်။ ဘုရား၊ ဘုရားသခင်၊ နတ်၊ ဗြဟ္မာ စတာတွေကို သက်ဝင်ယုံကြည်ပြီး ကိုးကွယ်မှုတွေလုပ်တယ်။ သင်ကြားပို့ချချက်တွေကို လိုက်နာ ကျင့်ကြံကြတယ်။ ၂ဝ၁၂ စစ်တမ်းတခုအရ ကမ္ဘာမှာ ကိုးကွယ်ရာဘာသာရှိသူက ၅၉% ရှိတယ်။ ၂၃% က ဘယ်ဘာသာကိုမှ မယူကြဘူး။ အဲတာထဲမှာ ၁၃% က Atheists လို့ တိတိကျကျပြောပြီး ကျန် ၉% က ယုံကြည်မှု လျှော့လာတယ်လို့ဆိုတယ်။ ၂ဝ၁၅ ထဲမှာ ဆန်းစစ်မှုတခုလုပ်တော့ ၂၂% က ဘယ်ဘာသာတရားကိုမှ မယူကြပဲ၊ ၁၁% ကသာ Atheists လို့ တိတိကျကျပြောကြတယ်။ တချို့လူတွေက ဘာသာတခုမကကို လိုက်တာလည်းရှိသေးတယ်။

Culture ယဉ်ကျေးမှု
သူ့ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာတော့ လူ့အသိုင်းအဝိုင်း တခုထဲမှာရှိတဲ့ ဗဟုသုတ + ယုံကြည်မှု + အနုပညာ + စံထားမှုများ + ဥပဒေ + အစဉ်အလာ + အလေ့အထအရ စွမ်းဆောင်မှုများကို စုပေါင်းထားတာဖြစ်ပါတယ်။ အဘိဓာန်ဖွင့်ဆိုချက်တခုကတော့ သတ်မှတ်ထားတဲ့ လူ့အသိုင်းအဝိုင်းတခုမှာ သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်းမှာရှိတဲ့ အများဆုံးလက်ခံကြတဲ့ ယုံကြည်မှုနဲ့ အလေ့အထများနဲ့အညီနေထိုင်တဲ့ လူနေမှုဘဝလို့ဆိုပါတယ်။

မနုဿဗေဒအလိုအရ လူဆိုတာ ယဉ်ကျေးမှုရှိခြင်းလို့လည်းဆိုပါတယ်။ ကနေ့လို ယဉ်ကျေးမှုအဆင့်ဖြစ်လာဘို့ရာ နှစ်ပေါင်း ၅ သောင်းလောက်ကြာခဲ့တယ်လို့လည်း သုတေသနလုပ်သူတွေမှန်းဆကြတယ်။ ကမ္ဘာပေါ်က သက်ရှိသတ္တဝါ အားလုံးထဲမှာ လူသာလျှင်အဲလိုစွမ်းဆောင်နိုင်ပါတယ်။ လူတွေဟာ သုတနဲ့ အတွေးအခေါ်တွေကို ဆင့်ကဲဆင့်ကဲ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြတယ်။ တမျိုးတည်း တခုတည်းသဘောမဆောင် အများအပြားသဘော ဆောင်ပါတယ်။

ပြောစကား၊ လူမှုရေးကျင့်ဝတ်၊ လိင်ခွဲခြားထားမှု၊ မင်္ဂလာဆောင်ခြင်း၊ အနုပညာ၊ တေးဂီတ၊ ကခုန်ခြင်း၊ ရိုးရာမှု၊ ကိုးကွယ်ရာဘာသာအပြင် ချက်ပြုတ်ခြင်း၊ အိုးအိမ်နဲ့နေထိုင်ခြင်း၊ ဝတ်စားဆင်ယင်ခြင်းစတဲ့ နည်းနာတွေလည်း ပါဝင်တယ်။

ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုထဲမှာ နည်းပညာ၊ ပိသုကာပညာ၊ အနုပညာတွေပါပြီး၊ ရုပ်ပိုင်းမဟုတ်တာမှာ လူမှုရေးနဲ့ နိုင်ငံရေးအသင်းအဖွဲ့တွေပါဝင်တယ်။ ဒဏ္ဍာရီတွေ၊ ဖီလော်ဆော်ဖီ၊ စာပေ၊ သိပ္ပံစတဲ့ အမွေအနှစ်တွေပါတယ်။ ယဉ်ကျေးမှုမှာ ရိုးရှင်းနေသေးရင် သက်တမ်းနုသေးလို့ပဲ။ အဆင့်အတန်းခွဲလို့လည်းရတယ်။ သိမ်မွေ့ ရှုတ်ထွေးလေလေ အဆင့်မြင့်လေလေ။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

NLD Election campaign စည်းရုံးရေးဆိုတာ

• မိုးရွာထဲ နေပူထဲ ဗွက်ထဲရွံ့ထဲ
• ရေထဲဆင်းကူး ဒူးဆစ်ပေါင်လည်
• ကွင်းလယ်မှာ တဲထဲမှာ
• အိမ်ထဲမှာ ခန်းမထဲမှာ
• သစ်ပင်အောက်မှာ၊ လမ်းဘေးမှာ
• လှည်းနဲ့လာ၊ လှေနဲ့သွား
• ဆိုက်ကား၊ ကားကြီးကားငယ်
• ဆိုင်ကယ်၊ ဆူပါကပ် ယာမာဟာ
• လေယာဉ်နဲ့လာ ခြေလျင်တက်ဆင်း၊ မြင်း။

• တီရှပ်အနီ ပင်နီ
• ကချင်လုံခြည် ယောထဘီ
• အနီ-အဝါ-အဖြူရောင် ထီး
• ခေါင်းစီး ပန်းစည်း ပန်းကုံး
• အပြုံး အရီ လက်ခုပ်သံမည်
• စီဒီပြား အဖွားအို အဖိုးအို
• အဆိုတော် သီချင်းရေးဆရာ ဒိုးပတ်ဆရာ
• ကင်မရာဆရာ မီဒီယာ၊ သံဃာတော်လည်းပါ။

• အလံကြီး အလံသေး
• ကလေး လူငယ် လူကြီး
• နဖူးစီးစာ ဘင်နာ ဗီနိုင်း (အသံထွက်မှန် = ဗိုင်းနယ်လ်)
• တိုင်းရင်းသား ရိုးရာဝတ်စုံ ထိုင်ခုံ စဉ်မြင့်
• အသင့်ဆီးကြို အပျိုမပါး သနပ်ခါး
• သက်ကြားအိုလက် ဝှေ့ရမ်းလျက်
• လက်ချင်းဆက် နိုဝင်္ဘာ (၈) ရက်သို့ တို့ချီတက်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Mintaingbin သတင်း မင်းတိုင်ပင်ကလာတယ်

အခုပဲ ပုလဲကသတင်းရတယ်။ ဆရာ မင်းတိုင်ပင်ထမင်းဆိုင်ကတော့ ပြတ်သားတယ်။ ဦးကျော်ဆန်း ထမင်းဆိုင်လာတာ  ထမင်းရှိတာတောင် မရောင်းဘူးတဲ့။ ပြီးတော့ မင်းတိုင်ပင် "ထက်" စာသင်ဝိုင်းက ကျောင်းသားတွေကို ကားပေါ်ကနေ လက်ပြနှုတ်ဆက်တာကို ကျောင်းသားတစ်ယောက်က အမေစုပုံကို ပြန်ထောင်ပြတော့ သူ့လက် နောက်ဆုတ်သွားရတယ်တဲ့ဆရာ။

ကျွန်တော့်အမေက မင်းတိုင်ပင်သူပါ။ အဲဒီမှာ တရွာလုံးက ကျွန်တော့်အမျိုးချည်းပဲ။

ဒေါ်အောင်ဆန်းစုကြည်ကို အရင်က ဒေါ်စု၊ တချို့က အန်တီစုလို့ခေါ်ဝေါ်ကြတယ်။ နောက်မှာ အမေစုလို့ခေါ်ပြီး၊ ကလေးတွေကိုပြောရင် ဖွါးဖွါးစုလို့ဖြစ်လာတယ်။ ခုတလော အမေလို့ခေါ်လာကြတာ သတိထားမိတယ်။

ဒါမှ ဆရာ့အမေရွာ။ လူငယ်လူရွယ်တွေရဲ့ အမေ့ရွာ။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Made in Thailand ကြော်ငြာဆေးနဲ့ ကလေးရချင်သူများသို့

ဆရာ ဒီဆေးက ရာသီမှန်တယ်၊ ကိုယ်ဝန်ရတယ်ဆိုပြီး အမတစ်ယောက်သောက်နေပါတယ်။ ဆေးရဲ့ အကျိုးအာနိသင်ကို သိချင်ပါတယ် ဆရာ။

ပြောတဲ့ဆေးကို ဂူဂယ်မှာ ဘယ်လိုစာလုံးပေါင်းနဲ့ရိုက်ရှာရှာ မတွေ့ပါ။ ဂူဂယ် အင်မေ့ခ်ျမှာရှာတော့လည်းမတွေ့ပါ။ အကျိုး မသိပါ။ ထိရောက်မှု မသိပါ။ ဆိုးကျိုးလည်း မသိပါ။

ရာသီမမှန်လို့မေးလာရင် အသက်၊ အိမ်ထောင်ရေး၊ မီးဖွါးရာဇဝင်၊ မိသားစုရာဇဝင်၊ ဆေးစစ်ချက် စတာတွေမေးရတယ်။ တယောက်နဲ့တယောက်က အတော်ကြီးကို မတူလို့ ဆေးနည်းလည်း မတူပါ။ ပြောပြတဲ့ဆေးကတော့ ကြည့်ရတာ ပျိုပျိုအိုအို၊ လိုသူတိုင်းသောက်လို့ ရတယ်ဆိုထားတယ်။ဓမ္မတာရာသီအကြောင်းစာ ၁ဝ ပုဒ်ကျော်ပြီ ရေးထားတာ။ အဲဒီဆေးမျိုးသာစွမ်းရင် ကျွန်တော် အပင်ပန်းခံရေးမနေတော့ပါ။

Menstruation links
1. Amenorrhea ရာသီထိန်ခြင်း၊ ရာသီမလာခြင်း http://doctortintswe.blogspot.com/2014/10/amenorrhea.html
2. Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://dts-medicaleducation-adult.blogspot.in/2012/08/menstrual-mood-swings.html
3. Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/08/menstrual-suppression.html
4. Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
5. Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducation.blogspot.in/2011/04/menstruation_25.html
6. Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃) http://dts-medicaleducation-adult.blogspot.in/2013/10/menstruation-3.html
7. Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄) http://dts-medicaleducation-adult.blogspot.in/2013/10/menstruation-4.html
8. Menstruation and athlete ကျိန်စာသင့်ခံရတာလား၊ အယူအဆလွဲမှားတာလား http://doctortintswe.blogspot.com/2015/01/menstruation-and-athlete.html
9. Menstruation Period Signals ရာသီ မမှန်ရင် သတိထားစရာတွေ http://dts-medicaleducation-adult.blogspot.in/2012/03/period-signals.html
10. Menstruation Questions ရာသီအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/menstruation-questions.html
11. Museum of Menstruation ရာသီပြတိုက် http://doctortintswe.blogspot.com/2014/12/museum-of-menstruation.html

ကလေးမရသေးတဲ့အတွဲတွေအတွက် ကျွန်တော်ရေးထားတဲ့စာပုဒ်ရေ စုနိုင်သလောက် ၂ဝ ကျော်နေပြီ။ ကလေး မရသေးသူတွေအတွက် ခက်ကြသူတွေမှာ အတော်ကိုခက်ပါတယ်။ အဲလိုသာ ဆေးဗူးခွံလှလှလေးနဲ့ ကြော်ငြာဆေး သောက်လို့ ကလေးရမယ်ဆိုရင် ကျွန်တော့်စာတွေကို ဖျက်လိုက်တော့မယ်။

Infertility သားသမီးမရသေးသူများအတွက်
1. Blocked Fallopian Tubes သားအိမ်ပြွန်ပိတ်ခြင်း http://doctortintswe.blogspot.com/2014/11/blocked-fallopian-tubes.html
2. Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://doctortintswe.blogspot.com/2014/11/clomiphene-citrate.html
3. Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://doctortintswe.blogspot.com/2014/11/contraception-and-fertility.html
4. Egg freezing မျိုဥခဲခြင်း http://doctortintswe.blogspot.com/2014/10/egg-freezing.html
5. Fertility and Weight ကိုယ်အလေးချိန်နဲ့ ကလေးမရနိုင်ခြင်း http://doctortintswe.blogspot.com/2014/11/fertility-and-weight.html
6. Fertomid 50 mg မျိုးဥကျွေဆေး http://doctortintswe.blogspot.com/2014/11/fertomid.html
7. Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သား-သမီးရနိုင်ခြင်း http://doctortintswe.blogspot.com/2014/11/hyperthyroidism-and-fertility.html
8. Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://doctortintswe.blogspot.com/2014/11/infertility-treatments-1.html
9. Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://doctortintswe.blogspot.com/2014/11/infertility-2.html
10. Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://doctortintswe.blogspot.com/2014/11/infertility-and-fallopian-tube.html
11. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) htt2p://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
12. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) htt3p://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
13. Infertility Q and A ကလေးမရနိုင်သေးခြင်း အမေးအဖြေများ http://doctortintswe.blogspot.com/2014/11/infertility-q-and.html
14. Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://doctortintswe.blogspot.com/2014/11/infertility-treatments-1.html
15. Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
16. IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး http://doctortintswe.blogspot.com/2014/11/iui-and-iutpi.html
17. IUI နည်းနဲ့ ကလေးရစေခြင်း http://doctortintswe.blogspot.com/2014/11/iui.html
18. Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://doctortintswe.blogspot.com/2014/11/pregnancy-after-tubal-ligation.html
19. Progesterone (ပရိုဂျက်စတီရုန်း) http://doctortintswe.blogspot.com/2014/11/progesterone.html
20. Semen collection Method သုက်ရည် ထုတ်ယူနည်း http://doctortintswe.blogspot.com/2014/11/semen-collection-method.html
21. Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး http://doctortintswe.blogspot.com/2014/11/susten-100.html

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Thursday, September 24, 2015

Magic pills ဆေးလုံး

ကျွန်တော့်ပို့စ်တခု = Strength ကာလသုံးပါးအား

ဆရာ ကျေးဇူးပါ။ ဆရာ့ကို ပုလဲပြည်သူတွေ တမ်းတနေကြတယ်။

- ဆရာ့စာလုံးလေးတွေကိုသာ ရောက်ရာရွာတိုင်းမှာ မျှဝေပေးပါ။
- လိုလာတိုင်းမှာ အစာမပါလည်းသောက်ပါ၊
- ခေါင်းနောက်၊ ဗိုက်နာ၊ အစာနဲ့သောက်ပါ၊
- အဲတာ လူကြီး လူငယ် အရွယ်မရွေး၊
- အားဆေးပါ၊ အဆိပ်ဖြေဆေးပါ၊
- ဆရာမလာ မပါနိုင်ပေမယ့် ဘေးဘယာဝေးကွာ၊
- ဆရာ့စာလုံးလေးတွေက ဖယ်ရှားပေးမှာအမှန်ပါ။

(ပုလဲအပါအဝင် အမြို့မြို့အနယ်နယ်က NLD စည်းရုံးရေးမှူးများအားလုံးသို့)

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Strength ကာလသုံးပါးအား

Khaing Mar Myint ပုလဲြုပည်သူလွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ထက်နှင့် ဦးမြင့်ကြည်တို့ ညောင်ပင်စောက်မှာ စည်းရုံးရေးဟောပြောစနေပြီ

- အားလုံးရဲ့အရင် ဆရာရွေးကောက်ပွဲဝင်ခဲ့တယ်။
- အခုအားလုံးရဲ့နောက်မှာ ဆရာတယောက်အမြဲရှိနေတယ်။
- NLD ရဲ့ ကာလသုံးပါးအားဆိုတာ တို့အားလုံးရဲ့ ညီညွတ်မှုဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Winter illnesses ဆောင်းရာသီမှာ ဝေဒနာ

(၁) Colds အအေးမိခြင်း
ဗိုင်းရပ်စ်ကနေဖြစ်တယ်၊ ကူးတယ်၊ နှာခေါင်းကနေ အသက်ရှူရင်းဝင်လာမယ်။ ကူးစက်တာသိပ်မြန်တယ်။ လက်မှာကပ်ပါနေတာတွေလဲရှိလို့ လက်ကို မကြာမကြာဆေးပေးပါ။ အိုးခွက်ပန်းကန်တွေလဲ ခါတိုင်းထက်သန့်ရှင်းပေးပါ။ အအေးမိတယ်ဆိုရင် အဝတ်လက်ကိုင်ပုဝါထက် တစ်ရှူးစသုံးပါ။ အဲတာတွေကို စနစ်တကျစွန့်ပစ်ပါ။

၁။ အအေးမိဗိုင်းရပ်စက အဆိုးကြီးမဟုတ်ပါ။ ပိုးဝင်လာရင် နှာခေါင်းနဲ့ လည်ချောင်း နောက်နေရာကို ရောင်ရမ်းစေတယ်။
၂။ အအေးမိတယ်ဆိုတာ နှာခေါင်းမှာ စစ်ခင်းနေရတာဖြစ်တယ်။ နှာခေါင်းပိတ်မယ်၊ နှာရည်ယိုမယ်။ နှာခေါင်းကိုဖုံးနေတဲ့တစ်ရှူးတွေက လိင်လမ်းကတစ်ရှူးတွေလိုပဲ သန်မာတာဖြစ်စေနိုင်တယ်။ သွေးကြောတွေ ရောင်လာမယ်။ သွေးဖြူဥတွေများလာတယ်။ လေဝင်လမ်းကျဉ်းလို့ အသက်ရှူရခက်ခဲလာမယ်။ Decongestant spray ကနေသက်သာစေမယ်။
၃။ မျက်လုံးတွေကနေလဲ အအေးမိကူးလာနိုင်တယ်။ အအေးမိသူနေသူကချောင်းဆိုး နှာချေရင် အမှုံလေးတွေက အနီးအနားကိုပြန့်မယ်။ အသက်ရှူနေသူဆီရောက်မယ်။ သူ့လက်မှာလဲ ပိုးတွေပါနေမယ်။ လက်ဆွဲနှုတ်ဆက်တာကနေ ကိုယ့်ဆီရောက်မယ်။ သူကိုင်တဲ့အရာ ဥပမာ အသုံးအဆောင်တွေ၊ ပရိဘောဂတွေမှာလဲ ပိုးတွေရောက်နေမယ်။ မျက်စိထဲလဲဝင်လာနိုင်တယ်။ မျက်စိနဲ့နှယခေါင်းကြားမှာပြွန်လေးတွေရှိလို့ကူးလာနိုင်တယ်။
၎။ အမျိုးသမီးတွေက ပိုပြီးအအေးမိခံရတယ်။ ကလေးတွေနဲ့နေရတာများရင် ပိုပြီး ကူးစက်ခံကြရတယ်။ ကလေးတွေဟာ တနှစ်မှာ ၇-၁ဝ ကြိမ်အအေးမိပိုးဝင်ခံကြရတတ်တယ်။ ကလေးတွေကို စာသင်ရတဲ့ဆရာ-ဆရာမတွေလဲ အတူပဲ။ ကလေးထိန်းရသူတွေလဲပါတယ်။
၅။ ချွဲခပ်ဝါဝါဆိုတာ သွေးဖြူဥပါ။ ပိုးမှန်သမျှဝင်လာရင် ကိုယ့်သွေးဖြူဥတွေကခံချတယ်။ သူသေ ကိုယ်သေပဲ။ နှာရည်ယိုတာက ပြစ်ပြစ်လာတာသွေးဖြူဥအသေတွေပါပါနေလို့ပါ။ ခပ်စိမ်းစိမ်းအရောင်လဲဖြစ်နိုင်တယ်။

(၂) Sore throat လည်ချောင်းနာ
ဆောင်းရာသီမှာအဖြစ်များတယ်။ အများအားဖြင့် ဗိုင်းရပ်စ်ပါပဲ။ အပူချိန်အေုပာင်းအလဲရှိရင်လဲ ဗိုင်းရပ်တွေ ကူးစက်နိုင်တယ်။ အပြင်သာံးရာနေ အိမ်ထဲပြန်ရောက်တာ။ အပြန်အလှန်ပဲ။ ဆားရည်ခပ်နွေးနွေးနဲ့ ပလုပ်ကျဉ်းပေးပါ။ ပိုးတွေကိုသေစေမှာမဟုတ်ပေမဲ့ ရောင်ရမ်းဖြစ်စဉ်ကိုသက်သာစေမယ်။ ရေနွေးတဖန်ခွက်မှာ ဆားလက်ဖက်ရည်ဇွန်း တဇွန်းထည့်ပါ။ အနာသက်သာဆေးသောက်ပါ။ ဥပမာ ပါရာစီတမော။ သိပ်ပူလွန်းတာမသင့်ပါ။ အေးတဲ့အစားအသောက် စားသောက်ပါ။ lozenges ငုံရတဲ့ဆေးသုံးပါ။ ဆာရေနွေးနဲ့ ပါးစပ်ဆေးပါ။ ရေ၊ အရည် များများ သောက်ပါ။ Steam inhalation ကို အမြဲမလိုအပ်ပါ။ Antibiotics ဗက်တီးရီးယားသေဆေး မလိုအပ်တာများတယ်။

(၃) Asthma ပန်းနာ
စာသပ်သပ်ရေးထာတာကို ဖတ်နိုင်ပါတယ်။

(၄) Norovirus နိုရိုဗိုင်းရပ်စ်
အစာအိမ်တုပ်ကွေးလို့ခေါ်တယ်။ နှစ်ပေါက်ရှိနေပေမဲ့ ဆောင်းရာသီမှာပိုဖြစ်တယ်။ ဝမ်းပျက်မယ်။ အန်မယ်။ ရေ-အရည်-ဓါတ်ဆားရေသောက်ပါ။

(၅) Painful joints အဆစ်နာခြင်း
အနာသက်သာဆေးသောက်ပါ။ နွေးနွေးထွေးထွေးနေပါ။ ကိုယ်လက်လှုတ်ရှာမှုမှန်မှန်လုပ်ပေးပါ။

(၆) Cold sores အပူနာပေါက်ခြင်း
စာသပ်သပ်ရေးထာတာကို ဖတ်နိုင်ပါတယ်။

(၇) Heart attacks နှလုံးအတက်ရခြင်း
စာသပ်သပ်ရေးထာတာကို ဖတ်နိုင်ပါတယ်။

(၈) Cold hands ခြေလက်အေးခြင်း
Raynaud's phenomenon ခေါ်တယ်။ လက်ချောင်းတွေ အေးပြီးပြာနေမယ်။ ထုံကျင်နေမယ်။ ဆေးလိပ်မသင့်ပါ။ ကေဖင်း (ကော်ဖီ) မသင့်ပါ။ လက်အိပ်၊ ခြေအိပ်သုံးပါ။

(၉) Dry skin အသားအရေခြောက်ခြင်း
Moisturising ရေငွေ့ပါတဲ့ လိမ်းဆေးအမျိုးမျိုးသုံးပါ။ အမျိုးအစားကောင်းတာရှာပါ။ ရေချိုးပြီးချိန်မှာသုံးတာကောင်းတယ်။

(၁ဝ) Flu တုပ်ကွေး
ကျန်းမာရေးမကောင်သူတွေနဲ့ အသက် ၆၅ ကျော်သူတွေအတွက် အသက်ထိရန်ရှာနိုင်တယ်။ (မှတ်ချက်။ ကျွန်တော့ကိုလဲ ဖလူး-ရှော့ ခေါ်တဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးပေးပါတယ်။) ကလေး ၂ နှစ်ကနေ ၁၈ နှစ်ကို Flu nasal spray တုပ်ကွေး ကာကွယ်ဆေး ရှူဆေးပေးပါတယ်။ တနှစ်တခါ ထိုးရ-ရှူရတယ်။

လက်ကိုမကြာမကြာဆေးပါ။ လူကြားသူကြား သိပ်မသွားနဲ့။ အစာအဟာရ မျှတလုံလောက်ပါစေ။ အိပ်ရေးမပျက်စေနဲ့။ ကိုယ်လက်လှုတ်ရှားပေးပါ။

အအေးမမိ ဘေးမရှိ၊ မိသည့်ပိုးမွှား မြန်ရှောင်သွား၊ ရငြားပါစေ မေတ္တာဝေ။

ဒေါက်တာတင့်ဆွေ

Common Cold အအေးမိရင်

အအေးဓါတ်လေး စလာပါပြီ။ ခုတလော ကလေးနှာစေးလို့ မေးတာတွေစလာနေပြီ။ ရောဂါဆိုတာ အဖေါ်နဲ့လာတယ်။ အအေးမိတယ်ဆိုတာ အမျိုးမျိုးသောဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတယ်။ အသက် ၆ နှစ်အောက် ကလေးတယောက်ဟာ တနှစ်ထဲမှာ ၆ ကြိမ်ကနေ ၈ ကြိမ် အအေးမိတတ်တယ်။ တခါမိရင် ၂ ပါတ်လောက် ကြာနိုင်တယ်။ စိုးရိမ်စရာမရှိလှပါ။

ဖြစ်ကာစ ၂-၄ ရက်အတွင်းမှာသူများကိုအလွန်ကူးစက်လွယ်တယ်။ အအေးမိနေသူတယောက်ရဲ့ လက်မှာလဲ ဗိုင်းရပ်စ် ပိုးကပါနေရင် ၂ နာရီအတွင်းသူများဆီကူးသွားနိုင်တယ်။ လူ့ကိုယ်မှာသာမကသက်မဲ့ မျက်နှာပြင်တွေ အပေါ်မှာလည်း ပိုးကနေနိုင်တယ်။

ချောင်းဆိုးရာ၊ နှာချေရာကနေထွက်လာပြီးပိုးပါနေတဲ့ အမှုံအမွှားလေးတွေကို ရှူမိရင် ကူးတော့တာဘဲ။ ပိုးဝင်ပြီး ၁-၂ ရက်အတွက်းရောဂါလက္ခဏာတွေ စပေါ်ပြီ။ ကလေးတွေမှာဖြစ်ရင် နှာခေါင်းပွစိပွစိ ဖြစ်တာကအများဆုံးဘဲ။ ခပ်ကြည်ကြည်၊ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်း နှာရည်တွေယိုလာမယ်။ ဖြစ်ကာစ ၃ ရက်မှာအပူချိန် ၁ဝဝ့၉ (၃၈) ဒီဂရီအထိ ဖျားနိုင်တယ်။ လည်ပင်းနာတာ၊ ချောင်းဆိုးတာ၊ နေမထိထိုင်မသာဖြစ်တာ၊ အိပ်ရေးပျက်တာ၊ အစားပျက်တာတွေလဲ ဖြစ်လာနိုင်တယ်။ ကလေးအများစုဟာနောက်ဆက်တွဲရောဂါတွေ မဖြစ်ကြပါ။ ဒါပေမဲ့ နားကိုက်တာ၊ ပန်းနာလိုဖြစ်တာ၊ နူမိုးနီးယား ဝင်တာတွေ ဖြစ်လာနိုင်တာကိုသတိထားဘို့လိုတယ်။

ကိုယ်ပူရင် Acetaminophen (Paracetamol) နဲ့ Ibuprofen တမျိုးမျိုးကို ကိုယ်အလေးချိန်နဲ့အညီတိုက်ပါ။ Acetaminophen (ပါရာစီတမော) ဒါမှမဟုတ် Ibuprofen (အိုင်ဘူပရိုဖင်) ဆေးကိုအသက် ၆ လ အထက် ကလေးတွေကို ပေးနိုင်ပါတယ်။ ကိုယ်ပူတာကျဘို့နဲ့ အနေရသက်သာစေဘို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုတော့ သေစေမှာမဟုတ်ပါ။ Aspirin မတိုက်ပါနဲ့။

Antihistamines (အင်တီ-ဟစ်တမင်း)၊ Decongestants နှာရည်ကျဲဆေး၊ ချောင်းဆိုးပျောက်ဆေး၊ Expectorants ချွဲထွက်ဆေးတွေ သုံးတယ်။ ဒါတွေကိုကောင်းလေမလားလို့ စမ်းသုံးတာမျိုးသာ ဖြစ်တယ်။

အအေးမိတာသက်သက်အတွက် ပဋိဇီဝဆေးတွေ မလိုပါ။ နားကိုက်တာ၊ နူမိုးနီးယား၊ ဆိုင်းနပ်စ် တို့လို ဗက်တီးရီးယား ဝင်တာတခုခု ဖြစ်ရင်တော့ လိုမယ်။ မလိုဘဲသုံးရင် ဆေးယဉ်တာ၊ ဆေးမတည့်တာဖြစ်နိုင်သလိုဆေးဘေးထွက်-ဆိုးကျိုးတွေ ခံရနိုင်တယ်။ ပိုးသေဆေးတွေ မတိုက်ပါနဲ့။ သွပ်ဓါတ်၊ ဗီတာမင် စီ တွေက အထောက်အကူပြုစေတယ် ဆိုပေမဲ့ ဆရာဝန်တွေတော့ မတိုက်တွန်းပါ။

အအေးမိတာအတွက် ဆေးမျိုးawgဟာ လက္ခဏာသက်သာဆေးမျိုးတွေသာ ဖြစ်တယ်။ ကလေးတွေကို ကုသရတာ လူကြီးတွေနဲ့ ကွဲတယ်။ လူကြီးဆေးတွေကို ၅ နှစ်အောက်ကလေးတွေ မပေးတာကောင်းတယ်။ လူကြီးသုံးတွေထဲက Antihistamine (အင်တီ-ဟစ်တမင်း) ဆေးဖြစ်တဲ့ Diphenhydramine ဆေးကတော့ တနှစ်သား ကလေးတွေ ကောင်းကောင်းအိပ်စက်စေနိုင်မယ်။ ဆေးကြောင့် စိတ်လှုတ်ရှားတာ၊ အသက်ရှူနှေးတာ၊ စိတ်ပိုင်း လက္ခဏာတွေဟာ ဒီလိုဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေဖြစ်တယ်။ Aspirin (အက်စ်ပရင်) ဆေးကို ၁၈ နှစ်အောက် ကလေးတွေကို မပေးပါနဲ့။ ကလေးငယ်လေးတွေအတွက် နှာခေါင်းထဲအစက်ချရတဲ့ Saline nose drops ဆားရည်ပေးရင် နှပ်-ချွဲ ကျဲစေမယ်။ ကလေးကြီးရင် Saline nose spray ဆားရည် (စပရေး) ပေးနိုင်တယ်။

အအေးမိ နှာစေးတာက အလိုလိုပျောက်ပါမယ်။ နားနေဘို့၊ ရေ-အရည်များများသောက်စေဘို့လိုမယ်။ ဖြစ်နိုင်ရင် အခန်းထဲလေအတွက် Humidifier သုံးပါ။ လေကိုအစိုဓါတ်လုပ်ပေးတာ နှာခေါင်းလက္ခဏာတွေကို သက်သာတယ်။ ကလေးကိုရေ၊ အရည်သောက်စေပါ။ တကိုယ်ရေသန့်ရှင်းရေးလုပ်တာ အကောင်းဆုံး ဖြစ်ပါတယ်။ လက်ဆေးတာ၊ အရက်ပြန်ပါတဲ့ လက်ဆေးရည် သုံးတာကောင်းတယ်။ ကလေးတွေအတွက် Humidifier for baby အမျိုးအစား ဝယ်လို့ရနိုင်တယ်။ Hand sanitizer လက်ပိုးသန့်ဆေးရည်ကို အသုံးများလာတယ်။ ကောင်းပါတယ်။

 ဒေါက်တာတင့်ဆွေ

Misuse of Nationalism အမျိုးသားစိတ်ဓါတ်ကို တလွဲသုံးနေခြင်း

အမျိုးသားစိတ်ဓါတ်ဆိုတာ နိုင်ငံရေးအယူအဆတခုဖြစ်တယ်။ တိုင်းပြည်ရဲ့ သရုပ်လက္ခဏာကို ထင်ဟပ်စေတယ်။ အဲဒီတိုင်းပြည်ရဲ့ ဆုံးဖြတ်ချက် (ဦးတည်ချက်) နဲ့ လုပ်ဆောင်မှု (ပေါ်လစီ) တွေကို ပြဋ္ဌာန်းတယ်။

အမျိုးသားစိတ်ဓါတ် အခြေခံနှစ်ချက်ရှိတယ်။ ပဌမတမျိုးက ရှေးအစဉ်အလာကိုစွဲယူထားပြီး ပြောင်းလဲလာမှုတွေအရ မွေးဖွါးရာဒေသကို အစွဲပြုတာဖြစ်တယ်။ နောက်တမျိုးကတော့ ခေတ်ပေါ်အယူအဆဖြစ်ပြီး ဖြစ်တည်နေတဲ့ အခြေအနေတွေအရ တည်ဆောက်မှုပြောင်းစေတာဖြစ်ပါတယ်။ နှစ်မျိုးလုံးက အတိတ်ကို အခြေခံပါတယ်။

လက်တွေ့မှာ တိုင်းပြည်တခုထဲမှာနေကြတဲ့ နိုင်ငံသားတွေဟာ (၁) တမျိုးတည်းသော ယဉ်ကျေးမှု၊ ကိုးကွယ်ရာ၊ နိုင်ငံရေးအယူအဆတွေသာရှိတာနဲ့ (၂) နောက်တမျိုးက အမျိုးအစုအများအပြားကို လက်ခံတာဖြစ်တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ဒုတိယအမျိုးအစားဖြစ်တယ်။ ဦးရေများတဲ့အုပ်စုကနေ လွှမ်းမိုးထားတယ်။ နည်းတဲ့သူတွေကနေ မကျေနပ်တဲ့အခါ တောင်းဆိုမှုတွေဖြစ်တယ်။ ပြည်တွင်းစစ်အထိဖြစ်တယ်။ အမျိုးသားစိတ်ဓါတ်ဟာ တိုင်းတပါးအန္တရယ် ကြုံတဲ့အခါနဲ့ ကိုလိုနီဆန့်ကျင်ရေးမှာ အသုံးချဘို့ အကောင်းဆုံးလက်နက်ဖြစ်တယ်။

မြန်မာနိုင်ငံမှာ ဦးရေများတဲ့အုပ်စုကနေ လွှမ်းမိုးထားတယ်ဆိုတာကို အခုပြန်ပြီးဆန်းစစ်သင့်ပြီ။ နှစ် ၅ဝ သမိုင်းကို ကြည့်လိုက်ရင် ဗမာလူမျိုးကကြီးစိုးတယ်ဆိုတာထက် စစ်တပ်အားပြုတဲ့အစုတခုကကြီးစိုးတယ်ဆိုတာ သိမြင်နိုင်ကြပါပြီ။ ၂ဝဝ၈ ဖွဲ့စည်းပုံကနေ အဲလိုဖြစ်စေလိုက်တာဖြစ်တယ်။ တိတိကျကျပြောရရင် စစ်တပ်တခုတည်း မဟုတ်တော့ပါ။ စစ်ထွက်တွေချည်းလည်းမကပါ။

၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားစိတ်ဓါတ်ကို ပြည်ခိုင်ဖြိုးကနေ လက်နက်အဖြစ်သုံးလာတယ်။ ဒါပေမယ့် ကိုလိုလိုနီ ဆန့်ကျင်ရေးကာလလို အမျိုးသားစိတ်ဓါတ်နိုးကြားမှုရယ်လို့တော့ ဖြစ်မလာပါ။ အမျိုးသားစိတ်ဓါတ်ကို အဲလို တလွဲအသုံးချခြင်းဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းကို အဟန့်အတားကိုဖြစ်စေတယ်။ အဲတာကို တိုင်းရင်းသားအင်အားစုတွေဖက်က စိုးရိမ်မှုရှိမှာမှန်ပေမယ့် အပစ်အခတ်ရပ်စဲရေးဆိုတာကို မပျက်စေချင်လို့ အသံထွက်တာ မကြားမိသေးပါ။

ဗမာလူမျိုးတစုတည်းကိုသာ ကိုယ်စားပြုတာမဟုတ်တဲ့ NLD ဖက်ကတော့ ထောက်ပြနေပါကြောင်းသိစေလိုပါတယ်။ ကျွန်တော် ရွေးကောက်ပွဲကာလအတွက် ရေးနေတာတွေဟာ နိုင်ဝင်္ဘာ (၈) ရက်တခုတည်းအတွက်မဟုတ်ပါ။ မဲတခုတည်းအတွက်လည်း သည်းသည်းမည်းမည်းရေးနေတာမဟုတ်ပါ။ ဈေးကောင်းရလို့ အမျိုးသားရေးကိုပါ ရောင်းမစားပါ။

အမျိုးသားရေးဆိုတာ မှန်မှန်ကန်ကန်သုံးတတ်ရင် လွတ်လပ်ရေးရေစေနိုင်တယ်။ မဟုတ်ရင် လွတ်လပ်မှုတွေ ထပ်ပြီးဆုံးရှုံးမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၅

Chin State ချင်းပြည်နယ်ကို မဲဆွယ်ခြင်း

ဦးတင်ဦးနဲ့ ဒေါ်အောင်းစုကြည်တို့ ၂ဝ၁၃ မှာ ချင်းပြည်နယ်ခရီးထွက်တုံးက အမှတ်တရပုံလေးကို ကနေ့မနက်မှာ ဓါတ်ပုံထဲ ဦးတင်ဦးနောက်မှာရပ်နေသူ ကိုထန်မန်း (မင်းတပ်) က နေလာပြတယ်။ ပုံကတော့ ဟားခါးမှာရိုက်ထားတာပါ။ ဒေါ်စုက ချင်းပြည်နယ်ခရီးပြီးတော့ ကချင်ပြည်နယ်ကို သွားခဲ့တယ်။ နောက် စစ်ကိုင်းတိုင်းထဲ သွားတယ်။ ၃ဝ-၅-၂ဝဝ၃ နေ့ည ဒီပဲရင်း မှာ စစ်အစိုးရ အကွက်ချစေခိုင်းတဲ့လူအုပ်ရဲ့ လုပ်ကြံမှုကြီးကို ရင်ဆိုင်ခဲ့ရပါတယ်။

လာလည်းသူဟာ ကနေ့မြန်မာပြည်နိုင်ငံရေးအခြေအနေကို အမှန်အတိုင်းရှုမြင်နိုင်သူဖြစ်ကြောင်း သူနဲ့စကားပြောရင်း သိတယ်။ စစ်အုပ်စုရဲ့လှည့်ပတ်မှုတွေ၊ ညစ်ပတ်တာတွေလည်းသိတယ်။ လာမယ့်ရွေးကောက်ပွဲမှာ NLD နဲ့ လူထု အတူရင်ဆိုင်ကျော်လွှားနေကြာတာလည်း သူကသိတယ်။

တိုင်းရင်းသားလူမျိုးစုတွေထဲမှာ NLD ပါတီစည်းရုံးရေးမှူးတွေက ပြည်ထောင်စုနိုင်ငံရေးအထိသိကြတယ်။ ပြည်နယ်အတွက်သာ ကွက်မမြင်ဘူးလို့ မင်းတပ်သားကိုကြည့်ပြီးပြောနိုင်တယ်။ ဒါကြောင့် တိုင်းရင်းသားနယ်မြေတွေမှာ လူမျိုးချင်းတူရင် NLD ကိုယ်စားလှယ်ကိုသာမဲပေးပါလို့ ကျွန်တော်မဲဆွယ်နေတာပါ။

မဲတခုတည်းအတွက်တော့ မဟုတ်ပါ။ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးအတွက် အပြန်အလှန်ရင်းနှီးမှု၊ နားလည်မှုနဲ့ လေးစားမှုရှိမှသာဖြစ်မယ်လို့ ယုံကြည်လို့လည်းဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၅

In the same boat

ခရီးအတူသွားနေကြတယ်။ ကားနဲ့။

ခေါင်းခန်းထဲနေရာရသူကရတယ်။ ကားခေါင်းထဲလိုက်ရတာ မူးတတ်လို့ နောက်ခန်းကပဲစီးချင်သူပါတယ်။ နောက်ခန်းမှာလည်း ရှေ့နားကတချို့ နောက်နားကတချို့။ ထိုင်ခုံမရလို့ ရပ်လိုက်ရသူကရပ်။ တချို့က ဆန်အိတ်ပေါ်မှာ နေရာရတယ်။ ကားနောက်မြီး ခိုလိုက်ရသူလည်း ပါတယ်။

ကားစက်ပျက်လို့ ဆင်းထွန်းကြတော့ နောက်မြီးခိုရသူတွေက အရင်။ ရပ်လိုက်ရသူတွေကလည်း အားစိုက်ကြတယ်။ ဘယ်သူတွေ ဘယ်နေရာကစီးလိုက်လိုက် နိုဝင်္ဘာ (၈) ရက်မှာ အတူတူရောက်ကြမယ်။

ကားအိုကြီးပေမယ့် ကားဆရာက ကျွမ်းကျင်တယ်။ ခရီးသည်တွေကလည်း ယုံပြီးသား။
ရှေ့ကားကို ကျော်တက်ကြမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၅

Ghost တစ္ဆေ

- သူရဲနဲ့ခြောက် ကြောက်။
- ကုလားနဲ့ခြောက် ကြောက်။
- အမျိုးဘာသာနဲ့ခြောက် ကြောက်။
- ကုလားနဲ့ အမျိုးဘာသာတို့သည် သူရဲဖြစ်၏။
- ဘုန်းကြီး တစ္ဆေမကြောက်။ သူရဲတော့ကြောက်၏။
( သံဃံ သရဏံ ဂစ္ဆာမိ။ပါဘုရား)

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၅

Doctors make mistakes ဆရာဝန်တွေ၏ အမှားများ

Health Magazine (ကျန်းမာရေးမဂ္ဂဇင်း) ဆရာဝန်တွေပြုလုပ်နေသော အမှားသုံးခု
(၁) ကိုယ့်ရဲ့ကျန်းမာရေးကို လျစ်လျူရှုခြင်း
(၂) မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများအား လျစ်လျူရှုခြင်း
(၃) အနားမယူခြင်း

ကျွန်ုပ်၏ ဖြည့်စွက်ချက်
(၄) ဒုသမ္မတလုပ်ခြင်း။
(၅) ပြည်ခိုင်ဖြိုးအမတ်လုပ်ခြင်း။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၅

Two opposing forces clash! အင်အားစုကြီးနှစ်စု

မြန်မာပြည်မှာ သံဃာတော်ဦးရေနဲ့ တပ်မတော်အင်အား အတူလောက်ရှိတယ်။

၁၉၉ဝ ရွေးကောက်ပွဲမှာ တပ်မတော်မိသားစုတွေ အများဆုံးနေထိုင်တဲ့ မဲဆန္ဒနယ်တွေ (မင်္ဂလာဒုံ၊ မှော်ဘီ၊ မိတ္တိလာ၊ ကိုကိုးကျွန်း) မှာ NLD က အားလုံးအနိုင်ရခဲ့တယ်။ ဒါတောင်မှ တပ်နယ်မြေထဲ မဲဆွယ်ခွင့်မပေးလို့။

၂ဝ၁၅ မှာ ထူးခြားလာတာက -
မနေ့က တပ်မတော်ဦးစီးချုပ်က ကယားပြည်နယ်သွားတယ်။ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်တာမဟုတ်ပါပြောလည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး။

ဘုန်းတော်ကြီးတွေ ၁၉၉ဝ မှာ ညီခဲ့တယ်။ (တစည) ကိုယ်တော်ရယ်လို့ မကြားခဲ့ပါ။ အဲတော့ ခွဲတာကို ခံလိုက်ရတယ်။ ၂ဝ၁၅ မှာ NLD ကို မဲမပေးဘို့ ကျယ်ကျယ်လောင်လောင် ပြောင်ပြောင်တင်းတင်း ပြောဟောတယ်။ စာရွက်တွေဝေတယ်။ ကုလားသူရဲနဲ့ ခြောက်နေတယ်။

အဲ့ သစ္စာတရားဘက်က ကိုယ်တော်တွေကလည်း ဓမ္မနဲ့ညီတဲ့ဖက်က နေပြတော်မူကြတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၅

You Betcha! လောင်းကစားသမား စည်းရုံးရေး

Htoo Aung Linn ဆရာ ကျွန်တော် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာ အစရှိတဲ့ ဆင်ခြေဖုံးမှာနေတဲ့ အခြေခံလူတွေကို အဲ့ဒီအရပ်က ဘုန်းကြီးတွေက NLD ကိုမဲမပေးနဲ့ နိုင်သွားရင် ကုလားတွေ အုပ်ချူပ်လိမ့်မယ်လို့ ပြောနေပါတယ်။ ဘာသာရေးမှိုင်း အတော်ကိုမိနေကြပါပြီ။ အခြေခံလူထု နားလည်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရပါတော့မည်။ လေးစားစွာဖြင့်

ဟုတ်တယ်။ နယ်တိုင်းမှာ အဲလိုလူတွေရှိတယ်။ ဝိုင်းကြိုးစားကြရပါမယ်။ အဲလိုလူတွေက စာလည်းမဖတ်တာများတယ်။ သူတို့ဆီကိုရောက်မှာက မီဒီယာမဟုတ်ဘူး။ ကိုယ်ပါ ဗြောင်လိန်သမားတွေလို အဆင့်နိမ့်တဲ့စည်းရုံးရေး လိုက်လုပ်ရမလို ဖြစ်နေတယ်။

- NLD အနိုင်ရရင် ကုလားလည်း မအုပ်ချုပ်နိုင် တရုပ်လည်း အခုလိုမလုပ်နိုင်။
- ကုလားဆိုတာ တစ္ဆေအခြောက်နေတာသာဖြစ်တယ်။
- အခုလို တကယ်ရှိတဲ့ တရုပ်သူရဲလွှမ်းမိုးမှုနဲ့ တကယ်မရှိတဲ့ကုလားတစ္ဆေ အခြောက်မခံရလေအောင်
(၁) ကိုယ့်အားကိုယ်ကိုးမယ်။
(၂) နိုင်ငံတကာမှာ မိတ်ဆွေကောင်းတွေရှိတယ်။
(၃) မာကျောက်ကစားပြီး၊ ကုလားဖန်ထိုး ဖဲရိုက်နေတဲ့စစ်တပ်ကို တိုင်းပြည်ကာကွယ်ရေးမှာ အချိန်ပြည့်တာဝန်ပေးမယ်။
(၄) ဘုန်းကြီးတစ္ဆေတွေလည်း အကျွတ်တရားရသွားမယ်။

Betcha = “You bet you” = informal conversation, = “Yes” in an enthusiastic way

ဓါတ်ပုံ = Sarah Palin (ဆာရာ ပါလင်) အမေရိကန်သမတရွေးပွဲမှာ အိုဘားမားကိုပြိုင်ခဲ့တဲ့ ရီပတ်ဘလီကန်ပါတီက ဂျွန်မက်ကိန်းရဲ့ ဒုသမတလောင်းဖြစ်ပါတယ်။ သူဟာ ရွေးကောက်ပွဲမဲဆွယ်စဉ်က အဲလိုဗန်းစကားတွေသုံးပြီးပြောခဲ့လို့ နာမည်ကြီးတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၅