မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, October 31, 2015

Grateful to You ကျေးဇူးတင်လွှာ

မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ်
ပင်နီချောရယ်နဲ့ ယောထဘီ ယောထဘီ

မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ်
အနီရောင်တောရယ်နဲ့ ကချင်လုံခြည် ထီးကိုယ်စီ

မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ်
အဆိုတော်ချောရယ်နဲ့ မဲပေးကြမည် NLD

(ပုလဲ-မင်းတိုင်ပင် မဲဆွယ်စည်းရုံးရေးပွဲကို လာရောက်ဝန်းရံကြတဲ့ အဆိုတော်တွေနဲ့အတူ မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ ယင်းမာပင်၊ ဆားလင်းကြီးစတဲ့ ချင်းတွင်းသားများအားလုံးကို ကျေးဇူးတင်လျက်)

ဒေါက်တာတင့်ဆွေ
၁-၁၁-၂ဝ၁၅

English ဘာသာစာပေစောင့်ဥပဒေ ပေါ်ပါစေ

မိခင်စကားမဟုတ်တဲ့ အင်္ဂလိပ်စာအကြောင်းလေး ရေးပါရစေ။ ပြည်ပထွက်နေရတွေ သန်းဂဏန်းမနည်းပါ။ ဘာသာစကားအခက်အခဲတွေရှိကြတယ်။ အိန္ဒိယမှာနေရတုံးက မေးလာတဲ့သူရှိတိုင်း အကြံပေးရပါတယ်။ ဗြိတိသျှ-အင်္ဂလိပ်ဖြစ်ဖြစ် အမေရိကန်-အင်္ဂလိပ်ဖြစ်ဖြစ် အစစ်ကိုသာယူဘို့၊ အိန္ဒိယ-အင်္ဂလိပ်နဲ့ မြန်မာ-အင်္ဂလိပ်တွေကိုမယူဘို့။

ယူအက်စ်အေရောက်ပြန်တော့ အင်္ဂလိပ်စာသင်တဲ့ကျောင်းမှာ မြန်မာဘာသာပြန်ဆရာလုပ်ရတာမို့ အကြံပေးစရာတွေ ပိုရှိလာတယ်။ ကျွန်တော်တို့နိုင်ငံသားတွေမှာ အင်္ဂလိပ်လိုစစ်စစ်တတ်ဘို့မှာ ဘာတွေကအတားအဆီးဖြစ်နေသလည်း။
ကျွန်တော်က အင်္ဂလိပ်စာတော်သူမဟုတ်ပါ။ ပညာရေးဘာသာရပ်ကို လေ့လာထားသူလည်းမဟုတ်ပါ။ ကျွန်တော် မြင်တာက မြန်မာပြည်မှာ အင်္ဂလိပ်စာသင်နည်းနဲ့ နမူနာယူစရာအင်္ဂလိပ်လိုရေးတာတွေမှာ လိုနေတယ်ထင်ပါတယ်။

တို့တိတို့တိ နမူနာလေးတွေသာရေးပါမယ်။ Myanmar ကို ဘယ်သူမှ မှန်အောင်မထွက်နိုင်ကြပါ။ My နဲ့ စတဲ့စာလုံးမို့ (မိုင်) သံနဲ့ (မိုင်ယန်မာ) လို့ဘဲ ထွက်တာတယ်။ Kyi ကိုလည်း မှန်အောင်မထွက်တတ်ကြပါ။ အိန္ဒိယ-အင်္ဂလိပ်မှာ R သံကို ပီပီသသထွက်တယ်။ Doctor ဆိုရင် (ဒေါက်တားရ်) လို့ ထွက်ကြတယ်။ အိန္ဒိယနေတဲ့ ရွှေမြန်မာတွေအတော်များများလဲ အင်္ဂလိပ်စကားထဲမှာ မဆလာနံ့ပါနေတာကို တခြားလူတွေက သတိထားမိကြတယ်။

ကျွန်တော်တို့ငယ်ငယ်ကတည်းသုံးနေတဲ့ Ka = က၊ Kha = ခ၊ Kya ကြ-ကျ စတဲ့ သင်ရိုးကို ပြင်ဆင်ဆန်းသစ်တာ မတွေ့သေးပါ။ လူနာမည်တွေကို အင်္ဂလိပ်လိုမပေါင်းမဖြစ်ပေါင်းကြရတယ်။ ကျွန်တော်နာမည် နှစ်လုံးစလုံးလည်း အင်္ဂလိပ်စကားပြောသူတွေက မှန်အောင်မထွက်ပါ။ သူတို့ မမှားဘူးထင်ပါတယ်။

မြန်မာစာ မြန်မာစကားလို ပီသမှန်ကန်ပါစေ။ အင်္ဂလိပ်စာကိုလည်း အင်္ဂလိပ်လိုမှန်အောင် ပြောဆိုရေးသားဘို့ ကြိုပမ်းသင့်ပါတယ်။ လက်ရှိ မြန်မာ-အင်္ဂလိပ် (မြန်ဂလိပ်) ဆိုတာ လိပ်နဲ့တူတယ်။ ခေါင်းမဖော်ရဲတဲ့အခါ မဖေါ်ရဲဖြစ်မယ်။ ဘာသာစာပေစောင့်ဥပဒေ ပေါ်ပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

EU doctor suspended from UK work for poor English test

အီးယူဆရာဝန် အင်္ဂလိပ်စာအားနည်းလို့ တာဝန်ကဖယ်ရှား (သို့) မြန်ဂလိပ် ဆိုတာ လိပ်နဲ့တူတယ်

အီတလီလူမျိုးဆရာဝန်တဦးကို ယူကေနိုင်ငံမှာ အင်္ဂလိပ်စာစစ်ဆေးမှုလုပ်တော့ကျလို့ အဲလိုလုပ်လိုက်တာပါ။ Dr Alessandro Teppa (ဒေါက်တာ အယ်လက်ဆန်ဒရို တက်ပါး) ဟာ ယူကေမှာ ၂ဝ၁၄ တုံးက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အရ အဲလို လိုင်စင်သိမ်းခံရတဲ့ ပဌမဆုံးအီးယူကဆရာဝန်ဖြစ်လာတာပါ။

စာမေးပွဲတွေစစ်ပြီးမှ အဲလိုဆုံးဖြတ်လိုက်တာပါ။ သူကအီတလီကတည်းက အင်္ဂလိပ်စာသင်တန်းတွေယူလာခဲ့ပါတယ်။
ပိုလန်ဆရာဝန် Dr Tomasz Fryzlewicz ဒေါက်တာ (တောမတ်ဇ် ဖရီဇွဲလ်ဝဇ်) လည်း ယူကေမှာ ၉ နှစ်လာဆေးကုဘို့ လိုင်စင်ရထားသူဖြစ်ပါတယ်။ ဒါပေမယ့် သူလည်း အင်္ဂလိပစာစာမေးပွဲ ၃ ကြိမ်ကျထားပြီဖြစ်ပါတယ်။ ဥပးအရ ၁၂ လ အတွင်းမှာ အင်္ဂလိပ်စာစာမေးပွဲအောင်ရပါမယ်။

ကျွန်တော့်မှတ်ချက်
ပြောဆိုတဲ့စကားဆိုတာ အလွန်အရေးကြီးပါတယ်။ အင်္ဂလိပ်လူနာပြောတာကို ဆရာဝန်ကနားမလည်ရင် အသက်ကိုပါ စေသေနိုင်တယ်။ မြန်မာစကားလည်း အတူတူပဲ။ မြန်မာစကားကို မြန်မာလို ကျကျနန မှန်မှန်ကန်ကန်မပြောတဲ့ အရာထမ်း အမှုထမ်းတွေရှိတယ်။ လုပ်ငန်းခွင်မှာ ခက်ခဲတတ်ကြတယ်။ သည်အထိတော့ နားလည်မှုပေးတာ လက်တွေ့ကျပါတယ်။ စကားနဲ့ဆက်သွယ်ရေးလုပ်တဲ့ ဗမာမီဒီယာမှာ မပီကလာပြောတာကိုတော့ မသင့်လို့ထင်ပါတယ်။

နောက်ပြီး ပြည်ပထွက်နေရ လုပ်ရသူတွေ သန်းဂဏန်းမနည်းပါ။ ဘာသာစကားအခက်အခဲတွေ ရှိကြတယ်။ ဒီကြာထဲ အင်္ဂလိပ်စာကို တိုင်းတပါးဆိုတဲ့တံဆပ် ကပ်တဲ့သူက ကပ်နေသေးတယ်။ ကနေ့ခေတ်ဟာ သီးသီးခြားခြား ကိုယ့်ဟာမှကိုယ် လုပ်နေရမယ့်ခေတ် မဟုတ်ပါ။ အဲတာကိုပါ ပြောင်းကြရပါမယ်။

မြန်မာစာ မြန်မာစကားလို ပီသမှန်ကန်ပါစေ။ အင်္ဂလိပ်စာကိုလည်း အင်္ဂလိပ်လို ပြောဆိုရေးသားရပါမယ်။ မြန်ဂလိပ် ဆိုတာ လိပ်နဲ့တူတယ်။ ခေါင်းမဖော်ရဲတဲ့အခါ မဖေါ်ရဲဖြစ်မယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅
http://www.bbc.com/news/health-34658051

TB joins HIV as most deadly infection

(တီဘီ) ရောဂါဟာ HIV လိုပဲ သေစေလောက်တဲ့ကူးစက်ရောဂါဖြစ်တယ်

၂၈-၁ဝ-၂ဝ၁၅ နေ့စွဲနဲ့ထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ HIV ကြောင့် လူ ၁့၂ သန်း၊ TB ကြောင့် လူ ၁့၁ သန်း ၂ဝ၁၄ နှစ်တုံးက သေဆုံးခဲ့ရလို့ အဲလိုရောဂါနှစ်ခုကိုယှသ်ပြောရတာဖြစ်ပါတယ်။ WHO အဆိုအရ TB ရောဂါဟာ ကုသလို့ပျောက်ကင်းနိုင်တဲ့ ကူးစက်ရောဂါဖြစ်လို့ ဒီကိန်းဂဏန်းဟာ မဖြစ်မသင့်ပါတဲ့။

WHO ရဲ့ Global Tuberculosis Report 2015 အရတော့ TB ကြောင့်သေဆုံးရမှုဟာ ၁၉၉ဝ ကနေတွက်ရင် တဝက်သာ ရှိတော့ပါတယ်။ ၂ဝဝဝ ကနေဆိုရင် ကူးစက်မှုနှုန်းကလည်း ၁့၅% ကျဆင်းပါတယ်။ HIV/AISA ကြောင့် သေဆုံးရမှုကလည်း ကျဆင်းလာပါတယ်။

TB အဖြစ်အများဆုံးက တရုပ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်နိုင်ငံတွေမှာဖြစ်ပါတယ်။ အတြာတွေက လူဦးရေလည်းများတဲ့တိုင်းပြည်တွေဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်တုံးက TB ကြောင့် လူပေါင်း ၁့၅ သန်းသေဆုံးခဲ့ရတယ်။ အဲဒီထဲမှာ AIDS ပါတွဲရှိနေလို့ AIDS စာရင်းထဲမှာ ပါနေပါတယ်။

TB မှာ ဆေးယဉ်တီဘီဖြစ်လာတာက ပိုပြီးခက်ခဲစေပါတယ်။ တီဘီ လူနာသစ် ၁ဝဝ တွေ့တိုင်း ၃ ယောက်က ဆေးယဉ်နေကြတယ်။

WHO ရဲ့ TB မဟာဗျူဟာက နောက်နှစ်မှာကုန်ဆုံးဘို့ရှိပါတယ်။ ၂ဝ၃ဝ ရောက်ရင် TB ကြောင့်သေတာကို ၉ဝ% လျှော့စေမယ်လို့ မှန်းထားပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅
http://www.bbc.com/news/health-34658015

Indelible ink ရာသက်ပန်ဖျက်မရတဲ့မင်

မဲစာရင်းထဲမှာ လူအပိုတွေပါနေတယ်။ တကယ်နေထိုင်သူထက် မဲစာရင်းထဲကလူစာရင်းဟာ နမူနာနည်းနည်းသာ သိရတယ်။ မန္တလေးမဟာအောင်မြေမှာ ၂၅% ကနေ ၆၈% ပိုနေ။ နေပြည်တော်ကောင်စီမှာ ၆ သောင်းပိုနေ။ တောင်ဥက္ကလာမှာ ၉ သောင်းပိုနေတယ်။ အဲလိုပိုတာတွေက လက်ရှိအစိုးရထဲမှာ ပါနေသူတွေ အရွေးခံကြမယ့်နယ်တွေ ဖြစ်နေတယ်။

ကြိုတင်မဲထည့်ရမယ့်မဲပုံးတွေမှာ ချိတ်ပိတ်ထားတာကမသေချာတာတွေ့ရတယ်။ ကော်မရှင်က တိုင်တန်းတာတွေကို အရောင်ဆောင်လုပ်ပြလို့၊ အမှားကြီးတွေနဲ့ ရွေးကောက်ပွဲဆက်သွားပါတော့မယ်။

၁၉၉ဝ တုံးက NLD ပါတီရဲ့ အမှတ်အသား ခွပ်ဒေါင်းကိုသုံးမဖြစ်အောင်၊ ပါတီအမှတ်အသားမှာ အကောင်တွေမပါရလို့ ဥပဒေထုတ်ခဲ့တယ်။ ၂ဝ၁၅ မှာ သူတို့အကောင်ကပိုကြီးတယ်။ ၂ဝ၁၅ မှာ NLD ရဲ့ ကြယ်ဖြူကို အဖြူမထင်အောင် မဲစာရွက်စက္ကူကို အဖြူမသုံးပါ။

မဲတကယ်ပေးတဲ့သူတိုင်းရဲ့ လက်သန်းမှာ Indelible ink တော်တော်နဲ့ဖျက်မရတဲ့မင်တို့ပေးမယ်။ ရွေးကောက်ပွဲအတွက် ကုန်တဲ့စက္ကူတန်ဖိုးနဲ့ မင်တန်ဖိုး အချိုးမကျပါ။

စက္ကူတရွက် မင်တစက် အမဲဖျက်မယ့်ရွေးကောက်ပွဲဖြစ်တယ်။
ကော်မရှင်မျက်နှာမှာ ရာသတ်ပန်ဖျက်မရတဲ့မင်ကို ကိုယ်တိုင်သုတ်နေတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Fertomid မျိုးဥကျွေဆေး


၁။ သမီးနာမည့့် ပါ။ ပဲခူးတိုင့်း့ မြို့မှာနေပါတယ်။ အိမ်ထောင်သက်က တစ်နှစ်နဲ နှစ်လခွဲပါဆရာ။ အသက်က ၃၈ နှစ်ပါ။ ဆရာရှင့် ကျမအသက် ၃ဝ ပါ။ ရန်ကုန်ကပါဆရာ။ အိမ်ထောင်သက်က ၈ လရှိပါပြီ။ ကလေးလိုချင်လို့ ဒီလရာသီလာပြီး ၃ ရက်မြောက်နေ့မှာ ဒီဆေး Provula ၅ ရက်ဆက်တိုက်သောက်ထားပါတယ်။ ကျမသိချင်တာက မျိုးဥကြွေတဲ့ရက် မတွက်တတ်လို့ပါ။ OG နဲ့ပြပြီးသောက်တာပါ။ ပြန်ပြရမဲ့ရက်မှာ OG ကဆေးခန်းမထိုင်ဖြစ်လို့မပြခဲ့ရလို့ပါ။

သတ်ပုံတွေပြင်လိုက်တယ်။ (ပီး) မဟုတ်၊ (ပြီး) ဖြစ်တယ်။ (တက်) မဟုတ် (တတ်) ဖြစ်ပါတယ်။ Provula ဆေးဟာ Clomifene ဆေးဖြစ်တယ်။ မျိုးဥထွက်စေမယ်။

Clomifene ဆေးကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေး နည်းတဲ့သူတွေကိုသာ ပေးတယ်။ အခုနောက်ပိုင်းမှာ ကလေးရအောင်လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene နာမည်တွေနဲ့ရောင်းတယ်။ Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။

အမျိုးသမီးတွေမျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ မ-မျိုးဥ ထွက်စေအာင် လှုံ့ဆော်အားပေးတဲ့ Clomifene (Clomid, Fertomid) 50 mg တလုံးကို ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ (သို့) ရာသီသွေးစဆင်းပြီးနောက် ၅ ရက်မြောက်နေ့ကနေ စသောက်ရမယ်။ ရာသီပြီးရက် မဟုတ်ပါ။ ၅ ရက် ဆက်တိုက်သောက်ပါ။ အဲလိုအတိုင်း ၃ လ ဆက်ကြိုးစားပါ။ မရသေးရင် (မျိုးဥမထွက်သေးရင်) 100 mgs ကို အဲလိုရက်တွေမှာ နေ့တိုင်း ၅ ရက်၊ နောက် ၃ လ ပေးမယ်။ 100 mgs ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။

ဆေးကို မနက်မှာသောက်ရင် ၅ ရက်လုံး မနက်မှာသောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။ မျိုးဥထွက် မမှန်သူ နဲ့ မျိုးဥ လုံးဝမထွက်သူတွေကိုပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။

Clomiphene ဆေးကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေရှိမယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ အမွှာကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ ၃ မွှာဆိုတာ ရှာမှရှားဖြစ်နိုင်တယ်။ ဆေးက ကလေးကိုဒုက္ခမပေးပါ။
ကလေးရအောင်လိုအပ်သေးတဲ့ အီစထိုဂျင်ဟော်မုန်းလည်း မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေထွက်ရာ (ဂလင်း) ကလည်း မှန်မှန်အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူဖြစ်ရပါမယ်။

သုက်ပိုးနည်းနေတဲ့ယောက်ျားတွေကို Clomiphene 25mg ပေးတယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ အပြင်ကနေ သုက်ပိုးထည့်ပေးတာခံယူမဲ့ အမျိုးသမီးကို မျိုးဥတွေပွါးများလာအောင်လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုးတွေ = မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင်ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အန္တရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။ ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိသူ၊ ရာသီသွေးမမှန်ဘဲ များနေသူ၊ စိတ်ကျရောဂါရှိသူ၊ မျိုးဥအိမ်ကြီးနေသူတွေကို မပေးရပါ။

ဒေါက်တာတင့်ဆွေ

ocial Media မီဒီယာမဟုတ်တဲ့ သတင်းဆရာ

ကျွန်တော့်ပို့စ်တခု =  အန်ကယ်ရေ ... သမီး သျှီပါ ... ဒီနေ့ ပုလဲမှာ သွားဖျော်ဖြေခဲ့ပါတယ် ...
ကွန်မင့်တခု = Tun Tun Naing လမ်းမှာဖွတ်တွေကနှောက်ယှက်သေးတယ်ဆိုဆရာရေအတည်ပြုပေးပါဦးခင်ဗျ
ရီပလိုင်းတခု = Tint Swe ဆရာ ရေးထားပြီးပါပြီ။
ကွန်မင့်တခု = Tun Tun Naing ဟုတ်ဆရာ ကျတော်ခုမှလိုင်းပေါ်တက်လာလို့ပါဖတ်လိုက်ပါဦးမယ် ကျေးဇူးပါဆရာ

ပုလဲ၊ မုံရွာ၊ ပေတရာပေါ်ကသတင်း ကျွန်တော့်ဆီ ချက်ချင်းရောက်တယ်။ (ကြွားတာ)
တခါတခါ မလုပ်သေးတာ ပေါက်ထွက်လာကိုပါရတတ်တယ်။ (ပိုကြွားတာ)
တခါတခါ ပြောမကောင်းလို့ မပြောတာလည်းရှိသေးတယ်။ (အကြွားဆုံး)
အနာဂတ်ကိုလည်း အကဲဖြတ်မညံ့ပါ။ တကယ်ပြောတာ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Hello November ဟယ်လို နိုဝင်္ဘာ


ဖေ့စ်ဘွတ်ကနေ Happy Halloween ဆိုပြီး နှုတ်ခွန်းဆက်တယ်။ Halloween (Hallowe'en) ဟယ်လိုးဝင်းဆိုတာ အနောက်နိုင်ငံတွေမှာ ကျင်းပတဲ့ နှစ်စဉ်ပွဲတခုဖြစ်တယ်။ All Hallows' Eve ခရစ်ယန်အယူအဆ အဖိတ်နေ့ ဖြစ်တယ်။ လွယ်လွယ်ပြောရရင် သရဲပွဲ။ အောက်တိုဘာ (၃၁) ရက်နေ့မှာ ကလေးတွေ ပျော်စရာလုပ်ကြတဲ့ပွဲ ဖြစ်တယ်။ သူရဲလိုကြောက်စရာကောင်းတဲ့ အဝတ်အစား အသုံးအဆောင်တွေဝတ်ပြီး ခြောက်လှန့်ကြပါတယ်။ တချို့က ၃ ရက်ကြာ လုပ်တယ်။

မြန်မာပြည်မှာတော့ အောက်တိုဘာကုန်လို့ နိုဝင်္ဘာလထဲဝင်တာနဲ့ ရာသီဥတုသာယာ ခြေခင်းလက်ခင်းလည်း သာလှတယ်။

ကျွန်တော်တို့ ဆေးကျောင်းစတက်ရတာ၊ ၁၉၆၅ နိုဝင်္ဘာလဆန်းတစ်ရက်နေ့ဆိုတာ မမေ့ပါ။ ၇ နှစ်ကြာ စာသင်အပြီးမှာ ဟောက်ဆာဂျင်ခေါ်တဲ့ အလုပ်သင်ဆရာဝန်လုပ်ရတာလည်း ၁၉၇၂ နိုဝင်္ဘာလထဲမှာပဲ။ ဆေးမန်းက သူငယ်ချင်းတမြုံ မေမြို့စစ်ဆးရုံမှာတာဝန်ပေးခံကြရတယ်။ မေမြို့ဆိုတာက နွေမှာတောင်အေးလို့ နိုဝင်္ဘာဘာလဆိုတော့ မန္တလေးသားများ ချမ်းသလားမမေးနဲ့။ ကျွန်တော်တို့အကုန် စစ်ဆေးရုံထဲက အိုဟောင်းနေတဲ့ တိုက်တလုံးမှာ စုရုံးနေကြရတယ်။ ရေချိုးခန်းမှာ အပူပေးစရာက ပျက်နေတော့ ရေချိုးဘို့ဆိုတာ စစ်ဆေးရုံထဲမှာ အရပ်သားဆရာဝန်တွေကြား တပင်ရွှေထီး စစ်သားစုဆောင်းရေးလုပ်တဲ့အထဲ ပါခဲလှတယ်။

စစ်ဆေးရုံမှာ အရပ်သားတွေခင်မြာ စစ်ဗိုလ်စစ်သားတွေကြားမှာ အထာမကျကြပါ။ အဲလိုပဲ အရပ်သားတွေကြားမှာလဲ စစ်ဗိုလ်စစ်သားတွေ အထာကျမှာမဟုတ်ပါ။ ကိုယ်ချင်းစာကြည့်ပါတယ်။ ကျွန်တော်တို့ အထာမကျတာက ဟောက်ဆာဂျင်လုပ်ရတာ တနှစ်တိတိသာကြာလို့ ကံကောင်းတယ်။ စစ်ဗိုလ်တွေအုပ်ချုပ်နေတာ နှစ်လေးငါးဆယ်ကြာ အထာကမကျတော့ အရပ်သူအရပ်သားတွေဟာ ကံဇာတာကို တနှစ်တခါ ရေနံချေးသာသုတ်နေကြရတယ်။ နှစ် ၅ဝ ကြာပြီဗျာ။

သူတို့ကတော့ ကိုယ်ချင်းမစာ အခုနိုဝင်္ဘာမှာ ညီညွတ်စွာ မဲပေးကြပါစို့ဗျာ။ ဖြဲခြောက်နေတဲ့သူရဲ ကြောက်စရာမလိုပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Friday, October 30, 2015

Bedtime Poem ကလေးချော့ လင်္ကာ

Alinka Monywa ဆရာအခု မဲပြားမှာ ကြယ်ဖြူက ကြယ်ဝါဖြစ်နေပြီတဲ့ဆရာ အဲဒီအကြောင်း လူထုသိအောင် ပြောကြားပေးပါဦး။

ဟုတ့့် မနေ့ညကတွေ့လိုက်တယ်။

ကလေးချော့ လင်္ကာ
- မိုးပေါ်မှာ ကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ
- သာတဲ့ခါ သာပါလိမ့် နတ်ဒေဝါ သူဖန်ဆင်း ဖိုးရွှေလမင်း

လူကြီးဆော့ မာယာ
- ကြယ်အဝါ ထုံးဖြူသုတ် အကြံယုတ်ပါလို့ မဲပြားမှာ
- ဝါတဲ့ခါဝါပါလိမ့် ကော်မရှင် သူဖန်ဆင်း အာဏာရှင်ဘယ်လိုငြင်း

မှတ်ချက်။ ရွေးကောက်ပွဲကော်မရှင် အသုံးစရိတ် (၆၈) ဘီလီယန်ကျော်သည် ဆေးအဖြူဝယ်ယူရန်လောက်ငခြင်းမရှိ။ စက္ကူအဝါသုံးထားခြင်းကို သည်းခံပါရန်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

အန်ကယ်ရေ ...

သမီး သျှီပါ ...
 ဒီနေ့ ပုလဲမှာ သွားဖျော်ဖြေခဲ့ပါတယ် ...
လမ်းခရီးမှာ တဖက်အသင်းက ကားတွေ ရုတ်တရက် လှည့်ပြီး ပုလဲကို မှောင်မှရောက်ပေမယ့် ...
လူထုက စောင့်နေတော့ အင်မတန်ဝမ်းသာခဲ့ရပါတယ် ...
ပုလဲသားတွေ တကယ်သွေးရဲပါတယ် ...
အန်ကယ့်ကို သိစေချင်လို့ပါ ...
                                    သမီးသျှီ

Thiri Thu
Than Tha Win added 8 new photos.
မျက်စိတဆုံး ပုလဲမြို့ ၂၁မြို့မြောက်

Tint Swe
Thank you very much!

Anegga
Follow · 12 hrs near Yinmabin, Myanmar ·
ပုလဲမြို့က သွားခဲ့တဲ့မြို့တွေထဲမှာ စံချိန်တင်ပဲ ...
ညမိုးချုပ်တဲ့အထိ လူသိန်းချီပဲ ...
သူတို့ရဲ့ မာန်နဲ့ဟစ်ချီတဲ့ အသံတွေက သွေးပျက်လောက်စေတယ် ...
ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ပုလဲက ပြည်သူပြည်သားတွေ ထောက်ခံအားပေးလိုက်တာပဲ
"မြန်မာပြည်က ရဲရဲတောက် စိတ်ဓါတ်ကို ကြည့်ချင်ရင် ပုလဲကိုကြည့်"

#VoteNLD

#iVoteNLD

#WeVoteNLD

ချင်းတွင်းဒေသကို တပင်တပမ်းလာရောက်ဖျော်ဖြေကြတဲ့ အနုပညာရှင်အားလုံး (အားလုံး) ကို အများကြီးကျေးဇူတင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

Sweep vote အမှိုက်သိမ်းရေး မဲပေးပါ

တံမြက်စည်းလှည်းတဲ့ပညာကို ငယ်လေးကတည်းက ပညာယူခဲ့ရပါတယ်။ အဖေကသင်ပေးတယ်။ ဦးကြီးဦးလေးတွေက သင်ပေးတယ်။ ဇာတိမင်းရွာမှာက အုန်းပင်ပေါလို့ အုန်းတံမြက်စည်းထွက်တယ်။ ငါးနှစ်သားကတည်းက မိသားတစုလုံး မုံရွာကိုပြောင်းနေတော့လည်း လူကြုံလာတိုင်းပါလာကြလို့ အုန်းတံမြက်စည်းဟာ အိမ်မှာပြတ်လပ်နေတယ်လို့ မရှိပါ။

အဲလိုတံမြက်စည်းမျိုးကို တသက်လုံးသုံးခဲ့ရပြီး မြန်မာပြည်ကနေ ထွက်နေရတဲ့နောက် ဘယ်တိုင်းပြည်ရောက်ရောက် ပြန်မတွေ့တော့ပါ။ နောက်ပေါ်တံမြက်လှည်းစရာတွေကို ငယ်တုံးကသုံးတဲ့ အုန်းတံမြက်စည်းလောက် မကြိုက်ပါ။

တံမြက်စည်းအသစ်မှာ အုန်းလက်တံလေးတွေက ဖြောင့်စင်းနေတယ်။ တဖြေးဖြေးနဲ့ တဖက်သပ်ယိုင်စောင်းလာတယ်။ အစောင်းနှစ်ဖက်ကို အမှိုက်ကိုလှည်းတဲ့အခါ အသုံးပြုရတာ မတူပါ။ အကြိုအကြားကအမှိုက်ကို ခြူယူတဲ့အခါ အချွန်ပိုင်းလေးနဲ့ယူမှရတယ်။ တံမြက်စည်းကို ပက်လက်ထားပြီး အမှိုက်လှည်းမိရင် အဆူခံရတယ်။ အမှိုက်ပါမလာပဲ ဖုန်ပဲထတယ်။ အမှိုက်မလှည်းခင် ရေလေးနည်းနည်းဖြန်းနိုင်ရင် ဖုန်မထပါ။

အမှိုက်ကို ဘယ်နေရာမှစုထားမလည်း။ အလှမ်းကျယ်ရာမှာ အမှိုက်လှည်းရရင် ဟိုနေရာမှာတပုံ၊ သည်နေရာမှာတပုံ လုပ်ရတယ်။ အမှိုက်ကို မြေနိမ့်ရာမှာပုံမှသာ ကြာတော့ မြေသားပါညီလာတယ်။ အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းရ ဆိုတဲ့ဥပဒေသက မြန်မာစကားပုံထဲမှာတောင်ပါသေးတာ။

မြန်မာပြည်မှာ အမှိုက်လှည်းတာ ကိုယ့်အိမ်ရှေ့လမ်းကိုယ်တာဝန်ယူတဲ့ခေတ်ရှိခဲ့တယ်။ လမ်းထဲက စေတနာထားသူ တယောက်က တလမ်းလုံး နေ့တဓူဝလှည်းရှင်းတာမျိုးလည်းရှိတတ်တယ်။ အလိုက်သိတဲ့ အိမ်နီးခြင်းတွေက လှည်းပုံထားပြီးသား အမှိုက်ကို လာကြုံးပေးကြတယ်။ အဲတာလည်း ပညာပါသေးတယ်။ မြေကြီးတွေ ကျန်နေစေရမယ်။ မဟုတ်ရင် လမ်းခွက်ဝင်ပြီး မိုးရွာရင်ရေဝပ်မယ်။ လက်ခတ်လို့ခေါ်တဲ့ သစ်သားပြား နှစ်ချပ်ကို တဖက်ကအဖြောင့် တဖက်ကိုခုံးခုံးလေးလုပ်ထားတာနဲ့ အမှိုက်ကြုံးရတယ်။

အဲဒီ စေတနာ့ဝန်ထမ်းယဉ်ကျေးမှုက အိန္ဒိယရောက်တော့ ပြဿနာတက်ပါရော။ သူတို့ဆီမှာ အမှိုက်လှည်းတာကို အိမ်စေတွေ၊ ဇာတ်နိမ့်သူတွေကသာလုပ်တော့ ဗမာတယောက် စေတနာပေါက်လို့ အိမ်ရှေ့မှာ အမှိုက်လှည်းတာကို ဆိုရှယ်ဝပ်လို့ မသတ်မှတ်ပါ။ တော်ကြာဘေးအိမ်တွေက သူတို့အိမ်ရှေ့မှာပါ လာလှည်းလို့ခိုင်းမယ်ဆိုပြီး အရင်ရောက်နှင့်သူတွေကသတိပေးမှ တံမြက်လှည်းအမှိုက်သိမ်းအတတ်ကို ရှင်ခန်းဖြတ်လိုက်ရတော့တယ်။

မြန်မာပြည်ထဲမှာ ယဉ်ကျေးမှုတွေ၊ တန်ဘိုးထားမှုတွေ ယိုယွင်းကျဆင်းလာနေတာ မမြင်ရလို့ မျက်စေ့အောက်လို့ မပြောနိုင်ပေမယ့် အတတ်သိနေရတယ်။ အဲလိုအစဉ်အလာကောင်းခဲ့တဲ့ လူမှုဝန်ထမ်းယဉ်ကျေးမှုကို အသိရှိသူတွေက အညစ်အပေခံ၊ အထင်သေးတဲ့မျက်လုံးတွေနဲ့ ပါးစပ်ပေါက်တွေကို ရင်ဆိုင်ပြီးလုပ်နေကြတာ မကြာလှသေးပါ။ ပျက်ခဲ့တာက ရာစုနှစ်တဝက်လောက်ရှိခဲ့ပြီ။

မနေ့ကမုံရွာပွဲအပြီး အမှိုက်ကောက်ကြတယ်။ ကျွန်တော်က သဘောကျလွန်လွန်းလို့ အမှိုက်သိမ်းခွင့်တော်လှန်ရေးဆိုပြီး စာလေးနှစ်ကြောင်းသုံးကြောင်း ရေးလိုက်တယ်။ ကိုယ့်မြို့ရွာမို့ နမူနာပေးတာကိုတော့ နားလည်ပေးပါ။

ကျွန်တော်တို့တတွေ တကယ်ကို အနှစ်နှစ်ဆယ်လောက်ကြာအောင် ကိုယ့်အမှိုက်ကိုယ် ကောက်ခွင့်ရလာအောင် ကြိုးစားခဲ့ရတယ်လို့ပြောတဲ့စကားကို အမှိုက်ပုံးထဲမထည့်လိုက်ကြစေချင်ပါ။ လက်ရှိအဆင့်အတန်းက နှမ်းဖြူးယုံသာ ရှိသေးတယ်။ ကျွန်တော်တို့တတွေ အင်နဲ့အားနဲ့ ကြိုးစားခွင့်ရအောင်သာ ဆင့်ပါးစပ်ထဲဝအောင်ထည့်သလိုသာ မဲထည့်ကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

Can Burma Save Buddhism From the Politicians?

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို နိုင်ငံရေးသမားတွေလက်ကနေ ကယ်တင်နိုင်မလား

၃ဝ-၁ဝ-၂ဝ၁၅ နေ့ထုတ် နာမည်ကြီး နိုင်ငံခြားရေးပေါ်လစီမဂ္ဂဇင်းမှာ Christian Caryl (ခရစ်ရှန် ကရိုင်းလ်) ရေးတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အစိုးရနဲ့ အစွန်းရောက်ဗုဒ္ဂဘာသာဘုန်းတော်ကြီးတွေရဲ့ မြင့်မြတ်မှုကင်းလှတဲ့ မဟာမိတ်ပြုမှုကနေ ဒီမိုကရေစီ ပြောင်းလဲရေးကို လမ်းကြောင်းပြောင်းစေနေပါတယ်။

နိုဝင်္ဘာ (၈) ရက်နေမှာ မြန်မာနိုင်ငံသားတွေ လွှတ်တော်သစ်အတွက် မဲပေးကြပါတော့မယ်။ အဲတာဟာ ပြီးခဲ့တဲ့ ၄ နှစ်က တံခါးဖွင့်ပေးလိုက်တဲ့တိုင်းပြည်မှာ ပဌမဆုံးအထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ နှိုင်းရဒီမိုကရေစီအတွက် ပြောရရင် ၂၅ နှစ်အတွင်းမှာ ပဌမအကြိမ်သာဖြစ်ပါတယ်။

ရွေးကောက်ပွဲပြင်ဆင်မှုတွေက ကျောက်တုံးသာခင်းထားတဲ့ လမ်းပေါ်သွားလာရသလိုပါပဲ။ နိုင်လိုမင်းထက်ပြုမှုတွေ၊ ကြိုးကြားအကြမ်းဖက်မှုတွေ၊ မဲစာရင်းမှားယွင်းမှုတွေ၊ မသမာမှုတွေနဲ့ တခြားအားနည်းချက်တွေကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက သတိပေးနေကြပါတယ်။ အာဏာပိုင်တွေက ကြိုးစားဖြေရှင်းပါတယ်ဆိုပေမယ့် ပိုပြီးကျယ်ပြန့်တဲ့ ပြဿနာတွေရှိပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ဝန်းကျင်ဟာ အတိုက်အခံတွေကို နှိပ်ကွပ်ထားချိန်မှာဖြစ်တယ်။ မဲပေးစည်းမျဉ်းတွေကလည်း စစ်တပ်အလိုကျရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံထားတယ်။ ဖွဲ့စည်းပုံထဲမှာ လေးပုံတပုံ လွှတ်တော်နေရာတွေကို စစ်တပ်အတွက်ချန်ထားဘို့ပါနေတယ်။ ဆိုလိုတာက ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက စစ်တပ်ကနေ အသာစီးယူထားပြီးဖြစ်တယ်။

ဒါတွေဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ အင်မတန်အန္တရာယ်ကြီးပါတယ်။ အဲဒီအန္တရာယ်ကြီးထက် ပိုဆိုးတာရှိပါသေးတယ်။ ဘာသာရေးကို နိုင်ငံရေးမှာအသုံးချနေတာက ပါဝါတွေအများကြီးရနေတာဖြစ်ပါတယ်။ ဒီလစောစောပိုင်းတုံးက (မဘသ) ခေါ်တဲ့အဖွှဲစည်းကြီးကနေ နိုင်ငံရေးပွဲမြန်မာပြည်ရဲ့အကြီးဆုံးမြို့ ရန်ကုန် အားကစားကွင်းထဲမှာလုပ်ပါတယ်။ ဘုန်းကြီး၊ သီလရှင်နဲ့ လူဦးရေ တသိန်းတက်ရောက်ပြီး လွှတ်တော်မှာ အနိုင်ရသွားတဲ့ဥပဒေ (၄) ခုကို ထောက်ခံတဲ့အောင်းပွဲလို့ဆိုပါတယ်။ အဲတာတွေက လူနည်းစုမွတ်ဆလင်ဦးရေကို ခွဲခြားဆက်ဆံမှုဖြစ်ပါတယ်။ ဆရာတော်တပါးက တိုင်းပြည်မှာအဲလိုဥပဒေလိုအပ်တယ်။ လူတွေကို ဖျက်ဆီးမယ့် သူတွေရန်ကနေ အကာကွယ်ပေးရမယ်လို့မိန့်ကြားပါတယ်။ ထင်ရှားတဲ့ဆရာတော်က သာမန်မြန်မာမွတ်ဆလင်တွေကို ဗုဒ္ဓဘာသာကိုဖျက်ဆီးမယ့် ခွေးရူးနဲ့နှိုင်းပြီး ဟောပါသေးတယ်။ သူ့ကိုဝေဘန်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကိုလည်း မကောင်းတဲ့မိန်းမနဲ့နှိုင်းပြောပါသေးတယ်။

မြန်မာနိုင်ငံမှာ အဲလိုအသံကျယ်ကျယ်ထွက်နိုင်တဲ့ ဗုဒ္ဓဘာသာလှုပ်ရှားမှုရှိနေတာကိုက မကောင်းပါ။ တိုင်းပြည်တိုင်းမှာလိုလို ဘာသာရေးအစွန်းရောက်ရှိပါတယ်။ တကယ့်ထင်ရှားတဲ့ ကြောက်စရာကောင်းချက်ကတော့ ဘယ်နည်းဘယ်ပုံ အစိုးရနဲ့ပေါင်းလုပ်နေနိုင်သလည်း၊ ဘယ်အထိစခန်းသွားချင်သလည်းဖြစ်ပါတယ်။ (မဘသ) ဟာ အစိုးရ ထောက်ခံမှုနဲ့သာ အဲလို အားကစားကွင်းကြီးထဲမှာ အခန်းအနားလုပ်နိုင်တာပါ။ ဒါ့ပြင် အစိုးရပိုင်တီဗွီကနေလည်း ထုတ်လွှင့်ပေးပါသေးတယ်။ မှတ်မိသလောက်ကာလအတွင်း ဘယ်လိုအသင်းအပင်းကိုမှာ အဲလိုပသားပေးခဲ့တာမျိုးလည်း မကြုံဘူးပါ။ သမတဦးသိန်းစိန်ကိုပဲ သူတို့ ကျေးဇူးရှိတာဖြစ်ပါတယ်။ နီဂုံးမှာ သမတကြီးကို ကျေးဇူးစကားမြွက်ကြားလို့ ဒီအချက်ဟာ ဖုံးစရာမလိုတော့ပါ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ (မဘသ) အဖွဲ့ဟာ မြန်မာ့နိုင်ငံရေးကို ကြိမ်ဖန်များစွာ စွက်ဖက်ခဲ့ပါတယ်။ ကြာလာလေလေ အဲဒီအဖွဲ့ဟာ အစိုးရလက်ကိုင်တုတ်ဖြစ်တာ ထင်ရှားလာလေဖြစ်ပါတယ်။ နောက်ပိုင်းမှာ (မဘသ) တာဝန်ရှိသူတွေကနေ အတိုက်အခံနိုင်ငံရေးသမားတွေကို သူတို့ ဥပဒေတွေကို ထောက်ခံလား မထောက်ခံလား လူသိထင်ရှားမေးလာပါတယ်။ တိုက်ဆိုင်မှုတော့ မဟုတ်ပါ။ အဲတာတွေကို ထောက်ခံသူတွေဟာ စစ်တပ်အရာရှိဟောင်းတွေကပဲ ကြီးစိုးထားတဲ့ ပြည်ခိုင်ဖြိုးပါတီကသာဖြစ်ပါတယ်။ (မဘသ) အဖွဲ့ကနေလည်း ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ သူတို့အတွက် မဲဆွယ်ပေးပါတယ်။

ပိုဆိုးလာပါပြီ။ ပြီးခဲ့တဲ့လထဲမှာ အနောက်နိုင်ငံသံရုံး (၉) ခုကနေ ဘာသာရေးလက်နက်ကို ခွဲခြားဆက်ဆံရေးနဲ့ ပဋိပက္ခဖြစ်ရေး ရွေကောက်ပွဲကင့်ပိန်းမှာအသုံးချတာ အပေါ်အမြင်သဘောထား ပူးတွဲကြေညာချက်ထုတ်တယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ အစိုးရပိုင်းကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မွတ်ဆလင်တွေကိုဦးစားပေးတယ်လို့စွပ်စွဲပြီး ထပ်ခါတလည်း ထိုးနှက်တိုက်ခိုက်ပါတယ်။ NLD ဟာ သိသာမြင်သာစွာပဲ ခံဖက်ကချည်းနေခဲ့ရတာပါ။ မွတ်ဆလင်တွေနဲ့လည်း ကင်းရှင်းအောင် သတိထားခဲ့ပါတယ်။ လူဦးရေရဲ့ ၄-၁ဝ% လောက်ရှိမယ့် မွတ်ဆလင် ကိုယ်စားလှယ်ဆိုလို့ တယောက်မှ မရွေးခဲ့ပါ။ ပြည်ခိုင်ဖြိုးမှာလည်း မပါတာပြောစရာမလိုတော့ပါ။

တပ်မတော်ခေါင်းဆောင်ကလည်း အမျိုးဘာသာကို ကာကွယ်မယ့် မှန်ကန်တဲ့ကိုယ်စားလှယ်ကိုသာ ရွေးကြဘို့ သတိပေးထားပါတယ်။ အဲတာဟာ ကွယ်လွန်သူဗြိတိသျှလူမျိုးနဲ့ အိမ်ထောင်ကျခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီလို ဘာသာရေးကို ကိုယ့်ုနိုင်ငံရေးအကျိုးအမြတ်အတွက် သုံးနေတာရဲ့လားရာကိုကြည့်ရင် အကြောင်းပေါင်း များစွာအတွက် ပြဿနာတွေဖြစ်ပါတယ်။

ပဌမတချက် ဥပဒေပိုင်း။ လက်ရှိဖွဲ့စည်းပုံမှာ အားနည်းချက်တွေအပြင် ဘာသာရေးကိုခွဲခြားမှုမပြုဘို့ ပါနေတယ်။ ဒါ့ပြင် ဘာသာရေးကနေ နိုင်ငံရေးမှာတိုက်ရိုက်ပတ်သက်တာကိုလည်းတားမြစ်ထားပါသေးတယ်။ အစိုးရနဲ့ စစ်တပ်ကကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အသေအလဲကာကွယ်မယ်ပြောထားတယ်။ ဖွဲ့စည်းပုံပြင်မှာကိုလည်း အပြင်းအထံဆန့်ကျင်ကြတယ်။ တချိန်တည်းမှာ အဲဒီမှာပါနေတာတွေကို ကာကွယ်ရမယ့်အစား ချိုးဖေါက်နေတယ်။

ဒုတိယအချက်။ အဲလိုဘာသာရေအစွန်းရောက်မှုကို တရားဝင်ပြုလိုက်ခြင်းကြောင့် အစိုးရကနေ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုကို တားမြင်နိုင်စွမ်း လျှော့နည်းစေပါတယ်။ အကြမ်းဖက်မှုတွေစတဲ့ ၃ နှစ်လောက်ကတည်းက မွတ်ဆလင်တွေ ထောင်နဲ့ချည်ပြီး နိုင်ငံတွင်းမှာနေရာရွေ့ပြောင်းနေထိုင်ကြရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လူမျိုးတုံးစေမှုသတိပေးချက်တွေ ထွက်ပေါ်လာစေတယ်။

တတိယ။ (မဘသ) ကနေ အစိုးရနဲ့ လက်ပူတတွဲလုပ်နေခြင်းဟာ မြန်မာနိုင်ငံကို ဘာသာရေးအာဏာရှင်စနစ်ဆီကို တွန်းပို့ရာကျတယ်။ သည်အတိုင်သာဆက်သွားရင် ဗုဒ္ဓဘာသာအစွန်းရောက်တွေက နိုင်ငံရေးမှာ တကယ့်အာဏာရလာကြမယ်။ အဲတာကနေ (လက်ရှိအာဏာရှင်ဟောင်း + ပေါ်ပြူလာဘာသာရေး အစွန်းရောက်ဘုန်းကြီး) တွေရဲ့ အော်တိုကရေစီ အသစ်တမျိုးဖြစ်လာမယ်။ အဲလိုဖြစ်လာချိန်မှာ ပြည်တွင်းပဋိပက္ခတွေဖြစ်လာမယ်။ ကမ္ဘာမှာပြည်တွင်းစစ် အရှည်ကြာဆုံး တိုင်းပြည်ရယ်လို့ ပေါ်ထွန်းလာပါလိမ့်မယ်။

သိထားသမျှ အော်တိုကရေစီဆိုတာ အစိုးရနဲ့ ကိုးကွယ်ယုံကြည်မှု ပူးပေါင်းတာကနေ နှစ်ခုလုံးဟာ အဆုံးမှာ နိဂုံးချုပ်သွားကြရတာ ဖြစ်ပါတယ်။ ဘာသာရေးကို ထိမ်းသိန်းကာကွယ်နည်းရဲ့ အညံ့ဆုံးနည်းဟာ ဘာသာရေးကို နိုင်ငံရေးနယ်ပယ်ထဲ ထည့်သွင်းမိတာဖြစ်တယ်။

ဒီလှုတ်ရှားမှု သူ့အလိုလိုမီးလောင်သွားနိုင်တဲ့ အခွင့်အလမ်းတော့ ရှိနေပါသေးတယ်။ အထောက်အထားပြောရရင် အဲလို ဘာသာအတူတူ ကိုးကွယ်သူတွေကနေပဲ သူတို့ကိုအကြာကြီးဖိနှိပ်ထားတဲ့အချက်ကို မြန်မာပြည်သူတွေကနေ မေးစပြုလာကြပါပြီ။

မြန်မာနိုင်ငံဟာ ဘာသာရေးထုံးတမ်းစဉ်လာမှာ ကြွယ်ဝပြီး မတူကွဲပြားမှုရှိတဲ့တိုင်းပြည်ဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာဟာ အသည်းနှလုံးလည်းဖြစ်ပါတယ်။ စာရေးသူအနေနဲ့ မသိတာပဲဖြစ်မလား မပြောတတ်ပါ။ နိုင်ငံခြားသားတယောက်အနေနဲ့ မြင်တာက ဗုဒ္ဓဘာသာဟာ အင်မတန်အလှတရားရှိတဲ့ ဘာသာတရားဖြစ်တယ်။ သက်ရှိသတ္တဝါတွေ အားလုံးအပေါ်မှာ အကြင်နာတရားနဲ့ အဆုံးစွန်သောမေတ္တာတရားထားတဲ့ ဘာသာတခုဖြစ်ပါတယ်။ သည်းခံစိတ်ကသာ အနိုင်ရပါစေလို့ ဆုတောင်းအပ်ပါတယ်။

ဒေါက်တာတင့်ဆွေ (ဘာသာပြန်သူ)
၃ဝ-၁ဝ-၂ဝ၁၅

Down syndrome ဒေါင်းန်-ဆင်ဒရုမ်း

(ဒေါင်းန်-ဆင်ဒရုမ်း) ကို ၁၈၆၂ ခုနှစ်တုံးက အင်္ဂလိပ်ဆရာဝန် John Langdon Down ကနေ စသိခဲ့တာမို့ ဂုဏ်ပြုပြီး၊ ဒီနာမယ် ပေးတာပါ။ (ခရိုမိုဇုန်း) နံပါတ် ၂၁ မှာ ပြဿနာ ဖြစ်တာလို့ သိလာရတယ်။ (၁) ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်၊ (၂) ရုပ်ပိုင်း-တည်ဆောက်မှုနဲ့ (၃) မျက်နှာ-အသွင်တို့မှာ ကွဲလွဲနေလိမ့်တယ်။ ဗိုက်ထဲမှာ ရှိကတည်းက ရေမြွှာရည်ကို စစ်ဆေးတာ Amniocentesis ရေမြွာရည်စစ်နည်းနဲ့ သိခဲ့နိုင်တယ်။ သိရင် တချို့နိုင်ငံတွေမှာ ကိုယ်ဝန်ဖျက်ချခွင့်ပြုတယ်။

ရောဂါနဲ့မွေးလာတဲ့ ကလေးတွေမှာ Cognitive ability ဦးနှောက် အခြေပြု ကျွမ်းကျင်မှုနဲ့ စိတ်ဖြစ်စဉ်ဟာ သိပ်မဆိုးသူနဲ့ ပိုဆိုးသူ ရှိတယ်။ တယောက်နဲ့ တယောက် မတူဘူး။ ဥာဏ်ရည်ကို နဲ့ IQ တိုင်းရင် အများအားဖြင့် ဒီကလေးမျိုးတွေက ၃၅-၅ဝ-၇ဝ သာရှိကြတယ်။ Mosaic Down syndrome ကလေးဆိုရင် Chromosome #21 မှာ အပိုတခု ပါနေလို့ ပေါင်း ၄၇ ခု ရှိနေမယ်။ သူတို့က ဥာဏ်ရည်သာတယ်။ IQ ၁ဝ-၃ဝ ပိုမယ်။ ကလေးအကောင်းက ၁ဝဝ ပါ။

ကလေးကို မြင်တာနဲ့ သိနိုင်တယ်။ မေးရိုး သေးပြီး မျက်နှာဝိုင်းကြတယ်။ လည်ပင်း တိုတယ်။ လျှာထွက်နေတာ များတယ်။ မျက်လုံးကလည်း မက်မွန်သီးအစေ့လိုနဲ့ ခပ်စောင်းစောင်းနေတယ်။ မျက်ဝန်း ကျဉ်းတယ်။ ခြေတံ-လက်တံ တိုတယ်။ လက္ခဏာကြည့်ရင် လက်ဝါးမှာ ကန့်လန်းစဉ်း ၂ခု အစား၊ ၁ ခုထဲဘဲ ရှိတယ်။ ကြွက်သားတွေက အားပြော့တယ်။ ခြေမနဲ့ ခြေညှိုး ဝေးနေတယ်။ ဒီကလေးမျိုးမှာ တခြား ချို့ယွင်းချက်တွေပါ ရှိနေတတ်တယ်။ မွေးရာပါ နှလုံးရောဂါ၊ အစာမြို ခက်ခဲတာ၊ နားပိုးဝင်တာ၊ လည်ပင်းကြီးအလုပ် ထိခိုက်တာ၊ အိပ်ရင် ခက်ခဲတာတွေ ဖြစ်တတ်တယ်။ တချို့ကလေးမှာ အတက်ရောဂါ (ဝက်ရူးပြန်)၊ (လူကီးမီးယား) တခုခု ရှိနေတတ်တယ်။

စကားအရာမှာ နားလည်တာနဲ့ ပြန်ပြောတတ်တာ မတူဘူး။ အများအားဖြင့် နှေးကြတယ်။ လမ်းလျှောက်တတ်တာ တချို့ ကလေးက ၂ နှစ်၊ တချို့ ၄ နှစ်။ အနုစိတ်-ကြွက်သား အလုပ်တွေမှာလဲ နှေးတယ်။ ငယ်တုံးရော ကြီးတဲ့အခါပါ (ကျား = ၅ ပေ ၁၊ မ = ၄ ပေ ၉) အရပ်ပုတယ်။ ကြီးရင် ဝလာတာ များတယ်။ ယောက်ျားလေးဆိုရင် အိမ်ထောင်ကျပြီး ကလေး မရတာ ဖြစ်တတ်တယ်။ ကလေး တဝက်လောက်မှာ မျက်လုံး နှစ်ဖက်က ပြိုင်တူ မလှုတ်ရှားဘူး။ မျက်မှန် တပ်ရမှာ များတယ်။

ကလေး ငယ်စဉ်ကတည်းက ဂရုစိုက်ပေးသင့်တယ်။ ဆေးကုတာအပြင် မိသားစု၊ ပါတ်ဝန်းကျင်၊ အထူးသင်ကြားမှုတွေ လုပ်ရမယ်။ ရုပ်ပိုင်း-ချို့ယွင်းနေတာတွေကိုတော့ လုံးဝ ပျောက်သွားအောင် လုပ်မရပေမဲ့ ပညာပိုင်းမှာ ပိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ကံတရားဘဲ ထပ်ပြောရအုံးမှာဘဲ။ လုပ်ပေးဘို့ လိုတာတွေရှိတဲ့ တိုင်းပြည်မှာ၊ လုပ်ပေးနိုင်တဲ့ မိဘတွေ ကနေ မွေးသူတွေဆိုရင် ကံဆိုးထဲက ကံကောင်းသူတွေလို့ ပြောရမှာပါ။

တကယ်တော့ သူတို့တတွေထဲမှာ ထူးချွန်လို့ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သူတွေ ရှိတယ်။ ၁၉၉၆ တုံးက မင်းသား Pascal Duquenne နဲ့၊ ၂ဝဝ၃ မှာ မင်းသမီး Paula Sage တို့ဟာ ဆုတွေတောင် ရခဲ့ကြတယ်။

နာဇီခေတ်က Action T4 (Aktion T4) ဆိုတာ ဂျာမန်-ဆရာဝန်တွေကနေ ကုလို့မရတဲ့ ဝေဒနာလို့ သတ်မှတ်ပြီးသကာလ၊ စနစ်တကျ ထောင်နဲ့ချီပြီး သတ်ပြစ်ခံရသူတွေထဲမှာ ဒီရောဂါရှိသူတွေလည်း ပါတယ်။ ဟစ်တလာ နဲ့အတူ နာဇီဝါဒ ကျဆုံးမှသာ သိကြရတယ်။ အဲလိုဘဲ စနစ်ဆိုးတွေ ကျဆုံးမှ သိကြရအုံးမှာတွေရှိတာ သေခြာတယ်။

(ဒေါင်း-ဆင်ဒရုမ်း) ဘယ်လိုလူတွေမှာ လာဖြစ်တတ်သလဲ
ကလေး ၁ဝဝဝ မွေးရင် ၁ ယောက်လောက် ရှိနိုင်တယ်။ မိခင်က အသက်ကြီးရင် ပိုဖြစ်တာ တွေ့ရတယ်။ မအေ အသက် ကြီးတိုင်း ဖြစ်မယ်လို့ ပြောချင်တာတော့ မဟုတ်ပါ။ ၂၅ နှစ် အမျိုးသမီးတွေမှာ ၁၂၅ဝ ယောက်မှာ ၁ ယောက်၊ အသက် ၃ဝ တွေမှာ ၁ဝဝဝ ယောက်မှာ ၁ ယောက်၊ ၃၅ နှစ်ကျော်ရင် ၄ဝဝ မှာ ၁ ယောက်အထိပိုလာမယ်။ ၄ဝ ကျော်ရင် ၁ဝဝ မှာ ၁ ယောက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အများဆုံးဖြစ်တာက အသက် ၃၅ နှစ်အောက် မိခင်တွေကနေ ဖြစ်တယ်။ ဒါကလည်း ကလေးဖွါးဘို့ အကောင်းဆုံး အရွယ်တွေ ဖြစ်နေလို့ ဖြစ်မယ်။

(ဒေါင်း-ဆင်ဒရုမ်း) ကလေး တယောက် မွေးဘူးထားတဲ့ မိဘတွေကနေ အဲလိုကလေး ထပ်မွေးဘို့ အခွင့်အလမ်း ပိုများတယ်။ ဆောရီး။ နောက်ပြီး (ခရိုမိုဇုမ်း) မူမမှန်တာ ရှိသူတွေမှာလဲ အခွင့်အလမ်း ပိုများတယ်။ ဘယ်ဆရာဝန်ကမှ (ဒေါင်း-ဆင်ဒရုမ်း) ဘာလို့ဖြစ်ရသလဲဆိုတာ အတိအကျ မပြောနိုင်ဘူး။ ဒါကြောင့် ဘယ်လို ကာကွယ်ရမယ်ဆိုတာလဲ အတိအကျ ပြောမရပါ။

မိဘတွေကို ဆေးစစ်တာတွေလုပ်သင့်တယ်။ (၂) နည်း သုံးတယ်။ ဖြစ်နိုင်ခြေကို စစ်တဲ့နည်းနဲ့ အထဲကကလေးမှာ ရှိနေတာသေခြာဘို့လုပ်တဲ့ နည်းတွေဖြစ်တယ်။ ၉၉% သေခြာတယ်။ ခက်တာက ကိုယ်ဝန်ဆောင်နေတဲ့ သားအိမ်ထဲကို စမ်းရတာမို့ သတိထားရတယ်။ ဒါကြောင့် (၁) အသက် ၃၅ နှစ်ကျော်ပြီး၊ (၂) မိသားစုထဲမှာလဲ ရာဇဝင်ရှိသူ (၃) စမ်းလို့ အပြစ်တွေ့သူ မိခင်လောင်းတွေကိုသာ ဒီနည်းကို လုပ်သင့်တယ်။

Screening tests စမ်းသပ်နည်းတွေ
1. Nuchal translucency testing နည်းကို ကိုယ်ဝန် ၁၁-၁၄ ပါတ်မှာလုပ်တယ်။ (အာလ်ထွာဆောင်း) သုံးပြီး အထဲက ကလးရဲ့ လည်ပင်းအရစ်မျာရှိတဲ့ (တစ်ရှူး) တွေကြားနေရာ အကျယ်ကိုတိုင်းတယ်။ ရောဂါရှိနေရင် ကျယ်တယ်။
2. Triple screen or Quadruple screen (Multiple marker test) နည်းကို ကိုယ်ဝန် ၁၅-၁၈ ပါတ်မှာလုပ်တယ်။ မိခင်ရဲ့သွေးကို စစ်တယ်။
3. Integrated screen နည်းကို ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာလုပ်တယ်။ သွေးစစ်တာနဲ့ Nuchal translucency testing နည်းနဲ့ တွဲလုပ်ချင်လုပ်မယ်။ ဒုတိယ ၃ လထဲမှာ ၄ မျိုးတွဲလုပ်ရင် ပိုသေခြာမယ်။
4. Genetic ultrasound နည်းကို ကိုယ်ဝန် ၁၈-၂ဝ ပါတ်မှာလုပ်တယ်။ သွေးလဲစစ်မယ်။ ကလေးမှာ physical traits abnormalities ရုပ်ပိုင်းဆိုင်ရာ မူမမှန်တာကြည့်မယ်။

Diagnostic tests သေခြာအောင်လုပ်တဲ့ စမ်းသပ်နည်းတွေ
1. Chorionic villus sampling (CVS) အချင်းအပိုင်းအစလေးကို ထုတ်ယူစစ်ဆေးတယ်။ ကိုယ်ဝန် ၁ဝ-၁၂ ပါတ်မှာ လုပ်တယ်။ Miscarriage ကိုယ်ဝန်ပျက်မှာကို စိုးရိမ်ရတယ်။
2. Amniocentesis ကိုယ်ဝန် ၁၅-၂ဝ ပါတ်မှာ လုပ်တယ်။ ရေမြွာရည်ကို ထုတ်ယူစစ်ဆေးတာဖြစ်တယ်။ Chromosomal abnormalities (ခရိုမိုဇုမ်း) မူမမှန်တာရှာမယ်။ Amniocentesis နည်းကြောင့် ကလေးစောမွေးတာ နဲ့ ကိုယ်ဝန်ပျက်တာတွေ ဖြစ်စေနိုင်တာကို သတိထားရတယ်။
3. Percutaneous umbilical blood sampling (PUBS) ကိုယ်ဝန် ၁၈ ပါတ်နောက်ပိုင်းမှာ လုပ်တယ်။ ချက်ကြိုးကနေ သွေးနမူနာယူပြီး စစ်ဆေးတယ်။

မွေးလာပြီး ကလေးကို ရောဂါရှိတာသေခြာချင်ရင် ရုပ်ပိုင်းစစ်ဆေးတာနဲ့ Karyotype ဆိုတာ လုပ်တယ်။ သွေး နဲ့ (တစ်ရှူး) ကိုယူပြီး (ခရိုမိုဇုမ်း) ကိုစစ်ဆေးတယ်။

Dr. တင့်ဆွေ

Night supper ညလည်စာ

မင်းတိုင်ပင်ပွဲမှာ နေ့စားမပါတာ ဟုတ်မယ်။ ဒန်ပေါက်လည်း မကျွေးဘူးပေါ့။

မုံရွာကလာကြတဲ့ ဆရာ့တူတွေကတော့ မင်းတိုင်ပင်က သူတို့အမအိမ်မှာ ထမင်းစားကြတယ်။ နေ့တွက်ကို မိဘတွေဆီက တောင်းလာကြတယ်။

မင်းတိုင်ပင်တရွာလုံးလည်း ဧည့်သည်မကျွေးရတဲ့အိမ် မရှိလောက်ဘူးထင်တယ်။
ဆရာလာရင်လည်း ဟိုအိမ်သည်အိမ် လှည့်စားအုံးမှာ။ ဆရာမထွက်ခင်က နောက်ဆုံး ညလည်စာ မင်းတိုင်ပင်မှာ စားခဲ့တယ်။ အဒေါ်က အကြော်စုံနဲ့ ရေနွေးနဲ့ ကျွေးတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅
Photo of Yoon Lay

Red Ground ကင်းဝန်ရဲ့ရွာမှာ

ပို့စ်တခု = Alinka Monywa ကင်းဝန်မင်းကြီးနယ်မြေက မင်းတို့မုံရွာအားပေးတာ ပျင်းတောင် ပျင်းသေးတယ်တဲ့ဗျာ။ ခန့်မှန်းခြေ မုံရွာလူထုထက် ၅ ဆ ပိုလောက်တယ်။

အဲတာက မုံရွာသူကပြောတာ။ ကျွန်တော်ရေးရင် ဘက်လိုက်တာ လူသိသွားမယ်။ နောက်တယောက် ပုလဲသား။ သူကတော့ ကျွန်တော့်လို မကြွားအား။

ဆရာ့ ဆရာပို့စ်တင်ပေးတာ စွမ်းတယ်ဆရာ။ မဟာဒုတ် ဆရာလုပ်လိုက်လို့ ဒီကနေ့ စတိတ်ကို နှောက်ယှက်ပြန်ပြီ။ လေးမြို့နယ် ငွေပေးလူငှါးတွေ၊ ကားငှါးတွေနဲ့ အလှပြယာဉ်တန်းနဲ့ ကျနော်တို့နဲ့ တနေ့ထဲချိန်ပြီး လက်တောင်းကြီး မြောက်ဖက်ကနေ ကန့်ဒေါင့်အထိ ယာဉ်တန်းနဲ့ နှောက်ယှက်တယ်ဆရာ။ လူထုကသည်းခံပြီး၊ ထီးမိုးပြီး၊ မိုးကိုအန်တုပြီး၊ အားပေးတယ်ဆရာ။ ဒီပို့စ်လဲ တင်ပေးပါအုံးဆရာ။

သည်းခံခြင်းအကျိုး၊ မိုးကိုတောင် အန်တုရဲတဲ့ ဇွဲနပဲ၊ ကဲ့ ကင်းဝန်မင်းကြီးဆီကို ထဘီပို့ချင်တဲ့ စုဘုရားလတ် ဘာတတ်နိုင်သေးလည်း။ ကင်းဝန်သွေးမည်သည် နီစရာရှိမှ နီပြတယ်။ ကင်းဝန်မြေမှာ အောင်မြေနင်းနေကြတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

Eligible voter list မြင့်မိုရ်တောင်ထိပ်တက်ကြပါ

ပရိတ်သတ်က တအားများ၊ ငါမသွားလိုက်ရပါလားပြောတဲ့ကပြောတယ်။ ငါသွားရင် နေရာမှရပါမလားလို့ ထင်အုံးမယ်။

နတ်သက်တမ်းကလည်းရှည်၊ နတ်ပြည်မှာ နတ်ဦးရေတိုးလာရင် ကြာတော့ မြင့်မိုရ်တောင်ထိပ်မှာ နေရာဆန့်ပါမလားလို့ ခပ်ကပ်ကပ်မေးတော့ သစ်သားတချောင်းထဲ သံချောင်းကို တူနဲ့ရိုက်သွင်းပြလိုက်တယ်။
နတ်ပြည်မှာ နတ်ဦးရေတိုးတာက ကောင်းမှုပြုတဲ့သူတွေသာဖြစ်တယ်။ ကော်မရှင်မဲစာရင်းမှာ မဲပေးနိုင်သူဆိုပြီးတိုးတာက ပြောင်းပြန်ယူသော်ရ၏။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅
Photo of Monywa NLD election campaign

The Answer စစ်ကိုင်းတိုင်းက အဖြေပြ

မုံရွာ၊ မင်းတိုင်ပင်ကလူတွေကိုကြည့်ပြီး ပြောကြတယ်။ မဲပေးနေစရာလိုသေးလားတဲ့။

၁၉၈၈ တုံးကတော့ လူထုက တပါတီကြိုက်သလား၊ ပါတီစုံကြိုက်သလားဆိုတာ ဗိုလ်နေဝင်းကနေ ဦးတင်အောင်ဟိန်းကို စုံးစမ်းဘို့ တာဝန်ပေးတယ်။

လူတွေက တခွန်းတည်းပြန်ပြောကြတယ်။ ကိုယ်ဝန်ဆောင်မြင်နေမှတော့ အပျိုလားလို့ ဘာလို့ အမေးခိုင်းနေတာလည်း တဲ့။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

Thanks to Commission က ကော်မရှင် ကျေးဇူးတင်

ကျွန်တော့်ပို့စ်တခု = I really love to vote လူကြည့်ပြီး မဲပေးတယ်

Linn Linn ဆရာမဲပေးခွင့်ရလား

ティンティン ウ ဆရာက မဲပေးလို့မရဘူး

Tint Swe မဲပေးခွင့်ဘယ်နားမှန်းမသိ၊ အရွေးခံခွင့် ၁ဝ နှစ်မရှိ၊ မဲဆွယ်ခွင့်ရနေလို့ တော်သေး၏။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

Garbage Revolution အမှိုက်သိမ်းခွင့် တော်လှန်ရေး

မုံရွာမှာ NLD မဲဆွယ်ပွဲကအမှိုက်တွေကို စနစ်တကျနဲ့ လိုက်ကောက်ကြတယ်။
တယောက်ကရေးတယ်။ အစကတည်းက အမှိုက်မပြစ်ကြရင် ကောင်းတာပေါ့တဲ့။
ဟုတ့့် အဲဒါက နောက်တဆင့်ပါလို့ ရေးလိုက်တယ်။
ကျွန်တော်တို့ဘဝက အဲလို အမှိုက်သိမ်းခွင့်ရအောင်ကိုက အနှစ် ၂ဝ ကျော်လုပ်ခဲ့ကြရတယ် မဟုတ်လားဗျာ။
အခုက ကိုယ့်အမှိုက်ကိုယ်သိမ်းတာ။ သူများတွေစွန့်ပြစ်ထားတဲ့အမှိုက်သရိုက်တွေ သိမ်းနိုင်ရေး မဲပေးကြရအုံးမှာ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

I really love to vote လူကြည့်ပြီး မဲပေးတယ်

အခု မင်းတိုင်ပင်မှာ အနုပညာသည်တွေ ဖျော်ဖြေမဲဆွယ်နေကြပြီ။ မင်းတိုင်ပင်မရောက်ခင် ပုလဲအထွက် လက်ပုကန် နားလောက်မှာ ပြည်ခိုင်ဖြိုးက ကား အစီး ၃ဝ လောက်နဲ့ အပြိုင်သီဆိုနေကြသတဲ့။ မနေ့ညကတည်းက ကားအစီး ၅ဝ နဲ့အားပြမယ်ဆိုတဲ့သတင်းက ရထားပြီးသား။

မုံရွာကနေ အဆိုတော်တွေလာတဲ့လမ်းတလျှောက်မှာလည်း ရွာတိုင်းကနေထွက်ကြိုကြတယ်။ ယင်းမာပင်ရဲကနေ ကူညီလမ်းရှင်းပေးရသတဲ့။

သုံးသပ်ကြတာကတော့ စစ်ကိုင်းတိုင်းမှာ ပြည်ခိုင်ဖြိုးထဲက အကြီးစား ၂ ယောက်ရဲ့နေရာတွေက ဘုတလင်နဲ့ ပုလဲ။ မုံရွာနားကချည်းပဲ။ ဘုတလင် မောင်းထောင်ပွဲကလည်း စည်ကားသိုက်မြိုက်၊ မုံရွာဆို သူများတွေလိုက်မမီလောက်ဘူး။ မင်းတိုင်ပင်မှာလည်း ဝက်ဝက်ကွဲ။ အဲတော့ ဗိုလ်ကျော်ဆန်းအနေနဲ့တော့ အင်အားပြခွင့်ရလိုက်လို့ နည်းနည်းတော့ ကျေနပ်ကောင်း ကျေနပ်မယ်တဲ့။ ဗိုလ်သာအေးကတော့ နားရွက်တံတွေးဆွတ်ခံလိုက်ရသတဲ့။

မုံရွာက စာရေးဆရာတယောက်က ရေးထားတယ်။ ဒါတောင် ရေမချိုးရသေးဘူးနော်၊ ဒေါ်စုလာတာ မဟုတ်သေးဘူးတဲ့။

အဲတာပဲပေါ့ဗျာ လူကြည့်ပြီး မဲမပေးပါနဲ့ဆိုတာ။ ကျွန်တော်တော့ မဲပေးကြမယ့်လူတွေကြည့်ပြီး မဲပေးချင်လာပြီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

From the bottom of Heart

- ဒါက ကျွန်တော့်အမေ့ရွာ ပုလဲအနောက်က မင်းတိုင်ပင်မှာ
- ပရိတ်သတ်က ကျွန်တော့်အဒေါ်ရဲ့ လယ်ကွက်ထဲမှာ
- စိတ်လှုပ်ရှားမှုက ၈၁၈၃ မိုင်ဝေးတဲ့ ကျွန်တော့်ရင်ထဲမှာ

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅
Photo: Nyo Htay Pale

Monywa တရားနဲ့ အားရှိတဲ့ဆီမှာ


- ဒီပနီတွေ များစွာရေးခဲ့တဲ့နေရာ
- သည်တချည် အနီတွေများစွာ အရေးပြလိုက်တဲ့နေရာ
- အမြိုက်တရားတွေရေးသားခဲ့တဲ့ လယ်တီရဲ့ မုံရွာ
- အမှိုက်တရားတွေပြ လှလိုက်တဲ့ ဇလုတ်ရဲ့ မုံရွာ

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

Thursday, October 29, 2015

Ready for Battle

တူတော်မောင်ရဲ့ပုံကို တွေ့တာနဲ့

အေးကွာ မင်းက စီးချင်းထိုးမှာဆိုရင်တော့ ရန်သူချိုင်းကြားက ချပ်ဝတ်တန်းဆာချည်တဲ့ကြိုးနေရာကို တည့်တည့်သာ ချိန်ထိုးပေတော့။

ရာဇဝင်အားကိုးနဲ့သာ ပြောတာပါကွာ။ အခုခေတ်မှာက ချိုင်းမြင်ရအောင် လက်မြှောက်တာ စောင့်စရာမလိုဘူးဟေ့။ အာချီးလိစ် ဖနောင့်က ထင်းထင်းကြီးပေါ်နေပြီကွ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅

Words from Monywa မုံရွာသူ့အပြော

- ကော်မရှင် မှားပြလေလေ၊ လူထုက အားပြလေလေ၊
- တဖက်လူတွေက ဓါးပြလာတော့ သည်ဖက်ကလူတွေက ပိုပြီးအားပြချင်ပေါ့၊
- ကော်မရှင် မဲစာရင်းတိုးတော့ လူတွေက သွားလေရာကျိတ်ကျိတ်တိုး၊
- အနုပညာသည်တွေလာတဲ့ မုံရွာမှာ ကျောက္ကာလမ်းကြီး ခွက်ဝင်သွားပြီတော့။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅

Vote for Child labor ကလေးအလုပ်သမားများအတွက် မဲပေးပါ

Vote for Child labor ကလေးအလုပ်သမားများအတွက် မဲပေးပါ

Long hours, meager wages: Child labor continues in Myanmar အယ်လ်ဂျာဇီးရာ တီဗွီကနေ ၁၃-၄-၂ဝ၁၅ နေ့ထုတ်လွှင့်ခဲ့တဲ့သတင်းဆောင်းပါးဖြစ်ပါတယ်။

နေ့စဉ် မနက် ၆ နာရီကနေ ည ၉ နာရီအထိ ပန်းကန်ဆေးတဲ့အလုပ်သမားလေး ၁၂ နှစ်သား မောင်စိုးမင်းလွင်၊

မြန်မာပြည်မှာ နိုင်ငံရေးနဲ့ စီးပွါးရေး ပြုပြင်ပြောင်းလဲရေးဆိုတာ ၂ဝ၁၁ မှာစခဲ့တယ်။ တောနယ်တွေကလေးတွေ ပိုပြီး မြို့ဖက်ဆီရွေ့ကြရတယ်။ စားသောက်ဆိုင်တွေမှာ ပန်းကန်ဆေး၊ စားပွဲထိုးအလုပ်လုပ်ကြရတယ်။

UNICEF ကရတဲ့ ဒေတာတွေအရ ကျောင်းနေကြရမယ့် အသက် ၇ နှစ်ကနေ ၁၆ နှစ်ကလေးတွေရဲ့ ၃၃% ဟာ အလုပ်လုပ်နေကြတယ်။

International Labor Organization (ILO) ကနေ အဲတာကိုပြင်နိုင်ဖို့ ကြိုးစားတော့နေပါတယ်။ ဥပဒေသက်ရောက်မှု မရှိတာက အခက်အခဲကြီးဖြစ်နေတယ်။ ၁၉၅၁ ခုနှစ်ကတည်းက ကလေး အသက် ၁၃ နှစ်အောက် အလုပ်မခိုင်းရဥပဒေ ပြဋ္ဌာန်းထားပါတယ်။ ၁၃ နှစ်ကနေ ၁၅ နှစ်အထိကလေးတွေကိုလည်း တနေ့မှာ ၄ နာရီထက်ပိုမခိုင်းရလို့ပါတယ်။

၂ဝ၁၃ ခုနှစ်ဒီဇင်္ဘာလထဲက မြန်မာလွှတ်တော်ကနေ ILO convention ကိုအတည်ပြုပေးခဲ့ပါတယ်။ ကလေးလုပ်သား၊ ကျွန်ပြုခြင်း၊ လူကုန်ကူးမှုနဲ့ တိုက်ပွဲတွေမှာ ကလေးတွေအသုံးမချရေးတွေ ပါဝင်တယ်။ ဆင်းရဲမွဲတေမှုဟာလည်း ကလေးတွေအလုပ်လုပ်နေကြတာရဲ့ အကြောင်းခံနောက်တချက်ဖြစ်တယ်။

အသက် ၅ နှစ်အောက်ကလေး ၅ ယောက်မှာ ၃ ယောက်က အာဟာရချို့တဲ့နေကြပါတယ်။ လူ (ကလေး) ပွဲစားတွေကို ငွေပေးပြီး ကလေးအလုပ်သမားရှာခိုင်းတားတယ်။

စိုးမင်းလွင် မိဘတွေက ရန်ကုန်နဲ့ ၅၅ မိုင်ဝေးတဲ့ဆီမှာနေကြတယ်။ လစာ ၃၅ ဒေါ်လာအိမ်ပြန်ပို့နိုင်တယ်။ သူ့အမေက ဆန်တအိတ်ကို ဒေါ်လာ ၂ဝ ပေးဝယ်ရပါတယ်။

ကလေးအလုပ်သမားများအတွက် မဲပေးကြပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅

http://america.aljazeera.com/articles/2015/4/14/child-labor-continues-in-myanmar.html

Pay respects သမီးတို့က ကန်တော့ကြတဲ့ည

နေမြမြဆွေနဲ့ သဒ္ဓါတင့်ဆွေ
ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ + ဒေါ်မြမြအေး
၂၉-၁ဝ-၂ဝ၁၅

Vote for school lunch နေ့လည်စာအတွက် မဲပေးပါ

• နေ့လည်စာ ထမင်းချိုင့်၊ စာရေးရတဲ့လက်ကလေးနဲ့နှိုက်၊
• ဗိုက်ဝရင်တော်လှ၊ စားချင်တာမစားရ နေ့တိုင်းလိုသာပ၊
• မူလတန်းကတည်းကစရတာ ဘဝသင်္ခန်းစာ၊
• ငါကြီးလာရင်ဘာလုပ် ခရိုနီကြီး မလုပ်၊
• နေပြည်တော်သားကြီး မလုပ်။

• လူကြီးတွေပြောနေတာကြား၊ စစ်သားတဲ့၊ နိုင်ငံခြားသားတဲ့၊
• အသားဖြူဖြူ ဗမာစကားမတတ်သူ၊ ဒီလူတွေက မိုးပေါ်ကကျ၊
• ကျွန်တော့်နေ့လည်စာနဲ့ ဆိုင်သလားဗျ။

• ထမင်းကြမ်းဖြူဖြူ၊ ဆီမကူ ဆားမပါ၊
• အမေ့စေတနာ၊ အဖေ့လုပ်စာနဲ့တိကျ၊
• ဒီမိုကရေစီသာရရင်တော့၊ နေ့လည်စာတမင်းမှာ ဟင်းတခွက်ပါစေရမယ်ပေါ့လို့၊
• ဒို့မူလတန်းကျောင်းသားဂျင်နရေးရှင်း၊ အားခဲလို့သာတင်း။

ဒေါက်တာတင့်ဆွေ

Milestone prostate cancer drug ဆီးကျိတ်ကင်ဆာဆေး သမိုင်းမှတ်တိုင်

၂၉-၁ဝ-၂ဝ၁၅ နေ့စွဲနဲ့ထွက်တဲ့သတင်းဖြစ်ပါတယ်။ ယောက်ျားဆီးကျိတ်ကင်ဆာကုသရာမှာ ပဌမဆုံး DNA mutations မျိုးဗီဇ ပြောင်းလဲတာကို ပစ်မှတ်ထားပြီးကုသနိုင်တဲ့ဆေးဖြစ်ပါတယ်။ ဒါဟာ သမိုင်းမှတ်တိုင်တခုပါ။

လန်ဒန်က Institute of Cancer Research သူတေသနဌာနကနေ ဆေးကုလို့မရနိုင်တဲ့ လူနာ ၄၉ ယောက်ကို စမ်းပြီး ထွက်လာတဲ့အဖြေဖြစ်တယ်။ Olaparib လို့ခေါ်တဲ့ဆေးဖြစ်တယ်။ ကင်ဆာအကျိတ်ကြီးလာမှာကို ၈၈% နည်းစေတာ တွေ့ရှိရပါတယ်။

Herceptin ဆေးကို ရင်သားကင်ဆာကိုကုသရာမှာသုံးတာကလည်း အဲလိုဆေးမျိုးဖြစ်တယ်။ လူနာတချို့ကိုသာ သုံးနိုင်ပါတယ်။

အခုသုတေသနမှာ လူနာ ၁၆ ယောက်ထဲက ၁၄ ယောက်မှ ဆေးစွမ်းပြတာတွေ့ရပါတယ်။ ၆ လ ကနေ တနှစ်ခွဲကြာမှ အဲလိုပြတာပါ။ လူနာတွေ အသက်ပိုရှည် မရှည်အတွက်တော့ ကြီးမားကျယ်ပြန့်တဲ့လေ့လာမှုလိုပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅
http://www.bbc.com/news/health-34649024

Sword power ဓါးစွမ်း

• ဓါးမိုးအုပ်ချုပ်တဲ့ တိုင်းပြည်
• ဓါးရေးပြတဲ့ ရွေးကောက်ပွဲ

• ပြည်သူတွေက အားပြ၊
• ကော်မရှင်က မှားပြ၊
• အလိုတော်ရိတွေက ဓါးပြ၊

• အမုန်းတရား အစွမ်းပြ၊
• မေတ္တာတရား လမ်းပြ၊
• ပြည်သူ့အားနဲ့ အနိုင်ယူကြ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅

Paracetamol and pregnancy (ပါရာစီတမော) နဲ့ ကိုယ်ဝန်

၁။ ဆရာ ကိုယ်ဝန်ဆောင်မိခင်တွေ ပါရာစီတမော သောက်လို့  ရ/ မရ ရှင်းပြပေးစေလိုပါတယ်ဆရာ။ တနေ့ ဘယ်နှစ်ကြိမ် သောက်လို့ရပါသလဲဆရာ။ သောက်လို့ရမယ့် ပမာဏရောဆရာ။ Post တခုမှာ သောက်သင့် မသောက်သင့် ဆရာဝန်တွေ အငြင်းပွားနေတာရယ်။ ကျွန်တော့် အမျိုးသမီးက ကိုယ်ဝန်ဆောင်ထားတာရယ်ကြောင့် ဖြစ်နိုင်ရင် အားလုံးသိရအောင် ဆရာ့ Page မှာ အသေးစိတ်ရေးပေးစေလိုပါတယ်ဆရာ။

၂။ ဆရာခင်ဗျား ကိုယ်ဝန်ဆောင်မိခင်ဟာ paracetamol သောက်လို့ရပါသလား။ ဗိုက်ထဲကကလေးကို သက်ရောက်မူ ရှိလား သိချင်ပါတယ်။ တစ်ချိုက မတည့်ဘူးပြောလို့မေးရတာပါ။ ကိုယ်ဝန်က ၈ လ ရှိပြီ။

(ပါရာစီတမော) ကို ကိုယ်ဝန်မှာပေးလို့ ရပါတယ်။ ဒီဆေးအတွက် သတိပေးချက်တွေလဲရှိတယ်။

(ပါရာစီတမော) ကိုအများကြီးသောက်ရင် အသက်ကိုပင်ထိခိုက်နိုင်တယ်လို့ ၂၃-၁၁-၂ဝ၁၁ နေ့ လန်ဒန်ကလာတဲ့ သတင်းတပုဒ်ကဆိုပါတယ်။ အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ကိုက်တာ-ခဲတာတွေအတွက် သုံးနေတဲ့ (ပါရာစီတမော) တခုထဲဖြစ်ဖြစ် ပူးတွဲထားတဲ့ဆေးတွေပဲဖြစ်ဖြစ် များများသောက်ရင် အန္တရာယ်ပေးနိုင်တယ်လို့ ဆိုလိုတာပါ။ သေနိုင်တာက အသည်းအလုပ်မလုပ်နိုင်တော့လို့ ဖြစ်တယ်။ မတော်တဆ ဆေးများများသောက်မိရင် ကိုယ့်ကိုယ်ကိုသတ်သေရာ ကျပါလိမ့်မယ်။

(အီဒင်ဘတ်) က သုတေသနလုပ်သူတွေ တွေ့ရှိတာက Paracetamol 500mg ဆေးပြား၊ ၈ ပြား၊ တနည်းအားဖြင့် 4gm ဟာ တနေ့မှာအများဆုံး ဖြစ်သင့်ပါတယ်လို့ ဆိုပါတယ်။ (ကက်နက်-ဆင်မ်ဆန်) ခေါင်းဆောင်ပြီး လူနာပေါင်း ၆၆၃ ယောက်ကို ၁၉၉၂ ခုနှစ် ကတည်းကနေ ၂ဝဝ၈ အထိလေ့လာခဲ့တာ ဖြစ်တယ်။ ဒီလူနာတွေဟာ (ပါရာစီတမော) ကြောင့် အသဲထိခိုက်ခဲ့ရသူတွေပါ။

တွေ့ရှိချက်အရပျမ်းမျှ အသက် ၄ဝ နှစ်ရှိသူ ၁၆၁ ယောက်မှာခေါင်းကိုက်၊ သွားကိုက်၊ ခါးနာ၊ ဗိုက်နာတာတွေကြောင့် (ပါရာစီတမော) ဆေးကိုလိုတာထက် ပိုသောက်ခဲ့ကြတယ်။ သူတို့ထဲက ၅ ယောက်မှာ ၂ ယောက်က အသည်း အလုပ် မလုပ်နိုင်တော့ဘဲ သေဆုံးခဲ့ကြတယ်။ ဒါဟာ British Journal of Clinical Pharmacology မှတ်တမ်းအရ ဆေးအလွန်အကျွံ ပိုကဲမှုကြောင့် သေဆုံးရတဲ့နှုန်းထက် မြင့်မားတာဖြစ်တယ်။

အဲလိုဆေးအလွန်အကျွံ ပိုလွန်သောက်မိတာဟာလူနာကနာတာမသက်သာလို့ ဆေးထပ်သောက်ရာကနေ သောက်သင့်တဲ့ ဆေးအဆကိုမေ့လျှော့ ကျော်လွန်သွားတြာဖြစ်တယ်လို့ (ဆင်ပဆင်) က ဆိုပါတယ်။ ဒါ့ကြောင့် ဆေးဘယ်လောက် သောက်ပြီးပြီလဲဆိုတာ မှတ်တမ်းထားသင့်ကြတယ်။

ဆေးကိုစိတ်ချရတဲ့အဆသောက်ရင် ကိုယ်ခန္ဓာကကောင်းကောင်းကျေချက် လက်ခံနိုင်ပေမဲ့ လွန်ကဲပြီးသောက်မိရင် မကျေချက်နိုင်တာတွေ စုဝေးပြီးအသဲကိုထိခိုက်ရာကနေ ပြန်မကောင်းနိုင်တဲ့အထိရောက်စေနိုင်တယ်။

၂၃-၁၁-၂ဝ၁၁ နေ့ကဘဲနောက်သတင်းတခုကတော့ (ပါရာစီတမော) ဆေးရဲ့ လှို့ဝှက်ချက်ကိုသိလာပြီ။ ဒါကို အသုံးချပြီးစိတ်ချရတဲ့ အနာအကိုက်ပျောက်ဆေးကို ဖေါ်စပ်နိုင်မယ်လို့ လန်ဒန်၊ ဘုရင့်ကောလိပ် သုတေသန လုပ်သူတွေက ဆိုလိုက်ပါတယ်။

Acetaminophen ဆေးကို Paracetamol (ပါရာစီတမော) လို့ ခေါ်နေကြတာပါ။ ၁၈၉ဝ ကတည်းက ပေါ်ခဲ့ပြီး ဈေးကွက်ထဲကို ၁၉၅ဝ ကျော်မှာရောက်လာခဲ့ပေမဲ့ ဘယ်လိုနည်းနဲ့ အနာ-အကိုက်ကို သက်သာစေသလဲ ဆိုတာ မသိခဲ့ကြသေးဘူး။ အခုတော့ သုတေသနကနေဘယ်လိုဘယ်ပုံအလုပ်ဖြစ်စေတာကိုသိလာပါပြီ။

Lund University in Sweden နဲ့တွဲလုပ်ခဲ့တာ ဖြစ်တယ်။ အာရုံကြော (ဆဲလ်) တွေရဲ့ အဖုံးမှာရှိတဲ့ TRPA1 ဆိုတဲ့ (ပရိုတင်း) ဟာအခရာကျတယ်လို့ သိလာရတယ်။ ဒီ မော်လီကျူးကြောင့် (ပါရာစီတမော) ထိရောက်စေတာ ဖြစ်တယ်။

(ပါရာစီတမော) ကို ဆေးကုမ္ပဏီတွေပေးတဲ့ နာမယ်တွေက (အေ-တူ-ဇက်) ရှိပါတယ်။ Acamol, Ace +, Acetalgin, Adol, Aldolor, Alvedon, APAP, Apiretal, ApiretalFlas, Atamel, Atasol, Benuron, Biogesic (Myanmar), Buscapina, Calpol, Cemol, Crocin, Dafalgan, Daleron, Dawaya magi, Depon, Dexamol,Dexamol Plus, Dolex, Dolo, Dolgesic, Doliprane, Dolprone,Duiyixian, Efferalgan, Europain, Febrectal, Febrex Plus, Febricet, Febridol, Gelocatil, Gripin, Hedanol, Herron, Influbene, Kafa, Lekadol, Lupocet, Metacin, Mexalen, Milidon, Minoset, Momentum, Napa, Neo-Kiddielets, Pacimol, Pacol, Pamol, Panol, Panado, Panadol, Panamax, Panodil, Para, Paracet, Paracitol, Paralen, Paramed, Paramol, Parol, Perdolan, Perfalgan, Pinex, PyongSuCetamol, Pyrenol (Paracetamol plus caffeine), Plicet, Reliv, Rokamol, Sara, Scanol, Tachipirin, Tachipirina, Tafirol, Tapsin, Termalgin, Tempra, Treuphadol, Triaminic, Tylenol, Thomapyrin, Uphamol, Vermidon, Vitamol, Xumadol, Zolben,

ဆရာရှင့် လူကြီး ပါရာ အခဲ ၅ဝဝ mg ဆို အသက် ၄ နှစ် ကလေး ဘယ်လောက်တိုက်လို့ရလဲဆရာ။ ကလေးက ဖျားနေတာ အရည်ကုန်နေလို့ လူကြီးသောက်တဲ့ အခဲပဲရှိလို့ပါဆရာ။

Paracetamol (ပါရာစီတမော) ဆိုတာ Acetaminophen ဆေးဖြစ်တယ်။ (၁) အဖျား၊ (၂) အနာနဲ့ (၃) အရောင် ကျစေတယ်။

Paracetamol (ပါရာစီတမော) ကလေး
၆-၁၁ ပေါင် = 40 mg
၁၂-၁၇ ပေါင် = 80 mg
၁၈-၂၃ ပေါင် = 120 mg
၂၄-၃၅ ပေါင် = 160 mg
၃၆-၄၇ ပေါင် = 240 mg
၄၈-၅၉ ပေါင် = 320 mg
၆ဝ-၇၁ ပေါင် = 400 mg
၇၂-၉၅ ပေါင် = 480 mg
၉၆ ပေါင်အထက် = 640 mg

Paracetamol (ပါရာစီတမော) လူကြီး
325 MG ၂ ပြား၊ ၄-၆ နာရီခြား၊ တနေ့ (၂၄ နာရီ) အတွင်း ၁ဝ ပြားထက်မပိုရ။
500 MG ၂ ပြား၊ ၆ နာရီတကြိမ်၊ တနေ့ (၂၄ နာရီ) အတွင်း ၆ ပြားထက်မပိုရ။
650 MG ၂ ပြား၊ ၈ နာရီတကြိမ်၊ တနေ့ (၂၄ နာရီ) အတွင်း ၆ ပြားထက်မပိုရ။

Dr. တင့်ဆွေ
၂ဝ-၉-၂ဝ၁၅
၂၉-၁ဝ-၂ဝ၁၅

VigRX Plus သတိပေးပါရစေ

ဆရာတင်တဲ့ post ကိုတော့ မဖတ်ဖူးပါ။ ဆရာ့နာမည်သုံးထားတာ ဆရာသိစေချင်လို့ အသိပေးခြင်းမျှသာပါရှင့်။

ဟာ့ လန့်သွားတာအမှန်ပဲ။ မူရင်းဝဘ်ဆိုက်တွေ လိုက်ရှာရတယ်။ ရီဗျူးတွေ ပြန်ဖတ်ရတယ်။ ကိုယ်ရေးတာ ပြန်ဖတ်ရတယ်။

Early ejaculation (1) သုတ်လွှတ်စောခြင်း (၁) ထဲမှာ ကိုယ်တိုင်ရေးတာက သည်လိုသာရေးပါတယ်။
• Enlast, Confido, Alpha7, Climax, Priligy, StalliOn247, Generic Ambllis နဲ့ Xytomax ဆေးတွေက (ဟာဗယ်) ဆေးတွေဖြစ်တယ်။ ဆရာဝန်တွေကမညွှန်ပါ။ Prexil, VigRX Plus နဲ့ PreJac တွေက ကြော်ငြာဆေးတွေ ဖြစ်တယ်။

ဆိုးတဲ့နေရာမှာ အခုလိုချီးမြှောက်ခံရလို့ ကျွန်တော်နာတာထက် အညာခံရသူတွေက ပိုနာပါလိမ့်မယ်။

Dr. တင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅

Combat helmet သံခမောက်ဆောင်းထားသော မြေပုံ

- စာရွက်ပေါ်မှာ အသံကောင်းဟစ်၏။
- ရေဒီယိုအင်တာဗျူးမှာ လက်ရေးလှလှရေး၏။

- လေထဲမှာ တိုက်အိမ်ဆောက်၏။
- ဓါတ်မီးတိုင်မှာ ဖရောင်းတိုင်ထွန်းထား၏။

- ဗိုက်မှာလူတွေ ရွံ့ပေနေ၏။
- ဖွဲ့စည်းပုံမှာ စည်းပုံဆောင်းထား၏။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅

Rheumatoid Arthritis လေးဖက်နာ (အဆစ်နာ)

သမီးကတော့ အသက် ၂၉ နှစ်ပါ။ ရန်ကုန်မှာနေပါတယ်။ RA ရှိပါတယ်။ လေးဘက်နာရောဂါကို ၂ဝ၁၃ ခုနှစ်မှာ စပြီး၊ ဆေးစစ်တာ ASO 600 ရှိပြီး RA positive ပါ။ အရိုးအထူးကုနဲ့ ပြပြီး နောက်ပိုင်း Chloroquine တခြမ်းနဲ့ Mega 3 တလုံးကို ညတိုင်းသောက်ပါတယ်။ အဲ့ဒီဆေး နှစ်မျိုးကို သောက်တာ ခုဆို ၂ နှစ် လောက်ရှိပါပြီ။ ညာဘက်လက်ခလယ် အဆစ်က ဖောင်းတင်းပြီး ကွေးနေတာ ဆန့်လို့မရပါဖူး။ ဆေးမသောက်မိတဲ့နေ့တွေဆိုရင် ပိုနာပါတယ်။ ဘယ်ဘက် လက်ကောက်ဝတ်အရိုးနေရာကလဲ ယောင်နေပါတယ်။ အလေးအပင် လုံးဝမမနိုင်ပါဖူး။ ၆ ပေါင်လောက်ဆိုရင် လက်ကောက်ဝတ်ကိုအားပြုပြီး မမနိုင်တော့ပါဖူး။ ဆေးနေ့တိုင်းပုံမှန် သောက်ဖြစ်လဲ အဲဒီ ၂ နေရာက နာကျင်မှုတော့ အမြဲ ရှိနေပါတယ်။ ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်သလဲ။ ဘယ်လို အစာအသောက်တွေကို စားသင့်သလဲ။ လက်ခလယ်ကောက်နေတာကို ဘယ်လို treatment လုပ်သင့်ပါသလဲ။ နောက်နှစ်မှာကလေးယူဖို့ အစီစဉ်ရှိပါတယ်။ သမီးခုသောက်နေတဲ့ chloroquine ဆက်သောက်နေသင့်ပါသလား ၊ အဲဒီအစားဘာဆေးတွေ သောက်သင့်ပါသလဲ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ က RA နဲ့ လုံးဝမတည့်ပါဖူးလို့ ကြားမိပါတယ် ဟုတ်ပါသလားရှင်။ အရိုးတွေသန်မာလာအောင် Yoga ကစားပါတယ်။ အဲ့ဒိလိုကစားတာ အရိုးတွေကို ဒဏ်ပိစေပါသလား။ RA ရောဂါကြောင့် Life style ကို ဘယ်လို နေထိုင်သင့်သလဲ သိချင်ပါတယ်ဆရာ။

Rheumatoid Arthritis လေးဖက်နာ (အဆစ်နာ) ဟာ အော်တိုအင်မြူရောဂါတခုဖြစ်တယ်။ ခုခံအား ကမောက်ကမ ဖြစ်ရာကနေဆက်ဖြစ်တာ။ နာတာရှည်အဆစ်တွေရောင်ပြီးနာမယ်။ အဆစ်သာမက တခြားအစိတ်အပိုင်းတွေကိုပါ သက်ရောက်လာနိုင်တယ်။ ပေါ်လိုက် ပျောက်လိုက်နေတယ်။ အမေရိကမှာ ၁့၅ သန်ခံစားနေရတယ်။ အမျိုးသမီးက အမျိုါ်သားထ့် ၃ ဆပိုများတယ်။ အသက် ၃ဝ နဲ့ ၆ဝ ကြားပိုများတယ်။ တချို့ကမျိုးဗီဇလိုက်တယ်။ ဆေးလိပ်သောက်သူ ပိုများတယ်။

Rheumatoid factor (RF) လေးဖက်နာ ဖက်တာဆိုတာ အင်တီဘော်ဒီဖြစ်တယ်။ လေးဖက်နာကိုဖြစ်စေတာကို ခုခံတဲ့ဓါတ်ဖြစ်တယ်။ အဲတာတာတွေ့ရင် လေးဖက်နာရှိနေတယ်လို့ သွယ်ဝှိုက်ပြောနိုင်တယ်။ ၈ဝ% မှာရှိတယ်။ နေကောင်းနေသူတချို့မှာလည်းရှိတယ်။ များနေရင် ရောဂါကဆိုးလို့ဖြစ်တယ်။ အဆုပ်မှာဖြစ်တာနဲ့ အကျိတ်လေးတွေ ပေါ်လာတာမျိုး။

Juvenile rheumatoid arthritis (JRA) ဆိုတာ ကလေးတွေမှာဖြစ်တာ။ juvenile idiopathic arthritis (JIA) လို့လည်း ခေါ်တယ်။ အသက် ၁ နှစ်ကနေ ၁၆ နှစ်အထိ။ အဆစ်တွေရောင်မယ်။ နာမယ်။ ဖျားမယ်။ အနီပြင်တွေထွက်မယ်။ ပေါ်လာချိန်မှာ အားယုတ်မယ်။ ကိုယ်နည်းနည်းပူမယ်။ အစားပျက်မယ်။

အဆစ်နာအမျိုးအစားပေါင်း ရာကျော်တယ်။ လေးဖက်နာ (အဆစ်နာ) ကအဲတာတွေထဲက တခုသာဖြစ်တယ်။ တကိုယ်လုံးသက်ရောက်တာထူးခြားတယ်။ တချို့မှာ အရေပြား (အနာဖြစ်)၊ အသည်း၊ ကျောက်ကပ်၊ နှလုံးနဲ့ အဆုပ်ကိုရောက်တယ်။ မျက်စိနဲ့ ပါးစပ်မှာဖြစ်တာကို Sjögren's syndrome ခေါ်တယ်။

ပျောက်အောင်လုပ်မရသေးပါ။
၁။ NSAIDs စတီရွိုက်မပါတဲ့ အနာအကိုက်သက်သာဆေးတွေပေးတယ်။ ibuprofen (Advil, Motrin IB) နဲ့ naproxen sodium (Aleve) ဆေးတွေကို အများဆုံးသုံးတယ်။

ဒိထက်ပြင်းတာတွေကိုကိုလိုလာရင်ပေးပေမယ့် ဘေးထွက်ဆိုးကျိုးကို သတိထားရတယ်။ meloxicam (Mobic), etodolac (Lodine), nabumetone (Relafen), sulindac (Clinoril), tolementin (Tolectin), choline magnesium salicylate (Trilasate), diclofenac (Cataflam, Voltaren, Arthrotec), diflusinal (Dolobid), indomethicin (Indocin), ketoprofen (Orudis, Oruvail), meloxicam (Mobic), oxaprozin (Daypro) နဲ့ piroxicam (Feldene) တွေဖြစ်ကြတယ်။

Longer acting NSAIDs တာရှည်သက်ရောက်တဲ့ အနာသက်သာဆေးတွေလည်းရှိတယ်။ COX-2 inhibitors ခေါ်တယ်။ celecoxib, Celebrex, etoricoxib, Arcoxia; lumiracoxib, Prexige ဆေးတွေဖြစ်တယ်။

၂။ Corticosteroid စတီရွိုက်ဆေးပေးတယ်။ ဥပမာ Prednisone ဆေး။ ဘေးထွက်ဆိုးကျိုးကိုသတိထားရမယ်။ အရိုးပါးစေနိုင်တယ်။ လူဝလာစေမယ်။ ဆီးခိုနဲ့မသင့်ပါ။

၃။ Disease-modifying antirheumatic drugs (DMARDs) ဆေးအမျိုးအစားလည်းသုံးတယ်။ Methotrexate (Trexall), leflunomide (Arava), hydroxychloroquine (Plaquenil) နဲ့ sulfasalazine (Azulfidine), etanercept (Enbrel), infliximab (Remicade), adalimumab (Humira®), certolizumab pegol (Cimzia), golimumab (Simponi), abatacept (Orencia), rituximab (Rituxan), tocilizumab (Actemra), anakinra (Kineret) တွေဖြစ်ကြတယ်။ ဘေးထွက်ဆိုးကျိုးတွေက အသည်းထိခိုက်တာ၊ အဆုပ်ပိုးဝင်လာတာနဲ့ ရိုးတွင်းခြင်ဆီထိခိုက်တာတွေ။

၎။ Biologic agents ဆေးအမျိုးအစားကိုလည်းသုံးတယ်။ abatacept (Orencia), adalimumab (Humira), anakinra (Kineret), certolizumab (Cimzia), etanercept (Enbrel), golimumab (Simponi), infliximab (Remicade), rituximab (Rituxan) နဲ့ tocilizumab (Actemra) ဆေးတွေဖြစ်တယ်။ Tofacitinib (Xeljanz) ကဆေးသစ်ဖြစ်တယ်။ ရောဂါပိုးဝင်လာမှာကို သတိထားရမယ်။

၅။ Therapy အကြောကုသနည်းခေါ်တာကိုလည်းလုပ်ရတယ်။

၆။ Surgery တချို့ကိုခွဲစိတ်ပေးရတယ်။ Total joint replacement အဆစ်အစားထိုးနည်း။ Tendon repair အရွတ်ပြင်ခြင်း။ Joint fusion အဆစ်ဆက်ပေးခြင်း။

၇။ Hydroxychloroquine (Plaquenil) ငှက်ဖျားဆေးကိုလည်းစမ်းသုံးပါတယ်။

၈။ တခြားဆေးတွေလည်းရှိသေးတယ်။ Sulfasalazine (Azulfidine), Leflunomide (Arava), Tumor Necrosis Factor Inhibitors— etanercept (Enbrel, adalimumab (Humira), and infliximab (Remicade), T-cell Costimulatory Blocking Agents—abatacept (Orencia), B cell Depleting Agents—rituximab (Rituxan), Interleukin-1 (IL-1) Receptor Antagonist Therapy—anakinra (Kineret) ဆေးတွေဖြစ်တယ်။

၉။ Intramuscular Gold ကိုလည်းသုံးတယ်။
Immunomodulatory and Cytotoxic agents တခြားခုခံအားနှိမ်ဆေးတွေကိုလည်းပေးတယ်။ azathioprine (Imuran), cyclophosphamide, and cyclosporine A(Neoral, Sandimmune) တွေဖြစ်တယ်။

၁ဝ။ Lifestyle and home remedies အိမ်မှာတင်လုပ်နိုင်တာတွေရှိတယ်။ Exercise regularly ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ Apply heat or cold အပူ-အအေးတင်တာ က်ပတာလုပ်ပါ။ Relax ကိုယ်စိတ် ပြေလျှော့အောင်လုပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၅

Wednesday, October 28, 2015

Pay respect night ကန်တော့ကြတဲ့ည

ရာဇာတင့်ဆွေ မိသားစု

မဖြိုးဖြိုးကြိုင်နဲ့ မောင်ပင်နီတင့်ဆွေ

မတာရာတင့်ဆွေနဲ့ မောင်ပညာတင့်ဆွေ

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅

Candle light မီးထွန်းတဲ့ည

ကနေ့ည အိမ်မှာလာပြီး မီးထွန်းကြတယ်။ စတိသဘောပါ။ ဒီမှာပဲမွေးတဲ့ မြေးနံပါတ် (၄) က ဘာလို့ဒီနေ့ညမှာ မီးထွန်းကြသလည်း မေးလို့ သူနားလည်အောင် ရှင်းပြရသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅

Hello နှုတ်ဆက်စကား အလေးထား

လူသစ်တွေနဲ့ မဖတ်ရသေးသူတွေအတွက် နောက်တခုထပ်တင်ပါရစေ။ မက်ဆေ့နဲ့ ချတ်ဘောက်စ်ကနေ Hell, Hi နဲ့ မင်္ဂလာပါဆိုပြီး ရေးနေတာတွေရနေပြန်လို့ပါ။ နှုတ်ဆက်တာကို ပြန်မပြောရင် ရိုင်းရာကျမှန်းလည်းသိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အလာပသလာပပြောချိန်မရှိပါ။

ဘာသာပြန်စာရေးဆရာတယောက်က ပြောတယ်။ မြန်မာလူမျိုးတွေမှာ ပုံသေနှုတ်ဆက်စကားမရှိပါဘူး၊ သင့်သလို ပြောဆိုမေးမြန်းကြတာပဲရှိတာပါ။ မင်္ဂင်္လာပါ ဆိုတဲ့စကားက ပြီးခဲ့တဲ့အစိုးရတွေက တမင်ထွင်ပြီး ပလီခဲ့တာပါ။ အဲသလို နှုတ်ဆက်လာရင် ကျွန်တော်က ပြန်ပြောပါတယ်၊ မာလကာပင်လို့။

ကျွန်တော့်အရင် ပြည်ပရောက်နေသူတဦးကလည်း Good morning နဲ့ မင်္ဂလာပါ မတူတာကို ပြောဘူးတယ်။ သူ့အင်္ဂလိပ်က ကောင်းပါတယ်။ သူ့ကို မြန်မာအချင်းချင်းကနေ မင်္ဂလာပါလို့ နှုတ်ဆက်ရင် စိတ်တိုရော။ How are you? ရဲ့တိုက်ရိုက်အဓိပ္ပါယ်က နေကောင်းလားပါ။ ကျွန်တော်တို့က ပြောနေကြမဟုတ်ပါလား။

အမေရိကားမှာ လူတယောက်နဲ့တယောက်တွေ့ရင် ဒီလိုတွေသုံးနှုန်းပြီးနှုတ်ဆက်ကြပါတယ်။
(က) ပုံစံတကျနှုတ်ဆက်နည်း
• Hello!
• How are you? Howre you?
• How are you doing?
• How ya doin?
• How is everything?
• Hows everything going?

How are you doing? နဲ့ How are you? ကတူတယ်။ What are you doing နဲ့ မတူပါ။ ဘာလုပ်နေသလဲလို့ မေးတာသာဖြစ်တယ်။ နှုတ်ဆက်စကားမဟုတ်ပါ။

(ခ) အလွတ်သဘောနှုတ်ဆက်စကား
• (Hey) Whats up (man/dude/bro/their name)?
• (Hey) Good to see you.
• (Hey) How are things (with you)?
• Hows life been treating you?
• Whats good?
• Whats happening (happenin)?
• (Hey) Hows it going (goin)? အဲလိုပြောလာရင် Its going good. လို့ဖြေပါမယ်။
• Whats cracking (crackin)? ရွယ်တူအချင်းချင်းသာ သုံးသင့်တယ်။ Whats up? နဲ့ အတူတူဖြစ်တယ်။

(ဂ) မတွေ့တာကြာနေသူကို ပုံစံတကျနှုတ်ဆက်ရင်
• It has been a long time.
• Its been too long.
• What have you been up to all these years?
• Its always a pleasure to see you.
• How long has it been?
• Whats new?

(ဃ) မတွေ့တာကြာနေသူကို ပုံစံတကျမဟုတ်တဲ့နှုတ်ဆက်ပုံ
• Long time no see.
• Where have you been hiding?
• Its been ages (since I’ve seen you).
• How’ve you been?

အင်္ဂလန်မှာဆိုရင်
• How do you do? က အများဆုံးသုံးတဲ့ နှုတ်ဆက်စကားဖြစ်ပါတယ်။
• How do you do? လို့ပဲပြန်ပြောကြပါမယ်။
• How are you? နဲ့ How are you doing? ဆိုတာ မေးခွန်းသဘောဖြစ်လို့ Fine, Thanks!, Very well, Thank you လို့ ပြန်ဖြေကြပါမယ်။ ဒါပေမဲ့ အင်္ဂလိပ်လူမျိုးတွေက ဘယ်လိုပြန်ပြောပြော နားလည်ခွင့်လွှတ်ကြပါသတဲ့။

မင်္ဂလာပါဆိုတာ အင်မတန်ယဉ်ကျေးတယ်။ ဘာသာပြန်ရာမှာတော့ မဆီလျှော်လို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၁၁-၂ဝ၁၄
၂၈-၁ဝ-၂ဝ၁၅

Hot air balloon catches fire မီးလောင်သွားတဲ့ သတ်ပုံ

ခုတလော သီတင်းကျွတ်လပြည့်လည်းဖြစ်လို့ မီးပုံးပျံသတင်းတွေ တွေ့ရတယ်။ ရွေးကောက်ပွဲက လွှမ်းမိုးထားလို့ မီးလောင်သွားတဲ့မီးပုံပျံသတင်းကို လူတွေကစိတ်ဝင်စားကြတယ်။

အခုရွေးကောက်ပွဲက ၂၅ နှစ်အတွင်းမှာ ပါတီစုံပါတဲ့ရွေးကောက်ပွဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ ပဌမစခဲ့တဲ့ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၊ ပထမဆုံးဝန်ကြီးချုပ် ဦးနုကနေစပြီး မီးပုံးပျံ ဦးကျော်ရင်နာမည်လည်းပါတယ်။

ကျွန်တော်တို့ ၅ တန်းတက်တော့ သင်ရတဲ့ မြန်မာဖတ်စာ အာဇာနည်စာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဒီ တို့နဲ့အတူ မီးပုးပျံ ဦးကျော်ရင်အကြောင်းလည်းပါတယ်။ စစ်အစိုးရတက်ကတည်းက အာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်ကို ထုံးသုတ်လာခဲ့တယ်။

ရွေးကောက်ပွဲ မဲဆွယ်တဲ့ အာဏာယူပါတီကလူကြီးတယောက်နေ အာဇာနည်ဗိမာန်ဗုံးခွဲတာနဲ့ NLD ပါတီရဲ့ အနီရောင်ကို နှိုင်းပြောသေးတယ်။ နည် နဲ့ နီ မတူတာသိပုံမရပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅
Photo from Maung Tun Wai

How to ask မေးနည်းစည်းကမ်း

• မေးစရာနေရာ (၁) doctortintswe@gmail.com အီးမေးလ်။ (၂) ဖေ့စ်ဘွတ် မက်ဆေ့ခ်ျ။ (၃) ဖေ့စ်ဘွတ် ချတ်။ ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ ဖြစ်တာဘယ်လောက်ကြာပြီ၊ လိုအပ်ရင် ရာသီ၊ အိမ်ထောင်၊ နေတဲ့တိုင်းပြည်။ ဒါပေမယ့် လူနာမည်နဲ့ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးစစ်ချက်တွေကိုပို့ရင် ပုံတွေကိုအတည့်ပို့ပါ။ ပုံအစောင်းတွေမပို့နဲ့။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• မက်ဆေ့ခ်ျကနေမေးရင် စာတကြောင်းကို မက်ဆေ့ခ်ျတခုလိုမရေးပဲ ဖြစ်နိုင်ရင် မေးခွန်းတခုလုံးသာရေးပါ။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မြန်မာပြည်ထဲက ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ်တွေကို မသိပါ။
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ ဒီနေရာမှာ ရှာနိုင်ပါတယ်။ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings

ဒေါက်တာတင့်ဆွေ

Parents အမေ-အဖေ့ ဓါတ်ပုံ

ကျွန်တော့ အမေနဲ့ အဖေ့ဓါတ်ပုံတွေကို ၅-၁၂-၂ဝ၁၄ ကနေ့မနက်မှာ ရပါတယ်။ တိုင်းပြည်ကထွက်ရပြီး ၂၄ နှစ်ကြာမှ ရတာပါ။

အမေက မင်းတိုင်ပင်တိုက်နယ်သူကြီးသမီး။ အဖေနဲ့အိမ်ထောက်ကျပြီး၊ သားသမီးတွေ တယောက်ပြီးတယောက် ထွန်းပေါက်တယ်။ ကျွန်တော်မိဘတွေဟာ အသက်ရလေလေ စီးပွါးရေးကြပ်တည်းလေလေ။ သူတို့က သားသမီးတွေကို ပညာအမွေပေးနိုင်ဘို့ထက် ဘာတခုမှမတွက်ခဲ့ကြပါ။ ကျွန်တော်ဆရာဝန်ဖြစ်လာဘို့ရာ ညီတွေနှစ်မတွေက အနစ်နာခံပေးကြရတယ်။ မိဘတွေ အိုကံမကောင်းကြတာမှာ သားနှစ်ယောက်က နိုင်ငံရေးထဲဝင်ပါလို့လည်းပါတယ်။

အမေဆုံးပြီး ၂ ပါတ်ကြာမှသာ ညီကမုံရွာထောင်ကလွတ်တယ်။ ကျွန်တော်က တိုင်းပြည်ထဲမှာမရှိပါ။ သူရေးတဲ့ ကျေးဇူးဂုဏ်စိုင် မကုန်နိုင်ဘူး (သို့) အမေ့ မုသားစကားရှစ်ခွန်းကို တင်ထားတာ ဖတ်ရတယ်။

သားဆရာဝန် ကျွန်တော်ဟာ အမေခြေကျိုးတာကို ကုသပေးခွင့် မရလိုက်ပါ။ အမေ အဖေဆုံးတဲ့ရက်တွေကို မေးယူမှသာ သိပါတယ်။ သူတို့ကျန်းမာရေးနဲ့ အသုဘအတွက် ဝါယမစိုက်ကြတဲ့ သွေးသားဆွေမျိုးတွေနဲ့ နိုင်ငံရေးဆွေမျိုးတွေကို ကျေးဇူးတင်လျက်ပါ။ အဲဒီဆွေမျိုးတွေ ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော်တို့မိဘတွေ နောက်ဘဝတွေမှာ ကျွန်တော်တို့လို မင်းဆိုးဒဏ်သင့်သူတွေနဲ့ ကင်းလွတ်ပါစေ။ မြန်မာပြည်သူတွေ မင်းဆိုးဘေးက ဝေးကြပါစေ။ သီတင်းကျွတ်မှာ မိဘကျေးဇူးဆပ်နိုင်သူတွေ များပြားပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅

Tea shop လက်ဖက်ရည်ဆိုင် အဝေးကနေအတူထိုင်

သူငယ်ချင့်း့ ဒီနေ့ ဌေးသိန်း၊ သောင်းတင့်၊ သန်းညွှန့်အောင်နဲ့ ဆရာကြင်ရော လ္ဘက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတင်တဲ့ post တွေ စပ်မိစပ်ရာပြောဖြစ်တယ်။ ကျမ္မာပါ စေနော။

မုံရွာနေ အထက သူငယ်ချင်းဆီကပါ။ ဆယ်တန်းကျောင်းသားပြန်ဖြစ်ရော။ အထကမှာနေတုံးက လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်သလောက်ပါ။ ဆေးမန်းမှာတော့ တနေ့အနည်းဆုံးနှစ်ခေါက်၊ မင်္ဂလာလမ်းက အေးစန်းမှာထိုင်ဖြစ်ကြတယ်။ အိန္ဒိယရောက်တော့ လက်ဖက်ရည်ဆိုင်လိုက်ရှာပါတယ်။ ရှားလိုက်တာ။ လမ်းဘေးမှာ ကျောက်တုံး ရှိရင်တော့ ထိုင်သောက်၊ မရှိရင်တော့မတ်တပ်ပေါ့။ ဝါရှင်တန်ဒီစီကိုအလည်ရောက်စဉ်က စတားဘခ်မှာ နေရာကျကျနနတော့ရှိပါရဲ့ ဈေးကကြီးလိုက်တာ။

မုံရွာကသူငယ်ချင်းတွေနဲ့ရော မန္တလေးဆေးကျောင်းကသူငယ်ချင်းတွေနဲ့ပါ လက်ဖက်ရည်ဆိုင်မှာထိုင်ချင်သေးတယ်။ ခုအရွယ်တွေနဲ့ ခုအခြေအနေမှာ ဘာတွေပြောဖြစ်ကြမလည်း။ မုံရွာသူငယ်ချင်းတွေက ကျွန်တော်တင်တဲ့ ပို့စ်လေးတွေကို ထည့်ပြောကြသတဲ့။ လူတိုင်းမှာ ဝါသနာအထုံ တယောက်တမျိုးစီ။ သင်ယူတတ်မြောက်တဲ့ပညာကလည်း မတူကြပါ။ အသက်ရတဲ့အခါ အသက်မွေးမှုတွေ ကွဲပြားကြတယ်။

ပြောင်းမသွားပဲ တူတယ်ဆိုတာလည်းရှိတယ်။ သူငယ်ချင်းဖြစ်မှုနဲ့ နောက်တခု။ ကျွန်တော့်ရေးရေးနေတဲ့ ပို့စ်။ ကျွန်တော်တို့မှာတူကြတာက စိတ်ကောင်းမွေးကြတယ်။ အပြုသဘောတွေးကြတယ်။ ဆက်ဆံရေးနွေးထွေးကြတယ်။ မဲပေးမှာလည်း မေးနေစရာမလိုဘူးပေါ့။

မြန်မာပြည်ကနေပို့လိုက်တဲ့ လက်ဖက်ခြောက်ကောင်းကောင်းလေးနဲ့ ရေနွေးကြမ်းတခွက်သောက်လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅

Tuesday, October 27, 2015

Prayers ဆုတောင်းခြင်း

သီတင်းကျွတ်လပြည့်ဝန်းကျင်မှာ မြန်မာ့ရိုးရာအစဉ်အလာအရ မိဘနဲ့ဆရာတွေကို ကန်တော့ကြတယ်။ ကျွန်တော်က အသက်ကြီးတဲ့အပြင် သမားဂိုဏ်းဝင်ဖြစ်လို့ အဝေးကနေလှမ်းပြီး မှန်းဆကန်တော့ကြတယ်။

ကျွန်တော်နဲ့ ဇနီးသည်ကို စုံညီကန်တော့တဲ့အခါ ဆုတောင်းပေးရတဲ့တာဝန်ကို ဇနီးကသာ ယူရပါတယ်။ ကျွန်တော်က ပါဠိစာတွေ မရွတ်တတ်ပါ။ ကျွန်တော်စိတ်ထဲက ရွတ်ဆိုတဲ့ဆုတောင်းစကားကတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းပါစေ၊ ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။

ကျန်းမာရေးမေးခွန်းတွေဖြေရာမှာလဲ အဖြေရဲ့အဆုံးမှာ ကျန်းမာချမ်းသာပါစေလို့ ရေးဖြစ်အောင် ရေးပါတယ်။ (အီးမေးလ်ကနေသာဖြစ်ပါတယ်။)

ဒေလီမှာနေရတုံးက အိမ်ကနေဆေးခန်းကို ရာသီဥတုသာရင် ကျောပိုးအိတ်တလုံးနဲ့ လမ်းလျှောက်သွားလေ့ရှိပါတယ်။ တနေကုန် ကီးဘုတ်သာနှိပ်နေတဲ့ကျွန့်အဖို့မှာ အဲသည်အချိန်ဟာ သီးသန့်အားလပ်ချိန်ဖြစ်ပါတယ်။ ဆေးခန်းလာမယ့် လူနာတွေအတွက် ဆုတောင်းရင်းသွားပါတယ်။

သည်တိုင်းပြည်မှာတော့ ဆေးခန်းဖွင့်ကုသပေးရတဲ့လူနာ မရှိတော့ပါ။

အခုအိပ်ယာဝင်ဆုတောင်းအသစ် ထည့်လိုက်ပါပြီ။ ကနေ့ကျန်းမာရေးမေးလာသူအားလုံး ကျန်းမာချမ်းသာကြပါစေ၊ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆုပေးတာပြည့်သလား။ အလှူခံသူနဲ့ အလှူပေးသူလိုပါပဲ၊ နှစ်ဘက်ပြည့်စုံနေရပါတယ်။ ယုံကြည်မှုနဲ့ ထက်သန်မှုတို့ ကနေရလာမယ့်အကျိုးဟာ အချိုးညီတယ်လို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅
မှတ်ချက်။ ကျွန်တော့်ဓါတ်ပုံ မဟုတ်ပါ။

elastic epilepsy အတက်ရောဂါတမျိုး

အခုပဲ ချတ်ဘောက်စ် ကနေမေးလာတယ်။
• ဆရာ ကျနော့ အသိကလေး တယောက် အလိုလိုနေရင်းနဲ့ အူတက်အောင် ရီနေလို့ ဆေးရုံတင်လိုက်ရပါတယ် ဆရာ အခု ဆရာဝန်ကြီးတွေက နေပြည်တော်ရောက်နေတော့ လက်ထောက်ဆရာတွေပဲ ဆေးရုံမှာရှိနေပါတယ် သူတို့လဲ ဘာရောဂါမှန်းမသိကြပါဘူး။ အဲဒါ အရမ်းစိုးရိမ်ရပါသလားဆရာ။ ရခိုင်ပြည်နယ် သံတွဲမြို့ကပါ။
• အသက်ဘယ်လောက်လည်း။
• ၆ နှစ်ပါ။
• ဘယ်လောက်ကြာ ရီနေသလည်း။ အရင်ကကော စိတ်အခြေအနေ မူမှန်သလား။
• အားလုံးကို သိပါတယ် ငါးမိနစ်လောက်ရီပါတယ်။ တစ်ခါတစ်လေကြရင် သတိလစ်သလိုဖြစ်သွားတယ် အသက်အန္တရယ် ရှိပါသလား ဆရာ။ စိတ်ကတော့မူမှန်တယ် ကျောင်းစာအားလုံးလဲ မှတ်မိနေတယ်။
• အတက်ရောဂါတမျိုးဖြစ်တယ်။

Gelastic seizureအတက်ရောဂါလည်းခေါ်တယ်။ Gelastic epilepsy အတက်ရောဂါလို့လည်းခေါ်တယ်။ ဖြစ်တာရှားတယ်။ တချို့ အကြောင်းရင်မရှိပဲ အဆက်မပြတ်ရီတယ်။ တချို့ကငိုတယ်။ ရီသူကများတယ်။ သူ့ကိုယ်သူ ထိန်းလို့လည်းမရဘူး။ ချော့လည်းမရ။ အာရုံပြောင်းပေးလည်းမရပါ။ ယောက်ျားလေးတွေမှာ နည်းနည်းပိုဖြစ်တယ်။ ပြန်ပြန်ဖြစ်တယ်။

ဦးနှောက်ထဲမှာ ရောဂါရှိလို့ဖြစ်တယ်။ အဲတာကလည်း အမျိုးမျိုး။ အကျိတ်၊ ရောင်တာ၊ သွေးရှင်ဖြစ်တာ၊ ပိုးဝင်တာ။
ရီပုံရီနည်းက မသက်မသာရီတာမျိုး။ Sardonic လို့ခေါ်တယ်။ မေးခိုင်ရောဂါတက်နေချိန်မှာ ဘေးကကြည့်ရင် ရီနေသလည် အမှန်က မချိမဆန့်ဖြစ်နေတာမျိုးလည်း သည်စာလုံးသုံးတယ်။ တမိနစ်မရှိတမရှိကနေ ပိုကြာနိုင်တယ်။
ကိုယ်ကလည်း တွန့်လိမ်တာပါရှိနိုင်တယ်။ မျက်လုံးကလည်း လည်နေမယ်။ ပါးစပ်ကလည်းစောင်းရွဲ့နေမယ်။

ကလေး အသက် ၃-၄ နှစ်မရှိခင်လောက်မှာ စဖြစ်တာများတယ်။ ကြာရင် ဒုက္ခိတဖြစ်နိုင်တယ်။ အသိဉာဏ်လည်း နည်းမယ်။ မိန်းကလေးမှာဖြစ်တာက ဦးနှောက်ထဲက hypothalamic-pituitary-gonadal axis နဲ့ဆိုင်နေရင် အရွယ်ရောက်တာအတော်စောမယ်။ ၈ နှစ်နဲ့အပျိုဖြစ်မယ်။

Hypothalamic hamartoma ခေါ် ဟိုက်ပိုသဲလမတ်စ်နေရာသွေးခဲနဲ့ Brain tumor ဦးနှောက်အကျိတ်ကနေဖြစ်တာ များတယ်။ ဆေးကုရတာလည်း ခက်တယ်။ ဘာလို့ဖြစ်စသလည်းသိရင် အဲတာကိုကုရမယ်။ ဦးနှောက်ခွဲစိတ်မှု လိုနိုင်တယ်။ တချို့မျာ ခွဲလိုက်ပေမယ့် အကုန်မကောင်းပါ။ အပျိုဖြစ်စောတဲ့မိန်းကလေးကို ဟော်မုန်းပေးနိုင်တယ်။

အတက်ရပ်ဆေးတွေသုံးရတယ်။ carbamazepine, clobazam, lamotrigine, levetiracetam, oxcarbazepine နဲ့ topiramate တွေကိုသုံးတယ်။ ထပ်မဖြစ်မျာကိုတော့ မတားနိုင်ပါ။ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ကြည့်ရတယ်။
Radiotherapy ဓါတ်ကင်နည်းလည်းလုပ်ပါတယ်။

Benign tumor in their hypothalamus အမျိုးအစားဦးနှောက်အကျိတ်က အသက်သာဆုံးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၅

Dial type Blood pressure Apparatus ဒိုင်ခွက်ပါ သွေးတိုင်းကရိယာ

သွေးဖိအားတိုင်း-ကရိယာ သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါကိုရေးထားတယ်။ အခုနောက်တမျိုးရေးပါမယ်။

ဆေးရုံတိုင်း၊ ဆေးခန်းတိုင်းမှာ မြင်နေကြတဲ့ သွေးဖိအားတိုင်းကရိယာကို Sphygmomanometer (ဆဖစ်ဂမို-မင်မိုမီတာ) ခေါ်တယ်။ အရင်ဆုံးပေါ်ပြီး ခုထိလဲသုံးနေကြတာမို့ သမားရိုးကျလို့ ပြောနိုင်တယ်။ ၁၈၈၁ ကတည်းက ဂျာမန်ပညာရှင် (ဆယ်မြူရယ်-ဆီးဖရက်) ကနေ စတင်တီထွင်ပြီး၊ ၁၉ဝ၁ မှာ (ဟာဗေး-ကူရှင်း) က ပိုကောင်းအောင်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကရိယာမှာ (မာကျူရီ) ပါပြီး ဂဏန်းဖတ်ရင် မီလီမီတာနဲ့ဖြစ်တာမို့ သွေးဖိအားကို mmHg (မီလီမီတာ-မာကျူရီ) လို့ ရေးရတယ်။ နောက်ပေါ်ကရိယာတွေဖြစ်တဲ့ ဒိုင်ခွက်ပါကရိယာနဲ့ (ဒစ်ဂျစ်တယ်) အမျိုးအစားတွေနဲ့ တိုင်းရင်လဲ ဒီအတိုင်းပဲရေးတယ်။

ဒိုင်ခွက်နဲ့ သွေးဖိအားတိုင်းကရိယာမျိုးကို Aneroid/Dial type လို့ခေါ်တယ်။ (အင်းဒရွိုက်) ဆိုတာ ခေတ်စားလာတာက သိပ်မကြာသေးဘူး။ မိုဘိုင်းဖုန်းတွေ ဆန်းသစ်လာမှ ပိုသိလာကြတာပါ။ အမှန်က ၁၉ဝ၅ ကတည်းက ရုရှားသိပ္ပံ့ညာရှင် Nikolai Korotkov (နီကိုလပ်စ်-ကိုရိုတော့ဖ်) ကစတင် တီထွင်ခဲ့တာ ဖြစ်တယ်။ (အင်းဒရွိုက်) ဆိုတာက အရည်မပါတာကို ဆိုလိုတယ်။

ဒိုင်ခွက်နဲ့ ကရိယာမျိုးက (မာကျူရီ) သုံးသွေးဖိအားတိုင်းကရိယာထက် စိတ်ချနိုင်ပေမဲ့ တိကျမှုကတော့ အဲလောက် မကောင်းလှဘူး။ ဒိုင်ခွက်သုံးကရိယာကို နံရံဖြစ်ဖြစ် တိုင်မှာဖြစ်ဖြစ်ဆင်ထားရင် စစ်ဆေးဘို့လိုတာ နည်းတယ်။
Mercury (မာကျူရီ) ခေါ်တဲ့ပြဒါးဟာ ကိုယ်ထဲဝင်မိရင် အဆိပ်လိုဘဲ။ ဒါကြောင့် ဒိုင်ခွက်ကို ပိုသဘောကျတယ်။ သယ်သွားရတာ ပိုလွယ်တယ်။ ဈေးချိုတာလဲ ပါတယ်ပေါ့။ သွေးဖိအားတိုင်းကရိယာသုံးမျိုးထဲမှာ သမားရိုးကျ (ဆဖစ်ဂမို-မင်မိုမီတာ) က အခံဆုံးပါ။

• Aneroid sphygmomanometers (အင်းဒရွိုက်) သွေးဖိအားတိုင်း ကရိယာဟာ Mechanical type စက်သဘောနဲ့ လုပ်တာ ဖြစ်လို့ ပုံမှန်စစ်ဆေးမှုလိုတယ်။ Calibration checks ခေါ်တာလုပ်ရတယ်။
• Durability and accuracy ခံနိုင်ရည်နဲ့ တိကျမှုဆန်းစစ်ခြင်း လိုအပ်တယ်။ လွတ်ကျရင်ကွဲလွယ်တယ်။
• မတိုင်းခင်မှာ လက်တံလေးက သုညဖြစ်နေရမယ်။ ဒိုင်ခွက်အောက်ချေမှာ လှည့်လို့ရတဲ့ ဝက်အူပါတယ်။ လှည့်လိုက်ရင် ပုံမှန်ရှိရမှာတွေ ပြောင်းကုန်မယ်။
• Omron Blood Pressure Monitors အမျိုးအစားကို ၅ နှစ်တခါ Calibration စစ်ဆေးရမယ်။
• 775 series တွေထဲက Black enamel အနက်ရောင်ဖြစ်ဖြစ်၊ Navy blue နေဗီဘလူးဖြစ်ဖြစ် 300mmHg အထိ တိုင်းနိုင်တယ်။ 10 year calibration guarantee ၁ဝ နှစ်ခံလို့ ဆိုတယ်။
• လေသွင်းတဲ့ရာဘာအိတ်က Latex inflation bladder ဖြစ်တယ်။ Bulb ဘူလုံးမှာ Chrome-plated deflation valve လေအသွင်း-အလျှော့ဆိုတာပါတယ်။
• Adcuff nylon cuff with ADC’s proprietary ဆိုတာက အနှစ် ၂ဝ ခံတယ်။
• Lifetime calibration guarantee ရာသက်ပန်သုံးဆိုတာလဲ လာတယ်။ ဈေးပိုပေးရတယ်။

အကြံပေးချက်များ -
၁။ Automatic readings ဂဏန်းကို တခါတည်းတန်းဖတ်နိုင်တာမျိုးရွေးပါ။
၂။ Arm monitors လက်မောင်းပတ်ဟာ Wrist monitor လက်ကောက်ဝတ်ပတ်တာထက် ပိုတိကျတယ်။
၃။ လက်မောင်းပတ်ဟာ လက်ပတ်တဲ့အစိတ်အပိုင်းက ကိုယ့်လက်နဲ့အံကိုက်ပါစေ။ လက်မောင်းရဲ့ ၈ဝ% ကိုဖုံးနေစရမယ်။
Small adult cuff arm sizes = 7.0 to 9.0 inches
Standard adult cuff arm sizes = 9.0 to 13 inches
Large adult cuff arm sizes = 13.0 to 17.0 inches
Additional cuff arm sizes = 9.0 to 17.0 inches
၎။ ထိုင်နေချိန်တိုင်းရင် ခြေထောက်ကို တင်စရာပေါ်မှာ နားနေသလိုရှိပါစေ။ ဆေးခန်းရောက်ရောက်ချင်း မတိုင်းသေးဘဲ ၅ မိနစ်စသဖြင့်စောင့်ပြီးမှ တိုင်းပါ။ ကိုယ်ရော စိတ်ပါ အနားရပါစေ။ အတိုင်းခံနေသူ သက်တောင့်သက်သာရှိပါစေ။ စိတ်ကို တနေရာဆီ ပြောင်းအောင်ကြိုးစားပါ။
၅။ တပါတ်မှာ ၂-၃ ခါတိုင်းပါ။ ၁ဝ-၁၂ ကြိမ်များနေမှ ဆေးပေးမယ်။ 135/85 ထက်ကျော်နေတာကို များတယ်လို့ သတ်မှတ်လာတာလဲ ရှိတယ်။ အရင်က 140/90 ကို ပုံမှန် အထက်ဂဏန်းတွေလို့ သတ်မှတ်ထားတယ်။ တကယ်လို့ ဆီးချို၊ ဒါမှမဟုတ် နှလုံးရောဂါရှိနေသူဆိုရင် 130/80 ထက် မများအောင် ဦးတည်ပြီး ဆေးပေးမယ်။
၆။ ကိုယ့်အိမ်မှာကိုယ်တိုင်တိုင်းတာဟာ ဆရာဝန်ကိုပြောပြဘို့ အထောက်အကူအတွက်သာ ဖြစ်သင့်တယ်။ နေမကောင်းသလို ဖြစ်ရင်တော့ ဖိအားနည်းနေပါစေ ဆရာဝန်ခေါ်ပါ။ များနေလို့လဲ ဆေးမသောက်ခင် ဆရာဝန်တိုင်ပင်ပါ။
၇။ သွေးဖိအားတွေ တက်လိုက်-ကျလိုက်ဖြစ်နေလို့ သိပ်ကြီး သောကမများပါနဲ့။ ဆရာဝန်အားကိုးပါ။
၈။ ကိုယ့်သွေးဖိအားတိုင်းကရိယာကို ဆရာဝန်ကို တနှစ်တခါပြသပါ။
၉။ ဈေးဆိုင်-ဆေးဆိုင်တွေမှာ တိုင်းပေးတာမျိုး အားမကိုးပါနဲ့။
၁ဝ။ ဘယ်ဘက်လက်မောင်းတိုင်းတာ အသင့်တော်ဆုံးဖြစ်တယ်။

• Digital blood pressure monitors သွေးဖိအားတိုင်း-ကရိယာ သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါ http://dts-medicaleducation.blogspot.com/2010/10/digital-blood-pressure-monitors_16.html ကိုလဲဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ