မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, November 30, 2015

သမ္မတ၊ တပ်ချုပ်တို့နဲ့ ဒေါ်စုတွေ့ဆုံမှု မျှော်လင့်ချက်

VOA ကိုဉာဏ်ဝင်းအောင်
01.12.2015 08:10

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပါအရင် သူတို့ သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီးဒီဇင်ဘာလ ၂ရက်နေ့မှာ တွေ့ဆုံသွားဖို့ တုန့်ပြန်လိုက်တာဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ကြိုဆိုလိုက်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

နိုင်ငံတော် သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြည်ထောင်စု လွှတ်တော် ဥက္ကဌနဲ့ပါ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံလိုကြောင်း အနိုင်ရ NLDပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ သီးသန့်စီ စာရေးသား ပေးပို့ခဲ့တာပါ။

သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးဆုံး သွားချိန် ဒီဇင်ဘာ လကုန် ပိုင်းလောက်မှ တွေ့ဆုံနိုင်လိမ့်မယ်လို့ အစောပိုင်းမှာ အကြောင်း ပြန်ကြားထား တာပါ။ ဒါပေမယ့် ဒီဇင်ဘာလ ၂ ရက် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားဖို့ သမ္မတရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပါ နိုဝင်ဘာ ၃ဝ တနင်္လာေ န့မှာ အကြောင်း ပြန်ကြားလိုက်တဲ့အတွက် တိုင်းပြည် အနာဂတ်အတွက် ကောင်း တဲ့ လက္ခဏာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ ခေတ္တနေထိုင်နေတဲ့ ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ်ဟောင်းတဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ကြိုဆိုလိုက် ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကနေ စာရေးပြီးတော့ တောင်းဆိုတဲ့ ခေါင်းဆောင် ၃ဦး ထဲမှာ ၁ဦးပဲတွေ့ရပြီး ကျန်တဲ့နှစ်ဦး မတွေ့ရသေးတဲ့ ကာလလေး ရက်ပိုင်းအတွင်းမှာ ခုလို သူတို့ပြောထားတဲ့ရက်ထက် စောလာတဲ့သဘောက ဘာလဲဆိုတော့ .. အဲဒီလို သူတို့ပြောပြီးတဲ့နောက် ပေါ့နော်၊ ဒီခေါင်းဆောင် ၂ဦးကနေ စာပြန်ပြီးတော့ ပြော တဲ့နောက် ပိုင်းမှာ အနေအထားတွေကို ကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဆောင် ရွက်သလဲ ပြည်သူလူထုက ဘယ်လိုမျှော်လင့်သလဲ ဆိုတဲ့အချက်ေ တွကို မူတည်ပြီး သူတို့လေ့လာ သုံးသပ်ပြီးတော့ ငါတို့ စောတွေ့တာကတော့ ငါတို့ အတွက်ရော တိုင်းပြည်အတွက်ရော ကောင်းမယ်လို့ ယူဆပြီး မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေကို ချတယ်လို့ ထင်ပါတယ် ခင်ဗျ”

ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်တောင်းခဲ့ပြီးနောက်ပိုင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဌဦးရွှေမန်းတဦးထဲနဲ့သာ အခုချိန်ထိ ၅ ကြိမ် တွေ့ ဆုံခွင့်ရခဲ့ပေမယ့် ဘယ်လို အကြောင်းရာတွေ ဆွေးနွေးကြသလဲဆိုတာကို နှစ်ဖက်စလုံးက ခုထိ ထုတ်ပြော တာမျိုးမရှိသေး ပါဘူး။ ဒီဇင်ဘာလ ၂ ရက်နေ့ သမ္မတနဲ့ရော တပ်ချုပ် နဲ့ပါ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံချိန်မှာ သူတို့ဆွေးနွေးပွဲအတွင်း ဘယ်လိုအကြောင်းအရာတွေ လွှမ်းမိုးနေမလဲဆိုတာကို ဒေါက်တာတင့်ဆွေက အခုလို သုံးသပ်ပါတယ်။

“ပထမဦးဆုံးပေါ့လေ ဒီဇင်ဘာ ၂ရက်နေ့မှာ ခေါင်းဆောင် ၂ ဦးက တွေ့မယ်ဆိုတဲ့ သတင်းထွက်လာတဲ့ဟာကို ကြည့်လို့ရှိရင် သမ္မတကြီးနဲ့ ကာချုပ်လည်းပဲ ဒီ ဆုံးဖြတ်ချက် မထွက်ခင်မှာ - ကြေညာချက် မထွက်ခင်မှာ တိုင်ပင်ဆွေးနွေးမှု ရှိနိုင်တယ်လို့ ကျနော် မှန်းဆမိတယ်၊ နောက် ဘာပြောကြမလဲ ဆိုတဲ့အခါမှာ သမ္မတနဲ့ တွေ့တဲ့အခါမှာ ပြောရမှာနဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တဲ့အခါ ပြောရမှာ မတူတာတွေတော့ ရှိတယ်။ သမ္မတနဲ့ဆိုရင်တော့ လုပ်ထုံးလုပ်နည်းအရ ဒီ အာဏာ လွှဲပြောင်းရေး တနည်းအားဖြင့် အစိုးရဟောင်းကနေ အစိုးရသစ် လွှဲပြောင်းရေး ကိစ္စ ကို အဓိကဦးတည်မယ်လို့ ကျနော် မှန်းဆရပါတယ်။ အဲဒါက အာဏာလွှဲပြောင်းရေး မတိုင်ခင်အထိမှာ နောက်ထပ်လဲ တွေ့ဆုံ ဆွေးနွေးရဦးမယ့် အစီအစဉ်တွေထဲက ဒါပထမဦးဆုံး ခြေလှမ်း ဆွေးနွေးပွဲ ဖြစ်လိမ့်မယ်လို့ သမ္မတနဲ့ ပတ်သက်တဲ့ အပိုင်း ကို ကျနော် ယူဆပါတယ်။ တချိန်ထဲမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ကျတော့ အလုပ် သဘော မဆန်ပဲနဲ့ နိုင်ငံရေးသဘောဆန်ဆန် တနည်းအားဖြင့် အနာဂတ် မြန် မာနိုင်ငံ ပုံဖေါ်ရေးကို ဇောင်းပေးနိုင်မယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဒီတပ်မတော်ဟာ အမျိုးသား နိုင်ငံရေးမှာ ဦးဆောင်တဲ့ကဏ္ဍဆိုတဲ့ အခြေခံကြီးက ရှိထားတော့ ဒီပေါ်မှာ ပြုပြင်သင့်တဲ့ ကိစ္စတွေကို ဒေါ်အောင် ဆန်းစုကြည်က ပြုပြင်ဖို့ဆန္ဒ ပြောကောင်း ပြောပါလိမ့်မယ်။ ပြောတဲ့အခါမှာ တကယ်ကလဲ တခါထဲ ဆွေးနွေးပွဲအပြီး အာဏာလွှဲပေးရုံနဲ့ ပြီးမယ့်ကိစ္စ မဟုတ်ဘူး ပေါ့ေ နာ်၊ နောက် ကာကွယ်ရေးဦးစီးချုပ်က ဒီအမေရိကန်သတင်းစာကို ပြောတာက သူကအဆင်သင့်ဖြစ်နေပြီ။ ဆွေးနွေးလို့လဲရတယ် မေးတာတွေလဲဖြေဖို့ သူကတော့ အဆင်သင့်လို့ သူပြောထားခြင်းအားဖြင့် ဒါဟာ အင်မတန်မှ ကျယ်ပြန့်ပြီးတော့ ပေါ့ပေါ့ပါးပါးလဲ ပြောတဲ့ သဘောဖြစ်တော့ ဒါ အလားအလာကောင်းတယ်ပေါ့။

အဲဒီတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စရော နောက်တခါ ဒီနေ့တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ တိုက်နေတဲ့ တိုက်ပွဲတွေရော၊ နောက် မြန်မာနိုင်ငံမှာ အရေး ကြီးဆုံးဖြစ်တဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က သူ့ရဲ့ ပထမဦးဆုံး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတော့ ဒီပေါ်မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ ပြောစရာတွေ အများကြီး ရှိတယ်။ ကာ ကွယ်ရေး ဦးစီးချုပ်နဲ့ကျတော့ အာဏာလွှဲပြီးတဲ့ နောက်တောင်မှ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီလို လေးနက်တဲ့ ဆွေးနွေးပွဲတွေကို ဦးတည်ဖို့အတွက် ဒါပထမခြေလှမ်းလို့ ကျနော်ဒီလို မှန်းပါတယ်”

အခုလို နိုင်ငံ့ခေါင်းဆောင်တွေ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးကြတဲ့အခါ ယ္ခင်စစ်အစိုးရရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အာဂါတ မထားပဲ သင်ပုန်းချေရေးတွေ ကို ဆွေးနွေးနိုင်တယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်သတ်မှတ်ချိန်ထက် စောပြီး ခေါင်းဆောင်တွေကြားတွေ့ဆုံမှုကိုတော့ သူ့အနေနဲ့ ဝမ်းမြောက်ကြိုဆိုကြောင်း ဒေါက်တာတင့်ဆွေကပြောပါတယ်။

http://burmese.voanews.com/content/aung-san-suu-kyi-thein-sein-min-aung-hlaing-myanmar-burma/3082247.html/?%3F

Pregnancy selfies ကိုယ်ဝန်ဆောင်ဓါတ်ပုံ

ဆရာ ကိုယ်ဝန်ဆောင်နေတုန်း ဓါတ်ပုံမရိုက်ကောင်းဘူးလို့ လူကြီးတွေပြောတာ ကြားဖူးနေလို့ပါဆရာ။ ဓါတ်ပုံရိုက်တာ ကလေးကို ဘာတွေထိခိုက်စေနိုင်ပါသလည်းဆရာ။

ဒီလိုမေးခွန်းကို အရင်ဆရာဝန်တွေကမဖြေရဘူးပါ။ ကင်မရာနဲ့တွဲထားတဲ့ဖုန်းတွေပေါ်လာမှာ ဒီအမေးပါပေါ်လာတယ်။ ဖုန်နဲ့အတူကင်မရာပေါ်တဲ့သမိုင်းက ၁၉၉ဝ ကျော်ကနေစတယ်။ (ကင်နွန်) ကနေ ၁၉၉၇ မှာစသုံးလာတယ်။ ကယ်လီဖိုးနီးယားမှာနေတဲ့ နည်းပညာတီထွင်သူပညာရှင် Philippe Kahn (ဖိလစ် ခန်း) ကနေ ၁၁-၆-၁၉၉၇ နေ့မှာ သူ့သမီးလေးမွေးလာတာကို ချက်ချင်းဖုန်းကင်မရာနဲ့ရိုက်ပြီး လူ ၂ဝဝဝ ကျော်ဆီကို ရှယ်လိုက်တယ်။

ကိုယ်ဝန်ဆောင်နေတုံးမှာ ဓါတ်ပုံရိုက်တာ စိုးရိမ်စရာမရှိပါ။ အရင်ပေါ်ကင်မရာတွေမှာ သဘာဝအလင်းရောင်သာ သုံးတယ်။ ဓါတ်ရောင်ခြည်မပါ၊ အသံလှိုင်းမပါ၊ လျှပ်စစ်မပါ။ ခေတ်ပေါ် ကင်မရာ၊ ဖုန်းနဲ့တွဲထားတဲ့ ကင်မရာတွေကလဲ ဒစ်ဂျယ်တယ်လ်နည်းသာသုံးတယ်။ အာလ်ထွာဆောင်းလည်း စိုးရိမ်စရာမရှိပါ။ ဓါတ်မှန်မဟုတ်ရင် ဘာမှမဖြစ်ပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၄

Sweet December

ဖေ့စ်ဘွတ်မှာတွေ့နေရတယ်။ Sweet December လို့။ အလွန်လှတဲ့စကားစုလေးပါ။ ဘယ်ဘာသာဝင်ဆိုတာမသိပါ။ ခရစ်ယန်မဟုတ်မှန်း သိထားသူတွေကလည်း (ဆွိ) နေကြာတာ တွေ့ရတယ်။

(ဆွိ-ဒီဇင်္ဘာ) ကို အွန်လိုင်းသုတနေရာတွေမှာရှာရင်တော့ သြစတေးလျသီချင်းခေါင်းစဉ်လို့သာ တွေ့တယ်။ အမေရိကမှာ ဒီနေ့ကိုကျင်းပတာမရှိပါ။

ဒါပေမယ့် မြန်မာပြည်ကနေလာကြတဲ့ခရစ်ယန်ဘာသာဝင်တွေတော့ ဒီဇင်္ဘာ (၁) ရက်နေ့မှာ (ဆွိ-ဒီဇင်္ဘာ) လုပ်ကြတယ်။ အွန်လိုင်းသုတအရ ကရင်လူမျိုး ဘက်ပတစ်ခရစ်ယန်တွေဖြစ်တယ်။ ဒေလီမှာနေတုံးတော့လည်း ချင်း၊ နာဂ၊ ကူကီး၊ ကချင် ခရစ်ယန်တွေက ကျင်းပကြတာသိတယ်။

ဗုဒ္ဓဘာသာဝင်မှန်းလည်းသိတဲ့ ရင်းနှီးတဲ့သူတချို့ကပါ (ဆွီ) တာတွေ့ရင် ရီသလိုမောသလို ပြန်ရေးမိတယ်။ အညာသူ အညာသားလည်းဖြစ်တော့ ထန်းလျက်စားတဲ့နေ့လို့။ ကျွန်တော်က ဘာမဆိုကျန်းမာရေးဒေါင့်ကပါ ကြည့်တတ်တော့ (ဆွိ-ဒရင်းမ်) လုပ်လာသူကိုလည်း မနက်ကြရင် ဆီးစစ်ပါလို့ပြန်ရေးတတ်တယ်။ အချိုစားသူများ ဆီးချိုသတိထားဘို့ ပြောတာပါ။

1. Blood sugar levels ဆီးချိုစစ်ခြင်း http://doctortintswe.blogspot.com/2015/01/blood-sugar-levels.html
2. Diabetes diet http://doctortintswe.blogspot.com/2014/12/diabetes-diet.html
3. Diabetes type 1 cure ဆီးချိုအမျိုးအစား (၁) ကို ပျောက်နိုင်ဘို့ နီးစပ်လာပြီ http://doctortintswe.blogspot.com/2014/10/diabetes-type-1-cure.html
4. Diabetes ဆီးချို  http://doctortintswe.blogspot.com/2015/02/diabetes.html
5. Diabetic food ဆီးချိုနဲ့ အစားအသောက် http://doctortintswe.blogspot.com/2014/11/diabetic-food.html
6. Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://doctortintswe.blogspot.com/2015/01/diabetic-neuropathy.html
7. Metformin ဆီးချိုစားဆေး ဘယ်လိုပေး http://doctortintswe.blogspot.com/2015/05/metformin.html
8. Yogurt reduces diabetes risk (ရောဂတ်) စားခြင်းဖြင့် ဆီးချိုကို သက်သာစေနိုင် http://doctortintswe.blogspot.com/2015/01/yogurt-reduces-diabetes-risk.html

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၅

Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁)

ကျွန်မ အသက် ၃၇ အိမ်ထောင်ရှိပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက လင်ယောက်ျား ပွေရှုပ်လို့ပါလားရှင့်သိပါရစေ။ ကျွန်မ ဆီးလမ်းကြောင်းပိုးဝင်ပါတယ်။ ဆီးထဲက သွေးတွေလဲသွားပါတယ်။ သွေးဖတ်လေးတွေလဲပါပါတယ်။ အောင့်လဲ အောင့်ပါတယ်။

ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

ဆီးအိမ်ပိုးဝင်ခြင်းလက္ခဏာများ = ဆီးသွားတိုင်း ပူပြီးနာမယ်။ ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။ ဆီးစပ်၊ ဗိုက်အောက်ပိုင်းနေရာက နာမယ်။ ဆီးထဲအနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။ ဆီးထဲသွေးလဲပါတတ်တယ်။

ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ = ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။ ကိုယ်ပူမယ်။ ချမ်းမယ်။ ပျို့ချင်-အန်ချင်မယ်။ ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။

တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။ ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။ ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။ အစကတည်းက ကျောက်ကပ် သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။ ရှားရှားပါးပါး ပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။

ဘယ်ကနေစသလဲ = အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။ တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။ E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။ ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။

လိင်ကတဆင့် ကူးစက်ရောဂါတွေ = (ကလာမိုင်ဒီယား)၊ (ဂနိုရီးယား)၊ (ထရွိုင်ကိုမိုးနပ်စ်)၊

ဖြစ်နိုင်ခြေများသူတွေ = အမျိုးသမီးများ၊ လိင်ဆက်ဆံမှု ဖြစ်နေသူအမျိုးသမီးများ၊ ရေ-အရည် သောက်နည်းသူများ၊ ရေစိမ်ပြီး ခဏခဏချိုးသူများ၊ ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊ ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။

ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ = ကိုယ်ဝန်ဆောင်၊ အသက်ကြီးသူ၊ ဆီးချိုရှိသူ၊ ကျောက်ကပ်ရောဂါရှိထားသူ၊ ခုခံအား မကောင်းသူ။

ရောဂါသေခြာအောင်လုပ်ခြင်း = ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေ စစ်မယ်။ ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။ (ဗက်တီးရီးယား) အမျိုးအစားလဲ ခွဲဘို့လိုရင်လုပ်တယ်။

ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို = ပိုအဖြစ်များတယ်။ ခုခံအားလဲ နည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီး ပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။ ဆီးအိမ်သွား အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။

ယောက်ျားတွေ ဆီးအောင့်ခြင်း အဖြစ်နည်းတယ်။ ဖြစ်ရင် ကျန်းမာရေးအခြေအနေတခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်-ကျောက်၊ ဆီးအကျိတ် ကြီးနေခြင်း၊ လိင်ကတဆင့် ကူးစက်ရောဂါ။

မင်္ဂလာဦးဆီးအောင့်ခြင်း အဖြစ်များတယ်။ လိင်ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်းပို့ပေးသလို ဖြစ်စေတယ်။ တကယ်တော့ မင်္ဂလာဦးမှာသာဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲ ဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလဲ ဖြစ်တယ်။ ကိုယ်ဝန်တားဘို့သုံးရတဲ့ သားအိမ်ဝအဖုံး သုံးသူတွေလဲ ဖြစ်နိုင်တယ်။

ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန် = ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။ ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ကြီးလာတဲ့သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကို အောင့်ထား၊ အောင်းထားသလိုဖြစ်နေစေတယ်။

ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း = သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်းနည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။ အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။

ဆေးရုံလူနာ = ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေခြာပေါက် ဖြစ်နိုင်တယ်။

ကလေးငယ်လေးတွေ = မပြောတတ်လို့ ဒါတွေဖြစ်နေရင်သတိပြုပါ။ ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်၊ ဆီးအနံ့ မကောင်းဖြစ်မယ်၊ အစားပျက်မယ်၊ အန်မယ်၊ အမူအယာ တမျိုးဖြစ်မယ်။ အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်း ပိုးဝင်တယ်။ အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။ တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်း အားနည်းချက် ရှိနေနိုင်တယ်။ ရေအိမ်သွားနည်း သင်ထားပေးပါ။

ဘယ်လိုကုမလဲ = ပဋိဇီဝဆေးနဲ့ ပျောက်တယ်။ ရေ-အရည်များများသောက်ပါ။ ဆီးသွားချင်ရင် အောင့်မထားပါနဲ့။ ကျောက်ကပ် ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။ ပြန်ပြန်ဖြစ်နေရင် ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။

ဆီးလမ်းကြောင်းရောဂါဆေးများ
• Urethritis and Cervicitis caused by Chlamydia (ကလာမိုင်ဒီယား) ကြောင့်ဖြစ်သော သားအိမ်အဝ-ဆီးပြွန်အဝရောင်ခြင်း၊ = Erythromycin 250-500 mg QID, Doxycycline 100 mg BD or Azithromycin 500 mg OD

• ကျောက်ကပ်ပြွန် ရက်တိုရောင်ခြင်း၊ = Ciprofloxacin 400 mg IV BD or 750 mg BD Orally or Levofloxacin 500 mg IV OD or Ampicillin 1 Gm QID and Gentamycin 1 mg/kg TDS IV x 21 days ထိုးဆေး။
Ciprofloxacin 500-750 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်၊ ဒါမှမဟုတ် Ofloxacin 200-300-400 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်၊ ဒါမှမဟုတ် Trimethoprim-Sulpfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။

• ရက်တို ဆီးလမ်း၊ ဆီးအိမ်ရောင်ခြင်း၊ ကျား-ဆီးကြိတ်ရောင်ခြင်း၊
Cephalexin 250-500 mg QID Orally x 1-3 days တနေ့ ၄ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်
Ciprofloxacin 250-500 mg BD x 1-3 days တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်
Nitrofurantoin 100 mg BD-QID PC x 7 days တနေ့ ၂-၄ ကြိမ် (အစာနဲ့)၊ ၇ ရက်၊ ဒါမှမဟုတ်
Ofloxacin 200 mg BD x 1-3 days တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ တနေ့ ၂ ကြိမ်၊ ၁-၃ လ၊
Trimethoprim-Sulfamethoxazole 160/800 mg stat ၁ ကြိမ်ထဲ။

• နာတာရှည် ဆီးလမ်း၊ ကျား-ဆီးကြိတ်ရောင်ခြင်း၊ = Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ၊ ဒါမှမဟုတ် Ofloxacin 200-400 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ၊ တနေ့ ၂ ကြိမ်၊ ၁-၃ လ၊ Trimethoprim-Sulfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ၊

• ဆီးလမ်းပြွန်အဝ ရောင်ခြင်း၊ = Cefixime 400 mg တကြိမ်တည်း။ Ciprofloxacin 500 mg တကြိမ်တည်း။ Ceftriaxone 250 mg IM တကြိမ်တည်း။

• Acute Interstitial Nephritis (Penicillins, Cephalosporins, Sulfonamides, NSAIDs, Rifampin, Phenytoin, Allopurinol and Infections) ဆေးများကြောင့် ကျောက်ကပ်ရောင်ခြင်းများ၊ = Methylprednisolone 0.5-1 Gm/day x 1-4 days or Prednisolone 60 mg/day ၁-၂ ပါတ်ပေးပါ။

• Acute Glomerulonephritis = စတီရွိုက်ဆေး အဆများများပေးပါ။

ဘယ်လိုကာကွယ်မလဲ = ရေများများသောက်ပါ၊ လိင်ကိစ္စ မတိုင်ခင်နဲ့ ပြီးတိုင်းမှာ ဆီးသွားပါ၊ သန့်ရှင်းရေးလုပ်ရာမှာ လက်ကို ရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ၊ မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။ ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလိုကျနေတဲ့ ရေချိုးနည်းလုပ်ပါ။ (ခရင်ဘယ်ရီ) သီးကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာမှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။

Dr. တင့်ဆွေ

Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂)


ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

ဆီးအိမ်ပိုးဝင်ခြင်း လက္ခဏာများ
• ဆီးသွားတိုင်း ပူပြီး နာမယ်။
• ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။
• ဆီးစပ် ဗိုက်အောက်ပိုင်းနေရာက နာမယ်။
• ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။
• ဆီးထဲ သွေးလဲပါတတ်တယ်။
• တချို့မှာ အဲလိုဟာတွေ မခံစားရဘူး။

ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ
• ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။
• ကိုယ်ပူမယ်။ ချမ်းမယ်။
• ပျို့ချင်-အန်ချင်မယ်။
• ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။

ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ
• ကိုယ်ဝန်ဆောင်၊
• အသက်ကြီးသူ၊
• ဆီးချိုရှိသူ၊
• ကျောက်ကပ်ရောဂါရှိထားသူ၊
• ခုခံအား မကောင်းသူ။

တခြားရောဂါတွေလဲ ဖြစ်နိုင်တယ်။
• (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ဥပမာ -
၁။ Chlamydia (ကလာမိုင်ဒီယား)၊
၂။ Gonorrhea (ဂနိုရီးယား)၊
၃။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊

တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။
• ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။
• ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။
• အစကတည်းက ကျောက်ကပ် သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။
• ရှားရှားပါးပါး ပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။

ဘယ်ကနေစသလဲ
• အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။
• တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။
• E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။
• ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။

ဖြစ်နိုင်ခြေများသူတွေ
• လိင်ဆက်ဆံမှု ဖြစ်နိုင်-ဖြစ်နေသူ အမျိုးသမီးများ၊
• ရေ-အရည်သောက်နည်းသူများ၊
• ရေစိမ်ပြီး ခဏခဏချိုးသူများ၊
• ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊
• ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။

ရောဂါသေခြာအောင်လုပ်ခြင်း
• Urinalysis ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေ စစ်မယ်။
• ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။
• Dipstick test နည်းနဲ့စစ်တာမြန်တယ်။
• (ဗက်တီးရီးယား) အမျိုးအစားလဲ ခွဲဘို့လိုရင်လုပ်တယ်။

ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို
• ပိုအဖြစ်များတယ်။
• ခုခံအားလဲ နည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီး ပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။
• ဆီးအိမ်သွား အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။

ယောက်ျားတွေ ဆီးအောင့်ခြင်း
အဖြစ်နည်းတယ်။ ဖြစ်ရင် တခြားအခံ ကျန်းမာရေးအခြေအနေတခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်-ကျောက်၊ ဆီးအကျိတ် ကြီးနေခြင်း၊ STDs လိင်ကတဆင့် ကူးစက်ရောဂါ။

Honeymoon Cystitis မင်္ဂလာဦး ဆီးအောင့်ခြင်း
• အဖြစ်များတယ်။
• ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်းပို့ပေးသလိုဖြစ်စေတယ်။
• တကယ်တော့ မင်္ဂလာဦးမှာသာ ဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲ ဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလဲ ဖြစ်တယ်။
• ကိုယ်ဝန်တားဘို့သုံးရတဲ့ Diaphragm သားအိမ်ဝအဖုံး သုံးသူတွေလဲ ဖြစ်နိုင်တယ်။

ဘယ်လိုကုမလဲ
• ပဋိဇီဝဆေးနဲ့ ပျောက်တယ်။
• ရေ-အရည်များများသောက်ပါ။
• ဆီးသွားချင်ရင် အောင့်မထားပါနဲ့။
• ကျောက်ကပ် ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။
• ပြန်ပြန်ဖြစ်နေရင် -
၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။
၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။
၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။

ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်
• ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။
• ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။
• ကြီးလာတဲ့သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကို အောင့်ထား၊ အောင်းထားသလိုဖြစ်နေစေတယ်။

ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း
• သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်း နည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။
• အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာ ဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။

ဆေးရုံလူနာ
• ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေခြာပေါက် ဖြစ်နိုင်တယ်။

ကလေးငယ်ငယ်လေးတွေ
• မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ -
• ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်၊
• ဆီးအနံ့မကောင်းဖြစ်မယ်၊
• အစားပျက်မယ်၊ အန်မယ်၊
• အမူအယာ တမျိုးဖြစ်မယ်။
• အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်း ပိုးဝင်တယ်။
• အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။
• တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။
• ရေအိမ်သွားနည်း သင်ထားပေးပါ။

ဘယ်လိုကာကွယ်မလဲ
• ရေများများသောက်ပါ၊
• လိင်ကိစ္စ မတိုင်ခင်နဲ့ ပြီးတိုင်းမှာ ဆီးသွားပါ၊
• သန့်ရှင်းရေးလုပ်ရာမှာ လက်ကို ရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ၊
• မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။
• ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလို ကျနေတဲ့ ရေချိုးနည်း လုပ်ပါ။

Cranberry (ခရင်ဘယ်ရီ) သီး
ဆီးအောင့်သူများအတွက် အလွန်ကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာမှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။ အရွယ်လတ် အမျိုးသမီးတွေအတွက် ပိုသင့်တယ်။ ဆေးလုံး-ဆေးတောင့်လုပ် ရောင်းတာလဲ ရှိတယ်။

Dr. တင့်ဆွေ

Utmost Respect ဘုရားစင်

(ဒါလည်း လွန်ခဲ့တဲ့တနှစ်တိတိကတင်တာပါ။)

• ပုလဲအိမ်က ဘုရားစင်မှာ ဆင်းတုတော် မရှိတော့ပါ၊
• ဆွမ်းပန်းရေချမ်း ကပ်လှူမဲ့သူ၊ ဦးချမဲ့သူ မရှိတော့ပါ၊
• ဘုရားစင် တကာနဲ့တကာမ ထွက်ပြေးရှောင်ခွါ၊
• ဘုရားစင်အောက် အိပ်ခဲ့ကြတဲ့သားတွေက အဝေးမှာ။

• ရောက်တဲ့နေရာတွေမှာ ဘုရားစင် အရင်လုပ်ရတာ၊
• အမြင့်တနေရာ သင့်တော်ရာရာ၊
• ရွှေပိန်းမချနိုင်ပါ၊ မြဆင်းတုတော်လဲ မပင့်နိုင်ပါ၊
• ဘယ်နေရာ ဘယ်မှာဖြစ်ဖြစ် သမုတ်ထားတဲ့အရာ၊
• ကိုးကွယ်ဆီးကပ်စရာ အထိန်းအမှတ်သာ။

• ငါ့အထက်ဆုံးမှာ ဘုရားစင်ဟာ အဆုံးအမတည်ရာ၊
• ဘုရားစင်အောက်မှာ ဆုံးမသွန်သင်ပေးမဲ့အရာရာလဲရှိသေးပါ၊
• ငါ့အောက်မှာတော့ ကြမ်းခင်းသာ၊
• ကြမ်းခင်းမရှိတဲ့နေရာ မြက်ခင်းသာ၊
• ငါသည် အဆုံးအမမှန်သမျှ ခံယူချင်လျက်သာ။ ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၄

Aye Clinic အေးဆေးတိုက်

(လွန်ခဲ့တဲ့တနှစ်တိတိကတင်တဲ့စာ)
• သည်နေရာ ဝရံတာမှာ လူနာစာအုပ်လေးတွေ အစီအစဉ်နဲ့တင်၊ ဆေးတွေလဲပြင်ပြင်ဆင်ဆင်၊
• အထဲကုတင် စမ်းသပ်နေတဲ့လူနာတွေတင်၊
• လာသမျှ ကုသပေးခဲ့တဲ့ ဆရာဝန်။
• ဆေးခန်းကို ဦးစီးဆောက်ပေးတဲ့သူငယ်ချင်း လေဖြတ်နေတယ်လို့ မကြားချင်တဲ့သတင်းလည်းဝင်၊
• ဆေးခန်းမှာ လာကူပေးနေခဲ့တဲ့နှမ လူ့လောကကိုစွန့်ခွါသွားတဲ့သတင်းကအရင်။
• ဆေးတွေပျယ်နေတဲ့ဆေးခန်း ဆေးစွမ်းမထင်၊
• ရေမန်းတောင်မပေးသာလို့ လေမန်းနဲ့ကုသနိုင်တဲ့ ဆေးပညာကိုငါသင်ယူချင်။ ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၄

Old teaches all things အိုရ ပြိုမကျ

Myat Thu ကြာရင်ပြိုကျတော့မယ်နော်

ခေါင်မိုး ဟင်းလင်း
အခင်း ခြစာ
အကာ ဗလာ
ပနက်ရာ မပျောက်

ဥပဒေကဲသို့အာဏာတည်သောအမိန့်နဲ့ဖျောက်
ခေါင်တိုင်နတ်အုန်းက စောင့်ရှောက်
ရာသီရောက်ရင် မှိုပေါက်၊ မျှစ်စို့ပေါက်

But time growing old teaches all things. (Aeschylus)
ဒါပေမယ့် အိုမင်းလာခြင်းကနေ အရာရာကိုသင်ပေးခဲ့ပြီ။ (ဂရိပညာရှင် အက်စ်ချိလပ်စ်)

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၅
Photo by Nay LA

Old is not sold အဟောင်းကိုသန့်ရှင်းပေးခြင်း

ကျွန်တော်အိမ်လေးမှာလည်း အမှိုက်ကောက်ပေးထားပြီးပြီ။ ပုလဲကလူငယ်လူရွယ်တွေကနေလုပ်ပေးကြတာပါ။ အဲ့ (ကြွားလိုက်ရအုံးမယ်) ဒေါ်စုမပြောခင်ကတည်းကလုပ်ကြတာ။ Smile

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၅
Photo by Nay LA at 4 PM local time

Colombo Plan ကိုလံဘိုစီမံကိန်း

အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေ စီးပွါးရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအတွက်ဖွဲ့ထားတာဖြစ်တယ်။ လူသားရင်းမြစ်ဖွံ့ဖြိုးရေးက အဓိကကျတယ်။

၁၉၄၉ ခုနှစ် တရုပ်ပြည်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Kavalam Madhava Panikkar (ကာဗာလမ် မဒ်ဒါဘာ ပါနီကာ) ကနေ စပြီးအဆိုပြုခဲ့တာဖြစ်တယ်။ ကွန်မြူနစ်ကိုတွန်းလှံခုခံနေကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ကူညီဘို့ရည်ရွယ်တယ်။ အမေရကန်ကနေ အကူအညီတွေရဘို့လည်းဖြစ်တယ်။ သီရိလင်္ကာနိုင်ငံ ကိုလန်ဘိုမှာကျင်းပတဲ့ ၁၉၅ဝ ဗြိတိသျှဓနသဟာယအသည်းအဝေးကနေစတင်တယ်။ ၆ နှစ်တာလို့ခန့်မှန်းပေမယ့် ၁၉၈ဝ အထိခဏခဏထပ်တိုးခဲ့တယ်။ ဒိနောက်တော့ ကာလသတ်မှတ်မှုမထားတော့ဘူး။

Colombo Plan for Cooperative Economic Development in South and Southeast Asia လို့စပြီးခေါ်တွင်တယ်။ Australia, Britain, Canada, Ceylon, India, New Zealand and Pakistan နိုင်ငံတွေပါတယ်။ ဆိုရင်အဖွဲ့အစည်း ၂၇ ခုလည်းပါသေးတယ်။ The Colombo Plan for Cooperative Economic and Social Development in Asia and the Pacific လို့နာမည်ပြောင်းလာတယ်။

လုပ်ဆောင်နေတာတွေကတော့ -
Long-Term Scholarships Programme စကောလားရှစ်အစီအစဉ်၊
Drug Advisory Programme ဆေးဝါးအကြံပြုအစီအစဉ်၊
Programme for Private Sector Development ပုဂလိကအခန်းဖွံ့ဖြိုးရေးအစီအစဉ်၊
Programme for Public Administration & Environment အရပ်ဖက်အုပ်ချုပ်ရေးဖွံ့ဖြိုးရေးအစီအစဉ်တွေဖြစ်တယ်။
၂ဝ၁၄ မှာ Gender Affairs Programme လိင် (ကျား-မ) ဆိုင်ရာအစီအစဉ် ပါလာတယ်။

လက်ရှိအဖွဲ့ဝင်များ (၂၇) နိုင်ငံ
 Afghanistan 1963
 Australia 1950
 Bangladesh 1972
 Bhutan 1962
 Brunei 2008
 Fiji 1972
 India 1950
 Indonesia 1953
 Iran 1966
 Japan 1954
 South Korea 1962
 Laos 1951
 Malaysia 1957
 Maldives 1963
 Mongolia 2004
 Myanmar 1952
 Nepal 1952
 New Zealand 1950
 Pakistan 1950
 Papua New Guinea 1973
 Philippines 1954
 Saudi Arabia 2012
 Singapore 1966
 Sri Lanka 1950
 Thailand 1954
 United States 1951
 Vietnam 2004

ယခင်အဖွဲ့ဝင်များ
 Canada 1950 1992
 United Kingdom 1950 1991
 Cambodia 1951 2004
 South Vietnam 1951 1975

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၅

Sunday, November 29, 2015

Rebellion သူပုန်

အရင်ကတော့ သပိတ်စုံ သူပုန်ထတဲ့။
အခုတော့ အမှိုက်ပုံ သူပုန်ထနေတယ်။
အစိုးရကိုတိုက်မှ သူပုန်မဟုတ်ပါ။
အစိုးရချထားတဲ့အမှိုက် ကောက်ကြတာလည်း သူပုန်ထတာပဲ။
ဒီသူပုန်ကမှ အစိုးရကိုချပြစ်နိုင်တယ်။ 

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၅

Dos and Don'ts သိပါပြီ

၁။ အရှင်သိရိန္ဒ ပုလဲ ဒကာကြီး ပြန်လာစေချင်တယ်
၂။ Saw Mya Thida ဆရာ့ကို ပြန်လာစေချင်ပါတယ်ရှင့်

အရင်ပြောကြတုံးကတော့ ပြန်လာဘာလုပ်လို့စဉ်းစားနေကြောင်း ဖြေခဲ့ပါတယ်။
အခုတော့ သိပါပြီ။ အမှိုက်ကောက်ဖို့နဲ့ အမှိုက်မပြစ်ဖို့ပေါ့။
Smile!

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

Gang and Garbage အမိုက်နဲ့ အမှိုက်

အမှိုက်တစကနေ နောက်အမှိုက်တွေကိုပါ ဖိတ်ခေါ်တယ်။
၆၂ အမှိုက်ပုံနောက် ၈၈ မှာထပ်လိုက်တော့ အမိုက်တိုက်ဖြစ်ရော့။

အမှိုက်ရှင်းဘို့အရေးတွေးပြီး မဲပေးခဲ့ကြတယ်။
အမှိုက်ကောက်ခွင့်ရရေး မဲပေးခဲ့ကြတယ်။

အမှိုက်မှန် တစမကျန်စေနဲ့၊
အမိုက်သမားကို အမြိုက်တရားလည်းဟောကြ။
လမ်းရှင်းမှ သွားလို့လာလို့ကောင်းတယ်။
အာဃာတမထား၊ သူ့လမ်းသူသွားပေစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

TWO နှစ်

ဒီဇင်္ဘာ နှစ်ရက်နေ့မှာ နှစ်ယောက်နဲ့တွေ့မယ်။

နှစ်ဘာသာဖြေရမယ်ပေါ့။ နှစ်ချင်းပေါက်အောင်မှာတော့ သေချာတယ်။

တိုင်းပြည်အတွက် နှစ်နှစ်ကာကာကောင်းစေဘို့ရာ ပြောဆိုဆွေးနွေးကြမှာပါ။

လူတွေလည်း နှစ်ခြိုက်ကြမယ်၊ နှစ်မြို့ကြမယ်၊ နှစ်လိုကြမယ်၊ နှစ်ထောင်းအားရရှိကြမယ်ထင်ပါတယ်။

နှစ်ချို့တွေ၊ နှစ်ပရိစ္ဆေဒရှည်ကြာနေတဲ့ဟာတွေကလည်း အများသားမဟုတ်လား။

နှစ်သိမ့်စကားသာ မဟုတ်ပါ။ နှစ်ကုန်ရင်တော့ အောင်စာရင်းထွက်ပြီပေါ့။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

Litter အမှိုက်

ဆရာရေမင်္ဂလာရှိသေနေ့သစ်ပါ။ မြန်မာပြည်မှာတော့ အမေစုက ကိုယ်စားလှယ်တွေကို အမှိုက်ကောက်ကြလို့ပြောကာရှိသေး ဝန်းရံပြည်သူတွေကပါ အမှိုက်တွေကောက်နေကြပြီ။ သမီးတောင် လမ်းထွက်အမှိုက်မကောက်ဖြစ်ပေမဲ့ ကိုယ့်အိမ်ထဲအကုန်သန့်ရှင်းရေးတွေလုပ်။ အိပ်ယာထတော့လည်း ခါတိုင်းထက်အိပ်ယာစနစ်တကျပြန်သိမ်း။ အိမ်သန့်ရှင်းရေးဦးစားပေးနေတယ်ဆရာရေ။ အမေ့စကား တယ်တန်ခိုးကြီးပါလား။ ဆရာပြန်လာဖို့လည်းမျှော်လင့်တယ်။

ဟုတ်ပ။ မျှော်လင့်ချက်မဲ့နေရာကနေ ရှိလာပြီ။ ကောင်းတယ်။ တိုင်းပြည်အတွက်၊ ကွန်မြူနတီအတွက်၊ အနည်းဆုံး ကိုယ်ကိုယ်တိုင် ပိုကောင်းအောင်လုပ်ကြရင် တိုင်းပြည်ပါတိုးတက်မယ်။

အမေရိကန်နမူနာ
• အမှိုက်ကနေ အမှိုက်ကို ဖိတ်ခေါ်နေတယ်။
• လမ်းဘေးအမှိုက် အစအနပေါင်း တနှစ်တနှစ် ၅၁ ဘီလီယန် ရှိတယ်။ ၄၆့၆ ဘီလီယန်က ၄ လက္မထက် သေးငယ်တယ်။ တမိုင်အရှည် ဆန့်ကြည့်လိုက်ရင် အမှိုက်စပေါင်း ၆၇၂၉ ခုရှိမယ်။
• အမှိုက်သိမ်းရတဲ့တန်ဘိုး တနှစ်မှာ ဒေါ်လာ ၁၁့၅ ဘီလီယန်ကုန်ကျတယ်။ စီးပွါးရေးလုပ်ငန်းတွေက ပေးဆောင်ရတာ ၉့၁ ဘီလီယန်နဲ့ ကျန်တာကို အစိုးရ၊ ကျောင်းနဲ့ အဖွဲ့အစည်းတွေက ပေးကြရတယ်။
• ကွန်မြူနတီခေါ်တဲ့ လူမှုအစုအဝေးတွေရဲ့ စီးပွါးရေးအရည်အသွေးနဲ့ လူနေမှုဘဝကို နိမ့်ကျစေတယ်။ ၂ဝဝ၉ ခုနှစ် အမျိုးသား မြင်သာတဲ့အမှိုက် လေ့လာမှုလုပ်တော့ အဲလိုနေရာမှာရှိတဲ့ ပိုင်ဆိုင်ပစ္စည်း (နေအိမ် စသည်) တန်ဘိုး ၇% ကျဆင်းတာတွေ့ရတယ်။
• အမှိုက်ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုရှိတယ်။ လေထု၊ ရာသီဥတု၊ ယာဉ်အသွားအလာ၊ လှပတဲ့မြင်ကွင်းတွေကို သက်ရောက်စေတယ်။ ရေထဲစီးဆင်း စိမ့်ဝင်တယ်။ ကူးစက်မှုဖြစ်စေတယ်။ ပိုးမွှားနဲ့ အဆိပ်သင့်မှုဖြစ်စေတယ်။
• အများဆုံးတွေ့ရတဲ့ အမှိုက်အမျိုးအစားတွေက ပုလင်းခွံ၊ ဗူးခွံ၊ ဆိုင်မှာအလွယ်ဝယ်စားတဲ့ အစားအသောက် အကြွင်းအကျံ၊ ဈေးဝယ်အိတ်ခွံနဲ့ စီးကရက်အစီခံတွေဖြစ်တယ်။
• အမှိုက်ကိုမဆင်မခြင်စွန့်တာဟာ ပြည်သု့နီတိအရမှားတာသာမက ပြည်နယ်ပေါင်း ၅ဝ လုံးမှာ ဥပဒေချိုးဖေါက်ရာ ရောက်တယ်။

ဘယ်လိုလူတွေက အမှိုက်ကို မဆင်မခြင်စွန့်ကြသလည်း
• သင့်မိသားစုထဲကလည်း ဖြစ်နိုင်တယ်။ သင့်မိတ်ဆွေအပေါင်းအသင်းထဲကလည်း ဖြစ်နိုင်တယ်။ တစိမ်းတရံတွေလည်း ဖြစ်ပါတယ်။ သင်ကိုယ်တိုင် ဖြစ်နေပါသလား။
• သုတေသနအရ အသက် ၃ဝ နှစ်အောက်တွေက ပိုပြီး အမှိုက်ကို မဆင်မခြင်စွန့်ကြတာတွေ့ရတယ်။ ကျားနဲ့မ ကွာခြားချက်တော့ မတွေ့ရပါ။
• တချို့က အဲလိုအမှိုက်ကို မဆင်မခြင် မစွန့်ရမယ်ဆိုတာမသိပါ။ တချို့က သိပေမယ့်လုပ်ကြတယ်။ အလွယ် ကားတံခါး၊ ရထားပြူတင်းတွေကနေ ပြစ်ချတယ်။

ဘယ်လိုပြင်မလည်း။
• သင်ကိုယ်တိုင် အမှိုက်မပြစ်ပါနဲ့။ မိသားစုဝင်တွေ၊ အပေါင်းအသင်းတွေ၊ တစိမ်းတရံတွေကို နမူနာပြပါ။
• ကားထဲ၊ ရထားထဲမှာ အမှိုက်ထည့်စရာအိတ်တခု အမြဲထားပါ။ ပြီးရင် အမှုက်ပုံးထဲသေချာထည့်ပါ။ သူများ မြင်သာအောင်လုပ်ပြရင် ပညာပေးရာကျတယ်။
• အိမ်မှာ၊ ရုံးမှာ၊ ကျောင်းမှာ၊ နေရာတိုင်းမှာ စနစ်ကျတဲ့အမှိုက်ပုံးထားပေးပါ။
• ဖြစ်နိုင်ရင် အမှိုက်အမျိုးအစားခွဲတဲ့ အမှိုက်ပုံးတွေထားပါ။ အမှိုက်ပုံးတွေကို မြူနီစပယ်စတဲ့ တာဝန်ရှိ အမှိုက်သိမ်းစနစ်ဆီ အချိန်မီပြစ်ပါ။
• ဆေးလိပ်သောက်သူဆိုရင် အစီခံကို မီးသေအောင်လုပ်ပြီး တခါတည်းအမှိုက်ပုံးမှာထည့်ပါ။
• အမှိုက်ကောက်သိမ်းတဲ့ လူမှုရေးအသင်းတွေထဲမှာ ပါဝင်ဆောင်ရွက်ပါ။ အားပေးပါ။ ကိုယ်တိုင်ထူထောင်ပါ။

မြန်မာပြည်မှာ အမှိုက်မှန်သမျှ ကင်းစင်ပပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

ODA ဂျပန် အိုဒီအေ

ဂျပန်ကနေပေးနေတဲ့ Official Development Assistance (ODA) တရားဝင်ဖွံ့ဖြိုးမှုအကူအညီနဲ့ စစ်လျော်ကြေးမတူပါ။

ODA ကို ချမ်းသာတဲ့ နိုင်ငံတွေကနေ အကူအညီပေးတာဖြစ်တယ်။ ၁၉၅၄ ကနေစခဲ့တယ်။ အဲတာကလည်း ဂျပန်ကနေ ကိုလံဘီုမံကိန်း လက်မှတ်ထိုးပြီးဖြစ်တယ်။ ၂ဝဝ၃ စာရင်းအရ ODA အကူအညီတန်ဖိုး စုစုပေါင်း ဒေါ်လာ ၂၂၁ ဘီလီယန် ရှိတယ်။ Organisation for Economic Co-operation and Development (OECD) စီးပွါးရေးနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်း လုပ်ဆောင်ရေးအသင်းကြီးကနေ လုပ်တာဖြစ်တယ်။ ၂၈ နိုင်ငံပါတယ်။

အီးယူ European Union – $86.66 billion
ယူအက်စ် United States – $31.55 billion
ယူကေ United Kingdom – $17.88 billion
ဂျာမဏီ Germany – $14.06 billion
ဂျပန် Japan – $11.79 billion
ပြင်သစ် France – $11.38 billion
ဆွီဒင် Sweden – $5.83 billion
နော်ဝေ Norway – $5.58 billion
နယ်သာလင် Netherlands – $5.44 billion
ကနေဒါ Canada – $4.91 billion
ၾသစေတးလ် Australia – $4.85 billion

လက်ခံရှိတဲ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံရှိတယ်။ မြန်မာပြည်ပါတယ်။ ၁၉၈၈ အရေးအခင်းကြီးနဲ့ စစ်အစိုးရတွေကနေ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကျူးလွန်လို့ ODA ရပ်ထားတာတွေရှိခဲ့တယ်။

မြန်မာပြည်နဲ့ ODA
မြန်မာပြည်မှာ ၁၈-၉-၁၉၈၈ နေ့မှာ စစ်အာဏာသိမ်းကတည်းက ဂျပန်ကနေ OEDC နိုင်ငံတွေနဲ့အတူ ODA ပေးနေတာကို ရပ်စဲလိုက်တယ်။ ဒိအရင်က ဂျပန်ကနေ အကူအညီ စုစုပေါင်း ၂့၁ ဘီလီယန်ပေးခဲ့တယ်။ အဲတာထဲမှာ ¥400 billion in ODA ချေးငွေ၊ ¥95 billion ဂရန့်ငွေပါဝင်တယ်။ ၁၉၈၉ မှာ တစိတ်တပိုင်းပြန်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထပ်ချတဲ့အခါ ၄-၇-၂ဝဝ၃ နေ့မှာ ODA အားလုံးရပ်လိုက်တယ်။

ODA အကူအညီတွေထဲမှာ အကြွေးလျှော်ပြစ်တာလည်းပါတယ်။ ၁၉၉၁ ကနေ ၂ဝဝ၃ အထိ ¥90 billion ရှိတယ်။ ODA ရဲ့ ၇၅% ရှိတယ်။ ၂ဝဝ၆ အထိ မြန်မာပြည်က ဂျပန်ကိုပေးဆပ်ဘို့ အကြွေးစုစုပေါင်း ¥273.5 billion ရှိတယ်။

၁။ Yangon International Airport ရန်ကုန်လေဆိပ်ပြုပြင်မွမ်းမံရေးအကူအညီ
အဲဒါကို ODA ထဲကနေပြန်ပေးမယ်လုပ်တော့ ဝိုင်းကန့်ကွက်ကြတယ်။ ¥2.5 billion in loan ပေးတာဖြစ်တယ်။ ၁၉၈၃ ကတည်းကသဘောတူထားတာက 1983 (¥14.3 billion), 1984 (¥8.3 billion) and 1985 (¥4.4 billion) စုစုပေါင်း ¥27 billion ဖြစ်တယ်။

၂။ Baluchaung Hydro-electric Power Station ဘီင်္လူးချောင်း ရေအားလျှပ်စစ်စီမံကိန်း
၂ဝဝ၁ မှာစတယ်။ ဂျပန်က စစ်အစိုးရခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေဘို့ အားပေးတဲ့ အနေနဲ့လို့ ဂျပန်အစိုးရကအကြောင်းပြပါတယ်။ ၁ဝ-၅-၂ဝဝ၂ နေ့ ဒေါ်စုကိုပြန်လွှတ်ပေးအပြီး လေးရက်အကြာမှာ ¥628 million အကုအညီစာချွန်လွှာ လက်မှတ်ထိုးတယ်။ ဘီလူးချောင်း (၂) ရေအားလျှပ်စစ်ကို ဂျပန်အကူအညီနဲ့ ၁၉၆ဝ ကတည်းက ပြီးစီးထားတာဖြစ်တယ်။ ¥10.3 billion ကုန်ကျခဲ့တာပါ။ စစ်လျော်ကြေး စုစုပေါင်း ¥71.2 billion ထဲက ၁၅% ဖြစ်တယ်။ ၁၉၆၃ သဘောတူညီချက်အရ Nippon K°ei နဲ့ Marubeni တို့ကနေ ၏လုပ်တယ်။ ၁၉၈၁ မှာ လိုအပ်တာတွေပြင်ဘို့ ¥16 billion ချေးတယ်။ ပြင်ဆင်တာတွေက ၁၉၉၂ မှာပြီးစီးတယ်။ ၂ဝဝ၂ မှာ ¥3.3 billion နဲ့ ဖွံ့ဖြိုးမှုလေ့လာရေးလုပ်တယ်။ အနောက်နိုင်ငံတွေက ကန့်ကွက်ကြတယ်။

လက်ရှိ ODA အနေအထား
၁၆-၁ဝ-၂ဝ၁၅ နေ့က နေပြည်တော်မြို့မှာ ဂျပန်-မြန်မာ သဘောတူညီချက်လက်မှတ်ထိုးကြတယ်။ စီမံကိန်း ၃ ခုအတွက် ODA ချေးငွေစုစုပေါင်း 99.85 billion yen ပေးဘို့ဖြစ်ပါတယ်။ (၁) ရန်ကုန် မြို့ပတ်ရထား ပိုမိုကောင်းမွန်စေရေး၊ (၂) တည်ငြိမ်တဲ့ လျှပ်စစ်ဓါတ်အားရရှိရေးနဲ့ (၃) တိုးတက်ကောင်းမွန်တဲ့ နိုင်ငံတကာ ထရပ်ကား သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲမှာဖြစ်ပါတယ်။ လက်ရှိအစိုးရ ၂ဝ၁၁ မတ်လမှာ တက်လာပြီး ODA ကို ၂၅ နှစ်ရပ်ထားခဲ့ရာကနေ ၂ဝ၁၃ ကစပြီး ပြန်ပေးလာတာဖြစ်ပါတယ်။

Project title Amount (million yen) Annual interest rate (%) Repayment (years) Grace period (years) Procurement
Project Consulting services
(1) Yangon Circular Railway Line Upgrading Project 24,866 0.01 0.01 40 10 General untied
(2) National Power Transmission Network Development Project Phase II 41,115 0.01 0.01 40 10 General untied
(3) East-West Economic Corridor Improvement Project 33,869 0.01 0.01 40 10 General untied

မြန်မာနိုင်ငံမှာ စစ်အစိုးရတက်လို့ ODA တမျိုးတည်း ၂၅ စာနစ်နာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည့် ဂျပန်သွားရင် ဘယ်လို အကူအညီတွေ လာရမလည်း။ နည်းပညာနဲ့ စည်းစံနစ်ကျတာရချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

British Commonwealth ဗြိတိသျှဓနသဟာယအသင်း

Aye Kyaw Kyaw ဂျပန်က မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်မှာပဲ ဝင်သောင်းကြမ်းသွားတာကို စစ်လျော်ကြေးပေးတယ်။ အင်္ဂလန်က နှစ် ၁ဝဝ မြန်မာပြည်ကို ကျွန်ပြုသွားတာ ဘာဖြစ်လို့ စစ်လျော်ကြေးမပေးတာလည်းဆိုတာ ဆရာသိရင် ပြောပြပါခင်ဗျာ။

Dr. Tint Swe ကိုလိုနီလျော်ကြေးဆိုတာမရှိပါ။ ဒါပေမယ့် ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရတဲ့နိုင်ငံတွေကို ဗြိတိသျှဓနသဟာယအသင်းဖွဲ့ပြီး ကူညီတယ်။ စစ်လျော်ကြေးဆိုတာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတော့ လက်နက်ချနိုင်ငံကနေ ပေးဆပ်ဘို့ သဘောတူညီချက်အရ ပေးရတာဖြစ်ပါတယ်။

British Commonwealth ကို Commonwealth of Nations လို့လည်းခေါ်တယ်။ တချိန်က ဗြိတိသျှအင်ပါယာကနေ လွတ်လပ်ရေးရတဲ့နိုင်ငံတွေဖြစ်ကြတယ်။ London Declaration 1949 လန်ဒန်ကြေညာချက် ၁၉၄၉ အရဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဗြိတိသျှအစိုးရကြားမှာ ဥပဒေအရ ဆက်စပ်မှုမရှိကြပါ။ ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းကြောင်း၊ ဒီမိုကရေစီတန်ဖိုး၊ လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးမှုတွေမှာတော့ ညီညွတ်မှု သဘောဆောင်တယ်။ Commonwealth Games အားကစားပွဲကြီးကို ၄ နှစ်တကြိမ်ကျင်းပတယ်။

ဗြိတိသျှဘုရင်မကြီးက Head of the Commonwealth ဥသျှောင်ဖြစ်တယ်။ အဖွဲ့ဝင်အစိုးရခေါင်းဆောင်တွေ အစည်းအဝေးရှိတယ်။ အတွင်းဝန်ရုံးရှိတယ်။ ၅၃ နိုင်ငံပါတယ်။
1. Antigua and Barbuda 1981 Realm
2. Australia 1931 Realm
3. Bahamas 1973 Realm
4. Bangladesh 1972 Republic
5. Barbados 1966 Realm
6. Belize 1981 Realm
7. Botswana 1966 Republic
8. Brunei 1984 Monarchy
9. Cameroon 1995 Republic
10. Canada 1931 Realm
11. Cyprus 1961 Republic
12. Dominica 1978 Republic
13. Fiji 1970 (rejoined in 1997 after 10 year lapse) Republic
14. Ghana 1957 Republic
15. Grenada 1974 Realm
16. Guyana 1966 Republic
17. India 1947 Republic
18. Jamaica 1962 Realm
19. Kenya 1963 Republic
20. Kiribati 1979 Republic
21. Lesotho 1966 Monarchy
22. Malawi 1964 Republic
23. Malaysia 1957 Monarchy
24. The Maldives 1982 Republic
25. Malta 1964 Republic
26. Mauritius 1968 Republic
27. Mozambique 1995 Republic
28. Namibia 1990 Republic
29. Nauru 1968 Republic
30. New Zealand 1931 Realm
31. Nigeria 1960 Republic
32. Pakistan 1947 Republic
33. Papua New Guinea 1975 Realm
34. Rwanda 2009 Republic
35. St. Christopher and Nevis 1983 Realm
36. St. Lucia 1979 Realm
37. St. Vincent and the Grenadines 1979 Realm
38. Samoa 1970 Republic
39. Seychelles 1976 Republic
40. Sierra Leone 1961 Republic
41. Singapore 1965 Republic
42. Solomon Islands 1978 Realm
43. South Africa 1931 (withdrew in 1961, rejoined in 1994) Republic
44. Sri Lanka 1948 Republic
45. Swaziland 1968 Monarchy
46. Tanzania 1961 Republic
47. Tonga 1970 Monarchy
48. Trinidad and Tobago 1962 Republic
49. Tuvalu 1978 Realm
50. United Kingdom Realm
51. Uganda 1962 Republic
52. Vanuatu 1980 Republic
53. Zambia 1964 Republic

ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရတာမှန်ပေမယ့် မြန်မာနိုင်ငံကအဖွဲ့မဝင်ခဲ့ပါ။ ပြည်တွင်းနိုင်ငံရေးဖိအားကြောင့် ဖြစ်တယ်။ အဲဒီကာလမှာ ကိုလိုနီဆန့်ကျင်ရေးနဲ့ လက်ဝဲအယူအဆလွှမ်းမိုးထားတယ်။ အင်္ဂလိပ် (ကုလားဖြူ) မုန်းတီးရေး နဲ့ မျိုးချစ်စိတ်ထကြွအောင်လှုံ့ဆော်မှုကလည်း အကြောင်းတချက်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ လွတ်လပ်ရေး ရစဉ်က အသက်ရှိသေးရင် တမျိုးဖြစ်မလားတော့ မပြောနိုင်ပါ။ အိန္ဒိယမှာ ကိုလိုနီဆန့်ကျင်ရေး ထိပ်ဆုံးခေါင်းဆောင် ဂန္ဒီကွယ်လွန်ပေမယ့် ဗြိတိသျှဓနဟာယထဲဝင်ခဲ့တယ်။

နိုက်ဂျီးရီးယားကို ၁၁-၁၁-၂၉၉၅ ကနေ ၂၉-၅-၁၉၉၉ အထိ ရာထူးချထားခဲ့တယ်။ ပါကစ်စတန်မှာ စစ်အာဏာသိမ်းလို့ ၁၈-၁ဝ-၁၉၉ မှာတခါနဲ့ ၂၂-၁၁-၂ဝဝ၇ မှာတခါ ရာထူးချထားခဲ့တယ်။ ဇင်္ဘာဗွေကို ၂ဝဝ၂ တုံးကရာထူးချထားတယ်။ ၂ဝဝ၃ မှာ သူ့ဖါသူထွက်သွားတယ်။ ဖီဂျီမှာလည်း စစ်အာဏာသိမ်းလို့ ၁၉၈၇ မှာ ရာထူးချထားခဲ့တယ်။ ၂ဝဝ၁ နဲ့ ၂ဝဝ၆ မှာလ ည်းထပ်လုပ်တယ်။ သီရိလင်္ကာကိုလည်း ထုတ်ပြစ်ဘို့ ဖိအားတွေပေးတယ်။ တောင်အာဖရိကကိုလည်း အရေးယူမှု လုပ်သေးတယ်။ ဂမ်ဘီယာသ ၃-၁ဝ-၂ဝ၁၃ မှာထွက်သွားတယ်။

အိန္ဒိယက အကြီးဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ဓနသဟာယအားကစားပွဲကြီး ၂ဝ၁ဝ ခုနှစ် ဒေလီမှာကျင်းပတုံးက ကြုံခဲ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

War Reparations from Japan ဂျပန်စစ်လျှော်ကြေး

Myo Aung Poso ဂျပန်က မြန်မာကို ကူညီထောက်ပံ့ခဲ့တဲ့သမိုင်း အရမ်းမှေးမှိန်နေပါတယ်။

Tint Swe ဂျပန်စစ်လျော်ကြေးထဲက ဟီးနိုးဘတ်စ်ကာတွေကို လူအများသုံးရတယ်။ ရန်ကုန်-မန်းတလေးပြေး ဘတ်စ်ကားလည်း ဟီးနိုးကားနဲ့စခဲ့တယ်။ နောက်တော့ စစ်သုံးဟီးနိုးကားတွေကို တွေ့လာရတယ်။ ကျန် ဂျပန်စစ်လျော်ကြေးတွေကတော့ မဆလ လူကြီးတွေပဲသိမယ်။

ဂျပန်ကနေ စစ်လျော်ကြေးအဖြစ် ၁၆ နိုင်ငံကိုပေးခဲ့တယ်။
1. Micronesia မိုက်ခရိုနီးရှား
2. Myanmar မြန်မာ
3. Philippines ဖိလစ်ပိုင်
4. Indonesia အင်ဒိုနီးရှား
5. Laos လာအို
6. Cambodia ကမ်ဘောဒီးယား
7. Vietnam ဗီယက်နမ်
8. Korea ကိုရီးယား
9. Malaysia မလေးရှား
10. Thailand ထိုင်း
11. Taiwan တိုင်ဝမ်
12. Singapore စင်္ကာပူ
13. Holland ဟော်လန်
14. Switzerland ဆွစ်ဇာလန်
15. Denmark ဒိန်းမတ်
16. Sweden ဆွီဒင်

မြန်မာပြည်က ပဌမဆုံးသဘောတူညီမှုရတဲ့နိုင်ငံဖြစ်တယ်။
Myanmar 1955, 1963
72 billion indemnity
50.4 billion grant
18 billion Loans
10.8 billion Loans ပေးအပ်ခဲ့ပါတယ်။

မြန်မာပြည်ကို ၁၉၅၅-၁၉၆၃ အတွင်း စုစုပေါင်း ဂျပန်ယန်းငွေ ဘီလီယန် ၉ဝ ပေးတယ်။ အဲတာက ဂျပန်ဘတ်ဂျက်ရဲ့ ၉% နီးပါးရှိတယ်။ လောပိတရေအားလျှပ်စစ်စက်ရုံကိုလည်း ဂျပန်စစ်လျော်ကြေးထဲကနေ Nichimen Co., Ltd. ကနေ ဆောက်ပေးခဲ့တာ ဖြစ်တယ်။

ဂျပန်ကနေ ODA ဆိုတာလည်း နှစ်စဉ်ပေးနေခဲ့တယ်။ ၈၈ အရေးအခင်းကြီးကြောင့် ODA ဖြတ်မှပဲ လူတွေကသိရတာ။ ဘာတွေရသလည်းက စစ်ဗိုလ်ချုပ်တွေကပဲသိမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

Men in History သမိုင်းထဲကလူကြီးများ

ဒါလည်း ၂ နှစ်တိတိကတင်တဲ့စာဖြစ်ပါတယ်။

ဗိုလ်ခင်ညွန့်စာအုပ်ဟာ သမိုင်းအထောက်အထား အားထားစရာလို့ ဗိုလ်နေဝင်းမြေးက ပြောသတဲ့။
(ဂဠုန်) ဦးစောတို့ (ဘူချာ) ဗိုလ်စိန်လွင်တို့ စာအုပ်ရေးမသွားနိုင်ကြတာ နာတာဘဲ။
(ဒီပဲယင်း) ဝန်ကြီးချုပ်ဗခကစိုးဝင်းနဲ့ (ဘုန်းကြီးဆရာ၊ လက်ပတ်နီတကာ) ဦးအောင်သောင်းတို့လည်း စင်္ကာပူမှာ စာချိန်ချိန်မရလိုက်ကြဘူး။
ဘာပဲဖြစ်ဖြစ် ကောင်းရာသုကတိ လားကြပါစေ။
သမိုင်းကတော့ ကျန်ရစ်ကြသူတွေချည်းပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၃

Saturday, November 28, 2015

Half Nationalism တဖက်ပိတ်မျိုးချစ်

ဒေါ်စုကို ဂျပန်ကဖိတ်ထားတယ်။ အခုဂျပန်ရောက်နေတဲ့ ဦးဥာဏ်ဝင်းက ဂျပန်ဆီကနေ နည်းပညာနဲ့ စည်းစံနစ် ရလိုကြောင်းပြောတယ်။

အရင်က Made in Japan ဂျပန်ပြည်မှာလုပ်သည်ဆိုတာ အရည်အသွေးညံ့တယ်။ အင်္ဂလန်ဖြစ်နဲ့ ဂျာမဏီဖြစ်မှ ကောင်းတာကို မြန်မာပြည်သားတွေကသိကြတယ်။ စက်ဘီးစီးရင် (ရာလေး) နဲ့ (ဟမ်းဘား) ပဲစီးကြတယ်။

(မဆလ) တက်လာတော့ ဥရောပကုန်တွေမသွင်းပဲ တရုပ်ပြည်ကနေသွင်းတယ်။ (ဂရိတ်ဝေါလ်) တရုပ်မဟာတံတိုင်း တံဆိပ် ခဲတန်တွေ ညံ့လိုက်တာ။ ဂျာမဏီ ခွေးမြီးတိုနဲ့ အစပ်မဟုတ်တာကို ၅ တန်း ၆ တန်းကျောင်းသားတိုင်းက သိကြတယ်။

ကနေ့တော့ Sony (ဆိုနီ) အမှတ်တံဆိပ်ပါ ကုန်တွေကို ဘယ်သူမှ လိုက်မမီတော့ပါ။ ဂျပန်ကထုတ်ပေမဲ့ ဂျပန်နာမည် ယူမထားတာကိုပြောချင်တာ။

စာအုပ်လေးဖတ်ဘူးတယ်။ (မာဆူရာ အိုင်ဘူကာ) ဟာ Tokyo Tsushin Kogyo နာမည်နဲ့ ကက်ဆက် ရီကော်ဒါတွေ စထုတ်တယ်။ ၁၉၅၈ မှာ Sony လို့ ပြောင်းလိုက်တယ်။ အင်္ဂလိပ်စာလုံးသုံးထားတယ်။ Sony နာမည်ဟာ လက်တင်လို Sonic နဲ့ Sound လို့ အဓိပ္ပါယ်ရတဲ့ Sonus ကနေလာတယ်။ Sonny လို့ လုပ်ရင်တော့ Boy လို့ အဓိပ္ပါယ်ရတယ်။ ဒုတိယကမ္ဘာစစ်မှာ အနုမြူဗုံးနှစ်လုံးကြဲခံရပေမဲ့ အင်္ဂလိပ်နဲ့ အမေရိကန်ကို အရမ်းကာရောမုန်းတီးပြီး၊ ဂျပန်မှဂျပန်လို့ မျက်ကန်းမျိုးချစ် မလုပ်ခဲ့ဘူး။ ဆိုနီဟာ သူမတူအောင် အောင်မြင်ခဲ့တယ်။

တွေ့နေရတယ်။ ဘားမားကနေ မြန်မာလို့ပြောင်းပြီးမှလို့ထင်တယ်။ မြန်မာချင်းမိုးမွှန်နေတာပဲ။ အဲတာ မျက်စိအကုန်မဖွင့်ပဲ အော်နေတာ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

Cro-Media ခရိုမီ

ဒေါ်အမာရာပြည့်ပွဲရက်မို့ အရင်က ဒေါ်အမာနာမည်ပါတဲ့စာလေးကိုပြန်တင်ပါရစေ။

မေးတဲ့သူက ဆရာ အစိုးရပိုင်မဟုတ်တဲ့ ရုပ်သံလွှင့်မီဒီယာဟာ ဘက်လိုက်မှုရှိသင့် မရှိသင့်။

ဟုတ့့် ဒေါ်အမာလို့ထင်ပါတယ်၊ ပြောဘူးတယ်မဟုတ်လား။ စာနယ်ဇင်း ဘက်မလိုက်ဘူးဆိုတာ လိမ်တာကွဲ့တဲ့။

၁၉၄၈-၁၉၆၂ အတွင်းမှာ အဝါ၊ အနီ၊ အပြာခေတ်မို့၊ စာနယ်ဇင်းတွေက အရောင်တခုခုကို လိုက်ကြတယ်။ အစိုးရက ကွန်မြူနစ်ဆန့်ကျင်ရေးသာ ရေးတယ်။ ကနေ့ မြန်မာပြည်မှာ အာဏာရှိ (ရှင်) လား၊ အာဏာမဲ့လား ရွေးကြတယ်။ ပုဂ္ဂလိကလည်း မတူးဘူး။ ဟိုလိုလို သည်လိုလိုဆိုရင် ညံ့လို့။

၂ဝ၁၅ ရွေးကောက်ပွဲနီးလာတော့ အရောင်တွေထွက်လာတယ်။ ရဲရဲတောက်တွေ။ ထူးခြားတာတခုက စိမ်းသင့်မှစိမ်း ဆိုတာလည်း တွေ့လိုက်ရသေးတယ်။

သတင်းရေးတာ၊ ရွေးတာမှာ ပညာပါရတယ်။ CNN, BBC, Times, Newsweek တွေအဆင့်အတန်းဟာ သိတဲ့အတိုင်းပဲ။ သူတို့လည်း ဘက်လိုက်တယ်။ ဒါပေမဲ့ အဆင့်ရှိတယ်။ အဆင့်ရှိပေမဲ့ Al Jazeera (အယ်လ်ဂျာဇီရာ) ကတော့ နာမည်နဲ့တင် ဘက်လိုက်တာသိသာပြီး၊ အာရတ်နဲ့ မွတ်ဆလင် ပရိတ်သတ်သာများတယ်။ သတင်းထောက်တွေကတော့ တော်တာပေါ့ ဘီဘီစီ၊ စီအင်အင်ကနေ ငွေပိုပေးခေါ်ခိုင်းထားတာကိုး။ မီဒီယာဆိုတာလည်း ငွေပဲ။

မြန်မာပြည်မှာက ပြည်ပနေရာကနေ အထဲသွားပြီး၊ အထဲနေပြီး၊ မီဒီယာလုပ်ငန်းလုပ်သူတိုင်းဟာ Compromise (ကွန်ပရိုက်မိုက်စ်) လုပ်တယ်လို့ခေါ်တဲ့ ကိုယ့်အရည်အသွေးကို ရေမရောရင် ရပ်တည်ဘို့ခက်ကြတယ်။ အရည်အချင်း နည်းတာတော့ မဟုတ်လောက်ပါ။ လက်သင်တွေကတော့ ခုထိတော့ မှိုပေါက်တဲ့ရာသီမှာသာရှိသေးတယ်။ ဆောရီး။

စာနယ်ဇင်းဖတ်သူတွေကလည်း အစိုးရထုတ်တွေကိုသာ ဖတ်၊ ကြည့်၊ နားထောင်တဲ့အဆင့်က တက်မလို့ရှိသေးတာ။ အစဉ်အလာဟောင်းနဲ့ ရင်းနှီးမြှုပ်နှံအားတွေကို ပုဂ္ဂလိကအစစ်တွေက မမီနိုင်သေးပါ။ ပုဂ္ဂလိကထဲမှာလဲ ခရိုနီမီဒီယာ (ခရိုမီ) တွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၅
၂၉-၁၁-၂ဝ၁၅

How to Swallow Bitter Medicine ဆေးခါးကို ဘယ်လိုသောက်မလည်း

ဆေးအများစုဟာ အဝင်ဆိုးတယ်။ ခါးတယ်။ သည်အတိုင်သောက်လို့ခက်တယ်။ ပျို့အန်ထွက်မယ်။ မျိုမကျလောက်ဘူး။ သုတေသနလုပ်ထားတယ်။ ဘယ်မျိုးဗီဇကနေ အဲလိုဖြစ်စေသလည်း။ ကလေးတွေက ခါးတာကို ပိုပြီးမခံနိုင်ကြဘူး။

အဝင်သက်သာနည်းတွေသုံးရတယ်။ ဆေးပြားအပေါ်ယံမှာ သကြားအုပ်ထားရတယ်။ ဥပမာ ဖျူရာမင်ဘီစီ သံဓါတ်ဆေး၊ ဗီတာမင်ဘီဆေး။ ဆေးတောင့်လို့ခေါ်ကြတဲ့ ကက်ပစူးလ်ခေါ် အဖုံးထဲမှာဆေးမှုံ့ထည့်ပေးထားရတယ်။ ဥပမာ အမောက်ဆာဆလင်။ တက်ထရာဆိုက်ကလင်း။ ဆေးရည်ကို အချိုရည်ရောထားတယ်။ Syrup နာမည်ပါရင် အဲတာမျိုးပဲ။

ငှက်ဖျားဆေး Quinine (ကွီနင်း) ကို ဆေးခါးကြီးလို့ သတ်မှတ်ခဲ့ကြတယ်။ ငှက်ဖျားကို ရောဂါတွေရဲ့ဘုရင်လို့ တင်စားကြတယ်။ အလက်ဇန်းဒါးစစ်ဘုရင်လည်း အသက် ၃၃ နှစ်သာရှိသေပေမယ့်  ငှက်ဖျားနဲ့သေဆုံးခဲ့တယ်လို့ ယူဆရတယ်။

ဆေးခါးတာကို ဘယ်လိုမျိုမလည်းအတွက် အကြံပေးချက်တွေရှိပါတယ်။ ချိုတာတခုခုနဲ့ရောသောက်ပါ။ ဒါပေမယ့် ရောလို့ရ မရ ဆရာဝန်ကိုအရင်မေးပါ။ မြန်မာပြည်မှာက ပျားရည်သုံးတာအစဉ်အလာဖြစ်နေတယ်။ တချို့က ပျားရည်နဲ့ မတည့်ပါ။ သူများတွေဆီမှာ ဖျော်ရည် ဥပမာ စပျစ်သီးဖျော်ရည်သုံးကြတယ်။ ဆေးမသောက်ခင်နဲ့ ဆေးမျိုပြီးမှာ အချိုရည်သောက်ပါ။ ကာဗွန်ထည့်ထားတဲ့ ဥပမာ ကိုကာကိုလာနဲ့တော့ မသင့်ပါ။ အရက်နဲ့တော့ ဘယ်တော့မှ မရောရပါ။

ဆေးပြားကို ခြေပြီးအစာတခုခုနဲ့ရောသောက်နည်းလည်းလုပ်ပါတယ်။ ဒါပေမယ့် ဘယ်ဆေးတွေကိုသာ ခြေသင့်သလည်း Institute for Safe Medical Practices ကနေပြုစုပေးထားတာရှိပါတယ်။ ခြေလို့ရတဲ့ဆေးဆိုရင် ရေတစက်လောက်နဲ့ အရင်စိုစေလိုက်ပါ။ ၁၅ မိနစ်လောက်နေမှ ခြေပါ။ နောက်တနည်းက ဆေးကိုအေးအောင်လုပ်ထားရင် ခါးတာ သက်သာတယ်။ ရေခဲသေတ္တာထဲထည့်ပါ။ ဆေးသောက်ပြီး ရေခဲငုံလို့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

Prescription ငှက်ဖျားဆေး

မိုးခါးရေမသောက်ဖို့ သတိပေးကြတယ်၊
သည်တခါတော့ ဆေးခါးကြီးသောက်ရလိမ့်မယ်၊
ဗူးခါးရေသောက်ဖူးသူတွေကတော့ မှုကြမှာမဟုတ်ပါ၊
ရေဗူးပေါက်တာမလိုဆိုသူတွေကတော့ ဘူးခံကြလိမ့်မယ်၊
ကြမ်းကြားလေနဲ့ နေကြရသူတွေအတွက် မနက်တပြား၊ ညတပြား၊ ငါးနှစ်စား၊
အများအတွက်သောက်ရတဲ့ဆေးခါး၊
သွားရော့ ငှက်ဖျား။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်ထောင်စုစိတ်ဓာတ် (က)

ရေးသားသူ = ဦးအေးသာအောင်၊ CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ

အပိုင်း (က)
ဤကမ္ဘာ၌ များစွာသော နိုင်ငံတို့သည် လူမျိုးအများအပြား ပါဝင်ပေါင်းစပ်လျက် ပြည်ထောင်စု နိုင်ငံတော်များကို ဖွဲ့စည်းခဲ့ကြ၏။ ဤသို့ ဖွဲ့စည်းခဲ့ကြသည့် ပြည်ထောင်စုများအနက် အချို့သော ပြည်ထောင်စုတို့၌ တန်းတူညီမျှသော အခြေခံဖြင့်ဖွဲ့စည်းကာ၊ အမျိုးသား အကျိုးစီးပွါးကို အညီအမျှပြု၍ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းလျက်ပင်ရှိကြ၏။ ပြဿနာကြီးငယ် ပေါ်ပေါက်သည်ကိုလည်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကာ ပြေငြိမ်းစေ၏။ အချို့သော ပြည်ထောင်စုများတွင်မူ အပေါ်စီးရနေသော၊ အင်အားကြီးသော၊ လူဦးရေအားဖြင့် များသောလူမျိုးများက လွဲမှားသော အမျိုးသားရေးဝါဒ ကို ကျင့်သုံးလျက် လွှမ်းမိုးအုပ်ချုပ်ကြ၏။ ပြည်ထောင်စုဖွဲ့ရာ၌လည်း မညီမျှသော အခွင့်အရေးများကို ပြဌာန်း ကျင့်သုံးကြ၏။ အချို့မှာမူညီမျှသော အခွင့်အရေးများကိုပင် ပြဌာန်းထားသော်လည်း၊ ထိုအခွင့်အရေးများကို ကျန်လူမျိုးများက မကျင့်သုံးနိုင်အောင် ဖိနှိပ်လွှမ်းမိုးထားကြ၏။ ထိုကြောင့် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ လူ့အခွင့် အရေးများတွင် မညီမျှမှုဖြစ်ပေါ်ကာ နက်ရှိုင်းသော အမျိုးသားရေး ပြဿနာ များပေါ်ပေါက်လာကြ၏။ လူမျိုးအချင်းချင်း မကြေနပ်မှု၊ မုန်းတီးမှုများ ပွားများ၍ ပဋိပက္ခများ ကျယ်ပြန့်လာ၏။ နောင်သောအခါ ပြည်ထောင်စုကြီးပါ ပြိုကွဲ ပျက်စီးရပေသည်။

ပြည်ထောင်စုကြီးကို ဖွဲ့စည်းရာ၌လည်း ကွဲပြားခြားနားသည့် လူမျိုးများ၏ မတူညီ ကွာဟသော နိုင်ငံရေး၊ စီးပွါးရေး၊ အခြေခံများပေါ်တွင် ပေါင်းစပ်ဖွဲ့စည်းကြရ၏။ ထိုအခြေအနေများကိုအခွင့်ကောင်းယူ၍ လွဲမှားသော အမျိုးသားရေးဝါဒ ကျင့်သုံးကာ လူမျိုးတမျိုးက ကျန်လူမျိုးများအပေါ် စိုးမိုး ချယ်လှယ် အုပ်ချုပ်လေ့ရှိကြပေသည်။ လွဲမှားသော အမျိုးသားရေးဝါဒဆိုသည်မှာ မိမိတို့လူမျိုးသည် မြင့်မြတ်သော အမျိုးအနွယ်ဖြစ်သည်ဟူ၍ ကြွေးကြော်လျက် ထိုသို့ မြင့်မြတ်သည့် အမျိုးအနွယ်ဖြစ်ခြင်းသည် ပင်လျင် အခြားသော လူမျိုးများအား စိုးမိုးအုပ်ချုပ်စီမံခွင့်ရှိသည့် နိမ့်ကျသော အမျိုးအနွယ်များကို ဖိနှိပ်စိုးမိုးချယ်လှယ်ရန် အခွင့်အရေးများ ရှိသည်ဟူ၍ ယူဆတတ်ကြသည်။ ထိုအယူအဆဖြင့်ပင် ပြည်တွင်း၌ ဖိနှိပ်စိုးမိုးအုပ်ချုပ်ပြီး အင်အားကြီးထွားလာသောအခါ ပြည်ပနိုင်ငံများကို အင်အားသုံး၍ ကျူးကျော် သိမ်းပိုက်ခြင်းများ ပြုလုပ်တတ်ကြပေသည်။ မှန်ကန်သောအမျိုးသားရေးဝါဒမှာမူ မည်သည့်လူမျိုးရေး ဖိနှိပ်မှုကိုမဆို ပြတ်သားစွာ ဆန့်ကျင်၏။ မိမိလူမျိုးအား အခြားလူမျိုးက ဖိနှိပ်ချုပ်ချယ်သည်ကို ဆန့်ကျင် တိုက်ခိုက်ရုံ သာမက မိမိလူမျိုးက အခြားလူမျိုးအပေါ် ဖိနှိပ်ချယ်လှယ်ကျူးကျော်သိမ်းပိုက်သည်ကိုလည်း ဆန့်ကျင်ပေသည်။

မြန်မာနိုင်ငံ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများတွင် မှန်ကန်သော အမျိုးသားရေးဝါဒကို ကိုင်စွဲကာပြည်သူလူထု ကြီးတရပ်လုံးကို စည်းရုံး သိမ်းသွင်းနိုင်ခဲ့ပေသည်။ ထူးခြားသည်မှာ မှန်ကန်သော အမျိုးသားရေးဝါဒကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပေါင်းစည်းပြီး အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ခြင်းပင်ဖြစ်ပေသည်။ ဗိုလ်ချုပ်သည် (၁၉၃၂) ခုနှစ်လောက်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့သည်။ နိုင်ငံရေးစိတ်ဓာတ် (ဝါ) အမျိုးသားရေးစိတ်ဓာတ် ရင့်ကျက်လာပြီး အမျိုးသားပညာရေး တိုက်ပွဲများတွင် ပါဝင် ခေါင်းဆောင်ခဲ့သည်။ (၁၉၃၆) ခုနှစ် ကျောင်းသား သပိတ်ကြီးမှာ ပါဝင်ခေါင်းဆောင်ခဲ့သည်။ သပိတ်ကြီးအပြီးတွင် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲသို့ ခြေစုံပစ်၍ဝင်ခဲ့သည်။ ဒို့ဗမာအစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူး ဖြစ်လာသည်။ (၁၃ဝဝ) ပြည့် အရေးတော်ပုံတွင် ပါဝင်ဦးစီးခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို တည်ထောင်ကာ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သည်။

ဤသို့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံးခေတ်တွင်ချမှတ်ခဲ့သော ဗမာပြည်သည်ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စကားကို ချီးမြှင့်ပါ၊ ဒို့စာကိုလေးစားပါဟူသည့် အမျိုးသားရေးဝါဒအလံကိုပင် ကိုင်စွဲခဲ့ပေသည်။ မြန်မာတမျိုးသားလုံးသည် အမျိုးသားရေးစိတ် နိုးကြားလာပြီး ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ အသင်းချုပ်ကြီးအောက်တွင် ညီညွတ်သော အင်အားစုအဖြစ် စုစည်းမိခဲ့ကြသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့၏ ပရိယာယ် ကျောက်ဆောင်များ ဖြစ်သော တွဲရေး/ခွဲရေး၊ ဒိုင်အာခီ အုပ်ချုပ်ရေး၊ (၉၁) ဌာနအုပ်ချုပ်ရေးများနှင့် တိုက်မိသောအခါ ပြိုကွဲခဲ့ရသည်။ ထိုသို့ပြိုကွဲနေသော အမျိုးသားအင်အားစုများ၏ ညီညွတ်ရေးကို တည်ဆောက်သည့် အနေဖြင့် ဗမာ့ထွက်ရပ်ဂိုဏ်းအဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ပေသည်။ ထိုအဖွဲ့ကြီးသည် ပါတီပေါင်းစုံ၊ ပုဂ္ဂိုလ်ပေါင်းစုံ ပါဝင်သော အဖွဲ့ကြီးဖြစ်သည်။ အဖွဲ့ကြီး၏ ရည်ရွယ်ချက်မှာ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးဟူ၍ ဖေါ်ပြထားပေ သည်။ ဤသို့အားဖြင့် အမျိုးသားရေးဝါဒကိုပြောင်းလဲနေသောအခြေအနေ နှင့်ကိုက်ညီအောင်ချမှတ်ခဲ့ပေသည်။ အလုပ်သမား၊ လယ်သမားနှင့် လူထုလူတန်းစားအလွှာပေါင်းစုံကိုလည်းစည်းရုံးနိုင်ခဲ့ပေသည်။ ၄င်းအပြင် ရဲဘော် (၃ဝ)မှ သောင်းချီသော အမျိုးသားတပ်မတော်ကိုလည်းတည်ထောင်ခဲ့ပေ သည်။ နောက်ပိုင်းတွင် အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီးဖြစ်သော ဖတပလ (နောင် ဖဆပလ)ကိုဖွဲ့စည်းလျက် တပ်မတော်ကိုပါ ၄င်းအဖွဲ့နှင့် ပေါင်းစပ်ပေးကာ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့ပါသည်။ နောင် ဗြိတိသျှတို့ကို နိုင်ငံရေးအရ တိုက်ပွဲဝင်ရာတွင်လည်း တမျိုးသားလုံးကို သိပ်သိပ်သည်းသည်းဖြင့် နက်ရှိုင်းစွာ စည်းရုံးနိုင်ခဲ့ပေသည်။

သို့ရာတွင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ဗမာတမျိုးသားလုံးကို စည်းရုံးနိုင်ရုံမျှနှင့် မပြည့်စုံ၊ မလုံလောက်၊ တိုင်းရင်းသားလူမျိုးများပါဝင်သော အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန် လိုအပ်သည်ကို ကြိုတင် သိမြင်ခဲ့ပေသည်။ ထို့ကြောင့် တိုင်းရင်းသား စည်းရုံးရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပေသည်။ ဗိုလ်ချုပ်၏ တိုင်းရင်းသား စည်းလုံးရေးအတွက် ကြိုးပမ်းမှုကို ဂျပန်ခေတ်၌ စတင်တွေ့ရပေသည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် တမျိုးသားလုံးအကျိုးဖြစ်ရကား မြန်မာနိုင်ငံမှာ လူဦးရေအားဖြင့် အတော်အသင့်များသည့် ကရင်အမျိုးသားများပါဝင်လာရေးသည် အရေးကြီး ပေသည်။ ထိုနည်းတူစွာ ကရင်အမျိုးသားများကို မစည်းရုံးနိုင်လျှင် တနည်းအားဖြင့် ကရင်အမျိုးသားများ မပါဝင်လျှင် အခက်အခဲများရှိနိုင်ပြီး ကရင်နှင့်မြန်မာအမျိုးသားများပါ နစ်နာမည်ကို ကြိုတင်သိမြင်ခဲ့ပေသည်။ ထို့အပြင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတရပ်လုံးတွင် ကရင်အမျိုးသားများ ပါဝင်လာရေးအတွက် စည်းရုံးရေးသည် မရှိမဖြစ် လိုအပ်သကဲ့သို့ ကရင်-ဗမာညီညွတ်ရေးသည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် လွတ်လပ်ရေးအတွက် သော့ချက်ကျသော ပြဿနာတရပ်ဖြစ်သည်ကိုလည်း သဘောပေါက်ခဲ့ပေသည်။

ထိုအချိန်၌ မြစ်ဝကျွန်းပေါ်ဒေသတွင် ကရင်-ဗမာလူမျိုးရေးဆန်သော ပြဿနာများ စတင်ဖြစ်ပေါ်လျက်ရှိပေရာ ဗိုလ်ချုပ်သည် ကရင်-မြန်မာ ညီညွတ်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရပေသည်။ ကရင်ခေါင်းဆောင်များကို ရန်ကုန်သို့ ဖိတ်ခေါ် တွေ့ဆုံ ဆွေးနွေးသည့်အပြင် ပြည်သူလူထုကိုလည်း ကရင်မြန်မာချစ်ကြည်ရေးအတွက် ဟောပြောစည်းရုံးခဲ့ပေသည်။ ထို့အပြင် ကရင်အမျိုးသား ခေါင်းဆောင်များကို တပ်မတော်အတွင်းသို့ ဝင်ရောက်စေခြင်း၊ အထူးသဖြင့် ဗြိတိသျှ လက်အောက်တွင် အမှုထမ်းခဲ့ကြသော ကရင်အရာရှိများကိုလည်း အမြင်ကျယ်စွာဖြင့် တပ်မတော်တွင် နေရာပေး သိမ်းသွင်းခဲ့ပေသည်။

ဤသို့ ကရင်ဗမာစည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ဗိုလ်ချုပ်၏ မှန်ကန်သော အမျိုးသားရေးဝါဒနှင့် တိုင်းရင်းသားများအပေါ် သဘောထားကို ကရင်အမျိုးသားညီလာခံကွန်ဖရင့်သို့ ပေးပို့သော ဗိုလ်ချုပ်၏သဝဏ်လွှာက အလေးအနက် သက်သေပြလျက်ရှိပေသည်။

ကရင်အမျိုးသား ရဲဘော်အပေါင်းတို့ -
မြစ်ဝကျွန်းပေါ်ဒေသများသို့ ယခင်အခါ ကျွန်ုပ်လှည့်လည် လာရောက်စဉ်က ကျွန်ုပ်အား ကရင်အမျိုးသားများ၏ အကြီးဆုံးမိတ်ဆွေ တဦးအဖြစ် အသိအမှတ်ပြုစေလိုကြောင်း ကျွန်ုပ်ပြောခဲ့သည်ကို ရဲဘော်တို့ အချို့ ကြားမိကောင်း ကြားမိပါလိမ့်မည်။ ကျွန်ုပ်သည် ယခုတဖန် ဤစကားကို ထပ်မံ ဖေါ်ပြကမ်းလှမ်းလိုပါသည်။ ဗမာနိုင်ငံတွင် လူမျိုးများ တစည်းတရုံးတည်းဖြစ်မှုကိုလည်းကောင်း၊ ဗမာနိုင်ငံလူမျိုးများသည် မှန်ကန်သော လူမျိုးရေး တရားလက်ကိုင်ထား၍ ကမ္ဘာသူကမ္ဘာသားတို့နှင့် အကျိုးတူ ဆောင်ရွက်မှုကိုလည်းကောင်း၊ ကျွန်ုပ်သည် ရှေးယခင်ကစ၍ ယုံကြည်ခဲ့ပါသည်။ ထိုသို့ ယုံကြည်သည့်အတိုင်း ကျွန်ုပ်တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ပင် ဖြစ်ပါသည်။ ကျွန်ုပ်၏ ဤစိတ်ထားမှာ ယခုစစ် အခြေအနေတွင် ခါတော်မီဝါဒသဘော မဟုတ်သည်ကို တိတိလင်းလင်း နားလည်စေလိုပါသည်။ ကျွန်ုပ်၏ စေတနာသည် ကရင်အမျိုးသားများအပေါ်သာမက ဗမာနိုင်ငံလူမျိုးအားလုံးပေါ်တွင် ထားပါသည်။ ဤစေတနာ ဤစိတ်ထားသည် တနေ့နေ့ လက်ငင်းအားဖြင့် လက်တွေ့ ကျွန်ုပ် ပြနိုင်သည့်အခါတွင် ထင်ထင်ရှားရှား တွေ့မြင်ရပါလိမ့်မည်။

လူမျိုးများနှင့် ပတ်သက်၍ ကျွန်ုပ်၏သဘောထားကို အကျဉ်းအားဖြင့် ဖေါ်ပြရသော် အောက်ပါအတိုင်းပင် ဖြစ်ပါသည်-
၁) မည်သူမဆို ဘာသာ၊ သာသနာအရေးတွင် လွတ်လပ်စွာ မိမိတို့ကိုး ကွယ်လိုရာ ဘာသာကို ကိုးကွယ်ခွင့် ရှိရမည်။ နိုင်ငံတော်အစိုးရသည် ဘာသာရေးတွင် ကြားနေရမည်။
၂) လူမျိုး ကွဲပြားမှုကိုလည်းကောင်း၊ ဘာသာ ကွဲပြားမှုကိုလည်းကောင်း၊ ယောက်ျား/မိန်းမ လိင်ကွဲပြားမှုကိုလည်းကောင်း အခြေပြုကာ နိုင်ငံတော်အတွင်း ရာထူးဌာနအရ အလုပ်အကိုင်များရရှိရေးတွင် ချုပ်ချယ်မှုများ မရှိစေရ။
၃) xxx
၎) ပညာရေးကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး သင်ကြားနိုင်ခွင့် ရှိရမည်။
၅) လူမျိုးကွဲပြားသူများသည် မိမိတို့ သီးသန့်ယဉ်ကျေးမှုကို ပိုင်ခွင့်ရရှိရမည်။ ဥပမာ ကရင်များအတွက် ကရင်ကျောင်းများ၊ ရှမ်းများအတွက် ရှမ်းကျောင်းများ ကရင်များအတွက်ကရင်နေ့များ၊ ရှမ်းများအတွက် ရှမ်းနေ့များ၊ ကရင်များအတွက် ကရင်ဘာသာကို အစိုးရရုံးသုံး ကျောင်းသုံးဘာသာအဖြစ် အသိအမှတ်ပြုခြင်း၊ ကရင်အမျိုးသားအဝတ်၊ ကရင် ခရိုင်ဓလေ့ထုံးစံတို့ကို အသိအမှတ်ပြုခြင်း၊ ကရင်စာပေ ယဉ်ကျေးမှုများကို အသိအမှတ်ပြုခြင်း စသည်တို့ပင်ဖြစ်သည်။
၆) လူမျိုးများ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုဆက်ဆံရေးနှင့် ပတ်သက်သော အခွင့်အရေးများကို တတ်နိုင်သမျှ ဥပဒေအားဖြင့် အသိအမှတ်ပြုရမည်။
၇) ဗမာများထက် အဆင့်အတန်းနိမ့်သော လူမျိုးများ၏ အဆင့်အတန်းများကို မြှင့်တင်ရန် အထူးကြိုးစား ဆောင်ရွက်ပေးပြီးလျှင် ဗမာများနှင့် အတူ ကမ္ဘာ့အဆင့်အတန်းသို့ အမြန်ဆုံး တက်လှမ်းနိုင်ရမည်။ လူမျိုး အချင်းချင်း နှိမ့်ချသည့် အသုံးအနှုန်း၊ အခေါ်အဝေါ်၊ စာပေအမှတ်အသား၊ အထိမ်းအမှတ် အလံ အစရှိသည်တို့ကို အစိုးရက ဥပဒေတား မြစ်ပေးရမည်။ လူမျိုးများညီညွတ်မှုကိုသာ ရှေ့ရှုအမှတ်အသားအထိမ်း အမှတ် စာပေများကိုသာ သုံးရမည်။ အထက်ပါအချက်တို့ကား ကျွန်ုပ်၏ သဘောထားပုံကို သိသာစေရန် ဖေါ်ပြခြင်းဖြစ်ပါသည်။ ဤသဘောထားအတိုင်း အထမြောက်ရန် ကျွန်ုပ်သည် အစဉ်တစိုက် ကြိုးပမ်းသွားမည်ကို ရဲဘော်တို့အား စကားလက်ဆောင်ပါးလိုက်သည်။ xxx
ပုံ(အောင်ဆန်း)
(၁၉၊ ၂၊ ၄၅)

ဤသဝဏ်လွှာကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်၏ မှန်ကန်သော အမျိုးသားရေးဝါဒနှင့် တိုင်းရင်းသား လူမျိုးများအရေးနှင့် ပတ်သက်၍ မှန်ကန်သော သဘောထားရည်တည်ချက်များကို လေးစားဖွယ်ရာ တွေ့မြင်ရပေသည်။ အထူးသဖြင့် လွတ်လပ်ရေး အကြိုကာလတွင် ဗိုလ်ချုပ်၏ တိုင်းရင်းသားလူမျိုးများအပေါ် သဘေားထားနှင့် ပြည်ထောင်စု စိတ်ဓာတ်များကို ပီပြင်ထင်ရှားစွာ တွေ့လာရပေသည်။ ဗိုလ်ချုပ်၏ ပြည်ထောင်စု စိတ်ဓာတ်သည် ဗိုလ်ချုပ်ပြောခဲ့သော မိန့်ခွန်းများတွင် ထင်ဟပ်လျက်ရှိပေသည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးရယူရာ၌ ဗမာပြည်ကိုသာမက တောင်တန်း ဒေသများကိုပါ ပူးပေါင်း၍တပြိုင်တည်း လွတ်လပ်စေလိုသည်။ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် ဗမာပြည်၏ ပြီးပြည့်စုံသော လွတ်လပ်ရေးဟု မယူဆပေ။ ဘဝတူ တိုင်းရင်းသားများကိုလည်း လွတ်လပ်စေလိုသည်။ ထိုသို့ ဆောင်ရွက်ခြင်းမှာ အခြားတိုင်းရင်းသားလူမျိုးများအရေးကို ဗမာများက စိုးမိုးခြယ်လှယ်ရန်အတွက် မဟုတ်ပေ။ တမျိုးသားလုံး၏ အကျိုးကို ရည်မျှော်ပြီး ဆောင်ရွက်ခြင်းသာဖြစ်သည်။ ဘဝတူ ညီအကို တိုင်းရင်းသားများသည် အကွဲကွဲအပြားပြား ဆောင်ရွက်နေခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အကျိုးများနိုင်မည်ဟုပင် ယုံကြည်သည်။ ပူးပေါင်းသည်ဆိုရာ၌လည်း မိမိသဘောဆန္ဒအလျောက် ပူးပေါင်းရေးကိုသာ လိုလားပုံကို အောက်ပါ မိန့်ခွန်း ကောက်နှုတ်ချက်များမှ သက်သေပြလျက်ရှိပေသည်။

ကျွန်ုပ်သည် ယခုဘုရင်ခံမင်းကြီးတိုက်ရိုက် အုပ်ချုပ်နေသောနယ်များပါ ဗမာပြည်နှင့်တပြိုင်တည်း လွတ်လပ်စေရန် ဆန္ဒရှိကြောင်း၊ ဖဆပလ ၌လည်း ဤအတိုင်းအတာထား၍၊ အမှုဆောင်ဝန်ကြီးများကလည်း ဤ အတိုင်းပင်ဖြစ်ကြောင်း (ဘုရင်ခံမင်းကြီးနှင့် တွေ့ဆုံရာတွင် ပြောကြားချက်မှ)

နယ်စပ်ဒေသများနှင့်စပ်လျဉ်း၍ အခက်အခဲရှိမည်မထင်ကြောင်း၊ ၄င်းတို့အား ကျွန်ုပ်တို့နှင့် အလိုအလျောက် ပူးပေါင်းရန် သဘောကျကြောင်း၊ သို့ရာတွင် အတင်းအကြပ် ပူးပေါင်းခိုင်းရန် မကြံရွယ်ပဲ ၄င်းတို့အနက်မှ အမှုဆောင်ဝန်ကြီးတဦး ခန့်ထားရန် သဘောတူခဲ့ကြောင်း။ (မန်ချက်စတာ ဂါးဒီယန်း သတင်းထောက်နှင့်တွေ့ဆုံရာတွင် ပြောကြားချက်မှ)

ဗမာပြည်လွတ်လပ်ရေးရပြီဟု မဆိုနိုင်ကြောင်း၊ တောင်တန်းနယ်များ ပြဿနာသာ ကျန်ရှိတော့ကြောင်း၊ တောင်တန်းနယ်များ မလွတ်လပ် သရွေ့ဗမာပြည်လွတ်လပ်ပြီဟု မဆိုနိုင်ကြောင်း၊ ဗမာများသည်တောင်တန်း လူမျိုးများကို ၄င်းတို့ဘာသာ အုပ်ချုပ် စေလိုကြောင်း၊ ဗမာများသည် ရှမ်း၊ ကချင်၊ ချင်းတို့၏ ပြည်တွင်းရေးကို စွက်ဖက်မည် မဟုတ်ကြောင်း (ပင်လုံတွင် ပြောကြားချက်မှ)

မြန်မာများသည် ဗြိတိသျှ၏ကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများသည် ဗြိတိသျှကျွန်အဖြစ် မရောက်စေလိုကြောင်း၊ ထို့ပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန်အဖြစ်လည်း မဖြစ်စေလို ကြောင်း (ပင်လုံတွင် ပြောကြားချက်မှ)

တိုင်းပြည်ကြီးပွားစေချင်ရင်- ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာ မဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မည်(ရှမ်းစော်ဘွားများတည်ခင်းသည့် ထမင်းစားပွဲတွင် ပြောကြားချက်မှ)

၎င်းအပြင် မြန်မာနိုင်ငံတွင် တည်ရှိနေသည့် တိုင်းရင်းသားလူမျိုး များ၏ပကတိ အခြေအနေများကို နိုင်ငံတကာ အတွေ့အကြုံများနှင့် ပေါင်း စပ်ကာတင်ပြခဲ့သည့် ဗိုလ်ချုပ်၏ တိုင်းရင်းသားလူမျိုးများ အရေးနှင့်ပတ်သက်သည့် သဘောထားရေး ဆိုင်ရာများကိုလည်း ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံ မိန့်ခွန်းတွင် ပီပြင်စွာတွေ့မြင်ရပေသည်။ (ဗိုလ်ချုပ်၏ တင်ပြချက်များ)

ဒီနေရာမှာ လူမျိုးရေးကိစ္စကို ဆွေးနွေးလိုတယ်။ အင်္ဂလပ်လိုမှာ- (Nation or Nationality, Race, Tribe) အစရှိသည်အားဖြင့် လူမျိုးရေးတွေ ကိုအသီးသီးခေါ်ထားတာရှိတယ်။ (Nation or Nationality) ဆိုတာ အဓိပ္ပါယ်ကတော့ ဥပမာ- ဗြိတိသျှလူမျိုးဆိုရင် အင်္ဂလိပ်၊ စကော့၊ ဝေလ၊ အိုင်းရစ် လူမျိုးတွေပေါင်းထားတာကို ခေါ်တာပဲ။

အမေရိကန်လူမျိုးဆိုရင်လည်း ဥရောပလူမျိုးစုံ အမေရိကန်မှာ လာနေပြီး အမေရိကန်လူမျိုးလို့ခေါ်တဲ့ လူအားလုံးကို ခေါ်တာပဲ၊ ဒီတော့ (Nation) သို့မဟုတ် (Nationality) ခေါ်တဲ့ လူမျိုးကြီးကိုဆိုကြပါစို့- အဲဒီ လူမျိုးကြီးဆိုတာ ဘယ်လိုအချင်းအရာတွေနဲ့ပြည့်စုံမှ လူမျိုးကြီးလို့ခေါ်မလဲ။ အဲဒီလူမျိုးပြဿနာနဲ့ပတ်သက်ပြီး ဘယ်လို သရုပ်ဖေါ်ထားသလဲဆိုရင်လူမျိုး ကြီးဆိုတာ ရာဇဝင်အရဖြစ်ပွားပြီး၊ တည်တည်တံ့တံ့နေလာတဲ့သူ၊ ဘာသာစကားနဲ့၊ သူ့နယ်မြေနဲ့၊ သူ့စီးပွားရေးနဲ့၊ သူ့ယဉ်ကျေးမှု ပညာ ထုံးစံဓလေ့နဲ့  ညီညွတ်စည်းရုံးထားတဲ့ လူပေါင်းစုပဲလို့ သရုပ်ဖေါ်ပြခဲ့တယ်။ ဒီနေရာမှာ လူပေါင်းစုဆိုတာဟာ (A Nation is not a racial or Tribal community of people) လို့အတိအလင်းဖေါ်ပြထားတယ်။ အဓိပ္ပါယ်ကတော့ လူမျိုးကြီးဆို တာ အသွေးအဆင်တူတဲ့ (Race) တို့ (Tribe) လို့ခေါ်တဲ့ လူမျိုးစုမျိုးမဟုတ် ဘူး၊ အဲဒီ (Race) တို့ပေါင်းစပ်ထားခြင်းဖြစ်တယ်လို့ ရှင်းလင်းပြန်တယ်။ x x x

ဒါဖြင့် အဓိပ္ပါယ်က ဘယ်လိုသဘောလဲ။ လူမျိုးကြီးဆိုတာ အချင်း ချင်းပေါင်းသင်းနေရင် (Ragional autonomy) ဆိုတဲ့ နယ်မြေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြီး၊ ခွဲထွက်ခွင့်ပါရထိုက်သတဲ့ (The right of self-determi-nation means that a nation can arrange its life according to its own will. It has the right to arrange its own life on the basis of autonomy. It has the right to enter into federal relation with other nation. It has the right to complete secession) လို့ဆိုထားတယ်။ ဒါပေမယ့် ဆက်ပြော ထားတာ ရှိသေးတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လူမျိုးကြီးဆိုတာတိုင်း ရထိုက်တယ်ဆိုပေမယ့် နေရာတကာမှာ အမြဲတမ်း မဟုတ်ဘူး ကောင်းကျိုး လုပ်ဖို့သာဖြစ်တယ်။ ဆိုးကျိုးလုပ်ဖို့ မဟုတ်ဘူးဆိုတာ ပြောထားတယ်။ လူမျိုး အချင်း ချင်းချယ်လှယ်လွှမ်းမိုးမှု၊ နှိပ်စက်မှု မဖြစ်ရအောင် ဒီအခွင့်အရေးမျိုးကို လူမျိုးကြီးတိုင်းကို ပေးထားတာပဲ။

ဒါတွေအားလုံးðခံလိုက်တော့ ဘာအဓိပ္ပါယ်ထွက်သလဲဆိုရင် လူမျိုး ကြီးဆိုတာ အချင်းချင်းပေါင်းကြရင် ကိုယ်ပိုင်ပြဌာန်းခွင့်အရ ပေါင်းကြ။ ဒါပေ မယ့် နေရာတကာ အချိန်အခါတိုင်းမှာ အခြေအနေအကျိုးအကြောင်းကို မထောက်ပဲ အရမ်းကိုယ်ပိုင်ပြဌာန်းခွင့် မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါက (Nation or Nationality) ဆိုတဲ့လူမျိုးကြီးများနှင့်ပတ်သက်ပြီးသိသင့်သိထိုက်သော သဘောတရားတွေပဲ။ ပြီးတော့ -
x x x ဒီဟာတွေကတော့ လူမျိုးရေးလူနည်းစုအခွင့်အရေးတွေနှင့် ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အချက်တွေပဲ။ ပြီးတော့ လူမျိုးရေး လူနည်းစုဆို တာ လူဦးရေးဘယ်လောက်ရှိမှ လူမျိုးရေးလူနည်းစုခေါ်မလဲဆိုတာကို သိဖို့ လိုတယ်။ အရင်စစ်မဖြစ်ခင်ရှိခဲ့တဲ့ နိုင်ငံပေါင်းစုံအသင်းချုပ်ကြီးက သရုပ်ပြဌာန်းထားတာကတော့ လူမျိုးရေးလူနည်းစုဆိုတာ လူမျိုးရေးလူများစုရဲ့ ငါးပုံတပုံလောက်ရှိမှ လူမျိုးရေးလူနည်းစုလို့ ခေါ်နိုင်မယ်လို့ ဆိုထားတယ်။ ဘာပြုလို့လဲဆိုတော့ ရှမ်းပြည်မှာ လူမျိုးပေါင်း (၂ဝ-၃ဝ)လောက်ရှိတယ်။ အဲဒီလိုသာ လူမျိုးကွဲတိုင်း လျှောက်ခေါ်နေရင် ဆုံးမှာမဟုတ်ဘူး။ ဒါကြောင့် လူဦးရေ သတ်မှတ်ရတာပဲ။ သို့ပေမယ့် ဗမာပြည်အဖို့မှာ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံဆိုတာကတော့ များလွန်းအားကြီးတယ်ထင်တယ်။ ဆယ်ပုံတပုံ လောက်ရှိရင်ပဲလူမျိုးရေးလူနည်းစုလို့ ခေါ်သင့်တယ်လို့ ကျနော်ယူဆတယ်။ လူမျိုးရေး၊ လူများစုရဲ့ ငါးပုံတပုံရှိမှ လူမျိုးရေးလူနည်းစု ဆိုရင်တော့ ဗမာပြည်မှာ လူမျိုးရေး၊ လူနည်းစုကို မရှိနိုင်တော့ဘူး။

x x x ဒီတော့ လူမျိုးရေးပြဿနာနဲ့ပတ်သက်ပြီး ကျနော် တော်တော်စုံစုံ လင်လင်ပြောပြပြီးတဲ့နောက် ကျနော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊ လူမျိုးကြီးတမျိုးတည်းပဲဆိုတဲ့ တိုင်းပြည်မျိုး (Unitary State) တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုတယ်။ ကျနော့်အမြင်အရဆိုရင်တော့ အထက်ကဆိုခဲ့တဲ့ လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ်ပေးပြီးတော့ (Unitary State) လူမျိုးကြီးတမျိုးဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စုသဘောမျိုးပဲဖြစ်မှာပဲ။ ဒါပေမယ့် ပေါင်းကာမှ ဆေးအတွက် လေးဆိုတဲ့ ပြည်ထောင်စုမျိုးတစိတ်တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ ပြည်ထောင်စုမျိုးဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားရေးတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျ စီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရမယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်း ကောင်းကျိုးရှိအောင် ပေါင်းကြတာဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဒီလိုလူမျိုးရေး ပြဿနာနဲ့ပတ်သက်ပြီး နောက် အကြောင်းပေါ်ရင် ပေါ်သလို ဆွေးနွေးသင့်ရင် ဆွေးနွေးပါအုံးမယ်။ အခု မိန့်ခွန်းမှာတော့ ဒီ လောက်နဲ့ပဲတော်လောက်ပြီလို့ ကျနော်ယူဆတယ်။ (ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမိန့်ခွန်းမှ)

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးများအပြင် အခြားလူမျိုးအများအပြားလည်း စုဖွဲ့ပေါင်းစည်း နေလျက်ရှိကြပေသည်။ မြန်မာနိုင်ငံတွင် နေထိုက်လျက် ရှိကြသောလူမျိုးများ၏ အခြေအနေမှာလည်း စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအားဖြင့် မညီမညာ အဆင့်ဆင့် ကွဲပြားခြားနားပြီး အချို့မှာ အလွန်ခေတ်နောက်ကျလျက် ရှိကြပေသည်။ ထို့ကြောင့် လူမှုရေးပုံစံစနစ်များအစ ယဉ်ကျေးမှုထုံးတမ်း ဓလေ့များနှင့် နေထိုင်ပုံများပါ ကွဲပြားလျက်ရှိပေသည်။ ဤကဲ့သို့စီးပွားရေးနှင့်ဖွံ့ဖြိုးမှု အဆင့်ဆင့်ကွဲပြားမှုသည် လူမျိုးတမျိုးနှင့်တမျိုး နားလည်မှုလွဲမှားပြီး မယုံ မကြည်မှုများကို ပေါ်ပေါက်စေနိုင်ပေသည်။

ထို့အပြင်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့်ဖွံ့ဖြိုးတိုးတက်ရေး အားဖြင့် အဆင့်ဆင့်ကွဲပြားနေပြီး အချို့မှာ အလွန် ခေတ်နောက်ကျလျက် ရှိနေခြင်းကြောင့်ယင်းအခြေခံများနှင့်ကိုက်ညီသောတိကျသည့်သဘောထား မူဝါဒတရပ်ကို ချမှတ်အကောင်အထည်ဖေါ်နိုင်ရေးသည်လည်း အလွန်ခက်ခဲ နက်နဲသောပြဿနာတရပ်ဖြစ်ပေသည်။ မည်သို့ပင်ရှိစေ ဤပြဿနာကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေနှင့် ကိုက်ညီစွာ လက်တွေ့ကျကျ ဖြေရှင်းပေးခဲ့ပေသည်။ တနည်းအားဖြင့် ဗိုလ်ချုပ်၏ ပြည် ထောင်စု(ဝါ) တိုင်းရင်းသားလူမျိုးများအပေါ် သဘေားထားကိုလည်း လက်တွေ့ပြသရာလည်း ရောက်ပေသည်။

အပိုင်း (ခ) ရှိပါသေးသည်။
Photo = 12-2-1947 historic Pinlong agreement signed by Bogyoke Aung San and ethnic leaders

Bitter pills ဆေးခါးကြီး

နားတော့မငြီးကြနဲ့ပေါ့ဗျာ။ VOA က နောက်တခုမေးလို့ ဖြေခွင့်ရပါသေးတယ်။ ဒေါ်စုကနေ အမတ်သစ်တွေကို စည်းကမ်းလမ်းညွှန်တွေချမှတ်တာက ကြမ်းလွန်းမနေဘူးလားတဲ့။ လိုက်နိုင်ကြပါ့မလားတဲ့။

ကျွန်တော်အမြင်က ရိုးရိုးဆေးကုမရလို့ ဓါတ်ကြမ်းတိုက်သလို မဟုတ်ပါ။ အမှန်တကယ်ပြောင်းလဲဘို့ဆိုတဲ့ မဲဆွယ်ကာလ စကားနဲ့အညီ အမတ်တွေကအစ ပြောင်းကြဘို့ပြောလိုက်တာဖြစ်တယ်။ တနည်းအားဖြင့် မြန်မာပြည်မှာ အဲလိုဆေးခါးကြီး တိုက်ဘို့လိုနေတယ်ဆိုတာကို ပြတာဖြစ်တယ်။

၁ဝဝ% လိုက်နိုင်ကြမယ်လို့တော့ အာမမခံပေမယ့် အမတ်သစ်တွေအားလုံးဟာ အင်ပြည့်အားပြည့်လုပ်ကြမယ်လို့ တထစ်ချယုံကြည်ပါတယ်။ ဒါ့ပြင် နောက် ၅ နှစ်ဖြစ်ဖြစ်၊ ကြားဖြတ်ဖြစ်ဖြစ် အရွေးခံကြအုံးမယ့် အမတ်လောင်းတွေပါ ခုကတည်းက အိမ်စာလုပ်ကြဘို့ နှိုးဆောင်ချက်လို့ပါယူဆပါတယ်။

အိန္ဒိယနမူနာ အဆိုးတခုနဲ့ အကောင်းတခုကို ပေးပါရစေ။ ၂ဝ၁၄ အိန္ဒိယရွေးကောက်ပွဲမှာ မဲနဲ့တက်လာတဲ့ အမတ်သစ် ၃ ဦးမှာ ၁ ဦးက ရာဇဝတ်မှုမကင်းကြပါ။ ကျွန်တော်တို့လူတွေမှာက ၁ဝဝ% ကင်းကြတယ်။ ကောင်းတာတခုက အိန္ဒိယ ပါလီမန်အတွင်းဝန်ရုံးအောက်မှာ အမတ်သင်တန်းရှိတယ်။ မြန်မာပြည်မှာလည်း ရှိစေချင်တယ်။ NLD ပါတီက မဟုတ်သူတွေကိုပါ အကျိုးများစေပါမယ်။

အမတ်တွေမှာသာ အရည်အချင်းတိုးတက်ဘို့လိုတာမဟုတ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွဲဖက် ဆက်စပ် လုပ်ကြရမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ မီဒီယာနဲ့ လူမှုအသင်းအပင်းတွေပါ အရည်အချင်း တိုးတက်ဘို့နည်းလမ်းတွေနဲ့ ပြင်းပြင်းထံထံကြိုးစားကြဘို့ လိုတယ်လို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

Colorado Springs shooting ကိုလိုရာဒိုပစ်ခတ်မှုနဲ့ ကိုယ်ဝန်ဖျက်တာ ဆိုင်သလား

အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုမှာ ဆေးရုံတခုကို သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူ ၃ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရသွားပါတယ်။ ဘာလို့အဲလိုပစ်သလည်း ခုထိမရှင်းလင်းသေးပါ။

Colorado Springs center ဟာ ကိုယ်ဝန်ဖျက်ချပေးနေတဲ့ဆေးရုံတခုဖြစ်နေပါတယ်။ ပစ်ခတ်မှုဟာ အဲဒီအချက်နဲ့ ဆက်နေ မနေတော့ မသိရသေးပါ။ သေနတ်သမား အသက် ၅၇ နှစ်ရှိတဲ့ (ရောဘတ် လူဝီ ဒီးယား) ကို ဖမ်းမိထားပါပြီ။ သူက အမှုတခုကိုလည်း ရင်ဆိုင်နေရသူဖြစ်ပါတယ်။

အဲဒီဆေးရုံရှေ့မှာ ကက်သလစ်တရားဟောဆရာက အပါတ်စဉ်လူစုလူဝေးနဲ့ ဆန္ဒပြသလိုတရားဟောလေ့ရှိပါတယ်။ သေနတ်သမားက အဲဒီလူစုထဲကတော့ မဟုတ်ပါ။

အမေရိကမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင်ပေးထားပါတယ်။ ဒါပေမယ့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်တာရော အယူအဆအမျိုးမျိုး လွတ်လပ်စွာရှိခွင့်လည်းပြုထားလို့ ကိုယ်ဝန်ဖျက်ချရေးမှာလည်း နေရာဒေသအလိုက် မတူကြပါ။

၂၄-၁-၂ဝ၁၁ နေ့က လူတွေ ရာနဲ့ထောင်နဲ့ချီပြီး ဝါရှင်တန်-ဒီစီက လမ်းမတွေပေါ်မှာ မမွေးသေးတဲ့ ကလေးတွေကို သတ်ပြစ်နေကြာကနေ အကာကွယ်ပေးကြဘို့၊ မွေးပြီးသားတွေရော မမွေးသေးသူတွေအတွက်ပါ အသက်ရှင်ပိုင်ခွင့် အခွင့်အရေးအတွက်ပါ ရပ်တည်ပေးကြဘို့ရာ ချီတက်ဆန္ဒပြကြပါတယ်။

(လီလာ-ရို့စ်) က ဒီလိုပြောပါတယ်။ (ဖီလာဒက်ဖီးယား) မှာ (ကာမစ်-ဂို့စ်နဲလ်) ကနေ ကိုယ်ဝန်ဖျက်ချလို့ ခါးရိုးထဲက အာရုံကျော ပျက်စီးတဲ့ အမျိုးသမီးတယောက် ရှိပါတယ်။ ကျမတို့လေ့လာမှုတွေကနေ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချလို့ သေသုံးရတာတွေ တွေ့ရပါတယ်။

ကျမတို့တိုင်းပြည်မှာ မွေးလာရမဲ့ကလေးတွေကို ကိုယ်ဝန်ဖျက်ချပြီး သတ်ပြစ်တာကို မကာကွယ်နိုင်တဲ့အတွက် ကျမနှလုံးသားထဲအထိ ထိခိုက်ပါတယ်ရှင်။ ကျမနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ကိုယ်ဝန်ဖျက်ပေးတဲ့ ဆေးခန်းတွေ ရှိတယ်။ နေ့တိုင်း အဲတာတွေကို လှမ်းမြင်နေရတာ စိတ်မချမ်းသာစရာ အလွန်ကောင်းလှပါတယ်။ လူအတော်များများ မသိချင်ရောင် ဆောင်နေကြသေးတယ်။ ကျမကတော့ လျှောက်ကြည့်တာဘဲ။

ကျမတို့ အဲလိုသေဆုံးနေကြရတဲ့ မမွေးလာသေးတဲ့ကလေးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ကြရအောင်ပါ။ ၁၉၇၃ ခုနှစ်ကနေ ကိုယ်ဝန်ဖျက်ချတာကို ဥပဒေအရခွင့်ပြုခဲ့တာကို ဆန့်ကျင်ဘို့ နှစ်ပါတ်လည်နေ့မှာ ဆန္ဒပြပါမယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လူတိုင်းအသက်ရှင်ရပ်တည်ခွင့်ဆိုတာ ပါရက်သားနဲ့ ဒီဥပဒေက ဆန့်ကျင်နေတာပါ။ တနေ့တည်းသာမကာပါဘူး။ ကိုယ်ဝန်ဖျက်တာကို နေ့တိုင်းဆန့်ကျင်ပေးကြပါရှင်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅
http://www.cnn.com/2015/11/27/us/colorado-shooting-probe/

Baian Lishou Coffee ကြော်ငြာကော်ဖီ

ထိုင်းကနေဝယ်ရတယ်ပြောတဲ့ ကော်ဖီထုပ်ပါရှင့်။ အစာစားချင်စိတ်ကိုထိန်းပေးတယ် ရေငတ်တယ်။ ဝမ်းလဲချုပ်ပါတယ်။ အဆီကျတယ်ပြောလို့ ဝယ်သောက်တာ ချွေးတွေအရမ်းထွက်ပြီးမူးပါတယ်။ ညာဘက်လက်သန်း၊ လက်သူကြွယ်၊ လက်ခလယ်အကြောတွေလည်း ကိုက်ပါတယ်။ မတည့်ဘူးထင်လို့ ဆက်မသောက်တော့မှသက်သာသွားပါတယ်။ အရမ်းကို စိတ်ဖိစီးမှုဖြစ်ပါတယ်။ စိတ်မကြည်ပါဘူး။ အလိုမကျတာတွေဖြစ်ပါတယ်။ သူငယ်ချင်းမှာ အဲ့လိုမျိုးဖြစ်တာတွေ မရှိပါဘူး။ တခြားသူငယ်ချင်းလည်း သောက်တာ ပိန်လဲပိန်ပါတယ်။ သမီးဖြစ်သလိုသူတို့ ၂ ယာက်လုံးမဖြစ်ပါဘူး။ သမီးမှာ တခြားရောဂါများရှိနေလို့များလားသိချင်လို့ပါ။ အရိုးနဲ့အကြောဆေးရုံကိုသွားပြသင့်ပါသလားရှင့်။

ကြော်ငြာဆေးဖြစ်တယ်။ ဆရာဝန်တွေက မညွှန်ပါ။ ပိန်ဆေးသဘောဆေးပါတယ်။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုး ဆေးသုတေသန မတွေ့သေးပါ။ ဆေးစစ်တာတော့ ကိုယ်တိုင်ဆုံးဖြတ်ပါ။ မေးတဲ့သူ (သောက်တဲ့သူ) အသက်၊ ရာသီ၊ အိမ်ထောင်ရေး စတာတွေ မသိပါ။

ဒီကြော်ငြာကော်ဖီထက်ဆိုးတဲ့ ကော်ဖီလည်းရှိတယ်။ Love Coffee ညစ်ညမ်းကော်ဖီခေါ်တယ်။ ရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ (၃)

လူထဲကို ပိုးတမျိုးမျိုးဝင်လာတာနဲ့ အဲဒါကို ခုခံတိုက်ဖျက်ပေးမဲ့ သက်ဆိုင်ရာ Antibody (အင်တီဘော်ဒီ) ခုခံအားတွေ ထွက်လာတယ်။ HIV antibody စမ်းတယ်ဆိုတာ အဲဒါတွေ Blood သွေးထဲ၊ Saliva တံတွေးထဲ နဲ့ Urine ဆီးထဲမှာ ရှိနေ-မနေ စစ်ဆေးတာ ဖြစ်ပါတယ်။ HIV antibody test စမ်းသပ်နည်းဟာ လူကြီးတွေမှာ HIV ရှိ-မရှိကို အသင့်တော်ဆုံးနဲ့ အသုံးအများဆုံး စစ်ဆေးနည်းဖြစ်တယ်။ ဈေးလည်းမကြီးတဲ့ပြင် တိကျတယ်။ ဒီနည်းကို ELISA (Enzyme-Linked Immunoabsorbent) နဲ့ EIA (Enzyme Immunoassay) ခေါ်တယ်။ ရှိနေတာ ရှာတွေ့တယ်ဆိုတဲ့ သဘောက အဲဒီလူမှာ HIV ပိုး ဝင်နေပြီ။

ဒါပေမဲ့ ချွင်းချက် ၂ ခုရှိတယ်။
၁။ ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာ မအေဆီက (အင်တီဘော်ဒီ) တွေလဲ ပါလာတာမို့ ၁၈ လ အထိ ဆေးစစ်ရင် အပေါင်းလက္ခဏာပြမယ်။ တကယ်တော့ ဒီကလေးမှာ ပိုးရှိနေတာတော့မဟုတ်ဘူး။ ဒီလို ကလေးမျိုးတွေကို PCR test ဆိုတာ လုပ်ပါတယ်။
၂။ HIV vaccine trials ကာကွယ်ဆေး စမ်းသပ်တာကို ခံယူနေသူတွေမှာလဲ အဲလိုပြမယ်။

HIV ပိုး ဝင်ထားသူ အများစုဟာ ကူးစက်တာခံရပြီး ၆-၁၂ ပါတ်အတွင်း စမ်းသပ်လို့ရတဲ့ (အင်တီဘော်ဒီ) တွေရှိလာမယ်။ ၆ လ နေမှတွေ့တာရှားတယ်။ ဒိထက် ပိုကြာမယ်ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ဒီလို ပိုးဝင်နေပေမဲ့ စမ်းလို့ မတွေ့သေးတဲ့ ကာလကို Window period ပြူတင်းပေါက်ကာလ၊ ကြားကာလခေါ်တယ်။ ဒါ့ကြောင့် ပိုးဝင်မယ်လို့ သံသယဝင်တဲ့နောက် ၃ လ အကြာမှာစမ်းတာ သင့်တော်တယ်။ အဲဒီအချိန်မှာ မတွေ့သူဟာ ဥပမာ စိတ်မချရတဲ့ လိင်ဆက်ဆံနည်းကနေ ပိုးမဝင်ခဲ့ဘူးလို့ ပြောနိုင်တယ်။ ၆ လ နေလို့မှ မတွေ့ရင်တော့ သေခြာပါတယ်။ ပိုးမကူးခဲ့ပါ။ နောက်တခါတော့ စိတ်ချရတဲ့ ဆက်ဆံနည်းကိုသာ သုံးပါ။

သတိကြီးဘို့လိုတာက Window period မှာ တကယ်လို့ ပိုးရှိနေရင် သူများကို ကူးနိုင်တယ်။ Subtype B ပိုးမျိုးအတွက် HIV-1 antibody tests နည်းရဲ့ ပျမ်းမျှကြားကာလဟာ ၂၅ ရက်ရှိတယ်။ Antigen testing နည်းဆိုရင် ၁၆ ရက်နဲ့ NAT (Nucleic Acid Testing) နည်းက ၁၂ ရက်ဖြစ်တယ်။ Window period မှာ Antiretroviral therapy (ဗိုင်းရပ်စ်) ဆေးသောက်လိုက်ရင် Antibodies ဖြစ်လာမှာကိုပါ နှေးစေလို့ ကြားကာလက ၁၂ လလောက်အထိ ကြာနိုင်တယ်။

ELISA test က တိကျလို့ မှားပြီးအပေါင်းပြတာ မရှိသလောက်ဖြစ်တယ်။ တကြိမ်စစ်လို့ အပေါင်းပြသူ အားလုံးကို Western blot (Protein immunoblot) နဲ့ Indirect immunofluorescence assay စမ်းသပ်နည်းတွေကို ဆက်လုပ်မယ်။ ဥရောပမှာ Line immunoassay ကိုပါလုပ်မယ်။ ဆက်စစ်လို့လဲ အပေါင်းပြနေရင် ဝ့၁% ထက် မလွဲနိုင်တော့ပါ။ သူ့မှာ ပိုးရှိနေပြီ။

Antigen test (P24 test) (အင်တီဂျင်) စမ်းသပ်နည်းနဲ့ သေခြာစေနိုင်တယ်။ (အင်တီဂျင်) ဆိုတာ ကိုယ့်ပစ္စည်း မဟုတ်တဲ့ ပိုးမွှားလိုဟာ ဖြစ်တယ်။ ဒါမျိုး ဝင်လာရင် ကိုယ်ခန္ဓာကနေ (အင်တီဘော်ဒီ) ထုတ်စေမယ်။ HIV ပိုးရဲ့ အဲလိုဟာကို Protein P24 လို့ခေါ်တယ်။ HIV ဝင်တာနဲ့ ၂-၈ ပါတ်အတွင်း P24 တွေများများလာမယ်။ သွေးကိုစစ်ရင်တွေ့မယ်။ ရောဂါရလာချိန်မှာတော့ သူတို့ ပျောက်ပျောက်သွားမယ်။ ဒါ့ကြောင့် P24 antigen test ကို အမြဲမလုပ်ဘဲ၊ စတုတ္ထ-မျိုးဆက်စမ်းသပ်နည်းအနေနဲ့သာသုံးတယ်။ Fourth generation tests ဆိုတာ P24 antigen test နဲ့ Antibody test တွဲလုပ်တာကို ခေါ်တယ်။ ပိုတိကျတယ်။

PCR (Polymerase Chain Reaction) test ဆိုတာ HIV ပိုးရဲ့ မျိုးဇီဇကို စစ်တာဖြစ်တယ်။ ပိုးဝင်ပြီးနောက် ၂-၃ ပါတ် အကြာ စမ်းလို့ရလာတယ်။ Viral load test နဲ့ HIV NAAT (Nucleic acid amplification testing) လို့လဲ ခေါ်တယ်။ ပိုးရှိ မိခင်ကနေ မွေးတဲ့ ကလေးကို PCR test လုပ်ရတယ်။ အမေဆီက Antibodies တွေရနေတယ်။ Antibody test က မတိကျလို့၊ ဈေးလဲကြီးတာမို့ လူတိုင်းကိုတော့မစစ်ပါ။ ချမ်းသာတိုးတက်တဲ့နိုင်ငံတွေမှာ သွေးလှူရာမှာလဲ PCR test ပါ လုပ်တယ်။

• Rapid HIV tests ဆိုတာ နည်းပညာအရ ELISA tests နဲ့တူပေမဲ့ စစ်ရတာ မိနစ် ၂ဝ သာကြာတယ်။ သွေး ဖြစ်ဖြစ် သွားရည် ဖြစ်ဖြစ် စစ်နိုင်တယ်။ Rapid Antibody Test ကို Rapid or point-of-care test ခေါ်တယ်။ Qualitative immunoassays အရေအတွက်ကို စစ်တာဖြစ်တယ်။
• Home testing နည်းက ကိုယ့်ဖါသာကိုယ် အိမ်မှာတင် သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ်နဲ့ စမ်းလို့ အဖြေကို မိနစ်ပိုင်းအတွင်း သိနိုင်တယ်။ ပိုသေခြာအောင်တော့ ဓါတ်ခွဲခမ်းမှာ ထပ်စစ်သင့်တယ်။
• Home sampling kit ဝယ်၊ ကိုယ့်သွေးနဲ့ စမ်းပြီး၊ ဓါတ်ခွဲခမ်းပို့နိုင်တယ်။ ရက်သိပ်မကြာခင် အဖြေကို ဖုန်းဆက် မေးနိုင်တယ်။ သူများ မသိအောင် လုပ်နည်းတခုပေါ့။ နိုင်ငံအတော်များများမှာ HIV ဆေးစစ်တာကို လှို့ဝှက်ဘို့နဲ့ ကာယကံရှင်က စမ်းခြင်မှ စမ်းဘို့ သတ်မှတ်ထားတယ်။
• Home Access Express HIV-1 Test ကို FDA က အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ OraQuick ဆိုတာ မိနစ် ၂ဝ သာ ကြာတဲ့ Antibody test ဖြစ်တယ်။ Blood သွေး၊ Plasma (ပလာစမာ) သွေးရည်ကြည် နဲ့ Oral fluid ပါးစပ်က အရည် တခုခုကို စမ်းနိုင်တယ်။ HIV 1 နဲ့ HIV 2 ပိုးတွေကို စမ်းတာဖြစ်တယ်။
• Uni-Gold နည်းက ၁ဝ-၁၂ မိနစ်သာကြာတဲ့ Rapid HIV antibody test ဖြစ်တယ်။ သွေးစက်ကို စမ်းတာ။ FDA က အသိအမှတ် ပြုထားတဲ့ HIV 1 ကို စစ်ဆေးနည်း ဖြစ်တယ်။
• Clearview Complete HIV 1/2 နဲ့ Clearview HIV 1/2 Stat-Pak နည်းတွေက သွေး၊ သွေးထဲက (ပလာစမာ)၊ (စီရမ်) ကို စမ်းရတဲ့ အမြန်နည်း၊ ၁၅ မိနစ်သာ ကြာတယ်။
• iDiagnostics Rapid HIV Test နည်းကို အသိအမှတ် မပြုရသေးဘူး။

HIV Antibodies တခါ မတွေ့ယုံနဲ့ ကူးစက်မှုကင်းတယ်လို့ ချင်ချင်းပြောမရသေးပါ။ ၂-၆ ပါတ်ကြာမှာ တွေ့လာနိုင်တယ်။ ဆေးစစ်လို့ အပေါင်းဖြစ်နေသူဟာ တချိန်မှာတော့ Antiretroviral treatment ဆေးကုဘို့လိုလာမယ်။ ဆေးဆိုတာက ဗိုင်းရပ်စ်ကို နှေးသွားအောင်နဲ့ ခုခံအားကိုထိန်းဘို့ဖြစ်တယ်။ ပိုးရှိနေပေမဲ့ စိတ်ချရတဲ့ လိင်ဆက်ဆံရေး လုပ်နိုင်ပါတယ်။ ကိုယ်အရင်က လိင်ဆက်ဆံခဲ့ဘူးသူတွေကိုလည်း အသိပေးသင့်တယ်။ အိမ်ထောင်ပြုမယ်ဆိုရင်လဲ ရောဂါအကြောင်း သိအောင်လုပ်ပါ။ ကာကွယ်နည်း၊ ကုသနည်းတွေ ကြိုတင်ပြင်ဆင်ပါ။

CD4 T-cell count စစ်ဆေးနည်းဟာ HIV ရောဂါရှာတာ မဟုတ်ဘူး။ HIV-positive ပိုးရှိနေသူတွေရဲ့ Immune system ခုခံအား-စနစ်ကို စောင်ကြည့်တာသာ ဖြစ်တယ်။ ရောဂါအခြေအနေ တိုးတက်မှု-ဆုတ်ယုတ်မှုကို တိုင်းထွာတာ ဖြစ်တယ်။ CD4 T-cell counts နည်းတယ်ဆိုတာ ဒီရောဂါတခုထဲမှာတော့ မဟုတ်ဘူး။ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ပါရာဆိုက် ဝင်တာ၊ အနာရင်းတာ၊ တီဘီ ရှိတာ၊ မီးလောင်တာ၊ ခိုက်မိတာ၊ (ပရိုတင်း) ကို အကြောဆေးထိုးတာ၊ အာဟာရချို့တဲ့တာ၊ အားကစားလုပ်တာ လွန်ကဲတာ၊ ကိုယ်ဝန်ဆောင်တာ၊ စိတ်ပိုင်းဖိစီးမှုများတာနဲ့ အထီးကျန် နေရတာတွေကြောင့်လဲ များနိုင်တယ်။

CD4 counts ပုံမှန်ဆိုရင် 500 ကနေ 1500 CD4+ T cells/microliter ရှိတယ်။ ယေဘုယျပြောရရင် အမျိုးသမီးတွေက ပိုနည်းတယ်။ HIV ပိုးရှိနေသူမှာ CD4 T-cell count က 200 cells/μL ထက်နည်းတာ၊ ဒါမှမဟုတ် Opportunistic infections အခွင့်ကောင်းယူကူးစက်တာ တခုခုရှိမှသာ ၁၉၉၂ ကတည်းက AIDS လို့ တရားဝင်သတ်မှတ်ပါတယ်။

Dr. တင့်ဆွေ