မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, December 31, 2015

2016

• ၂ဝ၁၆ ခုနှစ်ဟာ ဂျော်ဂျီယန်ပြက္ခဒိန်အရ ရက်စုံနှစ်ဖြစ်ပြီး၊ သောကြာကစတယ်။ Common Era (CE) ပြက္ခဒိန်ကာလအရ ၂ဝ၁၆ နှစ်မြောက်နေ့ ဖြစ်တယ်။ ၁၈ ရာစုနှစ်ဖြစ်တယ်။ ၂၁ ထောင်စုနှစ်ထဲမှာ ၁၆ နှစ်မြောက် ဖြစ်တယ်။
• ကုလသမဂ္ဂ ၆၈ ကြိမ်မြောက်အစည်းအဝေးကနေ ၂ဝ၁၆ ခုနှစ်ကို International Year of Pulses ပဲမျိုးစုံနှစ်လို့ သတ်မှတ်ထားတယ်။
• ဇန္နဝါရီလထဲမှာ တိုင်ဝမ်မှာ သမတရွေးကောက်ပွဲရှိမယ်။ ပဌမဆုံးအမျိုးသမီးသမတ ဖြစ်လာကောင်းလာမယ်။
• မတ်လ ၈ ရက်နေ့ နေလုံးဝကြတ်မယ်။
• မတ်လ (၃ဝ) ရက်နေ့ မြန်မာနိုင်ငံမှာ သမတသစ်နဲ့ ဒုတိယသမတသစ်နှစ်ဦး တက်လာမယ်။
• သြဂုတ်လ ၅ ရက်ကနေ ၂၁ ရက်အထိ နွေရာသီအိုလံပစ်ပွဲတော်ကို ဘရာဇီးလ်နိုင်ငံမှာကျင်းပမယ်။
• နိုဝင်္ဘာလထဲမှာ အမေရိကန်သမတရွေးကောက်ပွဲကျင်းပမယ်။ အာစီယန်-အရှေ့အာရှခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးကို လာအိုနိုင်ငံမှာကျင်းပမယ်။
• ဒီဇင်္ဘာမှာ အမေရိကန် ပုလဲဆိပ်ကမ်းဗုံးကျဲခံရတာ ၇၅ နှစ်ပြည့်မယ်။
• ၂ဝ၁၆ ခုနှစ်ထဲမှာ ကမ္ဘာ့နိုင်ငံရေး ၄ ပုံ ၃ ပုံမှာ မှာအကတိလိုက်စားမှုထူပြောမယ်။
• တရုပ်ဆယ်နှစ်ရာသီခွင်အဆိုအရ မျောက်နှစ်ဖြစ်တယ်။ ကောင်းတဲ့နှစ်လို့ယူဆတယ်။
• ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချပ်သစ် ရွေးကောက်တင်မြှာက်မယ်။ ပထမဆုံးအမျိုးတယောက်ကို ရွေးကောင်း ရွေးမယ်။ UNESCO အကြီးအကဲ Irina Bokova (အိုင်ရီနာ ဘိုကိုဗာ) တစ်ပြေးနေတယ်။ နယူးဇီလန်သမတဟောင်း Helen Clark (ဟယ်လင် ကလာ့ခ်) လည်း အလားအလာရှိတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

As usual news မထူးတဲ့သတင်း

နှစ်အကုန် နှစ်အကူး ဘာသတင်းထူးသလည်း။
မြန်မာပြည် ရခိုင်ဒေသက စီးပွါးရေးအထူးဇုန်တည်ဆောက်ဘို့ တရုပ် CITIC Group Corporation ဦးစီးတဲ့ (ကွန်ဆိုတီးယား) က အခွင့်ရသွားတယ်ဆိုတဲ့သတင်းနဲ့
အစိုးရသစ်မတက်မီမှာ တရုပ်မိုင်းတူးသမားတွေနေ မြန်မာ့ကျောက်စိမ်းတွေကို အစွမ်းကုန် ကမ်းကုန်အောင် တူးဖေါ်နေကြသတဲ့။

ဘနဖူး သိုက်တူးတယ်ဆိုတာ ထူးတဲ့သတင်းတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

2016 ၂ဝ၁၆ မှာပေါ်လာပါစေ

ကွန်မင့်ကနေ မေးခွန်းမေးတာ လျှော့မလာသေး။ ကွန်မင့်မှာ အရုပ်တွေ၊ စတစ်ကာတွေ လာတင်တာလည်း နည်းမသွားသေး။ အသက်-ကျား-မ မပြောမပြချင်သူလည်း စံချိန်မကျသေးပါ။

သူများလက်ရာတွေ ကူးတင်တာကို ကိုယ်တိုင် ကောင်း-မကောင်း၊ ကြိုက်-မကြိုက်လို့ ကီးဘုတ်နှိပ်တာလို အဆင့်တူ မထားချင်ပါ။ အဲလိုဟာတွေက နေရာတကာမှာတွေ့နေရလို့ အီနောက်လာတယ်။

(ဟုတ်) ဆိုတာရယ်၊ (ကျေးဇူး) ဆိုတာရယ်နဲ့ ဖြစ်နိုင်ရင် (မေးနည်းစည်းကမ်း) ကို (အီမိုအိုင်ကွန်) လို့ တံဆိပ်တုံးနှိပ်သလို လုပ်လိုရရင် သိပ်ကောင်းမှာပဲ။ သုံးရဖန်များလွန်းလှတယ်။ ကော်ပီ-အင်-ပေ့စ် လုပ်ရတာကိုက အချိန်မနည်းကုန်တယ်။

၂ဝ၁၆ ထဲမှာ စည်းကမ်းကောင်းတာတွေ၊ အဆင်ပြေတာတွေ ပေါ်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

The Most Dangerous Times on the Road

လမ်းပေါ်မတော်တဆဖြစ်မှု အဆိုးဆုံးကာလများ

အရက်သောက်ရင်း ကားမောင်းလို့ လမ်းပေါ်မှာ မတော်တဆဖြစ်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်စေတယ်။

၂ဝဝ၁ ကနေ ၂ဝဝ၅ အတွင်း National Highway Traffic Safety Administration (NHTSA) မှတ်တမ်းတွေအရ တနေ့မှာပျမ်းမျှ ၃၆ ယောက်သေဆုံးခဲ့တယ်။ ခရစ်စမတ်နေ့မှာ နေ့စဉ် ပျမ်းမျှ လူ ၄၅ ယောက်သေဆုံးတယ်။ နှစ်သစ်ကူးနေ့မှာ ၅၄ ယောက်သေဆုံးခဲ့တယ်။ နွေရာသီမှာသက်သာတယ်။

ဆယ်ကျော်သက်တွေအတွက် အဆိုးဆုံးရက် ၁ဝဝ ရှိတယ်။ Memorial Day အောက်မေ့ဘွယ်နေ့နဲ့ Labor Day လေဘာနေ့ကြားရက်တွေဖြစ်တယ်။ မေလနဲ့ သြဂုတ်လအတွေင်း ဟိုင်းဝေးလမ်းမတွေပေါ်မှာ ၁ဝ ယောက်ဖြစ်တာ ၉ ယောက်သေဆုံးတယ်။

အဆိုးဆုံးက ဟောလီးဒေးတွေမှာဖြစ်တယ်။ ဥပမာ ဇူလိုင်လ (၄) ရက် အမေရိကန်လွတ်လပ်ရေးနေ့။ ပျမ်းမျှ ၄၄ ယောက်သေတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်ကြားမှာ သေဆုံးနှုန်း ၃၄% တိုးလာတယ်။ ၄၅ ယောက်သာ သေရာကနေ ၅၄ ယောက်အထိသေးလာတယ်။ စက်တင်္ဘာ (၂) နဲ့ သြဂုတ်လ (၁၃) ရက်တွေက ဒုတိယနဲ့ တတိယလိုက်တယ်။ ဇူလိုင် (၁၅)၊ မေ (၂ဝ) နဲ့ နိုဝင်္ဘာ (၁၁) တွေက ဆက်လိုက်တယ်။ နှစ်သစ်ကူးအကြိုနေ့ ဒီဇင်္ဘာ (၃၁) ရက်က နံပါတ် (၇) လိုက်ပြီး၊ ၁၃ဝ ပျမ်းမျှသေတယ်။

မြန်မာပြည်မှာ အရက်မူးပြီး သေဆုံး ဒဏ်ရာရတာတွေ လျှော့နည်း ပပျောက်ပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

Postpartum Umbilical Hernia ကလေးမွေးပြီး ချက်စူခြင်း

၁။ ဆရာရှင့် ကျွန်မအသက်သုံးဆယ် အိမ်ထောင်ရှိပါတယ်  ကလေးနှစ်ယောက်အမေပါ။ ဒုတိယကလေး မွေးထားတာ ရှစ်လရှိပါပြီ။ ဗိုက်အရမ်းပူလာပါတယ်ဆရာ။ ပထမသားလေးမွေးပြီးတုန်းကလဲ ဗိုက်ပူပါတယ်။ ကလေး ဆယ်လသားမှာ gym ဆော့အစားလျှော့လို့ ပုံမှန်ခန္ဓာကိုယ်ပြန်ရပါတယ်။ ဒုတိယကလေးကိုယ်ဝန်ဆောင်တော့ ချက်စူထွက်လာလို့ OG က အူကျွံတယ်ပြောပါတယ်။ ဗိုက်ခွဲမွေးတာမို့ ကလေးမွေးရင်း တခါတည်း ချက်ပြန်ဖာပေးပါတယ်။ ခုဒုတိယကလေး အသက်ရှစ်လရပါပြီ။ ဗိုက်က တအားပူနေတာ လုံးဝမကျပါဘူး။ ဗိုက်အလယ်ချက်နားက ကွက်ပူပါတယ်။ ဆီးစပ်နားက သိပ်မပူပါဘူး။ ကိုယ်ဝန်နဲ့တုန်းကလည်း ဗိုက်ကြွက်သားတွေအရမ်းအားနည်းပြီး ဗိုက်က အောက်ဖက်အရမ်းလျှောပါတယ်။ ခုလည်း ဗိုက်ကအရမ်းပျော့ပြီး ပူနေပါတယ်။ အူကြွံထားတာမို့ GYM ကစားလို့ရပါ့မလားဆရာ ဗိုက်ပြန်ချပ်အောင် အစားအသောက် လေ့ကျင့်ခန်း၊ ဆေး ဘာတွေလုပ်ရမလဲသိချင်ပါတယ်။

၂။ ကျွန်တော့အမျိုးသမီး ရန်ကုန်မှာ ကျောင်းဆရာမလုပ်ပါတယ်။ အသက်က ၄၉ နှစ်ပါ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ချက်နေရာက မခံနိုင်အောင်နာလို့ ဆေးခန်ပြတော့ ဆရာဝန်မက အူကျွံတာလို့ပြောပြီး သောက်ဆေးပေးလိုက်ပါတယ်။ မသက်သာရင် ခွဲစိတ်အထူးကုနဲ့ပြပြီးခွဲပါလို့ပြောပါတယ်။ ကြည့်လိုက်တော့ ချက်မှာ ဇီးစေ့လောက်လေး စူနေပါတယ်။ ဆေးသောက်လိုက်တာ ကောင်းသွားပါတယ်။ ချက်စူကတော့ မပျောက်ပါဘူး။ တနှစ်တခါလောက်တော့ ပြန်နာပေမဲ့ အရင်လောက်မဆိုးဘဲ တရက်နှစ်ရက်လောက်ဆို ပြန်ကောင်းသွားပါတယ်။ ချက်ကတော့ ပိုစူလာတာ အခုဆို ကွမ်းသီးခြမ်းချက်ပေါ်တင်ထားသလိုပါဘဲ။ တချို့က ခွဲဖို့အကြံပေးကြပေမဲ့ တခါတလေမှနာတာရယ် ကုန်ကျစရိတ်ရယ် ရန်ကုန်ကဆေးခန်းတွေရဲ့ ကောလဟာလတချို့ကြောင့် သူက မခွဲချင်ပါဘူး။ အဲဒါ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဆရာ့ကို အကြံတောင်းပါရစေခင်ဗျာ။

အမျိုးသမီးတွေ ချက်စူလာတာက ကိုယ်ဝန်ဆောင်နေတုံးမှာလည်းဖြစ်နိုင်တယ်။ မွေးပြီးမှလည်းဖြစ်နိုင်တယ်။ အူကျွံတာ ဖြစ်တယ်။ သားအိမ်ကျတာကိုလည်း ကျွံတာပဲခေါ်တယ်။ ဝမ်းဗိုက်တွင်းဖိအား (ပရက်ရှာ) များလို့ဖြစ်တယ်။ ဗိုက်ကို ဖိအားပေးတိုင်း ထွက်စရာနေရာရှာတယ်။ အားနည်းတဲ့နေရာကနေ စူထွက်မယ်။ ချက်။ ယောက်ျားတွေအူကျတာလည်း အတူတူပဲ။ ကလေးငယ်လေးတွေချက်ဖေါင်းတာလည်းအတူတူပဲ။ ဗိုက်ထဲမှာ တွယ်ကပ်မနေပဲ လှုတ်ရှားနိုင်တာက အူတွေဖြစ်တယ်။ အူသိမ်ဖြစ်တယ်။ အဲတာက အားနည်းချက်နေရာကနေ စူထွက်တယ်။

မတ်တတ်ရပ်ရင်ထွက်မယ်။ အလေးအပင်မရင်၊ ချောင်းဆိုး၊ နှာခြည်၊ ဝမ်းညှစ်ရရင် သိသိသာသာထွက်မယ်။ ရယ်လိုက်ရတာ အူကိုနှိပ်နေရတာပဲ လုပ်ရင်ထွက်မယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်းထွက်မယ်။ ဗိုက်ခွဲကလေးမွေးသူ တချို့မှာ ချုပ်ရိုးကြောင်းကနေ စူထွက်ပြီးအဲလိုဖြစ်နိုင်တယ်။ ကလေးမွေးရတာများလွန်းသူတွေ၊ လူကဝနေသူ၊ အလေးအပင်မရတာများသူ၊ မွေးပြီးကာစ အနေအထိုင်လိုသူတွေမှာ ပိုဖြစ်နိုင်တယ်။
မဖြစ်စေအောင် ကြွက်သားတွေအားကောင်းအောင် လေ့ကျင့်ခန်းလုပ်နိုင်တယ်။ ဗိုက်က ဗယ်လီကြွက်သားတွေနဲ့ တင်ပါးဆုံထဲကကြွက်သားတွေကို အားကောင်းစေအောင်လုပ်ရမယ်။ နောက်ဟာအတွက်က (ကီဂယ်) လေ့ကျင့်ခန်း ဖြစ်တယ်။

ဖြစ်စေတဲ့အကြောင်းသိအောင်လုပ်ပြီး ဆင်ခြင်ပါ။ ချောင်းဆိုးရင် ဆေးကုသမှုစနစ်ကျပါစေ။ ဆေးလိပ်မသင့်ပါ။ ချောင်းဆိုး၊ နှာခြေရင် ကြွက်သားတွေကို ထိန်းပြီးလုပ်ပါ။ အလေးအပင်မတာမှာလည်း ထိန်းလုပ်လို့ရတယ်။ ဝမ်းချုပ်တာကို အစားအသောက်နဲ့ပြင်ပါ။ အိမ်သာထိုင်ရတာမှာ ဆောင့်ကြောင့်ထိုင် မသင့်ပါ။ ဒူး ၉ဝ ဒီဂရီထားရတာမျိုး ဖြစ်နိုင်ရင်သုံးပါ။ ဝမ်းနုတ်ဆေးခဏခဏမသောက်ပါတဲ့။ ကလေးကို ကောက်မယူတာသတိနဲ့လုပ်ပါ။ ကိုယ်အလေးချိန် ထိန်းပါ။

ကြွက်သားအားကောင်းစေသင့်တယ်။ ပိုဆက်ဆီယမ်လိုမယ်။ ပိုတက်ဆီယမ်ဆေးက ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ ဆေးမှုံ့။ ပိုတက်ဆီယမ်ကြွယ်ဝသည့်အစာတွေစားသောက်ပါ။ လိမ်မော်သီး၊ သရက်သီး၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်းသီး၊ စထောဘယ်ရီ၊ မက်မွန်းသီး၊ ဆလတ်ရွက်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အစေ့အဆံများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ နွားနို့၊ အာလူး။ ဖရဲသီး၊ ပဲသီး၊ အသား၊ စပျစ်သီး၊ ရောဂတ်၊ အသီးခြောက်များ။

ကုသနည်းက နောက်ဆုံးမှာ ခွဲစိတ်ရတယ်။ အူထွက်တာကြီးမှ၊ အနေရခက်မှသာခွဲဘို့လိုမယ်။ ခွဲတဲ့အခါ အပေါ်ပိတ်ပေးယုံသာမက ပိုအားကောင်းအောင်ပြင်ရတာလည်းလုပ်ပေးတယ်။ အဲတာတွေကို မရေးတော့ပါ။

ခွါမြင့်ဖိနပ်စီးတာ မသင့်ပါ။ မိန်းကလေးလို ပိပိယိယိထိုင်ပါဆိုတာ ကောင်းတဲ့သွန်သင်မှုဖြစ်တယ်။ လူတွေကြား တအားရယ်မောတာကိုလည်း လူကြီးတွေကဆုံးမရရင် နားထောင်သင့်တယ်။ ဆောင့်ကြောင့်ထိုင်တာ မသင့်ပါ။ အထိုင်မတတ်တော့ အူကျတတ်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

ASCUS Pap abnormality သားအိမ်ဝစစ်ချက် ပုံမှန်မထွက်

ဆရာရှင့် သားအိမ်ခေါင်းစစ်တာ မသင်္ကာစရာတွေ့တယ်လို့ပြောပါတယ်။ ဘာကိုလည်းဆိုတာတော့ မပြောပါဘူးရှင့်။ HPV ပိုးထပ်စစ်ဖို့ချိန်းထားပါတယ်။ positive ဆိုရင်လုံးဝမကောင်းဘူးလို့ပြောပါတယ်။ positive ဖြစ်ခဲ့ရင် ဘယ်လိုကုသမှုမျိုး ပြု လုပ်ရမလဲရှင်းပြပေးစေချင်ပါတယ်။

Pap smear/Pap test ဆိုတာ သားအိမ်ဝကိုစစ်ဆေးတာ။ HPV ဆိုတာ သားအိမ်ဝကင်ဆာကိုဖြစ်စေနိုင်တဲ့ ကြွက်နို့ပိုး ဖြစ်တယ်။ စစ်တဲ့အခါမှာ အဖြေ အမျိုးမျိုးထွက်လာနိုင်တယ်။ HPV vaccine ဆိုတာ သားအိမ်ဝကင်ဆာ ကာကွယ်ဆေး ဖြစ်တယ်။ အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား အမျိုးသမီးတွေကို ထိုးပေးရတယ်။

သားအိမ်ဝစစ်ဆေးတာ Pap normal ပုံမှန်သာရှိပြီး၊ HPV positive for high-risk လို့လည်းအဖြေထွက်တတ်တယ်။ လူက ဘာမှမဖြစ်ပဲ HPV ပိုးကူးစက်ခံထားရသူတွေမှာ အဲလိုဖြစ်နိုင်တယ်။ သားအိမ်ဝကအကောင်းသာရှိနေမယ်။ အဲလိုဖြစ်နေသူမှာ HPV ပိုးအမျိုးအစားက အန္တရာယ်ရှိတာမျိုးဖြစ်နိုင်တယ်။ အဲလိုဖြစ်နေတဲ့ဆဲလ်တွေ တွေ့တာကို ဆိုလိုတယ်။ အဲလိုတွေ့သူကို နောက်ထပ်စစ်ရမယ်။ ဥပမာ နောက် ၃ လ။ ကိုယ်ခံအားကနေ အဲလိုဖြစ်တာကို တိုက်ထုတ်လိုက်ရင်လည်း ကောင်းလာနိုင်တယ်။

အဖြေစာမှာ ASCUS ဆိုတာ Atypical Squamous Cells of Unknown Significance ဖြစ်တယ်။ HPV-negative အနုတ်ပြတယ်ဆိုရင် ကင်ဆာဖြစ်လာနိုင်ခြေ ဖြစ်မလာနိုင်ပါ။ နောက်ထပ်စစ်လည်း မူမှန်သာဖြစ်မယ်။ အသက် ၂၅ နှစ်အောက်အမျိုးသမီးတွေ ဆေးကုသစရာမလိုပဲပျောက်တယ်။

HPV-positive အပေါင်းပြနေရင် ASCUS ကအရေးကြီးတယ်။ Colposcopy ကရိယာနဲ့စစ်ကြည့်နိုင်တယ်။

Low-Grade Squamous Intraepithelial Lesion (LGSIL) အဆင့်နိမ့်တာတွေတယ်ဆိုရင် သားအိမ်ဝရဲ့ အပြင်လွှာမှာ ကေင်ဆာမဖြစ်ခင် စောစောပိုင်းအဆင့်ဖြစ်တယ်။ သတိထားရမယ်။ အဆင့်တော့မမြင့်ပါ။ အလိုလိုပျောက်သွားနိုင်တယ်။ ၁ဝ% ကင်ဆာဖြစ်နိုင်တယ်။ Colposcopy ကရိယာနဲ့စစ်မယ်။ လိုအပ်ရင်ကုပေးတယ်။ အသက် ၂၁ နှစ်အောက် အမျိုးသမီးတွေမှာ အဲလို LGSIL တွေပေမယ့် ကင်ဆာကိုမပြောင်းပါ။ တနှစ်နေရင်တော့ Pap ထပ်စစ်သင့်တယ်။

High-Grade Squamous Intraepithelial Lesion (HGSIL) အဆင့်မြင်တာတွေ့ရင် ၂ဝ% ကင်ဆာဖြစ်နေနိုင်တယ်။ ကုသလို့ရပါတယ်။ Colposcopy ကရိယာနဲ့စစ်မယ်။ လိုရင် မကောင်းတာတွေကိုဖျက်ဆီးပေးမယ်။ Pap test ခေါ်စစ်မယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

Cholesterol ကိုလက်စထော


(ကိုလက်စထော) များနေရင် နှလုံး (အတက်ခ်) ရစေနိုင်တယ်။ နှလုံးသွေးကြောကျဉ်းလို့ ရင်ပတ်နာတာဖြစ်တယ်။ အဆီစားများရင် အဲတာကို သွေးလွှတ်ကြောနံရံမှာလာစုနေလို့ အဲလိုရောဂါတွေဖြစ်စေနိုင်တယ်။ ကိုယ်အလေးချိန်များရင် ပိုဖြစ်တယ်။ ကိုယ်လက်လှုတ်ရှားမှုနည်းရင် ပိုဖြစ်တယ်။ မျိုးရိုးအရပါလာတာကိုတော့ ရှောင်မရပါ။ များသူတွေဟာ အရွယ်ရောက်ချိန်ကတည်းက စဖြစ်တယ်။ ယောက်ျားတွေမှာ ကောင်းတဲ့ HDL အမျိုးသမီးတွေထက်နည်းတယ်။ အမျိုးသမီးတွေမှာ အသက်ရလာရင် ဆိုးတဲ့ LDL တက်လာတယ်။ အမျိုးသမီးအသက်မကြီးသူတွေမှာ ရွယ်တူ ယောက်ျားတွေထက် LDL နည်းတယ်။ ဒါပေမယ့် ၅၅ ကျော်ရင် ရွယ်တူယောက်ျားတွေထက် များလာတယ်။

အဆီနည်းတဲ့အစားအသောက်နဲ့ ကိုလက်စထောနည်းတဲ့ အစားအသောက် + ကိုယ်လက်လှုတ်ရှားမှု + ကိုယ်အလေးချိန် (လိုအပ်ရင်) လျော့ချတာတွေနဲ့ လူကောင်းလိုနေနိုင်တယ်။ တချို့ကတော့ ဆေးလိုမယ်။

ဘာမှမခံစားရလို့ အသက် ၂ဝ ကျော်သူ ကျား-မတိုင်း စစ်သင့်တယ်။ ကောင်းနေရင်လည်း ၅ နှစ်တခါစစ်သင့်တယ်။ Lipid profile (lipoprotein profile) လို့ ခေါ်တယ်။ ယောက်ျားဆို ၃၅ နှစ်ကျော်ရင်၊ မိန်းမဆိုရင် ၄၅ နှစ်ကျော်ရင် ပိုပြီးခပ်စိပ်စိပ် စစ်သင့်သေးတယ်။ စစ်ရင် -
1. LDL (low-density lipoprotein cholesterol) = ဆိုးတဲ့ကိုလက်စထော၊
2. HDL (high-density lipoprotein cholesterol) = ကောင်းတဲ့ကိုလက်စထော။
3. Triglycerides ထရွိုင်ဂလစ်စထွိုက် နဲ့
4. Total Cholesterol ကိုလက်စထောစုစုပေါင်းတွေကိုသိရမယ်။

1. LDL Cholesterol (ကိုလက်စထော) အဆိုး၊
• Less than 100 mg/dL = အကောင်းဆုံး၊
• 130 – 159 mg/dL = အကောင်း-အဆိုးကြား၊
• 160 – 189 mg/dL = မြင့်နေ၊
• 190 mg/dL and above = အတော်မြင့်နေ။

2. HDL Cholesterol (ကိုလက်စထော) အကောင်း
• 60 mg/dLနဲ့ အထက် ရှိသင့်တယ်၊
• ယောက်ျားတွေမှာ 40 mg/dLထက်နည်းပြီး၊
• မိန်မတွေမှာ 50 mg/dL ထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာစိုးရတယ်၊
• 60mg/dL ထက်များရင် နှလုံးရောဂါကိုကာကွယ်ရာကျတယ်။

3.Triglycerides (ထရွိုင်-ဂလစ်စထွိုက်စ်)
• 150 mg/dL ထက်နည်းတာပုံမှန်၊
• 150 – 199 mg/dL နည်းနည်းများတယ်၊
• 200 – 499 mg/dL များတယ်၊
• 500 mg/dL or higher အလွန်များတယ်။

4. Total Cholesterol (ကိုလက်စထော) စုစုပေါင်း
• 200 mg/dL ထက်နည်းနေတာကောင်းတယ်၊
• 200 – 239 mg/dL နည်းနည်းများတယ်၊
• 240 mg/dL နဲ့အထက် များတယ်။

(ကိုလက်စထော) များနေရင် ဘာလုပ်ရမလဲ
တကယ်လို့ နှလုံးရောဂါ၊ သွေးကြောရောဂါရှိနေရင် LDL ကို 70 ထက်နည်းနေအောင် လုပ်သင့်တယ်။ ဆီးချိုနဲ့ တခြားရောဂါရှိနေသူတွေက LDL 100 ထက်နည်းနေသင့်တယ်။ နှလုံးရောဂါ၊ (စထုပ်ခ်)၊ အဖျားပိုင်း သွေးကြောရောဂါတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်။ (၁) တသက်လုံးလူနေမှုပုံစံကိုပြောင်းပါ။ (၂) လိုအပ်ရင် ဆေးသောက်နေပါ။ လူနေမှုပုံစံကောင်းဆိုတာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန် ထိန်းနေပါ။ ဆေးလိပ်မသောက်ပါနဲ့။

ကျန်းမာရေးနဲ့ ညီညွတ်တာသာစားပါ။
- Unsaturated fats နဲ့ Cholesterol နည်းတာတွေသာစားပါ။
- အသီးအနှံနဲ့သစ်သီးတွေ စားပါ
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီရွေးစားသုံးပါ။ နှမ်းဆီ၊ (အောလစ်ဖ်) ဆီ၊ ပန်းနှမ်းဆီ၊ မြေပဲဆီ၊ (ကင်နိုလာ) ဆီတွေ သုံးပါ။
- ဖိုက်ဘာများတဲ့ အစားအစာစားပေးပါ။ (ဘာလီ)၊ အုတ်စပါး၊ ပန်းသီး၊
- အစေ့အဆံတွေစားပါ။ မြေပဲ၊ သစ်ကြားသီး၊ ဗာဒံစေ့၊
- ပဲသီးစားပါ။ ပဲအမျိုးမျိုးစားပါ။
- အသားတွေကရတဲ့အဆီကဆိုးတယ်ဆိုပေမဲ့ အားလုံးတော့ မဟုတ်ဘူး။
- မြင်ရတဲ့အဆီတွေ ဖယ်ထုတ်ထားတာရွေးပါ။ ကျော်မဲ့အစား ပြုတ်ပါ။
- ကြက်သားနဲ့ ကြက်ဆင်သားတွေကငန်းသားနဲ့ ဘဲသားအဆီထက် သက်သာတယ်။ အရေခွံမစားပါနဲ့။
- ပြုပြင်ထားတဲအသားတွေ ဥပမာ Sausage ဝက်အူတောင့်၊ Hot dogs (ဟောဒေါ့ခ်)၊ တွေမှာအဆီနဲ့ ဆားများတယ်။ ရှောင်ပါ။
- ကလီစာကို တခါတလေမှသာစားပါ။
- (မာဂျရင်း) က ထောပတ်ထက် အသင့်စားလို့ရတယ်။

- Statins ဆေးကိုအများဆုံးသုံးတယ်။ ဆေးကြောင့် ဗိုက်နာ၊ လေပွ၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ အသည်းထိခိုက်၊ ကြွက်သားတွေနာ၊ အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။ Atorvastatin (Lipitor) နဲ့ Rosuvastatin (Crestor) တွေက ပိုပြင်းတယ်။ Fluvastatin (Lescol) က သိပ်မပြင်းဘူး။

- Fibrates ဆေးက Triglyceride ကျစေတယ်။ ဒီဆေးကြောင့် ဝမ်းပျက်၊ ဗိုက်နာ၊ သည်းခြေကျောက်တည်၊ သွေးအားနည်း၊ သွေးကျဲဆေးတွေကိုပိုအားပေးတာတွေ ဖြစ်စေနိုင်တယ်။ gemfibrozil, (Lopid) နဲ့ fenofibrate (Tricor, Fibricor) တွေဖြစ်တယ်။

- Resins ဆေးကအသည်းကနေ (ကိုလက်စထော) ကိုပိုအသုံးချစေမယ်။ ဒီဆေးကြောင့် ဝမ်းပျက်-ဝမ်းချုပ်၊ ဗိုက်မငြိမ်၊ ခေါင်းမူး၊ လေပွ၊ ရင်ပြည့်၊ ရင်ပူတာတွေ ဖြစ်စေနိုင်တယ်။

- Niacin ဆေးက Triglyceride ကိုနည်းစေပြီး၊ HDL ကိုများစေမယ်။ အသည်းထိခိုက်၊ ဗိုက်နာ၊ အရေပြားနီမြန်း၊ ယားယံ၊ ဆီးချိုတက်တာတွေ ဖြစ်စေနိုင်တယ်။

(ကိုလက်စထော) ကျဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ အိပ်ချင်၊ အိပ်ရေးပျက်၊ ခေါင်းကိုက်၊ ပျို့၊ အန်တာတွေ ဖြစ်တတ်တယ်။ ဆေးတွေ တမျိုးကနေနောက်တမျိုး ပြောင်းပေးရတာလဲရှိတယ်။

(ကိုလက်စထော) များနေသူတွေကို ဆေးကုရတာ တယောက်နဲ့ တယောက် မတူပါ။ လူတိုင်းက (ကိုလက်စထော) ကို ထုတ်ပေးနေပြီး ဒါကိုအသုံးပြုနေကြတယ်။ နှစ်နေရာလုံးမှာ မတူကြပါ။ ယောက်ျားတွေနဲ့ မိန်းမတွေကို ဆေးကုရတာ မတူဘူး။ (ကိုလက်စထော) များနေလို့ ချက်ချင်းစိတ် မပျက်ပါနဲ့ အမေရိကားမှာကိုယ်လိုလူမျိုးသန်း ၁ဝဝ ရှိနေတယ်။ ဒီလူတွေက Total cholesterol 200 mg/dLထက် များနေကြတယ်။ သူတို့ကိုဆေးကုတဲ့အခါ နှစ်ယောက်ထပ်တူတယ် ဆိုတာတောင် ရှားတယ်။ ဟော်တယ်တွေ၊ အနောက်နိုင်ငံတွေမှာ မနက်စာအဖြစ်စားသုံးလေ့များတဲ့ ဝက်ပေါင်ခြောက်က အဆီတွေများလို့ ဆိုးစေတယ်။ ချောကလက်ကိတ်မုံ့ကလဲ အတူတူဘဲ။ အရက်ထဲမှာလဲ ကလိုရီ နဲ့ သကြားဓါတ် မနည်းလှဘူး။ Triglyceride levels များစေနိုင်တယ်။

ဆီးချိုရောဂါရှိနေရင်လဲ Triglyceride levels များနေနိုင်တယ်။ ကိုယ်အလေးချိန်လျှော့ချပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်ပါ၊ ဖိုက်ဘာများများပါတဲ့ ပဲသီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ သိပ်ဖြူဆွတ်အောင်ချွတ်မထားတဲ့ အစေ့အဆံတွေ စားသုံးပါ။

HDL ကောင်းတဲ့ (ကိုလက်စထော) က 60 နဲ့အထက်ရှိနေရင် နှလုံးရောဂါကို ကာကွယ်ရာကျတယ်။ ဒီအမျိုးအစား နည်းနေတာဟာ မကောင်းပါ။ ယောက်ျားတွေဆိုရင် 40 mg/dL ထက်နည်းနေရင်၊ မိန်းမတွေဆိုရင် 50 mg/dL ထက် နည်းနေရင် မကောင်းပါ။ အုံးသီးဆံ၊ အုံးရည်တွေမှာ ဆိုးတဲ့ (ကိုလက်စထော) ပါနေမဲ့ Saturated fat တွေပါတယ်။ သစ်ကြားသီးကို အသင့်အတင့်စားပေးပါ။ သူ့ထဲမှာ (ဖိုင်ဘာ) နဲ့ (အိုမီဂါ ၃) တွေပါလို့ဖြစ်တယ်။ ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်အစားအစာ၊ သွားရည်စာတွေမှာ ဆားနဲ့ ကိုလက်စထော များတယ်။

ဖတ်ရန်စာများ
• Cholesterol and food ကိုလက်စထောနဲ့ အစားအစာ http://doctortintswe.blogspot.com/2015/03/cholesterol-and-food.html
• Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2015/03/saturated-fatty-acids-and-health-risks.html
• Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) http://doctortintswe.blogspot.com/2014/11/chicken-eggs.html
• High Cholesterol diet (ကိုလက်စထော) များလို့ မစားသင့်တဲ့အစားအစာတွေ http://doctortintswe.blogspot.com/2014/12/high-cholesterol-diet.html
• Cholesterol ကိုလက်စထော http://doctortintswe.blogspot.com/2014/11/cholesterol.html
• Cooking Oils စားသုံးဆီ http://doctortintswe.blogspot.com/2014/11/trans-fats.html
• Trans Fats အညာသားများဆီစားကြသည် http://doctortintswe.blogspot.com/2014/10/cooking-oils.html
• Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ http://doctortintswe.blogspot.com/2014/10/trans-fats.html
• Cholesterol and food ကိုလက်စထောနဲ့ အစားအစာ http://doctortintswe.blogspot.com/2015/03/cholesterol-and-food.html

Dr. တင့်ဆွေ

Wednesday, December 30, 2015

Medical abbreviations ဆေးပညာသုံး အတိုကောက်စာလုံးများ

• Absorption = အစာ စုပ်ယူခြင်း၊
• Adrenal gland (အဒြီနယ်လ်-ဂလင်း)
• Allergy (အလာဂျီ) = တခုခုနှင့်မတည့်ဖြစ်ခြင်း၊
• Amoeba = (အမီးဘား) ပိုး၊
• Angina pectoris (အင်ဂျိုင်နာပက်တိုးရစ်) = နှလုံးသွေးကြောကျဉ်း၍ရင်ပတ်မှပြင်းထံစွာနာခြင်း၊
• Anorexia, loss of appetite = အစားပျက်ခြင်း၊ စားခြင်စိတ်မရှိခြင်း၊
• Anus (အေးနပ်စ်) = စအို၊
• Aorta (အေအိုတာ) = နှလုံးမှထွက်သည့် အကြီးဆုံးသွေးလွှတ်ကြောကြီး
• Arterioles (အာတီရီယိုးလ်းစ်) = သွေးလွှတ်ကြောမျှဉ်များ၊
• Asetabulum (အဆက်တဗျူလမ်) = ပေါင်ရိုးကဆက်သည့်နေရာရှိ တင်ပဆုံရိုးကွင်းမှအရိုး၊
• Basophil (ဘေဆိုဖီးလ်) = သွေးဖြူဥတမျိုး၊
• Benign (ဘီနိုင်း) = (ကင်ဆာ) မဟုတ်သော၊ အန္တရာယ်မရှိတတ်သော၊ ကင်ဆာမဟုတ်သောအခြေအနေ
• Blood plasma (ပလာစမာ) = သွေးရည်ကြည်၊
• Blood vessel (ဘလတ်-ဗက်ဆယ်စ်) = သွေးကြော၊
• Brain = ဦးနှောက်၊
• Buttocks (ဘတ်တော့ခ်) = တင်ပါး၊
• C/C = Chief complaint = အဓိကတိုင်တန်းချက်၊ လူနာကပြောသည့် အဓိကအချက်၊
• Caecum (စေကမ်) = အူမကြီး၏အစပိုင်း၊
• Canine tooth = စွယ်သွား
• Capillaries = သွေးကြောမျှဉ်များ၊
• Cardiovascular (ကာဒီယို-ဗတ်စကူလာ) = နှလုံးနှင့်သွေးကြောများ၊၊
• Carpals (ကာပယ်လ်) = လက်ကောက်ဝတ်ရိုး
• Cartilage (ကားတလေ့ရှ်) = အရိုးနု၊
• Cavity (ကယ်ဗတီ) = အခေါင်း (လှိုင်ခေါင်း)
• Cc = ml = milliliter (စီ၊ စီ၊) = (မင်လ်)
• Cervical (ဆဗိုက်ကယ်) = လည်ပင်းနှင့်ဆိုင်သော
• Cervix (ဆားဗစ်) = သားအိမ်အဝ၊
• Clavicle (ကလက်ဗီကယ်) = ညှပ်ရိုး
• Coccyx (ကောက်ဆစ်) = အမြီးပိုင်းနှင့်ဆိုင်သော
• Computed tomography (CT) (စီတီ စကင်) = ကွန်ပြူတာသုံးပြီး၊ (တိုမိုဂရပ်ဖီ) နည်းဖြင့် အရုပ်ရယူခြင်းဖြစ်သည်၊
• Cramps (ခရမ့်စ်) = ကြွက်သားများကြုံ့ခြင်းကြောင့်နာခြင်း၊
• Cyst (ဆစ်စ်) = ဖုံးထားသည်အိပ်နှင့် အထဲကပစ္စည်းတမျိုး (အရည်၊ အစိုင်အခဲ) ပါသည့် အလုံး၊ အကျိတ်၊
• Diaphragm (ဒိုင်ယာဖရမ်) = ရင်ခေါင်းနှင့်ဝမ်းဗိုက်ကြားရှိ ကြွက်သားကြီး
• Diarrhoea = Loose motion (ဒိုင်ယာရီယာ) = ဝမ်းလျော-ဝမ်းပျက်ရောဂါ၊၊
• Diastolic pressure (ဒိုင်ယာစတိုးလစ်-ပရက်ရှာ) = အောက်သွေးချိန်၊
• Digestion (ဒိုင်ဂျက်ရှင်း) = အစာခြေခြင်း၊
• Dizziness/Giddiness (ဒီဇီးနက်စ်) (ဂီးဒီးနက်စ်) = မူးဝေခြင်း၊
• Duodenum (ဒူယိုဒီနမ်) = အူ၏အစပိုင်း၊
• Dysphagia (ဒစ်ဖေးဂျီးယား) = အစာမြိုခက်ခဲခြင်း၊
• Dysphonia (ဒစ်ပ်နီးယား) = အသက်ရှူမဝခြင်း၊
• Endocrine (အင်ဒိုခရိုင်း) = ဟော်မုန်းစနစ်၊
• Endometrium (အင်ဒိုမီးထွီးယမ်း) = သားအိမ်ကြွက်သားအတွင်းဆုံးလွှာ၊
• Eosinophil (အီယိုဆင်နိုဖီးလ်) = သွေးဖြူဥတမျိုး၊
• Esophagus (အီဆိုဖေးဂတ်စ်) = အစာမြိုပြွန်၊
• Ethmoid (အက်သမွိုက်) = မျက်လုံးအတွင်းရိုး၊
• External os (အိတ်စ်တာနယ်-အော့စ်) = သားအိမ်ဝ၏ထွက်ပေါက်၊
• Feaces (ဖေးစီးစ်) = ဝမ်း၊
• Femur (ဖီးမား) = ပေါင်ရိုး
• Fever (ဖီဗာ) = ဖျားခြင်း၊
• Fibula (ဖစ်ဗြူလာ) = ခြေသလုံးအပြင်ရိုး
• Frontal (ဖရန်တယ်) = နဖူးရိုး
• Fundus (ဖန်းဒတ်စ်) = ထိပ်၊ ဥပမာ သားအိမ်ထိပ်၊
• Gall bladder (ဂေါလ်ဘလယ်ဒါ) = သဲခြေအိပ်၊
• Gastrointestinal (GI) tract (ဂျီ-အိုင်-ထရွက်) = အစာခြေလမ်းကြောင်း၊
• Gum (ဂမ်း) = သွားဖုံး၊
• Headache (ဟက်ဒေ့ခ်) = ခေါင်းကိုက်ခြင်း၊
• Heart (ဟတ်) = နှလုံး၊
• Heart Murmurs (မားမား) = ပုံမှန်မဟုတ်သော နှလုံးခုံသံများ၊
• HR = Heart rate (ဟတ်-ရိတ်) = နှလုံးခုန်နှုန်း၊
• Humerus (ဟူးမားရပ်စ်) = လက်မောင်းရိုး
• i.e. = That is = ၄င်းသည်၊
• Iliac crest (အီလီယက်-ခရက်စ်) = ခါးဘေးဘက် နှင့် ပေါင်ထိပ်ရိုးနေရာ၊
• Ilium (အီလီယန်) = တင်ပဆုံးနောက်နှင့် အပေါ်ပိုင်းရိုး၊
• Immune system (အင်မြူး-ဆစ်စတမ်) = (အင်ဖက်ရှင်) ဖြစ်လျင် ပိုးမွှားကို ရွေးချယ်ပြီး၊ သတ်ပြစ်ခြင်း၊
• Incisor tooth (အင်ဆိုက်ဇာ-တုသ်) ရှေ့သွား၊
• Insulin (အင်စူလင်) = ဆီးချိုကို ထိန်းသည့် ဟော်မုန်း
• Intervertebral disks (အင်တာဗာတီဘရယ်-ဒစ်) = ခါးရိုးဆစ်ကြားအရိုးနုပိုင်း၊
• Iris (အိုင်းရစ်) = သူငယ်အိမ်၊
• Ischium (အစ်စချီယန်) = ဆီးစပ်ဘေးရိုး၊
• jejunum (ဂျက်ဂျူနမ်) = အူသိမ်၏အစပိုင်း၊
• Kidneys (ကစ်ဒ်နီ) = ကျောက်ကပ်၊
• Lacrimal (လက်ခရိုင်မယ်) = မျက်ရည်နှင့်ဆိုင်သော၊
• Lacrimal bone (လက်ခရိုင်မယ်-ဘုန်း) = မျက်ရည်ရိုး
• Larynx (လေးရင့်စ်) = လေပြွန်
• Left atrium (လက်ဖ်-အေထွီယံမ်) = ဗယ်ဘက် နှလုံးအပေါ်ခမ်း၊
• Left ventricle (လက်ဖ်-ဗင်ထွီကယ်လ်) = ဗယ်ဘက် နှလုံးအောက်ခမ်း၊
• Ligament (လစ်ဂမင့်) = အရွတ်၊
• Lipoma (လိုက်ပိုးမား) = အဆီအိပ်
• Liver (လစ်ဗာ) = အသဲ
• Lumbar (လမ်ဘား) = ခါးပိုင်းနှင့်ဆိုင်သော
• Lump = Tumor (လမ့်) (ကြူးမား) = အလုံး၊ အအကျိတ်၊
• Lungs (လန်းင်စ်) = အဆုပ်၊
• Lymph (လင့်ဖ်) = သွေးပြန်ရည်
• Lymph node (လင့်ဖ်-နုတ်) = တက်စေ့
• Lymphatic vessel (လင်ဖက်တစ်-ဗက်ဆယ်လ်) = သွေးပြန်ရည် အကြော
• Lymphocyte (လင်ဖိုဆိုက်) = သွေးဖြူဥ၊
• Mandible (မင်ဒီဗယ်) = မေးရိုး
• Maxilla (မက်ဆယ်လာ) = အပေါ်နုပ်ခမ်းရိုး
• Meninges (မင်နင်းဂျီးစ်) = ဦးနှောက်အား အားဖုံးထားသည့်အလွှာ
• Menstrual Cycle (မင်စထွယ်-ဆိုက်ကယ်လ်) = လစဉ် ရာသီဆင်းခြင်း၊
• Metabolism (မက်တာဘော်လဇင်) = ဇီဝဖြစ်စဉ်
• Metacarpals (မက်တာကာပယ်လ်) = လက်ဝါးအတွင်းရိုး
• Metatarsal (မက်တာတာဆယ်) = ခြေဖဝါးရိုး
• Microscope (မိုက်ကရိုစကုပ်) = အနုကြည့်မှန်ဘီလူး၊
• Migraine (မိုင်ဂရိန်း) = အမူးရောဂါ၊၊
• Mn Ο = Menstrual cycle (မင်ဆရွယ်-ဆိုက်ကယ်လ်) = လစဉ်ရာသီဆင်းခြင်း၊
• Molar tooth (မိုလာ-တုသ်) = အံသွား
• Mucous membranes (မြူးကပ်စ်) = အမြှေး
• Muscular (မာစကူလာ) = ကြွက်သား၊
• Myometrium (မိုင်ယိုမီးထွီးယမ်း) = သားအိမ်ကြွက်သားအလယ်လွှာ၊
• Nasal (နေဆယ်) = နှာခေါင်းရိုး၊
• Nerve (နာ့ဖ်) = အာရုံကြော၊
• Neutrophil (နူထိုဖီးလ်) = သွေးဖြူဥတမျိုး၊
• Nose (နို့စ်) = နှာခေါင်း၊
• O2 = Oxygen = အောက်စီဂျင်၊
• Occipital (အောက်စီပီတယ်လ်) = နောက်စေ့၊
• Off and on = ဖြစ်လိုက်-ပျောက်လိုက်၊
• OG = Obstetrics and Gynecology = သားဖွါး၊ မီးယပ်ပညာ၊ သားဖွါး၊ မီးယပ်အထူးကု၊
• Ointment (ဝိုင်းမင့်န်) = ပျစ်အောင်စီမံထားသည့် ထည့်ဆေး၊ ခပ်ဆေး၊ လိမ်းဆေး၊
• Operation = ခွဲစိတ်ကုသခြင်း၊
• Oral = By mouth = ပါးစပ်မှတဆင့်၊
• Organ (အော်ဂင်) = အင်္ဂါအစိတ်အပိုင်း၊
• Os (အော့စ်) = အဝ၊ အပေါက်၊
• Ovary (အိုဗရီ) = မမျိုးဥအိမ်
• Ovum (အိုဗမ်) = မ-မျိုးဥ
• Oxytocin (အောက်စီတိုဇင်) = သားအိမ်ကြွက်သားကြုံ့စေသော ဟော်မုန်း
• P/D = Provincial Diagnosis ဖြစ်နိုင်သည့်ရောဂါခန့်မှန်းချက်၊
• Pain = နာခြင်း၊ ကိုက်ခြင်း၊
• Pancreas (ပန်ကရိယပ်စ်) = သရက်ရွက်
• Parietal (ပရိုင်ရတယ်) = ခေါင်းဘေးရိုး
• Patella (ပတယ်လာ) = ဂုံညင်းရိုး
• Pelvic cavity (ပဲလဗစ်ကယ်ဗတီ) = တင်ပဆုံရိုးတွင်းအခေါင်း
• Pericardium (ပယ်ရီကားဒီးယမ်း) = နှလုံးအား အားဖုံးထားသည့်အလွှာ
• Peritoneum (ပယ်ရီတိုနီယမ်) = ဝမ်းဗိုက်ထဲရှိ အင်္ဂါများအားဖုံးထားသည့်အလွှာ
• PET = Post-eclamptic toxemia (ပီ၊ အီး၊ တီ၊) = ကိုယ်ဝန်သွေးဆိပ်တက်ခြင်းအစောပိုင်းအဆင့်၊
• Phalanges (ဖဲလင့်ဂျက်စ်) = လက်ဆစ်အရိုး
• Pharynx (ဖေးရင့်) = အာခေါင်
• Phymosis (ဖိုင်မိုးဆစ်) = ပန်းငုံရောဂါ
• PID = Pelvic inflammatory disease (ပီ၊ အိုင်၊ ဒီ၊) = တင်ပဆုံတွင်း ရောင်ခြင်းရောဂါ၊၊
• Placenta (ပလက်ဇန်တာ) = အချင်း၊
• Platelets (Thrombocytes) (ပလိပ်လက်) (သရွန်ဘိုဆိုက်) = သွေးမှုံ
• Pleura (ပလူရာ) = အဆုပ်အားဖုံးထားသည့်အလွှာ
• PMH = Past medical history = ရောဂါ နောက်ကြောင်းရာဇဝင်၊
• POT = Post Operative Treatment = ခွဲစိတ်ပြီးကုသချက်၊
• PPH = Post partum hemorrhage = မွေးပြီး သွေးသွန်ခြင်း၊
• PR = per rectum (Rectal examination) (ပီ၊ အာရ်) = စအိုလမ်းကြောင်းစမ်းသပ်ခြင်း၊
• Pregnancy test = ကိုယ်ဝန်ရှိ-မရှိစမ်းခြင်း၊
• Premolar tooth ရှေ့အံသွား၊
• PRN = as necessary, from Latin, pro re nata = လိုအပ်လျင်၊ ဥပမာ နာလျင်၊ ကိုက်လျင်စသဖြင့်၊
• Prostate gland (ပရောစတိတ်-ဂလင်း) = ဆီးအကျိတ်
• Pubis (ပြူးဗစ်) = ဆီးစပ်ရိုး
• Pulse (ပါ့လ်စ်) = နှလုံးခုံနှုန်း၊ လက်ကောက်ဝတ်မှာ စမ်းသည်၊ တထောင်ဆစ်၊ လည်ပင်း၊ ပေါင်ခြံ၊ ဒူးကောက်ကွေးတို့လည်း စမ်းနိုင်သည်၊ မွေးစကလေး၏ ခုံနှုန်းမှာ တမိနစ်လျင် ၁၃ဝ-၁၅ဝ ရှိသည်၊ (၃) နှစ်သားတွင် ၁ဝဝ-၁၂ဝ၊ အရွယ်ရောက်သူမျာ့း ၅ဝ-၈ဝ ရှိသည်၊
• Pylorus (ပိုင်လိုးရပ်) = အစာအိမ်၏အောက်ပိုင်း၊
• Radius (ရေဒီယပ်စ်) = လက်ဖြန်အပြင်ရိုး
• Rectum (ရက်တမ်) = အစာဟောင်းအိမ်၊
• Red blood cells (RBC) erythrocytes = သွေးနီဥ
• Regular, Irregular = ပုံမှန်၊ ပုံမမှန်၊
• Reproduction (ရီပရိုဒတ်ရှင်း) = မျိုးပွါးခြင်း၊
• Respiratory (ရက်စပရေးရှင်း) = အသက်ရှူလမ်းကြောင်း၊
• Respiratory rate (ရက်စ်ပဲယာထွီ-ရိတ်) = အသက်ရှူနှုံးသည် အသက်အလိုက်မတူ၊ ပုံမှန်အားဖြင့် တမိနစ်လျင် ၁၆-၂ဝ ရှူသည်၊
• Rib (ရစ်ဘ်) = နံရိုး
• Sacrum (ဆေခရမ်) = တင်ပါးနောက်ပိုင်းနှင့်ဆိုင်သော
• Salivary glands (ဆလိုက်ဘရီ) = သွားရည်ထွက်သော(ဂလင်း) များ၊
• Scapula (စကက်ပြူလာ) = လက်ပြင်ရိုး
• Sebaceous gland (ဆဗေးရှပ်ဂလင်း) = ချွေးထွက်သော ဂလင်း၊
• Serum (စီရမ်) = သွေးခဲသွားပြီးနောက် ကျန်နေသည့်ပစ္စည်း
• Signs (ဆိုင်းစ်) = ရောဂါ၊လက္ခဏာ၊ စမ်းသပ်သည့်အခါတွေ့ရှိရသောရောဂါ၊လက္ခဏာ များ၊ ဥပမာ သွေးချိန်၊ အပူချိန်တက်ခြင်း၊ ကျခြင်း၊
• Skeletal (စကယ်လတယ်လ်) = အရိုးနှင့်ဆိုင်သော၊
• Small intestines (စမောလ်-အင်တက်စ်တိန်း) = အူသိမ်၊
• Spasm (စပါဇမ်) = ယုတ်တရက်ကြွက်သားများထိန်းမရအောင်ကြုံ့ခြင်း၊
• Sphincter (စဖင်တာ) အဝိုင်းပုံအထိန်းကြွက်သား၊
• Spinal cord (စပိုင်နယ်ကော့တ်) = ခါးရိုးမကြီးထဲရှိအာရုံကြော
• Spleen (စပလင်း) = ဘေလုံး
• Sputum (စပြူတမ်) = သလိပ်၊
• Sternum (စတာနမ်) = ရင်ညွန့်ရိုး
• Stomach (စတားမတ်ခ်) = အစာအိမ်
• Stroke, Cerebrovascular accident (CVA) (စထုတ်ခ်) = ဦးနှောက်သွေးကြောကျဉ်းရောဂါ၊၊
• Surgery (ဆာဂျရီ) = ခွဲစိတ်ပညာ
• Sweat (ဆွက်တ်) = ချွေး၊
• Symptom (ဆင်မတမ်) = ရောဂါလက္ခဏာ၊ လူနာက ပြောသည့်ရောဂါအခြေအနေများ၊ ဥပမာ အန်ချင်သည်၊ ခေါင်းမူးသည်၊
• Syndrome (ဆင်ဒရုမ်း) = ရောဂါလက္ခဏာ များစွာရှိသည့်ရောဂါအခြေအနေ
• Systolic Pressure (ဆစ်စတိုးလစ်=ပရက်ရှာ) = အထက်သွေးချိန်
• Tarsal bone (တာဆယ်-ဘုန်း) = ခြေခြင်းဝတ်ရိုး
• Temporal (တန်ပိုရယ်) = နားထင်ရိုး
• Tenderness (တင်းဒါးနက်စ်) = စမ်းသပ်သည့်အခါ၊ ဖိကြည့်သည့်အခါ လူနာက နာသည်ကိုခံစားရခြင်း၊
• Tendon (တန်ဒွန်) = အချောင်းလိုက်ရှိသည့်အရွတ်
• Thoracic (သိုရက်ဆစ်) = ရင်ခေါင်းပိုင်း
• Throat (သရုပ်တ်) = လည်ချောင်း၊
• Tibia (တီဘီယာ) = ခြေသလုံးအတွင်းရိုး
• Tonsils (တောင်ဆယ်) = အာသီး၊
• Trachea (ထွေကီယာ) = လေပြွန်ကြီး၊
• Ulna (အာလ်နာ) = လက်ဖြန်အတွင်းရိုး
• Ultrasound (အာလ်ထွာဆောင်း) = လူတို့ကြားနိုင်သောအသံလှိုင်း (၂ဝ ကီလိုဟတ်စ်) ထက် မြင့်သောနှုန်း (၂၅ဝ-၂ဝဝဝ ကီလိုဟတ်စ်) ဖြင့် အသံဖြစ်စေကာ ယင်းမှ ရုပ်ကိုဖမ်းယူခြင်းဖြစ်သည်၊
• Ureter (ယူရေတာ) = ကြောက်ကပ်မှ ဆီးအိမ်သို့ပို့ပေးသည့် ဆီးပြွန်၊
• Urethra (ယူရစ်သရာ) = ဆီးသွားပြွန်၊
• Urinary (ယူရယ်နရီ) = ဆီးလမ်းကြောင်းနှင့်ဆိုင်သော၊
• Urinary Bladder (ယူရီနရီ-ဘလယ်ဒါ) - ဆီးအိမ်၊
• Urine (ယူရီးန်) = ဆီး၊
• Uterus (ယူးထွပ်စ်) = သားအိမ်၊
• Utrine tube = Falopian tube (ယူထွိုင်း ကြု) = သားအိမ်ပြွန်၊
• Vagina (ဗဂျိုင်းနား) = မွေးလမ်းကြောင်း
• Valves (ဗာ့လ်ဖ်) = အဆို့ရှင်များ၊
• Veins (ဗိန်းန်) = သွေးပြန်ကြောများ၊
• Vertebrae (ဗာတီဘရာ) = ကျောရိုးမကြီးရှိအရိုး
• Whooping cough = ကြက်ညှာချောင်းဆိုးရောဂါ၊၊
• Zygomatic = (ဇိုင်ဂိုမက်တစ်) ပါးရိုး

Medical abbreviations ဆေးပညာသုံး အတိုကောက်စာလုံးများ http://doctortintswe.blogspot.com/2014/11/medical-abbreviations.html
Medical vocabulary ဆေးစာ ဝေါဟာရများ http://doctortintswe.blogspot.com/2014/11/medical-vocabulary.html
ဆေးစာ ဝေါဟာရများ Medical vocabulary http://doctortintswe.blogspot.com/2015/12/medical-vocabulary.html

ဒေါက်တာတင့်ဆွေ

Medical vocabulary ဆေးစာ ဝေါဟာရများ

- abdomen ဝမ်းဗိုက်၊
- abdominal discomfort ဗိုက်နာ (နေမထိထိုင်မသာ)၊
- abortion သားပျက် (ကိုယ်ဝန်ပျက်-ဖျက်)၊
- abrasion ပွန်းနာ၊
- abscess ပြည်တည်နာ၊
- ache ကိုက်ခြင်း၊
- Acne (အက်ဂနီစ်) ဝက်ခြံ
- acupuncture အပ်စိုက်ကုနည်း၊
- acute ရက်တို၊ ချက်ချင်းဖြစ်သော၊
- Adam's apple ယောက်ျားများသာရှိသော လည်ပင်းအစိ၊
- ADD--attention deficit disorder ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ၊
- ADHD--attention deficit hyperactivity disorder ပတ်ဝန်းကျင်ကို သတိမမူတဲ့ တက်ကြွသော စိတ်ရောဂါ၊
- adhesion ကပ်နေသည့် အမြှေး၊ တွယ်ကပ်ခြင်း၊
- admissions desk ဝင်ခွင့်ဆိုင်ရာ စားပွဲ၊
- adolescence လူငယ်၊ လူရွယ်၊
- adrenal gland (အဒြီနယ်လ်-ဂလင်း)၊ (ကျောက်ကပ် အထက်မှာရှိသည်)
- adrenaline (အဒြီနယ်လင်း) (အဒြီနယ်လ်) က ထွက်သော ဟော်မုန်း၊ ဆေး၊
- advance health care directive ရှေးဦး ကျန်းမာရေး လမ်းညွှန်၊
- adverse reaction မတည့်သည့် တုံ့ပြန်မှု၊
- advice nurse အကြံပေး သူနာပြု၊
- afterbirth မွေးဖွါးပြီးနောက်၊
- AIDS--Acquired Immuno-Deficiency Syndrome ခုခံအား ကျဆင်းရောဂါ၊
- albuminuria ဆီးထဲမှာ (အယ်လဗျူမင်) ဓါတ် (အသားဓါတ်) ပါနေခြင်း၊
- alcoholism အရက်စွဲခြင်း၊
- allergen (အလာဂျီ) ရစေတဲ့ဓါတ်၊
- allergic reactions (အလာဂျီ) တုံ့ပြန်မှု၊
- allergy (အလာဂျီ) မတည့်ခြင်း၊
- Alopecia (အေလိုပီးဇီးယား) ဆံပင်ကြွတ်ရောဂါ၊
- ambulance လူနာတင်ယာဉ်၊
- ambulatory care လူနာသယ်ပို့စနစ်၊ ရွေ့ရှား၍ကုသပေးခြင်း၊
- amenorrhea ရာသီမလာခြင်း၊ ရာသီထိန်ခြင်း၊
- amnesia သတိမေ့ခြင်း၊
- amniocentesis ရေမြွာရည် ဖေါက်-စုပ်ယူ စစ်ဆေးခြင်း၊
- amniotic fluid ရေမြွာရည်၊
- amniotic sac ရေမြွာရည်အိတ်၊
- Amoebiasis (အမီးဘား) ဝမ်းကိုက်ရောဂါ၊
- amputation ခြေ-လက် ဖြတ်ခြင်း၊
- andropause ယောက်ျား သွေးဆုံးခြင်း၊
- Anemia (အနီမီးယား) သွေးအားနည်းရောဂါ၊
- anesthesia မေ့ဆေး၊ (ထုံဆေးလည်း ပါဝင်သည်)၊
- anesthesiologist မေ့ဆေး ဆရာဝန်၊
- aneurysm သွေးကြော ဖေါင်းရောဂါ၊
- angina နှလုံးသွေးကြော ကျဉ်း-ပိတ်သဖြင့် ရင်ပတ်နာခြင်း၊
- ankle ခြေခြင်းဝတ်၊
- anorexia အစားပျက်ခြင်း၊
- Anthrax (အင်းသရက်စ်) ဒေါင့်သန်းရောဂါ၊
- antibacterial ဗက်တီးရီးယားကို နိုင်သည့်၊ ဆန့်ကျင်သည့်၊
- antibiotic ပဋိဇီဝဆေး၊ သက်ရှိမှ ထုတ်ယူပြီး တခြားသက်ရှိကိုနိုင်သည့်ဆေး၊
- antibodies (အင်တီဘော်ဒီ) ခုခံပေးသည့်ဓါတ်၊
- anticoagulant သွေးမခဲစေသည့်ပစ္စည်း၊
- antidepressant စိတ်မကျဆေး၊
- antidote အဆိပ်ဖြေဆေး၊
- antifungal မှိုဆေး၊
- antihistamine (အင်တီဟစ်တမင်း) ဆေး၊
- anti-inflammatory ရောင်ရမ်းခြင်းကို သက်သာသည့်ဆေး၊
- antiseptic ပိုးမဝင်စေသည့်ဆေး၊ အနာ မရင်းစေသည့်ဆေး၊
- anus စအို၊
- anxiety စိုးရိမ်စိတ်၊
- appendectomy အူအတက်ဖြတ်ခြင်း၊
- Appendicitis (အပန်ဒီဆိုက်တစ်) အူအတက်ရောင်ရောဂါ၊
- appendicitis အူအတက်ရောင်ခြင်း၊
- appendix အူအတက်၊
- appetite စားချင်စိတ်၊
- arrhythmia နှလုံခုန် မမှန်ခြင်း၊
- arteries သွေးလွှတ်ကြော၊
- arteriosclerosis သွေးလွှတ်ကြောကျဉ်းရောဂါ၊
- Arthritis (အာသရိုက်တစ်) အဆစ်ရောင်ရောဂါ၊
- artificial insemination သုတ်ပိုးကို အတုနည်းသုံး၍ ထည့်သွင်းပေးခြင်း၊
- Ascariasis (အက်စကာရီရေးဆစ်) သံကောင်ရောဂါ
- asphyxia အသက်ရှူမဝခြင်း၊
- aspirin (အက်စ်ပရင်) အကိုက်-အနာ-အဖျားကျဆေး၊
- Asthma (အက်စ်မာ) ပန်းနာရောဂါ၊
- astigmatism အလင်းတန်းများအား ပုံမှန်မမြင်ခြင်း၊
- asymptomatic ရောဂါလက္ခဏာ မပေါ်ခြင်း၊
- athlete's foot အားကစားသမားခြေထောက် (မှိုရောဂါ)
- atrium နှလုံး အပေါ်ခန်း ၂ ခန်း၊
- atrophy ကြံလှီသွားခြင်း၊
- audiologist နားအထူးကု၊
- auditory canal နားပြွန်၊
- bacteria ဗက်တီးရီးယား၊
- bacterial infection ဗက်တီးရီးယား ဝင်ခြင်း၊
- balanced diet မျှတသည့် အစာအာဟာရ၊
- bandage ပတ္တီး၊
- band-aid တခါသုံး အလွယ်ကပ်နိုင်သည့် ပလာစတာ၊
- bariatric surgeon ကိုယ်အလေးချိန်ကျစေရန် ခွဲစိတ်ပေးသည့်ဆရာဝန်၊
- BBT--basic body temperature အခြေခံ ကိုယ်ပူချိန် (ဘာမှမလုပ်သေးချိန်မှာရှိတဲ့) အပူချိန်၊
- bear down ဖိပေးသည်၊ ကျစေသည်၊ ပိန်စေသည်၊
- bed pan အိပ်ယာထဲမှာ ဝမ်း-ဆီးသွားရန်ခွက်၊
- bed rest အိပ်ရာထဲ နားနေခြင်း၊
- bedbug ကြမ်းပိုး၊
- bee venom ပျားကောင် အဆိပ်၊
- belch ချွတ်ဆေး (ကလိုရင်းပါသည့်ဆေး)၊ အရောင်ချွတ်ဆေး၊
- benign ကင်ဆာမဟုတ်သော၊ အန္တရာယ်မရှိသော၊
- Beriberi (ဘယ်ရီဘယ်ရီ) ဗီတာမင်ဘီ(၁) နည်းသည့်ရောဂါ၊
- bile သည်းခြေရည်၊
- biopsy အသားစ ထုတ်ယူစစ်ဆေးခြင်း၊
- bipolar disorder နှစ်ကိုယ်ခွဲ စိတ်ရောဂါ၊
- birth canal မွေးလမ်းကြောင်း (ဗဂျိုင်းနား)
- birth control ကလေး မမွေးစေရန် တားဆီးခြင်း၊
- bladder ဆီးအိမ်၊ သည်းခြေအိတ်၊
- blepharitis မျက်ခွံရောင်ခြင်း၊
- blister အပူလောင်အဖု၊
- bloated ဖေါင်းပွပွနေခြင်း၊
- blood clot သွေးခဲ၊
- blood platelet သွေးမှုံ၊
- blood pressure သွေးဖိအား၊
- blood relative သွေးချင်းနီးစပ်သော၊
- blood smear သွေးကို မှန်ပြားလေးပေါ်မှာ ပါးပါးလေးသုတ်ခြင်း၊
- blood thinner သွေကျဲဆေး၊
- blood transfusion သွေးသွင်းခြင်း၊
- blood vessels သွေးကြောများ (သွေးလွှတ်ကြော + သွေးပြန်ကြော)
- blood work သွေးအလုပ်၊
- blurred vision မျက်စိအမြင်ဝေဝါးခြင်း၊
- body ache ကိုယ်လက် ကိုက်ခဲခြင်း၊
- body mass index အရပ်နှင့်အလေးချိန်အရ အဆီပမာဏကိုတိုင်းသည့် ညွှန်းကိန်း၊
- bone marrow ရိုးတွင်းခြင်ဆီ၊
- bone splint အရိုးကျိုးလျှင် ခုခံပေးရသည့်ပစ္စည်း၊
- booster shot အားကောင်းစေရန် ထပ်ထိုးသည့်ဆေး၊
- bowel sound အူ၏မည်သံ၊
- bowel အူ၊
- bradycardia နှလုံးခုန်နှေးခြင်း၊
- brain ဦးနှောက်၊
- break out in a rash အနီပြင် ထွက်လာခြင်း၊
- breast mass နို့ ထုထည်၊
- breast self-examination ရင်သားကို မိမိဖါသာ စမ်းသပ်နည်း၊
- breastfeed မိခင်နို့တိုက်ခြင်း၊
- breathing problems အသက်ရှူပြဿနာ၊
- breech delivery ကလေး တင်ပါးဆုံပြုသည့်အနေအထားဖြင့်မွေးခြင်း၊ ခြေကဖွါးကလေး မွေးမည်၊
- bronchial asthma ပန်းနာ၊ (အဆုပ်ကြောင့်ဖြစ်သည်) နှလုံးကြောင့်လဲရှိသေးသည်၊
- bronchitis လေပြွန်ရောင်ခြင်း၊
- bronchodilator လေပြွန်ကျယ်ဆေး၊ (ပန်းနာဆေး)၊
- bronchus လေပြွန်၊ (အဆုပ်ထဲဝင်သည့်အပိုင်း)
- bruise သွေခြည်ဥခြင်း၊ ပွန်းပဲ့ခြင်း၊
- bullet wound ကျည်ဆံ ဒဏ်ရာ၊
- bunion ဖေါင်း-ကြီးနေခြင်း၊
- burn မီးလောင်နာ (မီးတောက်ကြောင့်) Scald = အရည်ပူကြောင့်
- burning pain ပူလောင်နာ၊
- burning sensation ပူလောင်နေသည်ဟု ခံစားရခြင်း၊
- Caesarean section = CS, LSCS ဗိုက်ခွဲကလေးမွေးခြင်း၊
- Calculi (ကာလ်ကူလိုင်) ကျောက်၊ ဆီး၊ သဲခြေအိပ်ကျောက်ရောဂါ၊
- calories ကယ်လိုရီ၊
- Cancer (ကင်ဆာ)၊
- cane ကြိမ်၊
- canine စွယ်သွား၊ (ခွေးစွယ်)
- capillary သွေးကြောမျှင်၊
- capsules ဆေးတောင့် (အထဲကတခုခုကို ဖုံးအုပ်ထားသည့်အရာ)၊
- carbohydrates ကာဗွန်ဟိုက်ဒရိတ်၊ (ကစီဓါတ်) (သကြား-အချိုဓါတ်)
- carbon monoxide ကာဗွန်မိုနော့ဆိုက်၊
- Cardiac arrest (ကားဒီယက်-အရက်စ်) နှလုံးခုံရပ်ရောဂါ၊
- cardiac arrest နှလုံးရပ်သွားခြင်း၊
- cardiac catheterization နှလုံးထဲ ပြွန်ငယ်ထိုးသွင်းခြင်း၊
- cardiologist နှလုံးအထူးကု၊
- cardiology နှလုံးရောဂါဗေဒ၊
- carpal tunnel syndrome လက်ကောက်ဝတ်နေရာ ဘာလို့ဖြစ်မှန်းမသိဘြဲဖစ်သည့် လက်မ၊ လက်ညှိုး၊ လက်သူကြွယ်တခြမ်း ထုံနေသည့်ရောဂါ၊
- cartilage အရိုးနု၊
- cast ကျောက်ပတ္တီးအဖုံး စသည်၊ အခွံ၊
- cataract မျက်စိ အတွင်းတိမ်၊
- CAT--computerized axial tomography ဓါတ်မှန်နှင့် ကွန်ပြူတာဆက်ပြီး ဝန်ရိုးကိုလိုချင်သလို လှည့်ပြီး ကန့်လန့်ဖြတ်လဲ မြင်နိုင်အောင်လုပ်နိုင်သည့် ကရိယာ၊
- catheter (ကသီတာ)၊ ဆီးခြူပိုက်၊
- cavity အခေါင်း၊
- CBC--complete blood count သွေးကို အလုံးစုံ ရေတွက်ခြင်း၊
- CCU--critical care unit အထူးစောင့်ရှောက်သည့်ဌာန၊ အခမ်း၊
- CDC--Center for Disease Control ကူးစက်ရောဂါထိန်းသိမ်ရေး၊
- cerebellum (ဆယ်ရီဘယ်လမ်) (ဦးနှောက်၏ အစိတ်အပိုင်း၊ အသေး)
- cerebral ischemia ဦးနှောက် သွေးအရောက်နည်းခြင်း၊
- cerebral palsy မျက်နှာ တခြမ်းလေဖြတ်ခြင်း၊
- cerebrovascular ဦးနှောက် သွေးလှည့်စနစ်၊
- cerebrum (ဆယ်ရီဘရမ်)၊ (ဦးနှောက်၏ အစိတ်အပိုင်း၊ အကြီး)
- cervical pregnancy သားအိမ်အဝ၌ သန္ဓေတည်ခြင်း၊
- cervix သားအိမ်အဝ၊
- chamomile (ချာမိုမိုင်းလ်) ဆေးဘက်ဝင် အရွက်၊ လက်ဖက်ရည်လို လုပ်သောက်နိုင်သည်၊
- Charley horse ခြေသလုံးတွေနာတာကို တင်စားခေါ်ခြင်း၊
- check up စစ်ဆေးခြင်း၊
- chemotherapy ကင်ဆာဆေးပေးခြင်း၊
- chest discomfort/tightness /pain ရင်ပတ် အနေရခက်ခြင်း၊ နာခြင်း၊ တင်းကြပ်ခြင်း၊
- chicken pox ရေကျောက်ရောဂါ၊
- Chickenpox (Varicella) (ချစ်ကင်း-ပေါက်စ်) (ဗယ်ရီဆဲလား) ရေကြောက်ရောဂါ၊
- chills ချမ်းသည်၊ Chills = တုံသည်၊
- chiropractor နှိပ်နည်းတမျိုး၊
- choke ဆို့ပိတ်နေခြင်း၊ (အစာမျိုတာ နေရာလွဲဝင်၍)
- cholectytitis သည်းခြေလမ်းရောင်ခြင်း၊
- Cholera (ကိုလိုရာ) ကာလဝမ်းရောဂါ၊
- cholera ကာလဝမ်းရောဂါ၊
- cholesterol ကိုလက်စထော၊
- chronic pain နာတာရှည်နာ၊
- chronic နာတာရှည် (Acute ၏ ပြောင်းပြန်)
- circulatory system သွေးလှည့်စနစ်၊
- circumcision ပန်းငုံသည်ကို ခွဲစိတ်သည့်နည်း၊
- cirrhosis အသဲခြောက်ခြင်း၊ (ဆရိုးဆစ်စ်)
- clavicle, collarbone (ကော်လာဘုန်း)၊ (ကလယ်ဗီကယ်လ်)၊ ညှပ်ရိုး၊
- Cleft lip (ကလက်ဖ်-လစ်ပ်စ်) နုပ်ခမ်းကွဲရောဂါ၊
- cloudy urine ဆီးနောက်နေခြင်း၊ (အနယ်ပါ၍)
- coccyx မီညှောင့်ရိုး၊
- cogitation စိတ်ကူး၊ သိနိုင်စွမ်း၊ တွေးနိုင်စွမ်း၊
- coitus လိင်ဆက်ဆံခြင်း၊
- colic ရစ်ပြီးနာခြင်း၊ (အစာလမ်း၊ ဆီးလမ်း)
- colitis အူမကြီးရောင်ခြင်း၊
- colonoscopy အူမကြီးထဲ ကရိယာထည့်စစ်ဆေးခြင်း၊
- Color blindness (ကာလာ-ဘလိုင်းနက်စ်) အရောင်မခွဲခြားတတ်သည့်ရောဂါ၊
- colostrums နို့အဖြူ မထွက်ခင်ထွက်သည့် နို့ရည်ကြည်၊
- coma သတိမရဖြစ်နေခြင်း၊
- complications နောက်ဆက်တွဲ မကောင်းသည့်အကျိုးချက်များ၊
- compress ဖိနှိပ်ခြင်း၊
- concussion ဦးနှောက်ကို အနည်းငယ်သာ ထိခိုက်ခြင်း၊ (အခေါက်ခံရသလောက်)၊
- confused စိတ်ရှုတ်ထွေးနေခြင်း၊
- congenital မွေးရာပါ၊
- congested ပြည့်တင်းနေခြင်း၊ (သွေး၊ အရည်)၊
- Congestive heart disease (ကွန်ဂျက်စတစ် ဟာ့တ် ဒီဇီးစ်) နှလုံးရောင်ရောဂါ၊
- conjunctivitis မျက်စိနာ (မျက်စိအဖုံးလွှာ ရောင်ခြင်း)၊
- consent သဘောတူညီချက်၊ ခွင့်ပြုချက်၊
- constipation ဝမ်းချုပ်ခြင်း၊
- Contagious or communicable disease (ကွန်တေးဂျီးယပ်စ်-ဒီဇိစ်) (ကွန်မြူနီကေးဘဲလ်-ဒီဇိစ်) ကူးစက်ရောဂါ၊
- continuous pain ဆက်တိုက်နာ၊
- contraceptive ကိုယ်ဝန်တား ဆေး-နည်း၊
- contraction တင်းကြုံ့ခြင်း၊
- contrast material (for MRI) ခွဲခြားမြင်နိုင်သောပစ္စည်း၊
- contusion ဦးနှောက်ကို ထိခိုက်ခြင်း၊ (သွေးခြည်ဥတဲ့အထိ)
- convulsion တက်ခြင်း၊
- cornea မျက်ကြည်လွှာ (မျက်စိအနက်ပေါ်မှာ ဖုံးထားသည့် ကြည်လင်သည့်အလွှာ)၊
- corneal transplant မျက်ကြည်လွှာ အစားထိုးခြင်း၊
- coronary bypass surgery နှလုံးသွေးလွှတ်ကြောအား ဖြတ်ဆက်ပေးခြင်း၊
- Coronary heart disease (ကိုရိုနရီ-ဟာ့တ်-ဒီဇီးစ်) နှလုံးသွေးကြောကျဉ်းရောဂါ၊
- cough syrup ချောင်းဆိုးပျောက်ဆေး၊
- cough ချောင်းဆိုး၊
- CPR--cardiopulmonary resuscitation နှလုံးအဆုပ် ပြန်လည်အလုပ်လုပ်စေရန် ရှေးဦးသူနာပြုနည်း၊
- cramp ကြွက်တက်ခြင်း၊ ကြွက်သားနာခြင်း၊
- croup ချောင်းအကျယ်ကြီးဆိုးခြင်း၊
- crown သရဖူ၊ မွေးလမ်းတွင် ကလေးခေါင်းပြူလာခြင်း၊
- crutches ချိုင်းထောက်၊
- cryosurgery အေးခဲစေသည့်နည်းသုံး ခွဲစိတ်ကုသနည်း၊
- CT scan--computed tomography စီတီ-စကင်၊
- culture ပိုးမွေးမြူခြင်း၊ (ပိုးအား ဆေးနှင့် နိုင်မနိုင်သိစေရန်)
- Cushing's disease ဟော်မုန်းများနေသည့်ရောဂါ၊
- cyanosis ပြာနှမ်းနေခြင်း၊ အောက်စီဂျင်မဝခြင်း၊
- cystic fibrosis မျိုးဗီဇရောဂါ၊ ဒုက္ခိတဖြစ်နေပြီး အသက်တိုသည်၊
- cystitis ဆီးအိမ်ရောင်ခြင်း၊
- cytology ဆဲလ်များကိုစစ်ဆေးသည့်ဗေဒ၊
- D&C--dilatation & curettage သားအိမ်ကို ချဲ့ပြီး ခြစ်ထုတ်ခြင်း (သားပျက်လူနာအား လုပ်ရသည်)
- daily dose နေ့စဉ်တိုက်ရန်၊
- dandruff ဘောက်၊
- dazed အံ့သြခြင်း၊
- deaf နားမကြား၊
- decongestant နှာခေါင်း ပိတ်နေသည်ကို သက်သာမည့်ဆေး၊
- defecate ဝမ်းသွားသည်၊
- defibrillator နှလုံးခုန်စေရန် လျှပ်စစ်ဖြင့်ဖိပေးရသည့် ကရိယာ၊
- degenerative joint disease ဇရာသဘော ယိုယွင်းလာသည့် အဆစ်များရောဂါရခြင်း၊
- dehydration ရေဓါတ်နည်းခြင်း၊
- delirium စိတ်ကရောင်ခြောက်ခြားဖြစ်ခြင်း၊
- delivery မွေးခြင်း၊ ပေးဝေခြင်း၊
- dementia သတိမေ့ရောဂါ၊
- Dengue fever (ဒန်ဂူး-ဖီဗာ) သွေးလွန်တုပ်ကွေးရောဂါ
- dental floss သွားကိုသန့်ရှင်းပေးသည့်ကြိုး၊
- dentures သွားအတုကပ်၊
- depression စိတ်ကျခြင်း၊ အောက်ကျနေခြင်း၊
- dermatitis အရေပြားရောင်ခြင်း၊ အရေပြားနာ၊
- dermatologist အရေပြားအထူးကု၊
- development ဖွံ့ဖြိုးတိုးတက်မှု၊deviated nasal septum နှာခေါင်းထဲက ပိုင်းခြားထားသောအကန့် တဖက်သို့ယိုင်နေခြင်း၊
- Diabetes mellitus (ဒိုင်ယာဘီးတီးစ်-မလိုက်တပ်စ်) ဆီးချိုရောဂါ၊
- diabetes ဆီးချိုရောဂါ၊
- diagnosis ရောဂါအမည်၊
- dialysis ကျောကပ် စစ်ပေးခြင်း၊ (ရေစစ်သလို)
- diaper rash ကလေး အတွင်းခံအဝတ်ကြောင့် ဖြစ်ရသည့် အနီစက်များ၊
- diaphragm ဗိုက်နှင့်ရင်ခေါင်းကြားရှိ ကြွက်သားပြားခုံးခုံးကြီး၊
- diarrhea ဝမ်းလျှောခြင်း၊
- diet အစားအစာ၊
- dietician အာဟာရပညာရှင်၊
- difficulty breathing အသက်ရှူခက်ခြင်း၊
- diffuse ရောထွေးနေခြင်း၊
- Diphtheria (ဒစ်ပဿီးရီးယား) ဆုံဆို့ရောဂါ၊
- diplopic အရုပ် နှစ်ခုမြင်နေခြင်း၊
- disability မသန်မစွမ်း၊
- disc အပြားငယ်၊
- discharge instructions ဆေးရုံဆင်း ညွှန်ကြားချက်များ၊
- discomfort အနေရခက်ခြင်း၊
- disinfectant ပိုးမဝင်စေသည့်ဆေး၊
- dislocation အဆစ်လွဲခြင်း၊
- disorder တလွဲဖြစ်နေခြင်း၊
- diverticula အတက်ငယ်များ၊
- dizziness ခေါင်းနောက်နေခြင်း၊
- doctor on-call အရေးပေါ်ခေါ်ယူနိုင်သည့် ဆရာဝန်၊
- douche သန့်ရှင်းစေရန် ဆေးဖြန်းခြင်း (ဗဂျိုင်းနား)၊
- Down Syndrome မွေးရာပါ ကလေး ဦးနှောက်မပြည့်သည့်ရောဂါ၊
- dressing ဆေးထည့်ခြင်း၊ ဖုံးအုပ်ပေးခြင်း၊
- drops အစက်ချဆေး၊
- dropsy ဖေါရောင်ခြင်း၊
- drowsiness မူးဝေနေခြင်း၊
- drowsy အိပ်ချင်နေခြင်း၊
- dry labor ရေမြွာရည်က အရင်ထွက်ကုန်ပြီးမှ ကလေးထွက်ခြင်း၊
- DTP--diphtheria, tetanus, and pertussis vaccine ဆုံဆို့- မေးခိုင်-ကြက်ညှာ ကာကွယ်ဆေး၊
- due date မွေးဖွါးနိုင်သည့်ရက်၊
- dull pain ထုံနာနာ၊
- duodenum (ဒူယိုဒီနမ်) အူသိမ်၏ အစပိုင်း၊
- dust mite လှေးကောင်၊
- dysentery ဝမ်းကိုက်ရောဂါ၊
- dyslexia စာသင်ရခက်သည့်အခြေအနေ၊
- dysmenorrhea ရာသီလာစဉ် နာကျင်-ကိုက်ခဲခြင်း၊
- dysuria ဆီးသွားစဉ် နာခြင်း၊
- ear canal နားပြွန်၊
- ear lobe နား (နားကပ် ဝတ်သည့်နေရာ)
- ear wax နားဖါ၊
- earache နားကိုက်၊
- eating plan အစားစားဇယား၊
- ECG /EKG--electrocardiogram လျှပ်စစ်သုံး နှလုံးတိုင်းစက်၊
- echocardiogram ပဲ့တင်သံဖြင့် စစ်ဆေးခြင်း၊
- eclampsia ကိုယ်ဝန် သွေးဆိပ်တက်ခြင်း၊
- ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊
- eczema နှင်းခူနာ၊
- edema ဖေါရောင်ခြင်း၊
- EEG--electroencephalogram ဦးနှောက်အား လျှပ်စစ်နည်းဖြင့် စစ်ဆေးခြင်း၊
- elbow တံတောင်ဆစ်၊
- electric stimulation (Transcutaneous electric nerve stimulation) လျှပ်စစ်ဖြင့် အာရုံကြောကို ကလိပေးခြင်း၊
- electrodes လျှပ်စစ်ဓါတ်လွှတ်ပေးသည့် အစွန်း၊
- electrolyte ဓါတ်ဆား၊
- embry- သန္ဓေသား၊
- emesis အန်ခြင်း၊
- EMG--electromyelogram လျှပ်စစ်ဖြင့် ကြွက်သားကို စစ်ဆေးခြင်း၊
- emphysema အဆုပ်ဖေါင်းရောင်နေသည့်ရောဂါ၊
- enamel သွားအပေါ်ယံ ကြွေလွှာ၊
- Encephalitis (အင်ကဖလိုက်တစ်) ဦးနှောက်ရောင်ရောဂါ၊
- Endemic (အင်းဒမစ်) နေရာဒေသတခုခု၌ ဖြစ်တတ်သည့်ရောဂါ၊ အများအပြားဖြစ်လာခြင်း၊
- endocarditis နှလုံးအတွင်းသားရောင်ခြင်း၊
- endocrinology ဟော်မုန်းများအကြောင်း၊ (အင်ဒိုခရိုင်း-ဂလင်းများမှ ဟော်မုန်းများ ထွက်သည်)
- endometriosis သားအိမ် အတွင်းဆုံးအလွှာတစ်ရှူး တခြားနေရာရောက်နေသည့် ရောဂါ၊
- endometrium သားအိမ် အတွင်းဆုံးအလွှာ၊
- endoscopy အစာလမ်းကြောင်းထဲ ကရိယာထည့်စစ်ဆေးခြင်း၊
- enema ဝမ်းခြူခြင်း၊
- engorged ကြီး-ဖေါင်းနေခြင်း၊
- ENT--Ear, Nose, Throat နား-နှာခေါင်း-လည်ချောင်း၊
- enterology အစာလမ်းကိုေ လ့လာခြင်း၊
- enzyme (အင်ဇိုင်မ်း) ဓါတ်ကူ၊
- Epidemic (အပီဒါးမစ်) နေရာဒေသတခုခု၌ ဖြစ်နေကြထက်ပို၍ရောဂါဖြစ်လာခြင်း၊ (ဒေသတွင်းကပ်ရောဂါ)
- epidemic နေရာတကာပျံ့နေခြင်း၊ ကွက်၍ဖြစ်သော ကပ်ရောဂါ၊
- epidural analgesia ခါးရိုးဆစ်ထဲ ထုံဆေးထိုးခြင်း၊ ဗိုက်မနာဘဲ ကလေးမီးဖွါးရန်၊ ခွဲစိတ်ရန်၊
- epidural ခါးရိုးဆစ်ထဲ ထုံဆေးထိုးခြင်း၊ ဗိုက်မနာဘဲ ကလေးမီးဖွါးရန်၊ ကိုယ်အောက်ပိုင်း နေရာများ ခွဲစိတ်ရန် ထိုးသည့် ထုံဆေး၊
- epilepsy ဝက်ရူးပြန်ရောဂါ၊
- episiotomy ကလေးမွေးနိုင်ရန် မွေးလမ်းကြောင်း ချဲ့ကိုက်ခြင်း၊
- erectile dysfunction ယောက်ျား ပန်သေ-ပန်းညှိုးရောဂါ၊
- ER--emergency room အရေးပေါ်အခန်း၊
- erosion စားသွားခံရခြင်း၊
- ERT--estrogen replacement treatment မ-ဟော်မုန်း (အီစထိုဂျင်) အစားထိုးကုသပေးခြင်း၊ (ဥပမာ သွေးဆုံးသူများ)
- esophagus (အီဆိုဖေးဂတ်စ်) အစာမျိုပြွန်၊ (အာခေါင်နှင့် အစာအိမ်အကြား)
- estrogen မ-ဟော်မုန်း (အီစထိုဂျင်)
- euphoria အတိုင်းမသိ ပျော်ရွှင်နေခြင်း၊
- evil eye ကံမကောင်းစေသည်ဟု ယူဆသည့်အကြည့်၊
- expiration ကုန်ဆုံး-သေဆုံးခြင်း၊
- expressed out the milk နို့ညှစ်ခြင်း၊
- eye drops မျက်စဉ်း၊
- eyelid မျက်ခွံ၊
- faint သတိလွတ်သွားခြင်း၊ ခဏတာ မူးမေ့သွားခြင်း၊
- fallopian tube သားအိမ်ပြွန်၊ (ဖလိုပီယန်-ကျုဘ်)
- false labor တကယ်မမွေးဘဲ ဗိုက်နာခြင်း၊
- family planning မိသားစုစီမံကိန်း၊
- fasting blood sugar အစာမစားချိန်ရှိသည့် သွေးထဲက သကြားဓါတ်၊
- fasting အစာငတ်ခံခြင်း၊
- fatigue အားကုန်ခြင်း၊
- feces ဝမ်း-မစင်၊
- feet ခြေထောက်၊
- female sterility အမျိုးသမီး ကလေးမရနိုင်သူ၊
- femur ပေါင်ရိုး၊
- fertility counseling ကလေးရနိုင်စေရန်အတွက် အကြံဥာဏ်ရယူခြင်း၊
- fertilization အဖို-အမ ပေါင်းစပ်ခြင်း၊
- fetal heart tone ဗိုက်ထဲက ကလေးနှလုံးခုန်သံ၏ ပြင်းအား၊
- fetus ဗိုက်ထဲကကလေး၊
- fever blister ဖျား၍ပေါက်သည့်အပူဖူး၊
- fever ဖျားခြင်း၊
- fibroid သားအိမ်အသားပို၊ (ဖိုက်ဘရွိုက်)၊
- fibula ခြေသလုံးထဲက အပြင်ရိုး၊
- Filariasis (ဖိုင်လေရီရေးဆစ်) ဆင်ခြေထောက်ရောဂါ
- filling သွားပေါက်ဖါခြင်း၊
- finger လက်ချောင်း၊
- fissure အကွဲ၊ ဥပမာ စအိုကွဲနာ၊ ပါးစပ်ကွဲခြင်း၊
- floaters မျက်စိထဲ အစက်အပျောက်မြင်နေခြင်း၊
- flu တုပ်ကွေး၊
- fluoride ဖလိုရိုက်၊ သွားကောင်းစေသည့်ဓါတ်၊
- fluoroscopy ဓါတ်မှန်နှင့် (ဖလူရိုဆင့်) အရောင်တွဲထားသည့် စမ်းသပ်ကရိယာ၊
- followup appointment နောက်တကြိမ်ပြန်ပြရမည့် ရက်ချိန်း၊
- fontanelle ငယ်ထိပ်၊
- food allergy အစာမသင့်ဖြစ်ခြင်း၊
- forceps ညှပ်၊ ဇာဂနာ၊ ကလေးမွေးရန်ညှပ်၊ သွေးကြောညှပ်၊
- forearm လက်ဖျံ၊
- forehead နဖူး၊
- foreskin ယောက်ျားပန်းကို ဖုံးနေသည့် ဆွဲလှန်၍ရသော အရေပြား၊
- fracture အရိုးကျိုးခြင်း၊
- freckle အစက်အပျောက်များ (မျက်နှာ)၊
- frigidity အမျိုးသမီ လိင်စိတ်နည်းဖြင်း၊
- frozen shoulder ပခုံး လိုသလို လှုတ်ရှားမရခြင်း၊
- FSH--follicle stimulating hormone ဟော်မုန်းတမျိုး၊ အရယ်ွရောက်ခြင်း၊ ကြီးထွားခြင်းကို သက်ရောက်သည်၊ ဦးနှောက်ထဲက ပစ်ကျူထရီ-ဂလင်းနှင့် မျိုးဥ၊ ဝှေးစေ့တို့က ထွက်သည်၊
- fungal infection မှိုပိုးဝင်ခြင်း၊
- fungus ဖန်းဂတ် = မှို၊
- gall bladder သည်းခြေအိတ်၊
- ganglion အရည်အိတ်၊ လက်ကောက်ဝတ်တဝှိုက်အဖြစ်များသော အကျိတ်၊
- Gangrene, necrosis (ဂန်ဂရင်း) တစ်ရှူးများသေခြင်း၊
- gargle ပါးစပ်ပလုပ်ကျင်းသည်၊
- gastric banding အစာအိမ်ကို ချည်နှောင်ထားခြင်း၊ အဝလွန်သူများအတွက်လုပ်သည်၊
- gastric bypass အစာလမ်းကို ဖြတ်ကူးဆက်ပေးခြင်း၊
- gastric ulcer အစာအိမ်နာ၊
- gastritis အစာအိမ်ရောင်ခြင်း၊
- gauze ဂေါ့စ်၊ ပိတ်ကျဲစ၊
- generic drugs ဆေးနာမည်အတိုင်း ရောင်းသည့်ဆေး၊
- genetic counseling မျိုးဗီဇဆိုင်ရာ အကြံပေး၊
- genetic မျိုးဗီဇ၊
- genitals လိင်အင်္ဂါများ၊
- geriatrics လူအိုများအား စောင့်ရှောက်ခြင်း၊
- gestation ကိုယ်ဝန်ဆောင်ချိန်၊
- gestational diabetes ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိခြင်း၊
- GI--gastroenterology အစာအိမ်-အူလမ်းကြောင်း၊
- gingivitis သွားဖုံးရောင်ခြင်း၊
- glands (ဂလင်း) အိတ်၊
- glaucoma မျက်စိ ရေတိမ်၊
- glucose (ဂလူးကို့စ်) သကြားဓါတ်
- glucose tests သကြားဓါတ်စမ်းသပ်ခြင်း၊
- glyburide ဆီးချို အမျိုးအစား ၂ ဆေး၊
- glycosuria ဆီးထဲ သကြားဓါတ်ပါနေခြင်း၊
- glypizide ဆီးချို အမျိုးအစား ၂ ဆေး၊
- gnawing pain အကိုက်ခံရသလိုနာ၊
- goiter (ဂွိုက်တာ) လည်ပင်းကြီး၊
- golfer's elbow ဂေါက်သမား တံတောင်ဆစ်နာ၊
- gonorrhea (ဂနိုရီးယား) လိင်ကတဆင့်ကူးစက်ရောဂါ တခု၊
- Gonorrhoea (ဂနို) ရောဂါ၊
- gout (ဂေါက်) အဆစ်နာရောဂါ၊
- GP--General Practitioner ဆေးကုနေသည့် ဆရာဝန်၊
- Graves Disease (ဂရေ့ဖ်-ဒဇိစ်) လည်ပင်းကြီး ဟော်မုန်းများရောဂါ၊
- groin ပေါင်ခြံ၊
- gums သွားဖုံး၊
- gynecology မီးယပ်ရောဂါဗေဒ၊
- hacking cough ချောင်းခြောက်ဆိုးခြင်း၊
- hallucination မရှိတာကို မြင်-ကြားနေခြင်း၊
- hay fever (ဟေး-ဖီဗာ) အလာဂျီကြောင့်ဖြစ်သည့်ရောဂါ၊
- HDL High-density lipoprotein (ကိုလက်စထော)၊
- headache ခေါင်းကိုက်ခြင်း၊
- healthy ကျန်းမာနေသော၊
- heart attack နှလုံး-သွေးကြောကျဉ်းရောဂါ ရုတ်တရက်ဖြစ်ခြင်း၊
- heart burn ရင်ပူခြင်း၊ အစာအိမ်မှာ အစာခြေရည်များခြင်း၊
- heart failure နှလုံးက လိုသလောက် အလုပ်မလုပ်နိုင်တော့ခြင်း၊
- heart murmur ပုံမှန်မဟုတ်သော နှလုံးခုန်သံ၊
- heat stroke အပူလှိုင်းမိခြင်း၊
- heating pad အပူပေးသည့် အခုအခံ၊
- heavy lifting အလေးအပင်မခြင်း၊
- hematemesis သွေးအန်ခြင်း၊
- hematoma သွေးခဲ၊ သွေးအစိုင်အခဲ၊ အထဲမှာသွေးယိုနေသည့်အခဲ၊
- hemodialysis သွေးကို စစ်ပေးခြင်း၊ (ရေစစ်သလို)
- hemoglobin (ဟီမိုဂလိုဘင်)၊ သွေးကိုနီစေသည့်ဓါတ်၊ သံဓါတ်နှင့်လုပ်သည်၊
- hemophilia သွေးမခဲသည့် မျိုးရိုးလိုက်ရောဂါ၊
- hemorrhage သွေးယိုခြင်း၊
- hemorrhoids လိပ်ခေါင်း၊
- Hepatitis A, B, C, E (ဟက်ပတိုက်တစ်) အသဲရောင် အေ၊ ဘီ၊ စီ၊ အီး၊
- hereditary မျိုးရိုးလိုက်ခြင်း၊
- hernia (ဟာနီယာ)၊ အူကျရောဂါ၊ အင်္ဂါအစိတ်အပိုင်းတခု သူ့နေရာမှ စူထွက်ခြင်း၊ ကျထွက်ခြင်း၊
- herniated disk ခါးဆစ်ရိုးကြား အရိုးနု-အပြား နေရာလွဲထွက်လာခြင်း၊
- Herpes (ဟားပိစ်) ရေယုံရောဂါ၊
- hiccups ကျို့ထိုးခြင်း၊
- hip ခါး၊ တင်နေရာ၊
- hives (အလာဂျီ) ရသဖြင့် ထွက်သည့် အနီပြင်၊ ပျားတုပ်ခံရသလို၊
- HIV--Human Immunodeficiency Virus ခုခံအားကျရောဂါ လူမှာဖြစ်စေသည့် ဗိုင်းရပ်စ်၊
- hoarse အသံသြခြင်း၊
- Holter monitor ဗဟိုအာရုံကြောစနစ်ရှိ လျှပ်စစ်ဓါတ်ကို စောင့်ကြည့်ပေးသည့်ကရိယာ၊
- hormone ဟော်မုန်း၊
- hot and cold spells ပူလိုက်၊ အေးလိုက်ဖြစ်ခြင်း၊ ဥပမာ သွေးဆုံးချိန်၊
- household chemicals အိမ်သုံး ဓါတုဆေးများ၊
- hurt အနာတရဖြစ်စေသည်၊
- huskiness အသံအက်နေခြင်း၊
- hydrogen peroxide (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက်) ပိုးသန့်ဆေးတမျိုး၊
- hyperacidity အက်စစ်ဓါတ်များနေခြင်း၊
- hyperglycemia သွေးထဲ သကြားဓါတ် များနေခြင်း၊
- hypersensitivity ပိုမို၍တုံ့ပြန်ခြင်း၊
- Hypertension (ဟိုက်ပါတင်းရှင်း) သွေးတိုးရောဂါ၊
- hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ၊
- hypoglycemia သွေးထဲ သကြားဓါတ် နည်းနေခြင်း၊
- hypotension သွေးဖိအားကျနေခြင်း၊
- hysterectomy သားအိမ်ထုတ်ခြင်း၊
- hysteria စိတ်လှုတ်ရှားမှု လွန်ကဲသဖြင့် အမူအယာ ပုံမှန်မဟုတ်သည့် စိတ်ရောဂါ၊
- ibuprofen (အိုင်ဘူပရိုဖင်) အနာအကိုက်-အဖျား သက်သာဆေး၊
- ICU--intensive care unit အထူးကြပ်မတ်ကုသပေးသည့်အခန်း၊
- illness နေမကောင်းဖြစ်ခြင်း၊ အနာ-ရောဂါ၊
- immune system ရောဂါပြီးစနစ်၊
- immunity ရောဂါပြီးခြင်း၊ ဥပမာ ဝက်သက်ဖြစ်ပြီးသူ နောက်ထပ် ဝက်သက် မဖြစ်တော့ခြင်း၊ ကာကွယ်ဆေးထိုးသူ ရောဂါမဖြစ်နိုင်ခြင်း၊
- immunoglobulin ရောဂါကို ခုခံတိုက်ဖျက်ပေးသည့်ဓါတ်၊ (အင်တီဘော်ဒီ)၊
- impetig- ဗက်တီးရီးယားကြောင့်ဖြစ်သော အနာ၊ ကူးစက်နိုင်သည်၊
- implantation တခုခုကို အထဲ ထည့်ပေးခြင်း၊ ဥပမာ ကလေးရစေရန် အပြင်မှာ ပေါင်းစပ်ပေးပြီးနောက် သားအိမ်ထဲထည့်ပေးခြင်း၊
- impotence ပန်းသေ-ပန်းညှိုး ရောဂါ၊
- incisor ရှေ့သွားများ
- incontinence မထိန်းနိုင်ခြင်း၊ ဥပမာ ဆီး-ဝမ်း၊
- incubation period ရောဂါလက္ခဏာမပေါ်မီယူသည့်ကာလ၊ ပိုးဝင်ပြီးနောက် ရောဂါခံစားရန် ကြာသေးသည့်ကာလ၊
- incubator အပူချိန်၊ စိုထိုင်းဆ၊ အောက်စီဂျင် လိုသလိုချိန်ပေးထားသည့် သေတ္တာ-အခန်း၊
- index finger လက်ညှိုး၊
- indigestion အစာမကျေဖြစ်ခြင်း၊
- induced abortion ကိုယ်ဝန်ပျက်စေရန် တမင်လုပ်ခြင်း၊
- induced labor ကလေးမွေးစေရန် တမင်လုပ်ပေးခြင်း၊
- infection inflammation (အင်ဖက်ရှင်)၊ (အင်ဖလမေးရှင်း) ရောဂါပိုဝင်ခြင်း၊ ပိုးဝင်၍ရောင်ရမ်းခြင်း၊
- infertile ကလေးမရနိုင်ခြင်း၊
- inflammation (အင်ဖလမေးရှင်း) ရောဂါပိုဝင်ခြင်း၊ ပိုးဝင်၍ ရောင်ရမ်းခြင်း၊
- Influenza (Flu) (အင်ဖလူယင်ဇာ) (ဖလူး) တုပ်ကွေးရောဂါ၊
- ingrown toenail ခြေစွယ်ငုတ်ခြင်း၊
- inguinal hernia ပေါင်ခြံမှာ ဖြစ်သော အူကျရောဂါ၊ (ချက်စူတာ၊ ဗိုက်ချုပ်ရိုးစူတာတွေနဲ့ ခွဲခြားရန် ပေါင်ခြံကို ထည့်သုံးသည်၊)
- inhale ရှူသွင်းခြင်း၊
- inhaler အသက်ရှူကရိယာ၊
- injection ထိုးဆေး၊
- inpatient အတွင်းလူနာ၊
- insecticide အင်းဆက်တွေကို သေဆေး၊
- insomnia အိပ်မပျော်ခြင်း၊
- insulin (အင်စူလင်) ဆီးချိုထိုးဆေး၊ (အင်စူလင်) ဟော်မုန်း၊
- intermittent pain နာလိုက် ရပ်လိုက်နာ၊
- intrauterine device သားအိမ်ထဲ ထည့်ထားရသည့်ပစ္စည်း၊ (ကလေး မရစေရန်)
- intravenous anesthesia သွေးပြန်ကြောထဲ ထိုးရသည့် မေ့ဆေး၊
- inverted nipples နို့သီးခေါင်း အထဲဝင်နေခြင်း၊
- in-vitr- fertilization ဓါတ်ခွဲခမ်းထဲမှာ အဖို-အမ မျိုးဥများ ပေါင်းစပ်ပေးခြင်း၊
- iodine (အိုင်အိုဒင်း) ၄င်းနည်းလျှင် လည်ပင်းကြီးဖြစ်စေသည်၊ အနာထည့်ဆေးအဖြစ်လဲ သုံးနိုင်သည်၊
- iris မျက်စိ သူငယ်အိမ်အဝိုင်းပေါက်ဘေးက ကျဉ်းလိုက်၊ ကျယ်လိုက် ဖြစ်နေသော အစိတ်အပိုင်း၊
- iron supplements သံဓါတ်ဆေး၊
- Iron-deficiency anemia (အိုင်းယွင်း-ဒီဖင်ရှင်စီ-အနီးမီးယား) သံဓါတ်နည်း သွေးအားနည်းရောဂါ၊
- irregular pulse လက်ကောက်ဝတ် သွေးခုန်တာ ပုံမှန်မဟုတ်ခြင်း၊
- irritable bowel syndrome အူလမ်းမငြိမ်သည့် ဝမ်းခဏခဏပျက်သည့်ရောဂါ၊
- irritation စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊
- isolate သည်းခြားခွဲထုတ်ခြင်း၊
- itch ယားခြင်း၊
- IUD--intra-uterine device သားအိမ်ထဲ ထည့်ထားရသည့်ပစ္စည်း၊ ကလေးမရစေရန်၊
- IV--intravenous သွေးပြန်ကြောထဲဆေးထိုးခြင်း၊
- jaundice (ဂျွန်းဒစ်) အသား-မျက်လုံး-ဆီး ဝါခြင်း၊
- jaundice pancreatitis (ဂျွန်းဒစ်) ကြောင့် သရက်ရွက်ရောင်ခြင်း၊
- jock itch ဂျွတ် = မှိုကြောင့်ဖြစ်သောအနာ၊ ပေါင်ခြံစသည်မှာဖြစ်၊
- joints အဆစ်များ၊
- kidney failure ကျောက်ကပ် လိုသလောက် အလုပ်မလုပ်နိုင်ခြင်း၊
- kidneys ကျောက်ကပ်များ၊ (၂ ခုရှိ၍ အများသုံးသည်၊ အဆုပ်ကဲ့သို့)
- kilogram (ကီလိုဂရမ်)၊
- labia နုတ်ခမ်း၊ (ပါးစပ်၊ မိန်မ အင်္ဂါအဝ၊)
- labor and delivery ကလေးမွေးခြင်း၊
- labor pain ကလေးမွေးချင်လို့နာ၊
- laceration of the perineum မိန်းမ မွေးလမ်းဘေးနေရာ (ပရီနီယမ်) စုတ်ပြဲသွားခြင်း၊
- lactation consultant နို့တိုက်နည်း အတိုင်ပင်ခံပညာရှင်၊
- lactose intolerance နို့ထဲပါသည့် သကြားဓါတ်ကို မခံနိုင်ဖြစ်ခြင်း၊
- Lamaze method ကလေးမွေးရာတွင် လွယ်ကူစေရန် မိခင်လောင်းကို အားပေးသည့် ပြင်သစ်ဆရာဝန် တီထွင်သည့်နည်း၊
- laparoscopy ဗိုက်ထဲ ကိရိယာထည့် စစ်ဆေးခြင်း၊
- large intestine အူမကြီး၊
- larynx အသံအိုး၊
- laser surgery လေဆာဖြင့်ခွဲစိတ်ကုသခြင်း၊
- laxative ဝမ်းနုတ်ဆေး၊
- lazy eye မျက်စိတဖက်က မျက်မှန်တပ်လဲမရသည့် သိပ်မမြင်သည့်ရောဂါ၊
- lens မှန်ဘီလူး၊
- Leprosy (Hansen's Disease) (လက်ပရိုစီ) အနာကြီးရောဂါ၊
- lesion အနာ၊
- lethargic မလှုတ်ရှားချင်၊ မလုပ်ချင်ဖြစ်နေခြင်း၊
- leukemia လူကီးမီးယား၊ (သွေးကင်ဆာ)
- lice သန်း၊ ဆံပင်-အမွှေးထဲနေသည့် သန်း၊
- ligament အရွတ်၊
- limp ထော့နင်း-ထော့နင်း ဖြစ်နေခြင်း၊
- listlessness အားယုတ်နေခြင်း၊
- liver အသဲ၊
- low calorie ကယ်လိုရီ နည်းခြင်း၊
- low fat အဆီ နည်းခြင်း၊
- lower back pain ခါးနာ၊
- lumbar or cervical roll ခါး၊ လည်ပင်းတို့အား အနာသက်သာစေရန် ပတ်ထားရသည့် အလိပ်၊
- lump အလုံး-အကျိတ်၊
- lupus ရောဂါပြီးစနစ် မမှန်သဖြင့် ဖြစ်ရသည့် နာတာရှည်အနာ၊
- lymph (လင့်ဖ်) သွေးပြန်ရည်၊ (တက်စေ့နှင့်ဆိုင်သည်)
- malaria ငှက်ဖျား၊
- malignant (မလင်ဂနင့်) ကင်ဆာ၊
- mammogram နို့ကိုဓါတ်မှန်ရိုက်ခြင်း၊
- mania စွဲလမ်းမှု၊
- manic depressive စွဲလမ်းမှု စိတ်ရောဂါတွင် အကျစွန်းဘက် ရောက်နေချိန်၊
- mastectomy ရင်သား ဖြတ်ထုတ်ခြင်း၊
- maternity ward ကလေးမွေးလူနာဆောင်၊
- Measles (မီဆဲလ်စ်) ဝက်သက်ရောဂါ၊
- medical excuse ကျန်းမာရေးအရခွင့်ပြုချက်၊
- medical history နောက်ခံကျန်းမာရေးသမိုင်း၊
- Medical vocabulary ဆေးစာ ဝေါဟာရများ
- medicated compress ဆေးဖြင့် ဖိအားပေးခြင်း၊ ရိုးရာဆေးကုနည်းတမျိုး၊
- medicated compress ဆေးဖြင့်
- medication ဆေးပေးခြင်း၊
- melena ဝမ်းထဲသွေးပါနေခြင်း (ဝမ်းအမဲရောင်သွားခြင်း)၊
- membrane (မင်ဘရိန်း)၊ အဖုံးလွှာပါး၊
- Meningitis (မင်နင်ဂျိုက်တစ်) ဦးနှောက်အမှေးရောင်ရောဂါ၊
- meningitis ဦးနှောက်ကိုဖုံးထားသည့် အလွှာရောင်ခြင်း၊
- Meningococcemia (မနင်ဂိုကော့ကပ်စ်) ပိုးသွေးထဲရောက်ရောဂါ၊
- menopause သွေးဆုံးချိန်၊
- menses ရာသီသွေး၊
- menstrual cycle ရာသီ လစဉ် စက်ဝန်း၊
- menstruation ရာသီဆင်းခြင်း၊
- mental health စိတ်ကျန်းမာရေး၊
- mental retardation စိတ်ဖွံ့ဖြိုးမှု နောက်ကျနေခြင်း၊
- mercurochrome ပိုးသန့်ဆေး တမျိုး၊
- metabolism (မက်တာဘော်လဇင်) ဇီဝဖြစ်စဉ်၊
- metastasis ပြန့်နှံ့ခြင်း၊ ဥပမာ ကင်ဆာ၊
- microorganism သေးငယ်သည့် ပိုးမွှား၊ ဥပမာ ဗက်တီးရီးယား၊
- middle ear infection နားအလည်ပိုင်း ပိုးဝင်ခြင်း၊ (နား ကို ၃ ပိုင်းခွဲထားသည်)
- midwife သားဖွါးဆရာမ၊
- migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊
- Migraine (မိုင်ဂရိန်း) ခေါင်မူး၊ ခေါင်းကိုက်ရောဂါ၊
- miscarriage သားပျက်ခြင်း၊ (အလိုအလျောက် ပျက်ခြင်း)
- MMR--measles, mumps & rubella vaccine ဝက်သက်-ပသိရောင်-ဂျာမန်ဝက်သက် ရောဂါ ၃ မျိုး ကာကွယ်ဆေး၊
- molar အံသွား၊
- mold ပုံဖေါ်ခြင်း၊
- mole မှဲ့၊
- mood swings စိတ်မူပြောင်းခြင်း၊ တက်လိုက် ကျလိုက်ဖြစ်ခြင်း၊
- morning sickness ကိုယ်ဝန်ဆောင်စ ခံစားရသည့်လက္ခဏာများ၊
- morning-after pill အရေးပေါ် ကိုယ်ဝန်တားဆေး၊ ညက အတူနေပြီး မနက်ရောက်သောက်သည့်သဘော၊
- mosquit- ခြင်၊
- motion sickness ကားမူးရောဂါ၊ ရွေ့ပြောင်းလျင်မူး-အန်သည့်ရောဂါ၊
- mountain sickness တောင်တက်လျှင် မူးသည့်ရောဂါ၊
- MRI--magnetic resonance imaging သံလိုက်ဓါတ်သုံး ပုံဖေါ်နည်း၊
- MS--multiple sclerosis နှလုံအဆို့ရှင် ကျဉ်းသည့်ရောဂါ၊
- mucous stool ဝမ်းထဲအကျိအချွဲပါခြင်း၊
- mucus အကျိအချွဲ၊
- Mumps (မန့်ပ်) လည်ပင်အကြိတ်ရောင်ရောဂါ၊
- mumps ပသိရောင်ရောဂါ၊ (ပါးရောင်ခြင်း)
- muscle tissue ကြွက်သား တစ်ရှူး၊
- Myopia (မိုင်ယိုးပီးယား) အနီးမှုန်ရောဂါ၊
- nasal cavity နှာခေါင်းအတွင်းခေါင်း၊
- nasal congestion နှာခေါင်း ပွစိပွစိနေခြင်း၊
- nasal irrigation နှာခေါင်းကိုဆေးဖြန်းခြင်း၊
- nasal spray နှာခေါင်းထဲ ပန်းရသည့်ဆေး၊
- nausea ပျို့ခြင်း၊
- nauseating pain အန်ချင်သလိုနာ၊
- navel ချက်၊
- nebulizer နှာခေါင်းမှရှူရန် ဆေးထည့်သည့် ရေ-ဆေးရည်
- needle aspiration biopsy အသားစကို စစ်ဆေးရန် ဆေးထိုအပ်ဖြင့်စုတ်ယူခြင်း၊
- neonatal မွေးကင်စကလေး၊
- Neoplasm (နီယိုပလာဇမ်) ကင်ဆာရောဂါ (ဆဲလ်မတူသည့်ကင်ဆာ)၊
- nephritis ကျောက်ကပ်ထဲကပြွန်များ ရောင်ခြင်း၊
- nephrologist ကျောက်ကပ် အထူးကု၊
- nerves အာရုံကြော၊
- neuralgia အာရုံကြောနာခြင်း၊
- neurasthenia အားယုတ်၊ စိတ်ကျ၊ စိုးရိမ်၊ ခေါင်းကိုက်၊ အာရုံကြောတလျှောက် နာခြင်းတို့ တွဲဖြစ်ခြင်း၊
- neuritis အာရုံကြောရောင်ခြင်း၊
- neurologist အာရုံကြောအထူးကု၊
- neurosis စိတ်ဖိစီးရောဂါ၊ (အမူအရာ ပုံမှန်၊ မမြင်မကြားအပ်တာမရှိ)၊
- NICU--neonatal intensive care unit မွေကင်းစကလေး အထူးကုသဆောင်၊
- night sweats ညချွေးထွက်ခြင်း၊
- nodule အလုံး-အကျိတ်ငယ်၊
- nostrils နှာခေါင်းထိပ်ဖျား၊
- Novocain ထုံဆေးနာမည်၊
- numbing pain ခဲကိုက်ထုံသလိုနာ၊
- numbness ထုံနေခြင်း၊
- nurse practitioner သူနာပြုအလုပ်လုပ်သူ၊
- nurse သူနာပြု၊
- nursery ကလေးငယ်များအား စောင့်ရှောက်ခြင်း၊
- nurse's station သူနာပြုများရှိနေသည့်နေရာ၊
- nursing သူနာပြုစုခြင်း၊
- nutrition အာဟာရ၊
- OB/GYN--Obstetrics/Gynecology သားဖွါး-မီးယပ်၊ (အော့ဖ်စ်တက်ထရစ်) (ဂိုင်နကော်လော်ဂျီ)
- Obesity (အိုဘီစတီ) အဝလွန်ရောဂါ၊
- obesity အဝလွန်ခြင်း၊
- observation စောင့်ကြည့်ခြင်း၊
- obstetrician သားဖွါးပညာရှင်၊
- occupational therapist အလုပ်အကိုင် လုပ်နိုင်စေရန် ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပေးသည့် ပညာရှင်၊
- ointment လိမ်းဆေး၊ ကော်မျက်စဉ်း၊ စေးပြစ်သည့်ဆေး၊
- oncology ကင်ဆာ ပညာ၊
- onset အစပိုင်း၊
- ophthalmology မျက်စိဗေဒ၊
- OR--operating room ခွဲစိတ်ခန်း၊
- orthodontics သွားအထူးကု၊
- osteoporosis အရိုးအားနည်းရောဂါ၊
- OTC--over-the-counter medication ဆေးဆိုင်မှာ ဆေးလက်မှတ်မပါဘဲဝယ်နိုင်သည့်ဆေး၊
- otitis နားရောင်ခြင်း
- otolaryngologist နား-လည်ချောင်းအထူးကု၊
- Outbreak (အောက်ဘရိတ်) နေရာကွက်ကြား၌ ရုတ်တရက်အများအပြား ရောဂါဖြစ်လာခြင်း၊
- outpatient အပြင်လူနာ၊
- ovarian cyst မျိုးဥအိမ် အကျိတ် (အိတ်)
- ovarian pregnancy မျိုးဥအိမ်မှာ သန္ဓေတည်ခြင်း၊
- ovaries မျိုးဥအိမ်၊ ၂ ခုရှိ၍ အများသုံးသည်၊
- overactive bladder လိုတာထက်ပိုလုပ်နေသည့် ဆီးအိမ်၊
- ovulation conception မျိုးဥထွက်ခြင်း၊ သန္ဓေတည်ခြင်း၊
- oxygen အောက်စီဂျင်၊
- pacemaker နှလုံးခုန် မှန်စေရန် လုပ်ပေးသည့် ကရိယာ၊ (ရင်ပတ်မှာ ထည့်ပေးတားသည်)
- pain reliever အနာသက်သာဆေး၊
- palate အာခေါင်၊
- pallor of face မျက်နှာဖြူရော်နေခြင်း၊
- palpitations ရင်တုံခြင်း၊
- pamphlet လက်ကမ်းစာစောင်၊
- pancreas သရက်ရွက်၊
- Pancreatitis (ပန်ကရီရပ်-တိုက်တစ်) သရက်ရွက်ရောင်ရောဂါ၊
- Pandemic (ပင်ဒမစ်) ကမ္ဘာနှင့်ချီ၍ ရောဂါဖြစ်လာခြင်း၊ (ကမ္ဘာ့ကပ်ရောဂါ)
- pap smear သားအိမ်ကင်တာအတွက် သားအိမ်အဝကို သုတ်ယူစစ်ဆေးခြင်း၊
- paralysis လေဖြတ်ခြင်း၊
- paramedics ဆေးတတ်ကျွမ်းသူအကူ၊
- parasitic infection ပါရာဆိုက်ဝင်ခြင်း၊ ဥပမာ သန်ကောင်၊
- Paratyphoid fever (ပါရာ-တိုက်ဖွိုက်) ရောဂါ၊
- patella ဒူးက ဂုံညင်း၊
- patient advocate လူနာရှေ့နေ၊
- PCP--Primary Care Provider အခြေခံကျန်းမာရေး စောင့်ရှောက်ပေးသူ၊
- pediatrician ကလေးအထူးကု၊
- pelvic exam တင်ပါးဆုံနေရာ စမ်းသပ်ခြင်း၊
- Pelvic inflammatory disease (PID) (ပဲလ်ဗစ်-အင်ဖလေမင်ထရီ-ဒီဇိစ်) တင်ပါးဆုံတွင်းအင်္ဂါများရောင်သည့်ရောဂါ၊
- pelvis တင်ပါးဆုံ၊
- penicillin ပနယ်စလင်၊
- penis ကျားလိင်တံ၊
- perianal abscess စအိုဘေး ပြည်တည်နာ၊
- perineum ဆီးပေါက်၊ မွေးလမ်း၊ စအိုတို့ရှိနေသည့်နေရာတဝှိုက်၊
- periodontal disease သွားအထူးကု၊
- Peritonitis (ပယ်ရီတိုနိုက်တစ်) ဗိုက်အမြှေးရောင်ရောဂါ၊
- persistent pain မရပ်မနားနာ၊
- perspire အရေပြားမှ အငွေ့ပြန်ထွက်ခြင်း၊
- Pertussis (Whooping Cough) (ပါကျူးဆစ်) ကြက်ညှာချောင်းဆိုးရောဂါ၊
- pertussis ကြက်ညှာချောင်းဆိုး၊
- PET--positron emission tomography နူကလီယာသုံး ပုံဖေါ်ခြင်း၊
- pharmacist ဆေးဝါးပညာရှင်၊
- phlegm အသက်ရှူလမ်းမှထွက်သောအချွဲ၊
- phobia ကြောက်စိတ်၊
- PID--pelvic inflammatory disease တင်ပဆုံကွင်းအတွင်းအင်္ဂါများရောင်ခြင်း၊ (အမျိုးသမီး)
- pill ဆေးလုံး၊
- pituitary gland ဦးနှောက်ထဲရှိ (ပစ်ကျူထရီ-ဂလင်း) ဟော်မုန်းများထုတ်သည်။
- placenta အချင်း၊
- Plague (ပလိပ်) ပလိပ်ရောဂါ၊
- plaque အပေါ်ယံ အပြားလွှာဖြစ်လာခြင်း။
- pleurisy အဆုပ်အိတ်ထဲအရည်အောင်းခြင်း၊
- Pneumonia (နူမိုးနီးယား) အဆုပ်ခဲသည့်ရောဂါ၊
- poisoning အဆိပ်သင့်ခြင်း၊
- Poli- or Poliomyelitis (ပိုလီယို) အကြောသေရောဂါ၊
- polyuria ဆီးများခြင်း၊
- poor circulation သွေးကောင်းကောင်းမလျှောက်ခြင်း၊
- post-op ခွဲစိတ်အပြီး၊
- postpartum depression ကလေးမွေးပြီး စိတ်ဓါတ်ကျခြင်း၊
- power of attorney ရှေ့နေလိုက်ခွင့်၊
- pre-diabetes stage ဆီးချိုမဖြစ်မီကာလ၊
- prenatal (antenatal) ကလေးမဖွါးမီ၊ ကိုယ်ဝန်ဆောင်ချိန်၊
- pre-op ခွဲစိတ်ခြင်းမပြုမီ၊
- presbyopia အနီးက အရာတွေကို ကောင်းကောင်းမမြင်ခြင်း၊
- prickling pain ဆိတ်သလိုနာ၊
- prognosis တိုးတက်မှု၊
- prostate gland ယောက်ျား ဆီးကျိတ် (ဂလင်း)၊
- prostate ယောက်ျား ဆီးကျိတ်၊
- prosthesis အတု၊ သွားတု၊ ခြေတု၊ လက်တု၊
- psoriasis ရောဂါပြီးစနစ်ကြောင့်ဖြစ်ရသည့် နာတာရှည်အနာ၊
- psychiatrist စိတ်အထူးကု၊
- psychosis စိတ်ရောဂါ၊
- PT--physical therapy ရုပ်ပိုင်း ကုသပေးခြင်း၊
- puffy ဖေါနေခြင်း၊
- pulmonary function test အဆုပ်အလုပ်ကိုစစ်ဆေးခြင်း၊
- pulmonology အဆုပ်ဗေဒ၊
- pulse rate လက်ကောက်ဝတ်သွေးခုန်နှုန်း၊
- pump the stomach အစာအိမ်ဆေးခြင်း၊
- pupil သူငယ်အိမ်၊
- pus ပြည်၊
- pustule ပြည်အိတ်ငယ်၊
- pyorrhea ပြည်ထွက်ခြင်း၊
- pyuria ဆီးထဲပြည်ပါနေခြင်း၊
- quarantine သီးခြားထွဲထားခြင်း၊ သူ့နေရာကို တခြားလူမလာရ၊
- queasy အန်ချင်၊ နေမကောင်းချင်၊
- Rabies (ရေးဘီးစ်) ခွေးရူးပြန်ရောဂါ၊
- radiating pain နာတဲ့နေရာကနေ တခြားဆီမှာဆက်နာ၊
- radiation therapy ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊
- radioactive iodine ရေဒီယိုဓါတ်ကြွ အိုင်အိုဒင်း၊
- radiography ဓါတ်မှန်ရိုက်ခြင်း၊
- radiology ဓါတ်မှန်ပညာ၊
- rash အနီပြင်၊
- RBC--red blood count သွေးနီဥအရေအတွက်၊
- rectal exam စအိုလမ်းစမ်းသပ်ခြင်း၊
- rectum အစာဟောင်းအိမ်၊
- red blood cells သွေးနီဥ၊
- rehabilitation ပြန်လည်နလံထစေရန်ပြုစုခြင်း၊
- relapse ပြန်ဖြစ်ခြင်း၊
- renal failure ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်း၊
- replicate အတူပွါးခြင်း၊
- resection ခွဲစိတ်ဖြတ်ထုတ်ခြင်း၊
- resistance ခုခံခြင်း၊ ဆေးမတိုးခြင်း၊
- respiration အသက်ရှူခြင်း၊
- retina မျက်စိအတွင်းမြင်လွှာ၊ (ကင်မရာ အရုပ်ထင်သည့် ဖလင်နေရာ)
- retinal detachment မျက်စိမြင်လွှာကွာခြင်း၊
- retinitis မျက်စိမြင်လွှာရောင်ခြင်း၊
- RH factor အာရ်အိတ်ခ်ျ-ဖက်တာ၊ သွေးအုပ်စု စစ်လျင် ရှိသူ-မရှိသူ၊
- Rheumatic fever (ရူမက်တစ်-ဖီဗာ) အဆစ်ရောင်အဖျားရောဂါ၊
- Rheumatic heart disease (ရူမက်တစ်) နှလုံးရောဂါ၊
- rheumatism ရူမက်တစ် အဆစ်နာရောဂါ၊
- Rheumatoid arthritis (ရူမက်တစ်-အာသရိုက်တစ်) အဆစ်ရောင်ရောဂါ၊
- rheumatoid arthritis ရူမက်တစ် အဆစ်နာခြင်း၊
- rheumatoid factor test ရူမက်တစ် အဆစ်နာရောဂါ ရှိ-မရှိစစ်ခြင်း၊
- rhinitis နှာစေးခြင်း၊
- ribs နံရိုးများ၊
- Rickets (ရစ်ကက်) ဗီတာမင်ဒီ နဲသည့်ရောဂါ၊
- ringing in the ears နားထဲ တဝီဝီမည်နေခြင်း၊
- ringworm ပွေး၊
- risk factors အန္တရာယ်ရှိသည့်အချက်၊
- risk အန္တရာယ်၊
- RN--registered nurse မှတ်ပုံတင်ထားသည့် သူနာပြု၊
- root canal သွားပေါက်သည့်အခေါင်း၊
- roseola ကလေးငယ်များတွင်ဖြစ်သော ဗိုင်းရပ်စ် အဖျားရောဂါ၊
- rubdown ပွတ်သပ်ချခြင်း၊
- Rubella (ရူဘဲလား) ဂျာမန်ဝက်သက်ရောဂါ၊
- rubella ရူဘဲလား၊ ဂျာမန်-ဝက်သက်ရောဂါ၊
- runny nose နှာရည်ယိုခြင်း၊
- rupture ကွဲထွက်ခြင်း၊ (ဥပမာ သားအိမ် ကွဲခြင်း)
- saliva တံတွေး၊ သွားရည်၊
- sample နမူနာ၊
- sarcoma ဆာကိုးမား၊ ကင်ဆာ၊
- Scabies (စကေးဘီးစ်) ဝဲ၊ ယားနာရောဂါ၊
- scaly/dry ခြောက်သွေ့၊
- scapula စကက်ပြူလာ၊ လက်မောင်းနောက်က သုံးဒေါင့်ပုံအရိုး၊ လက်ပြင်၊
- scar အမာရွတ်၊
- scarlet ဝါနေခြင်း၊
- schizophrenia စကစ်ဇိုဖရီးနီးယား စိတ်ကစင့်ကလျားဖြစ်ရောဂါ၊
- sciatica ပေါင်နောက်ကနေ အောက်ဘက်ဆင်းနာသည့်ရောဂါ၊
- sclera မျက်စိ အဖြူရောင်နေရာ၊
- scoliosis ကိုယ်-ခါး တခြမ်းစောင်းနေသည့်ရောဂါ၊
- scorpion ကင်းမလက်မဲ၊ ကင်းမြီးကောက်၊
- scratches ခြစ်ကုပ်ရာများ၊
- screening test ရောဂါစစ်ထုတ်ရန် စစ်ဆေးခြင်း၊
- scrotum ယောက်ျား ကပ်ပဲ့အိပ်၊
- Scurvy (စကာဗီ) ဗီတာမင်စီနည်းသည့် ရောဂါ၊
- secretion စစ်ထုတ်ရည်၊
- sedative အိပ်စေ-ငြိမ်စေသည့်ဆေး၊
- seizure တက်ခြင်း၊
- semen သုတ်ရည်၊
- Sepsis (ဆက်ပဆစ်) ပိုးဝင်ခြင်းရောဂါ၊
- serology သွေး (ခဲပြီးနောက်ထွက်သည့် စီရမ်) ကိုလေ့လာဖြင်း၊
- serum သွေးပြန်ရည်၊ (သွေးခဲပြီးနောက် ဖြစ်လာသည့် အရည်)၊
- sexually transmitted လိင်ကတဆင့်ကူးစက်ခြင်း၊
- sharp pain စူးရှနာ၊
- shin ခြေသလုံးရှေ့၊ ညိုသကြီး၊
- Shock (ရှော့ခ်) ရောဂါ၊
- shooting pain ထိုးနာ၊
- shortness of breath အသက်ရှူမဝခြင်း၊
- shoulder blade လက်မောင်းနောက်က သုံးဒေါင့်ပုံအရိုး၊ (စကက်ပြူလာ)၊
- sickle cell anemia ဆစ်ကယ်လ်-ဆဲလ် သွေးအားနည်းရောဂါ၊
- sickle cell disease ဆစ်ကယ်လ်-ဆဲလ် ရောဂါ၊ (ပုံမှန်မဟုတ်သော သွေးနီဥ)
- sickle cell screen ဆစ်ကယ်လ်-ဆဲလ် ရောဂါ စစ်ဆေးခြင်း၊
- sickle cell trait ဆစ်ကယ်လ်-ဆဲလ် ရောဂါမျိုး၊ (လက္ခဏာမပေါ်သည့်)
- side effects ဘေးထွက်-ဆိုးကျိုးများ၊
- SIDS--sudden infant death syndrome ရုတ်တရက် ကလေးငယ်သေဆုံးရသည့် လက္ခဏာအစုအဝေး၊
- sigmoidoscopy (ဆစ်ကမွိုက်) အူမကြီးထဲ ကရိယာထည့်စစ်ဆေးခြင်း၊
- sinus blood-spitting သွေးထွက်သည့် ဆိုင်းနပ်စ် (နှာခေါင်း) ရောဂါ၊
- sinus cavity (ဆိုင်းနပ်စ်) အခေါင်းလေး၊ ဦးခေါင်းခွံထဲတွင်ရှိနေသော အခေါင်း၊
- sinuses (ဆိုင်းနပ်စ်) အခေါင်းလေးများ၊
- sitz-baths ခပ်နွေးနွေးပူသည့်ရေထဲ စိမ်ထားခြင်း၊ (အမျိုးသမီးများ)၊
- skull ဦးခေါင်းခွံ၊
- sleep apnea အိပ်ပျော်နေစဉ် အသက်ရှူမမှန်ဖြစ်ခြင်း၊
- slight pain နဲနဲလေးနာ၊
- sling အသိုင်း၊
- slit lamp exam မျက်စိစမ်းသပ်သည့် ကရိယာ၊
- small intestine အူသိမ်၊
- Smallpox (Variola) (စမောလ်-ပေါက်စ်) ကျောက်ကြီးရောဂါ
- smallpox ကျောက်ကြီးရောဂါ၊
- social worker လူမှုရေးလုပ်သူ၊
- sonogram ဆိုနိုဂရမ်၊ (အာလ်ထွာဆောင်း တမျိုး)၊
- sore pain အနာနာသလိုနာ၊
- sore throat လည်ပင်းနာ၊
- sore အနာ၊
- spasm ညှစ်ခြင်း၊ ညှစ်၍နာခြင်း၊
- speculum ကြည့်ရှုစစ်ဆေးရန် အင်္ဂါထဲထိုးထည့်ရသည့်ကရိယာ၊ နှာခေါင်း၊ မွေးလမ်း၊
- spermicide သုတ်ပိုးသေဆေး၊
- spicy foods ပူစပ်သည့်အစားအစာ၊
- spinal cord ခါးရိုးမကြီးထဲရှိ အာရုံကြောကြီး၊
- spinal fluid ခါးရိုးမကြီးထဲရှိ အာရုံကြောအရည်၊
- spinal test ခါးရိုးမကြီးထဲရှိ အာရုံကြောအရည်ကို စမ်းသပ်ခြင်း၊
- spirometry အသက်ရှူခြင်းအား စစ်ဆေးခြင်း၊
- spit တံတွေး ထွေးခြင်း၊
- spleen ဘေလုံး၊ (ဗိုက် ဘယ်ဘက် အထက်နားရှိသည်)၊
- splint တည့်မတ်-ငြိမ်စေရန် အခုအခံ၊
- splinter ကွဲထွက်လာသည့် အပိုင်းအစ၊
- spontaneous abortion အလိုလို ကိုယ်ဝန်ပျက်ခြင်း၊
- sprain ထိခိုက်၍ နာခြင်း၊ (မကျိုး-မလွဲ)
- sputum သလိပ်၊
- squint မျက်စိစွေခြင်း၊
- STD--sexually transmitted disease လိင်ကတဆင့် ကူးစက်ရောဂါ၊
- sterilization ပိုးသန့်အောင်လုပ်ခြင်း၊ ကလေးမရတော့အောင်လုပ်ခြင်း၊
- sternum ရင်ညွန့်ရိုး၊
- steroid စဆီရွိုက်ဆေး၊
- stethoscope နားကြပ်၊
- stiffness တောင့်တင်းနေခြင်း၊
- stillbirth ကလေးအသေမွေး၊
- sting အကောင် အဆိပ်၊
- stomach virus အစာအိမ် ဗိုင်းရပ်စ်၊
- stool softener ဝမ်းပြော့ဆေး၊
- stool specimen စစ်ဆေးရန် ဝမ်းနမူနာ၊
- strep throat လည်ချောင်းနာ၊ (စထွက်ပ် ပိုးကြောင့်ဖြစ်)
- stress test ခံနိုင်အားစမ်းခြင်း၊
- stretcher လူနာထမ်းစဉ်၊
- striations of pregnancy ကိုယ်ဝန်ကြောင့်ဖြစ်သော ဗိုက်အစဉ်းကြောင်းများ
- stroke ဦးနှောက် သွေးမလျောက်သဖြင့် လေဖြတ်ခြင်း၊
- sty မျက်စိစွန်ခြင်း၊
- sublingual tablet လျှာအောက်ငုံထားရသည့်ဆေးပြား၊
- sunburn နေလောင်ခြင်း၊
- suppository စအိုထဲထည့်ရသည့်ဆေး၊
- surgeon ခွဲစိတ်ဆရာဝန်၊
- surgery ခွဲစိတ်ပညာ၊
- swollen ဖေါင်း-ရောင်ခြင်း၊
- symptomatic ရောဂါလက္ခဏာနှင့်ဆိုင်သော၊ (ရောဂါလက္ခဏာကို သက်သာသည့်ဆေး)
- symptoms ရောဂါလက္ခဏာများ၊
- synthetic thyroid hormone (levothyroxine) ဓါတ်ခွဲခမ်းတွင်တည်ဆောက်ထားသည့် လည်ပင်းကြီးဟော်မုန်း၊
- Syphilis (ဆစ်ဖလစ်) ရောဂါ၊
- syringe ဆေးထိုးပိုက်၊
- tampons (ရာသီလာစဉ်) မွေးလမ်းထဲထည့်ထားရသည် ပစ္စည်း၊
- Tapeworm infection (တိပ်-ဝမ်း-အင်ဖက်ရှင်) တိပ်ပြားသံကောင် ရောဂါ၊
- tapeworm တပ်ပြားပုံ သန်ကောင်၊
- TB--tuberculosis တီဘီ၊ (ကျူဘာကူလိုဆစ်)၊
- tearing pain ဆုပ်ဖြဲသလိုနာ၊
- temple နားထင်၊
- tender နာသော၊ ဖိ-ထိမှ နာခြင်း၊
- tendonitis ကြွက်သားချောင်း ရောင်ခြင်း၊ (ကြွက်သား အဖျားနေရာ)၊
- tendons ကြွက်သား အဖျားနေရာ၊
- tennis elbow တင်းနစ်ကစားရာမှ ဖြစ်သော တံတောင်ဆစ်နာ၊
- test strip စမ်းသပ်သည့်အပြား-အချောင်း၊
- Tetanus (တက်တဲနပ်စ်) မေးခိုင်ရောဂါ၊
- Thalassaemia (သာလာဆီးမီးယား) သွေးအားနဲရောဂါ၊
- thermometer အပူချိန်တိုင်းကရိယာ၊
- thigh ပေါင်၊
- thorax ရင်ခေါင်း၊
- throat လည်ချောင်း၊
- throbbing pain အနာကိုက်သလိုနာ၊
- thrombosis သွေးခဲပိတ်ခြင်း၊
- Thrush (Candidiasis) (ဿရာရှ်) မှက်ခရုရောဂါ၊
- thumb လက်မ၊
- thyroid သိုင်းရွိုက်၊ လည်ပင်းအကျိတ်၊
- tick မှက်၊
- tingling ကျင်ခြင်း၊
- tinnitus နားထဲအသံတွေကြားနေခြင်း၊
- tiredness မောပန်းခြင်း၊
- tissue တစ်ရှူး၊ ဆဲလ်အစုအဝေး၊
- t- advise အကြံပေးရန်၊
- t- discharge ဆင်းရန်၊ (ဆေးရုံမှ)
- t- fast အစားမစားစေရန်၊
- t- metabolize ဇီဝဖြစ်စဉ်ဖြစ်စေရန်
- t- prescribe ဆေးညွှန်းပေးရန်၊
- t- refer တခြားသို့ လွဲပေးရန်၊
- t- sweat ချွေးထွက်စေရန်၊
- tonsillitis အာသီးရောင်ခြင်း၊
- tonsils အာသီး၊ (၂ ခုရှိသဖြင့်)၊
- tooth decay သွားပိုးစားခြင်း၊
- tourniquet သွေးမလျှောက်စေရန် စည့်ပေးသည့်ကြိုးစသည်၊
- toxemia အဆိပ်သွေးထဲဝင်ခြင်း၊
- trachea လေပြွန်မကြီး၊
- Trachoma (ထွက်ကိုးမား) မျက်ခမ်းစပ်ရောဂါ
- traction ဆွဲပေးခြင်း၊
- tranquilizer စိတ်ငြိမ်ဆေး၊
- transfusion သွေးသွင်းခြင်း၊
- transplant အစားထိုးလဲပေးခြင်း၊
- treatment plan ကုသမည့်အစီအစဉ်၊
- trichomonas ထွိုင်ကိုမိုးနပ်စ်၊ အမျိုးသမီးမွေးလမ်းရောဂါ၊
- tubal ligation နောက်ထပ်ကလေးမရစေရန် သားအိမ်ပြွန်ကို ခြည်ပေးခြင်း၊
- tubal pregnancy သားအိမ်ပြွန်ထဲ သန္ဓေတည်ခြင်း၊
- tubal rupture သားအိမ်ပြွန် ပေါက်ထွက်ခြင်း (သားအိမ်ပြွန်ထဲ သန္ဓေတည်ရာမှဖြစ်)
- tuberculin test ကျူဘာကူလင် စမ်းသပ်နည်း (တီဘီ ရှိ-မရှိ)
- Tuberculosis (ကျူဗာကူလိုးဆစ်) တီ၊ ဘီ၊ရောဂါ၊
- tuberculosis ကျူဘာကူလိုးဆစ် = တီဘီ၊
- Tucks ဒူးကွေး၊ ပေါင်ကွေး၊ ရင်ပတ်နှင့်ထိထားခြင်း၊
- tumor အလုံး-အကျိတ်၊ (ကင်တာ နှင့် ကင်ဆာ မဟုတ်)၊
- tunnel vision မျက်စိက လှိုင်းခေါင်းကနေမြင်ရသလိုသာ မြင်ရခြင်း ကျဉ်းကျဉ်းလေးသာ မြင်ရခြင်း၊
- type-II diabetes ဆီးချိုးအမျိုးအစား ၂၊
- typhoid fever တိုက်ဖွိုက်၊ အူရောင်ငန်းဖျား၊
- ulcer အာလ်ဆာ = အနာ၊
- ultrasound (အာလ်ထွာဆောင်း)၊
- umbilical cord ချက်ကြိုး၊
- umbilical hernia ချက်စူ၊ ချက်မှ အူကျွံခြင်း၊
- undernourished အာဟာဓါတ် မပြည့်ဝသော၊
- Uremia (ယူရီးမီးယား) ကျောက်ကပ်အလုပ်မလုပ်နိုင်တော့သည့်ရောဂါ၊
- uremia ဆီးထဲသွေးပါ၊
- ureter (ယူရီတာ) ဆီးပြွန် (ကျောက်ကပ်နှင့် ဆီးအိမ်ကြား)
- urethra (ယူရီသရာ) ဆီးထွက်ပြွန်၊
- urethra testicles ဆီးထွက်ပြွန်၊ ကျားအစိ၊
- urethritis (ယူရီသရိုက်တစ်) ဆီးထွက်ပြွန်ရောင်ခြင်း၊
- uric acid ယူရစ်-အက်စစ်၊ (ဂေါက်ရာဂါရှိသူမှာ များနေသည်)၊
- urinalysis ဆီးကိုစစ်ဆေးခြင်း၊
- urinary urgency ဆီးလမ်းအရေးပေါ်၊ ဆီးအတင်းသွားချင်နေခြင်း၊
- urologist ဆီးရောဂါအတူးကု၊
- urology ဆီးရောဂါပညာ၊
- Urticaria (အာတီကေးရီးယား)(အလာဂျီ) ဖြစ်၍အရေပြားယားယံသည့်ရောဂါ၊
- urticaria အာတီကေးရီးယား၊ ယားသည့်အနီပြင်ထွက်ခြင်း၊
- uterine cramps သားအိမ်ကနာခြင်း၊
- uterine rupture သားအိမ်ကွဲသွားခြင်း၊
- uterus သားအိမ်၊
- UTI--urinary tract infection ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊
- UVA--ultraviolet treatment ခရမ်းလွန်ရောင်ခြည်ဖြင့်ကုသခြင်း၊
- uvula ယူဗြူလာ၊ ပါးစပ်ဟလျင် မြင်ရသည် အထက်မှကျနေသော ပန်းနီရောင် အသားစ၊
- Vaccination (ဘက်ဆီနေးရှင်း) ကာကွယ်ဆေးထိုးခြင်း၊
- vaccine ကာကွယ်ဆေး၊
- vagina ဗဂျိုင်းနား၊
- vaginal discharge ဗဂျိုင်းနားမှ တခုခုဆင်းခြင်း၊
- vaginal dryness ဗဂျိုင်းနား ခြောက်သွေ့နေခြင်း၊
- vaginal lubricant ဗဂျိုင်းနားသုံး ချောဆီ၊
- varicose veins သွေးပြန်ကြောထုံးခြင်း၊
- vasectomy ယောက်ျား သားကြောဖြတ်ခြင်း၊
- vein သွေးပြန်ကြော၊
- veneer crown သွားပြုပြင်ခြင်း၊
- venereal disease ကာလသားရောဂါ၊
- ventricle နှလုံးအောက်ခန်း ၂ ခု၊
- vertebra ခါးရိုး၊
- virus ဗိုင်းရပ်စ်၊
- vision အမြင်၊
- visiting nurse တခြားနေရာမှာ လာသည့်သူနာပြု၊
- visual fields exam မျက်စိမြင်အားစမ်းသပ်ခြင်း၊
- vital signs (pulse, blood pressure, temperature, heart rate) အရေးအကြီးဆုံးလက္ခဏာများ၊ လက်ကောက်ဝတ်သွေးခုန်ခြင်း၊ သွေးဖိအား၊ အပူချိန်၊ နှလုံးခုန်နှုန်း)၊
- vitamin ဗီတာမင်၊
- vocal cord အသံဖြစ်စေသည့် အကြော၂ ခု၊
- volvulus အူတခုနှင့် တခုလိမ်ပိတ်နေခြင်း၊
- vomit အန်၊
- wart ကြွက်နို့၊
- Warts (ဝတ်) ကြွက်နို့ရောဂါ၊
- watery eyes မျက်ရည်ကျနေသည့်မျက်စိ၊
- WBC--white blood count သွေးဖြူဥအရေအတွက်၊
- wean နို့ဖြတ်၊ ဆေးဖြတ်၊
- weight loss ကိုယ်အလေးချိန်ကျခြင်း၊
- welfare သာရေး-နာရေး၊
- wheals အလာဂျီရသဖြင့် အရေပြားအဝိုင်းဖြစ်လာဖြင်း၊
- wheelchair ဘီးတပ်ကုလားထိုင်၊
- wheezing ကြပ်နေသည့် အသက်ရှူသံ၊ ဥပမာ ပန်းနာ၊
- whistling noise လေချွန်သံ၊
- white blood cells သွေးဖြူဥ၊
- whooping cough ကြက်ညှာချောင်းဆိုး၊
- windpipe လေပြွန်၊
- wisdom tooth အံဆုံး၊
- withdrawal ပြန်နုတ်သည်၊ ဆွဲနုတ်သည်၊ ရုပ်သိမ်းသည်၊
- womb သားအိမ်၊
- work-related injury အလုပ်လုပ်ရင်းရသည့် ဒဏ်ရာ၊
- wound အနာ-ဒဏ်ရာ၊
- wrist လက်ကောက်ဝတ်၊
- x-rays ဓါတ်မှန်၊
- yeast infection (ရိစ်) မှိုပိုးဝင်ခြင်း၊

Medical abbreviations ဆေးပညာသုံး အတိုကောက်စာလုံးများ http://doctortintswe.blogspot.com/2014/11/medical-abbreviations.html
Medical vocabulary ဆေးစာ ဝေါဟာရများ http://doctortintswe.blogspot.com/2014/11/medical-vocabulary.html
ဆေးစာ ဝေါဟာရများ Medical vocabulary http://doctortintswe.blogspot.com/2015/12/medical-vocabulary.html

ဒေါက်တာတင့်ဆွေ

A doctor’s wish ဘေးမသမ်းဘဲ အေးချမ်းကြစေသော်ဝ်

အဝေးကဆေးဆရာနဲ့ အေးလှတဲ့အညာဆောင်း၊ ပြန်ပေါင်းထုတ်ဘို့ရာ ဆုတောင်းပေးကြတာ ကျေးဇူးကမ္ဘာ။

ငယ်ငယ်က သီချင်းကောင့်း့ ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်မွေးဇာတိရယ် လွမ်းပါဘိတယ်။
ငယ်ငယ်က အာဂုံဆောင့့် မပူပေါင်နောက်ဆီက ချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလ လွှမ်းတဲ့လို့ လွှားကာခြုံ၊ ပါးမှာငုံပါလို့နုဝါကွမ့်း့
ငယ်ငယ်က ဖတ်တဲ့ကဗျာ့ ချမ်းပုံမှာ ကမ်းကုန်အောင်ဖြစ်တာမို့၊ လွမ်းပုံကို လမ်းဆုံကသာ ဟစ်လိုက်ချင်တော့တယ်။

အချမ်း၊ အလွမ်း၊ အတမ်းတွေ ဘယ်လိုရှိပါစေ၊ မွေးမြေကလူအပေါင်းအတွက် နွေးထွေးစွာဆုတောင်းလျှက်။ မြန်ပြည်သားတွေ ဘယ်မှာနေနေ၊ ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၅

The Voice of Hope

မျှော်လင့်ချက်ရောင်ခြည်စာအုပ်ကို ၁၉၉၇ ခုနှစ်မှာ နယူးယောက် Seven Stories Press ကနေထုတ်ဝေခဲ့တယ်။ အဖုံးမှာ ဒေါ်စုမျက်နှာပုံနဲ့။ ၂ဝဝ၈ ခုနှစ်မေလမှာ ထပ်ပြီးထုတ်ဝေတော့ သံဃာတော်တွေဆန္ဒပြနေတဲ့အဖုံးနဲ့ ဖြစ်လာတယ်။

(အယ်လင် ကလီမင့်) ကနေ ဒေါ်အောင်ဆန်းစုကြည့်ကို အင်တာဗျူးတွေ စဉ်တိုက်ဆက်တိုက်လုပ်ပြီး ထုတ်ဝေတာပါ။ စာရေးသူဟာ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးဝတ်ခဲ့တဲ့ ပဌမဆုံး အမေရိကန်လူမျိုးဖြစ်ပါတယ်။ ရန်ကုန် ဘုန်းကြီးကျောင်း တကျောင်းမှာ ၅ နှစ်နေခဲ့တယ်။

စာအုပ်ဝေဖန်ရေးသမားတွေက ဒေါ်စုကို ဗုဒ္ဓဘာသာကိုရိုသေကိုင်းရှိုင်းသူလို့ရေးကြပါတယ်။ ဒီစာအုပ်မှာ ဝိဉာဉ် (နမ်တရား) ပိုင်းနဲ့ နိုင်ငံရေး ဆက်စပ်နေတာတွေပါတယ်လို့ဆိုကြပါတယ်။ စာအုပ်ထုတ်ပြီးကတည်းက (အယ်လင် ကလီမင့်) မြန်မာပြည်ဝင်ခွင့်ဗီဇာ ရာသက်ပန်ပိတ်ခံလိုက်ရပါတယ်။

ဒီစာအုပ်ဟာ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုရဲ့အသည်းနှလုံးထိရောက်အောင်သွားဘို့ကြိုးစားခဲ့တာဖြစ်တယ်။ ၁၉၉၅ ခုနှစ် ပဌမအကြိမ် နေအိမ်အကျယ်ချုပ်ကနေလွတ်လာအပြီး ကိုးလကြာအင်တာဗျူးတွေလုပ်ခဲ့ရတယ်။ ဒေါ်စုဟာ မေးခွန်းတွေကို တိုက်ရိုက်ဖြေတယ်။ စူးစူးရှရှရှိတယ်။ မပျက်ယွင်းတဲ့မေတ္တာစိတ်နဲ့ မျှော်လင့်ချက်ကြီးကို သူဘယ်လို ဆက်ပြီးထိန်းထားခဲ့သလည်းဆိုတာကို ဖြေဆိုခဲ့တယ်။

ဒေါ်စုရဲ့ မြန်မာ့နိုင်ငံရေးအပေါ်အမြင်နဲ့ ဗုဒ္ဓဘာသာဖလော်ဆော်ဖီ နှစ်မျိုးတွဲပါနေတယ်။ မြန်မာအမျိုးသမီးတွေနဲ့ ကမ္ဘာ့အမြင်လည်းပါတယ်။ ဒေါ်စုပြောပြတဲ့အမြင်ဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ စာအုပ်ဝေဖန်ရေးသမားတွေ အဆိုအရ ဝိဉာဉ်ပိုင်း၊ ကျွန်တော်တို့အဆို စိတ်ပိုင်းအပြောင်းအလဲ တော်လှန်ရေးလိုအပ်တယ်လို့ ဖေါ်ညွှန်းပါတယ်။ လူသားတွေရဲ့ ဝိဉာဉ်ပိုင်းအရပါ ညီညွတ်ရေးလို့ ဆိုလိုတယ်။

ဒေါ်စုဟာ ၆ နှစ်တာ အကျယ်ချုပ်ခံခဲ့ရတာ ပူပူနွေးနွေးသာရှိသေးပေမယ့် ခါးသီးတဲ့ခံစားချက်မျိုး ထုတ်ဖေါ်ပြောတာ ကင်းရှင်းပါတယ်။ ကျမ ဘယ်လိုမှ (နဝတ) ကို လူဆိုးတွေလို့မမြင်ပါဘူး။ တခါတခါတော့ သူတို့လုပ်တာတွေကို ကျမ စိတ်တိုတာပေါ့။ တချိန်တည်းမှာ ကျမ သူတို့ရဲ့အခက်အခဲတွေကို နားလည်နေပါတယ်။ သူတို့မှာ ကောင်းတာအတွက် ဆိုပြီး ယုံကြည်မှုကင်းမဲ့နေကြတာပါ။ စိတ်မကောင်းစရာတော့ ကောင်းတာကို မယုံကြည်ကြတာဖြစ်တယ်။

မြန်မာပြည်မှာ အဲလောက်တောင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ လွန်လွန်ကဲကဲဖြစ်နေတာကို ဒေါ်စုက လက်နက်ကိုင်နည်းကို မလိုလားပါ။ အကြမ်းသုံးနည်းမှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဒေဝါလီခံထားရလို့ပါ။ ဗျူဟာအရလည်း ထိရောက်မှုမရှိပါလို့ဖြေပါတယ်။

ဒေါ်စုရဲ့ ဗုဒ္ဓဘာသာအမြင်အရ တဦးတယောက်ဟာ ကိုယ်တိုင်ကစရမယ်။ ကိုယ်တိုင်က ဒီမိုကရေစီအတွက် အဆင်သင့် ပြင်ထားရမယ်။ နောက်အစိုးရအတွက်လည်း လုပ်ရမယ်။

ဒေါ်စုက မေတ္တာတရားတိုးပွါးစေဘို့ပြောပါတယ်။ အဲတာဟာ ပြောင်းလဲစေဘို့ရာ ခွန်အား (စွမ်းအား) ဖြစ်တယ်။ စာရေးသူကနေ ရန်ကုန်စာအုပ်ဆိုင်တခုက NLD နဲ့ပတ်သက်တဲ့အကိုးအကားတခုကို ဓါတ်ပုံရိုက်ခွင့်ပေးပြီး အဲဒီစာအုပ်ကို ဆုတ်ဖြဲပြစ်တယ်လို့ ဒေါ်စုကိုပြန်ပြောတော့ ဒေါ်စုက အကြောက်တရားနဲ့ မေတ္တာ ဖီလော်ဆော်ဖီကို ရှင်းပြပါတယ်။

အဲလိုဟာတွေဖြစ်နေရတာက (အက်တစ်ဖြစ်နေတဲ့) ရှင်သန်နေတဲ့မေတ္တာဓါတ် နည်းသေးလို့ပဲ။ ချစ်ခြင်းနဲ့ အကြောက်တရားက တိုက်ရိုက်ဆက်စပ်နေတယ်။ (ဘိုင်ဘယ်) သမ္မာကျမ်းထဲမှာပါတယ်။ ပြည့်စုံတဲ့အချစ်ကနေ အကြောက်တရား ပေါက်ဖွားစေတယ်တဲ့။ ကျမတခါတလေ စဉ်းစားတယ်။ အဲတာဟာ သိပ်ပြီးဗုဒ္ဓဘာသာဆန်တယ်လို့။ ပြည့်စုံတဲ့ချစ်ခြင်းဆိုတာ မေတ္တာတရားပဲ။ တကိုယ်ကောင်းမဆန်ရဘူး။ တွယ်ကပ်နေတဲ့ချစ်ခြင်းမဟုတ်ဘူး။ ကျမတို့ဆီမှာ အဲလိုမေတ္တာတရားတွေ ပိုများဘို့လိုတယ်။

နှစ်သစ်ကစပြီး စစ်မှန် ရှင်သန်တဲ့ မေတ္တာတရားတွေ ပွါးများကြပါစေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၅
(လင့်ခ်) ကနေ ပီဒီအက်ဖ်ဖိုင်ကို ဖတ်နိုင်ကြပါတယ်။ http://www.amazon.com/The-Voice-Hope-Aung-San/dp/0140266151

Cartilage growing to rebuild body parts

အရိုးနုကို ဓါတ်ခွဲခန်းထဲမှာ မွေးမြူပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အစားထိုးဘို့ အသုံးပြုနိုင်ပါတော့မယ်။ နှာခေါင်း၊ နားရွက် ပျက်စီးသွားသူတွေအတွက် ၃ နှစ်သာစောင့်ရပါတော့မယ်။

အစားထိုးဘို့လိုသူရဲ့ ကိုယ်ပိုင် အရိုးနုတစ်ရှူးကိုမွေးယူ၊ ဆေးရည်နဲ့ရောပြီး ဂျယ်လီလို သရီးဒီပုံဖေါ်ပေးမှာပါ။ ပြီးရင်တခါ အင်ကျူဘေတာထဲမှာ ပြန်မွေးရပါမယ်။

အင်္ဂလန်နိုင်ငံ ဆွန်ဆီးစ်ကဆရာဝန်တွေကစမ်းသပ်နေတာဖြစ်ပါတယ်။ နောက်ဆိုရင် အရိုး၊ ကြွက်သားနဲ့ သွေးကြောတွေကိုပါ အဲလိုမွေးယူနိုင်လာပါအုန်းမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၅
http://www.bbc.com/news/uk-wales-south-west-wales-35140916

Contraception Natural Method သဘာဝနည်းနဲ့ ကိုယ်ဝန်တားဆီးခြင်း

Dr. သမီး တခုလောက်အကြံဥာဏ်တောင်းချင်လို့ပါရှင့်။ သဘာဝနည်းနဲ့ တားဆေး သိချင်ပါတယ်ရှင့်။

ကိုယ်ဝန်တားဘို့ရာ သဘာဝနည်း (၃) နည်းရှိပါတယ်။ (၁) ရက်ရှောင်နည်း၊ (၂) သုက်အပြင်ထုတ်နည်း နဲ့ (၃) ကလေးနို့တိုက်ခြင်းနည်းတွေဖြစ်တယ်။

ရာသီလာရက်ရဲ့ ရှေ့ ၇ ရက်၊ ရာသီလာပြီး နောက် ၇ ရက်တွေမှာ အတူနေတာ စိတ်ချရတယ်လို့ ပြောကြတာက အကြမ်းသဘောပြောကြတာဖြစ်တယ်။ ရာသီတလတိုင်းမှာ ကိုယ်ဝန်မရနိုင်တဲ့ရက်တွေက ၂ ပိုင်းရှိတယ်။ ရာသီမလာခင် တပိုင်းနဲ့၊ ရာသီလာပြီးတပိုင်း။ မ-မျိုးဥ မထွက်ခင်နဲ့ ထွက်ပြီးချိန်တွေဖြစ်တယ်။ ရာသီဆင်းတာက ကိုယ်ဝန်နဲ့ တိုက်ရိုက် မပတ်သက်ပါ။ မ-မျိုးဥကသာ ကိုယ်ဝန်ရစေတာဖြစ်ပါတယ်။ ရက်တွက်နည်း ၂ နည်းရှိတယ်။

(၁) Standard Days Method (ဂျော့ခ်ျတောင်း) တက္ကသိုလ်က လုပ်ထားတဲ့နည်းဖြစ်တယ်။
• ရာသီတလဟာ ၂၆ ရက်ကနေ ၃၂ ရက်အထိရှိသူတွေ သုံးနိုင်တယ်။
• ၁ ကနေ ၇ ရက်အတွင်းမှာ ကိုယ်ဝန်မရနိုင်ဘူး။ (ဒီရက်တွေထဲမှာ ရာသီဆင်းနေတဲ့ရက်တွေလဲ ပါနေတာကို သတိပြုပါ။)
• ၈ ကနေ ၁၉ ရက်အတွင်းမှာ ကိုယ်ဝန်ရနိုင်တယ်။
• ၂ဝ ရက်ရဲ့နောက် ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာမယ်။ လာနေတုံးလဲ မရနိုင်ဘူး။ ဒိနောက် ၁ ကနေ ၇ ရက်ဆိုတာ ပြန်ရောက်သွားပြီ။
• စိတ်မချရမှု ၅% ရှိတယ်။

(၂) Rhythm method (ရစ်သမ်) စည်းချက်ချနည်း
• သင်္ချာတွက်ရမယ်။ ရာသီတလမှာ ဘယ်နှစ်ရက်ရှိသလည်း။ တလနဲ့တလ မတူတတ်ပါ။ အတိုဆုံးလကိုယူပါ။ ဆိုပါစို့ ရက် ၃ဝ ကနေ ၃၆ ရက်ရှိသူဟာ ၃ဝ ရက်ကိုယူပြီး တွက်ရမယ်။
• မ-မျိုးဥမထွက်ခင် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁၉ နုတ်ရနိုင်တယ်။ ၃ဝ - ၁၉ = ၁၁ ရတယ်။ ရာသီ စဆင်းတဲ့နေ့ နောက် ၁၁ ရက်အထိ ကိုယ်ဝန်မရနိုင်ဘူး။
• မ-မျိုးဥထွက်ပြီးနောက် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁ဝ နုတ်ရနိုင်တယ်။ ၃ဝ - ၁ဝ = ၂၆ ရတယ်။ ရာသီစဆင်းတဲ့နေ့ ၂၆ ရက်ကစပြီး ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာရနိုင်တယ်။ လာနေတုံးလဲ မရနိုင်ဘူး။
• စိတ်မချရမှု ၉% ရှိတယ်။

မ-မျိုးဥဘယ်ရက်မှာထွက်သလဲ။ လလယ်လို့ ပြောတာ အကြမ်းဖျင်းပြောတာသာ ဖြစ်တယ်။ The Institute for Reproductive Health သုတေသနအရ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောပြီး မျိုးဥထွက်တယ်။
• ၇၈%က လလယ်ရက်ထက် ၂ ရက်စောပြီး မျိုးဥထွက်တယ်။

ရက်ရှောင်ပြီး သားဆက်ခြားနည်းဟာ အကုန်အကျ အနည်းဆုံးဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့ ဆန္ဓပြည့်ဝမှုကို အနှောင့်အယှက် မဖြစ်စေသလို၊ ဘေးထွက်-ဆိုးကျိုးလဲမရှိပါ။ ဒါပေမဲ့ မတော်တဆ ကိုယ်ဝန်ရနိုင်နှုန်းက အမြင့်ဆုံး ဖြစ်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ် မပေးနိုင်လို့ (ကွန်ဒွမ်) လဲသုံးသင့်ပါတယ်။

• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း မဆက်ဆံသူတွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဆက်ဆံသူတွေထဲက (ကွန်ဒွမ်) နည်း၊ သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးဘဲဆက်ဆံသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

WHO Family Planning Handbook for Providers, 2007 ကိုယ်ဝန်ရစေနိုင်တဲ့နှုန်း တနှစ်တာ သုတေသန (၂ဝဝ၇)
• အကာအကွယ် (ကွန်ဒွမ်) မသုံးသူ = ၈၅% ကိုယ်ဝန်ရနိုင်တယ်။
• သုက်ပိုးသေဆေးနည်းသုံးသူ = ၁၈-၂၉% ကိုယ်ဝန်ရနိုင်တယ်။
• သုက်ရည် ပြင်ပစွန့်ထုတ်နည်းသုံးသူ = ၁၅-၂၈% ကိုယ်ဝန်ရနိုင်တယ်။
• ရက်ရှောင်နည်းသုံးသူ = ၅-၁၂% ကိုယ်ဝန်ရနိုင်တယ်။
• ကွန်ဒွမ်နည်းသုံးသူ = ၂-၁၅% ကိုယ်ဝန်ရနိုင်တယ်။
• နေ့စဉ်သောက်ရတဲ့ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရနိုင်တယ်။
• ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Water Birth ရေထဲမှာ ကလေးမွေးခြင်း

ဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်တုံးက မွေးလူနာတွေကို ၂ဝဝ၆ နိုဝင်္ဘာလကစပြီး မွေးပေးခဲ့တယ်။ အိန္ဒိယကနေ ထွက်လာရတဲ့အထိ ကလေးပေါင်း ၃၄၉ ယောက်ကိုမွေးပေးနိုင်ခဲ့တယ်။ သားဖွားပညာကို ဘာတခုမှမသိသေးတဲ့ ဒုက္ခသည်အမျိုးသမီး ကြီးငယ်တွေကိုစာသင်ပေးဘို့ သင်္ခန်းစာတွေပြင်ရတယ်။ အရံသားဖွါးသင်တန်းလည်း တခါ ပေးရတယ်။ စာသင်ရင်း (မာလ်တီမီဒီယာ) နဲ့ပြတော့ ပုံမှန်မီးဖွားနည်းတွေအပြင် ရေထဲမှာကလေးမွေးနည်းလည်း ခပ်တိုတိုပြောပြဖြစ်ပါတယ်။

ကနေ့တော့ ကွန်မင့်မှာမေးလာတယ်။ တင်ထားတဲ့ပို့စ်က မေးနည်းစည်းကမ်းနဲ့မဟုတ်ပဲ ကွန်မင့်မှာ ပို့စ်နဲ့မဆိုင်တာမေးဘို့ မသင့်ကြောင်းရေးတာ။ မေးတာက အဲဒီအတိုင်း ပြောင်းပြန်လုပ်တယ်။

ပို့စ် = Deep Sigh ဟင့်း့
ကွန်မင့် = Katharine Dawi ဆရာ နိုင်ငံခြားမှာ ရေဇလုံထဲ ကလေးမွေးတာတွေတွေ့နေရတယ် ဘာထူးခြားလို့ပါလဲဆရာ

Tint Swe ပို့စ်ကိုမဖတ်ပဲ မေးတာလို့ထင်ရတယ်။ မေးနည်းစည်းကမ်းအရသာမေးပါရန် (သို့) ဘလော့ခ်မှာ ဖတ်ပါရန်။

ရေထဲမှာ ကလေးမွေးခြင်း
မြန်မာပြည်မှာတော့ ရေထဲဆင်းပြီးကလေးမွေးတာ လုပ်ကြတယ်မထင်ပါ။ နေရာတကာတော့ မရောက်ဘူးပါ။ တချို့ တိုင်းပြည်တွေမှာ ရေချိုးကန်ထဲဆင်းပြီး ကလေးမွေးကြတာရှိတယ်။ ယူကျုနဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုနဲ့ပါတင်ကြတယ်။ ဒီ (အိုင်ဒီယာ) ကိုရတာက ကလေးဟာ မိခင်ဗိုက် (သားအိမ်) ထဲမှာ ရေမြွာရည်ထဲမယ် ၉ လ ကျော်နေလဲတာမို့ မွေးတာကိုလည်း ရေထဲမှာလုပ်ရင်ရမယ်လို့ ယူဆချက်ကနေဖြစ်ပါတယ်။ ဒီလို ရေထဲမှာဆင်းပြီး ကလေးမွေးရင် ကောင်းမယ့်အချက်တွေနဲ့ သတိထားစရာတွေဆိုပြီး လေ့လာလို့ရလာတယ်။

အကျိုးကျေးဇူးတွေ
အမေအတွက် = ရေခပ်နွေးနွေးက နေရထိုင်ရတာသက်တောင့်သက်သာရှိတယ်။ အားရှိသလိုထင်မှတ်စေတယ်။ ရေထဲမှာ ကိုယ်ကြိုက်သလိုထိုင်နေနိုင်တယ်။ သားအိမ်ညှစ်အားပိုပေးမယ်လို့ယူဆရတယ်။ ဗိုက်နာတာ သက်သာစေနိုင်တယ်။ သွေးဖိအားများနေတာကိုကျစေနိုင်တယ်။  စိုးရိမ်စိတ်နည်းစေမယ်။ ကလေးမွေးတဲ့အခါ ပြောင်းလဲမှုတွေဖြစ်ရတဲ့ တင်ပါးဆုံနေရာက ကြွက်သားတွေကို ဆန့်နိုင်ကြုံ့နိုင်မှုပိုစေမယ်။ စုပ်ပြဲတာနည်းစေမယ်။ မွေးလမ်းချဲ့ပေရမှု နည်းစေမယ်။ ရေထဲမှာမို့ မမြင်အပ်တဲ့နေရာကို ဖုံးကာပေးသလိုမို့ စိတ်လုံခြုံမှုပိုစေမယ်။

ကလေးအတွက် = ရေမြွာရည်အိတ်ထဲနဲ့ မထူးတဲ့ပတ်ဝန်းကျင်ဖြစ်တယ်။

သတိထားရမယ့်အန္တရာယ်တွေ
လွန်ခဲ့တဲ့နှစ် ၃ဝ ကျော်အတွင်း ရေထဲဆင်းပြီးကလေးမွေးတာက ပေါ်ပြူလာလိုဖြစ်လာပေမယ့် ဆေးသုတေသနတွေ မစုံလင်သေးပါ။ ဥရောပမှာသိထားသမျှ ရိုးရိုးမွေးကုတင်ပေါ်မွေးတာနဲ့ အန္တရာယ်တွေမထူးဘူးလို့ ဆိုပါတယ်။ Royal College of Obstetrician and Gynecologists တော်ဝင်သားဖွါးမီးယပ်ပညာရှင်တွေက သီအိုရီအရ Water embolism သွေးကြောထဲရေနဲ့ပိတ်တို့ခြင်းအန္တရာယ် ရှိနိုင်တယ်။ British Medical Journal ကတော့ ၉၅% စိတ်ချရတယ်လို့ ဆိုပါတယ်။

တကယ်လို့ ကလေးဟာ မွေးလမ်းထဲမှာ ဖိအားသက်ရောက်မှုခံနေရတာဖြစ်ဖြစ်၊ ချက်ကြိုးလိမ်နေတာဖြစ်ဖြစ်ရှိနေရင် ကလေးကထွက်ထွက်ချင်း လေရှူမှာမို့ ရေကအသက်ရှူလမ်းထဲဝင်စေမယ်။ ဖြစ်တာရှားပါတယ်လို့ ဆေးစာတွေမှာ ဖတ်ရတယ်။ ကျွန်တော့်ကိုယ်ပိုင်အမြင်ကတော့ မွေးမွေးချင်ငိုတဲ့ကလေးက မငိုတဲ့ကလေးထက် များတယ်။ ငိုတာ ကောင်းတယ်။ ငိုချင်တဲ့ကလေးက ရေထဲမှာရှိနေရင် ငိုလို့မရသေးပါ။ ကလေးက လေနဲ့တွေ့မှသာ အသက်ရှူတယ်။ အသက်ရှူတာ မိနစ်ပိုင်းဖြစ်ဖြစ် စက္ကန့်ပိုင်းဖြစ်ဖြစ် နောက်ကျမယ်။ အန္တရာယ်လို့တော့မပြောပါ။ ချက်ကြိုးမဖြတ်သေးသ၍ အောက်စီဂျင်ကို မိခင်ဆီကနေရတယ်။ နောက်တချက်ကတော့ ကလေးကို ရေထဲကနေထုတ်လိုက်ချိန်မှာ ချက်ကြိုးပြတ်သွားတတ်တယ်။ သတိထားရင်တော့ မဖြစ်ပါ။

ရေထဲမှာ ကလေးမမွေးသင့်တဲ့ အခြေအနေတွေ
• Herpes မိခင်မှာ ရေယုံပေါက်နေရင်။
• Breech ကလေးအနေအထားက တင်ပါးဆုံပြုနေရင်။
• Excessive bleeding သွေးဆင်းတာ များလွန်းရင်။
• Maternal infection ရောဂါပိုးရှိနေရင်။
• Multiples အမွှာဖြစ်နေရင်။
• Pre-term လမစေ့မွေးတာဆိုရင်။
• Severe meconium ရေမြွာရည်နောက်တာ များနေရင်။
• Toxemia or preeclampsia ကိုယ်ဝန်သွေးဆိပ်တက်ရှိနေရင်။
• Hot tubs and whirlpools ရေပူနဲ့ ရေလှိုင်းလုပ်ထားတဲ့ရေချိုးကန်ဆိုရင် လုံးဝမလုပ်သင့်ပါ။

ဒေါက်တာတင့်ဆွေ
၂-၇-၂ဝ၁၅
၃ဝ-၁၂-၂ဝ၁၅

Alcohol and Liver အရက်ကနေ အသည်းကိုဘယ်လိုဆိုးစေသလည်း


နှစ်သစ်ကူးဆိုပြီးတမျိုး၊ စိတ်ညစ်လို့ဆိုပြီးတချည်၊ ပျော်စရာမို့တခါ၊ ဟိုဟာသည်ဟာ့ အရက်သောက်ကြတယ်။

• အရက်သောက်တာများလေလေ အသည်းကိုထိခိုက်လေဖြစ်တယ်။ ရေတိုနဲ့ ရေရှည်သက်ရောက်မှုတွေဖြစ်ပါမယ်။
• အရက်ဟာ သက်ရှိတွေအတွက် အဆိပ်ဖြစ်တယ်။ အသည်းရောဂါ (၃) မျိုးကိုဖြစ်စေမယ်။ (၁) Fatty liver အသည်းအဆီဖုံးခြင်း၊ (၂) Alcoholic hepatitis အရက်အသည်းရောဂါနဲ့ (၃) Cirrhosis အသည်းခြောက်တာတွေ ဖြစ်တယ်။
• Fatty liver အဆီဖုံးနေသူဟာ ၃ လကနေ ၆ လကြာရင် ပျောက်သွားနိုင်တယ်။ အသက်ဆက်ရှည်ချင်ရင် အရက်ဖြတ်လိုက်ပါ။ အရက်သောက်တာကြာသူတိုင်းရဲ့ အသည်းမှာ Fat globules အဆီလုံးလေးတွေဖြစ်လာမယ်။ ကြာလာရင် Hepatitis အသည်းရောင်လာမယ်။ Hepatomegaly အသည်းအရွယ်အစားကြီးလာရင် ဝမ်းဗိုက် ညာဘက်အထက်ပိုင်းနေရာမှာ နာမယ်။ တင်းနေမယ်။ အဲလိုဖြစ်နေတာ ၁ဝ နှစ်ရှိသူဆိုရင် ပျို့ချင်၊ အန်မယ်၊ ကိုယ်အလေးချိန်ကျမယ်။ ကိုယ်ပူနိုင်တယ်။ အသား-ဆီးဝါမယ်။ ဗိုက်ထဲအရည်အောင်းလို့ ဖေါင်းလာမယ်။
• Cirrhosis အသည်းခြောက်တယ်ဆိုတာ အသည်းမှာအမာရွတ်ဖြစ်တာပါ။ ပြန်မကောင်းနိုင်တော့ပါ။ အသည်းခြောက်နေပေမဲ့ ဘာမှ မခံစားရသူတွေလဲရှိတယ်။ အစားအသောက်ပျက်တာ၊ အားယုတ်တာသာရှိတယ်။ ကြွက်သားတွေ လှီလာမယ်။ ဆိုးလာရင်တော့ Varicose veins သွေးပြန်ကြောတွေထုံးလာမယ်။ အပြင်ကမမြင်ရတဲ့ ဗိုက်ထဲကအစာခြေလမ်းကြောင်းမှာ ဖြစ်တယ်။ ပေါက်ထွက်ရင် သွေးယိုမယ်။ ချက်ချင်းမကုနိုင်ရင် သေနိုင်တယ်။ အသည်းခြောက်နေသူ ၂ ယောက်မှာ ၁ ယောက်က ၅ နှစ်နေရင် အသည်းအလုပ်မလုပ်နိုင်လို့သေဆုံးရတယ်။ ၁ဝ ယောက်မှာ ၁ ယောက်ကအသည်းကင်ဆာဖြစ်မယ်။ Liver failure အသည်းကအလုပ်နိုင်အောင်မလုပ်နိုင်တော့ရင် Coma သတိလစ်မယ်။ သေဆုံးမယ်။
• ယောက်ျားတွေက တနေ့မှာ အရက် ၄ဝ-၈ဝ ဂရမ်၊ မိန်းမတွေက တနေ့မှာ ၂ဝ-၄ဝ ဂရမ်၊ ၁ဝ-၁၂ နှစ်သောက်ရင် တခြားအသည်းရောဂါ ဘာမှမရှိဘဲ အသည်းပျက်စီးတာ ဖြစ်စေနိုင်တယ်။ Oesophageal or Gastric variceal bleeding အစာလမ်းကနေ သွေးယိုမယ်၊ Ascites ရေဖျင်းစွဲမယ်၊ Coagulopathy သွေးမခဲတာဖြစ်မယ်၊ Hepatic encephalopathy ဦးနှောက်ထိခိုက်နိုင်တယ်၊ Liver cancer အသည်းကင်ဆာဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Birth control methods for you တားနည်း-တားဆေး ဘယ်လိုရွေးမလည်း

ဆရာ သမီးကအသက် ၃၀ ပါဆရာ။ သမီးကအရင် ၃ လခံထိုးတာဆရာ။ လူကဝလာလို့ ကွန်ဒွမ်သုံးတာဆရာ။ ကွန်ဒွမ်သုံးရင် ကလေးရနိုင်လာသိချင်းလို့ပါဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါအုန်းဆရာ။ အခု ကလေးနှစ်ယောက် ရှိတယ်ဆရာ။ ဖြစ်နိုင်ရင်ကလေးမယူချင်းတော့လို့ပါဆရာ။ ခုသမီးက ရာသီလာရက် ၄ ရက်ကျော်သွားလို့ပါဆရာ။

၁။ Birth Control Pill ကိုယ်ဝန်တား စားဆေးများ
က။ လူအများဆုံးသုံးတဲ့ ဟော်မုန်းနှစ်မျိုးတွဲဆေး
ခ။ Minipill (Progestin-Only) (မီနီ-ပီးလ်)

၂။ Depo Provera (ဒီပို) ၃ လခံ ထိုးဆေး

၃။ IUCD/IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း

၎။ Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း

၅။ Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ

၆။ Male Condom ယောက်ျားသုံး (ကွန်ဒွမ်)

၇။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)

၈။ Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း

၉။ Cervical Cap သားအိမ်ဝ အပိတ်

၁ဝ။ Diaphragm သားအိမ်ဝ အဖုံး

၁၁။ Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်

၁၂။ Spermicide သုက်ပိုးသတ်ဆေး

၁၃။ Calendar method နေ့ကောင်းရက်သာရွေးနည်း

၁၄။ Vasectomy ယောက်ျား သားကြောဖြတ်ခြင်း

၁၅။ Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း

၁၆။ Combination injection နောက်ပေါ်ထိုးဆေးနည်း

၁၇။ အသက်မငယ်သူများအတွက် ရွေးချယ်နည်း

၁၈။ Emergency contraceptive pill အရေးပေါ်တားဆေး

ကိုယ်ဝန်တားနည်း တားဆေး ဘယ်ဟာရွေးမလည်း
(၁) ကိုယ်ဝန်တားနည်းများရဲ့ ထိရောက်မှု အများဆုံးနည်းတွေ
• အရေပြားအောက် ဆေးချောင်း၊ သားအိမ်ထဲထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်းများ၊ = 99%
• ထိုးဆေး၊ = 97%
• စားဆေး၊ (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• (ကွန်ဒွမ်)၊ သားအိမ်ဝအဖုံး-အပိတ်၊ ဆေးမြှုပ်၊ = 84-89%
• ဝေရာမဏိ = ၁ဝဝ%

(၂) ထိရောက်မှု အနည်းဆုံးနည်းတွေ
• အကာအကွယ် လုံးဝမသုံးခြင်း = 85%
• သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• နေ့ကောင်းရက်သာ ရွေးနည်း = 25%
• အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%

နည်းအားလုံးကို တခုချင်းရေးထားပါသေးတယ်။ တချို့ကိုသာ ဖေ့စ်ဘွတ်မှာတင်ပါတယ်။ တိတိကျကျသိလိုသူများ မေးနည်းစည်းကမ်းနဲ့အညီ မေးနိုင်ကြပါတယ်။

Dr. တင့်ဆွေ