An injectable HIV treatment could be ready by 2017

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့အခြေစိုက် CytoDyn Inc. ဆေးကုမဏီကနေ ၂ဝ၁၇ မှာ HIV ကုသဘို့ ထိုးဆေး ပေါ်လာမယ်လို့ ပြောလိုက်ပါတယ်။

ဒီဆေးသုတေသနကို PRO 140 monotherapy ဆေးထိုးကုသနည်းလို့ခေါ်ပါတယ်။ စမ်းသပ်နေတာ တချို့လူနာတွေ ၁၇ လရှိပါပြီ။ အဆင့် (၁) မှာ လူနာပေါင်း ၂၃ ယောက်ကိုစမ်းသပ်နေပါတယ်။ ဒီဆေးကနေ Complete viral-load suppression ဗိုင်းရပ်စ်အရေအတွက်ကိုဖိနှိမ်ထားစေပါမယ်။ ဆေးက တမျိုးတည်း ဖြစ်ပါတယ်။ လက်ရှိသုံးနေတာက HAART combination therapy ဆေးအတွဲစားဆေးဖြစ်ပါတယ်။

PRO140 ဆေးကနေ T-cells တွေပေါ်မှာရှိတဲ့ HIV co-receptor CCR5 ကို ဘလော့ခ်လုပ်ပေးလို့ HIV ဗိုင်းရပ်စ်တွေ ဝင်မလာစေနိုင်တော့ပါ။ ဆေးဟာ ခုခံအားခေါ် (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ဆေးထိုးကာလသတ်မှတ်မှုကို အတည်မပြုသေးပါ။ ၁၂ ပတ် အနည်းဆုံးထိုးမယ်။ ၆ဝ ပတ်အထိ ထိုးတာကိုလည်း စမ်းသပ်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆
http://www.hivequal.org/hiv-equal-online/breaking-an-injectable-hiv-treatment-could-be-ready-by-2017

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး