Cytomegalovirus ဗိုင်းရပ်စ်

သမီး အသက် ၃၄ နှစ် အိမ်ထောင်ရှိပါတယ်။ သားသမီး ယူဖို့ပြန်ကြိုးစားနေသူပါ။ မနှစ်က မေလမှာ ကိုယ်ဝန် အဖတ်မတင်လို့ D and C  လုပ်ထားတာပါ။ လိုလိုမယ်မယ် သွေးစစ်လိုက်တာ ကျန်တာ အားလုံးကောင်းနေပြီး Cytomegalovirus ရှိနေတယ်တဲ့ဆရာ။ Cytomegalovirus ဆိုတာ ဘာလဲဆရာရှင့်။ အဲ့ virus က လူကို အန္တရာယ်ပေးပါလားဆရာ။ သမီးအရမ်းစိတ်ညစ် စိတ်ပူနေပါတယ်။ အဲ့ virus ရှိနေရင် ကလေး ယူလို့ရော ရပါလားဆရာ။ ကလေး ယူရင် ကလေးကို အဲ့ virus က ထိခိုက်စေနိုင်ပါလားရှင့်။ သမီး အရမ်းစိတ်ဓါတ်ကျနေလို့ပါဆရာ။ ကိုယ်ဝန်ယူရင် မိခင်နဲ့ ကလေးကို ထိခိုက်နိုင် မနိုင် အသေးစိတ်ပြောပြပေးပါဆရာရှင့်။

Cytomegalovirus (CMV) ဗိုင်းရပ်စ်ကို နှစ်ခွ DNA virus ဗိုင်းရပ်စ်လို့ခေါ်တယ်။ လူဦးရေ ၆ဝ% လောက်မှာ အဲဒီပိုးနဲ့ တွေ့ဘူးကြတယ်။ မိခင်လောင်းမှာအဲတာရှိနေရင် မေါ်လာမယ့်ကလေးကိုကူးဘို့ ၉ဝ% ဖြစ်နိုင်တယ်။ ပိုးနေပေမယ့် ဘာမှမခံစားရပါ။ အလွန်ဆုံး တုပ်ကွေးမိသလိုသာခံစားရတယ်။ ပိုးဝင်ထားသူမှာ တသက်လုံးရှိနေမယ်။ တချည်တချည်ထတယ်။

ပိုးဝင်ပြီးနောက် ၉ ရက်ကနေ ၂ လနေရင်တခုခုတော့ခံစားရမယ်။ ဘာကြောင့်ဖျားမှန်းမသိတာ၊ အာခေါင်ရောင်တာ၊ နူမိုးနီးယား၊ တက်စေ့ရောင်တာ၊ တခြားရောင်တာတွေလည်း ဖြစ်နိုင်တယ်။ မျက်စိမြင်လွှာရောင်တာလည်းပါတယ်။ အစာလမ်းရောင်တာလည်းပါတယ်။

ပိုးတွေ့တိုင်းတော့ ဆေးကုသဘို့မလိုပါ။ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသရသူတွေကို ကာကွယ်တဲ့အနေနဲ့ Valganciclovir ဆေးပေးတယ်။ Foscarnet, Cidofovir, or Maribavir ဆေးတွေကိုလည်းသုံးနိုင်တယ်။ ကာကွယ်ဆေး မပေါ်သေးပါ။ Ganciclovir 5 mg/kg ဆေးကိုကုသရာမှာပဌမတန်းစားဆေးအနေဲ့ပေးတယ်။ Valganciclovir 900 mg တနေ့ ၁ ကြိမ်၊ ကိုလည်းသုံးပါတယ်။ Cytomegalovirus immune globulin ဆေးကိုလည်းသုံးတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး