Dr. Tin Mar Aung ဒေါက်တာတင်မာအောင်

ဒေါ်စုရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင် လက်ရှိတာဝန်ကနေ အနားယူတော့မယ်တဲ့။ အမှတ်ရတာလေးတခု ရှိပါတယ်။

၂ဝ၁၁ တုံးက အိန္ဒိယကို ဒေါ်အောင်ဆန်းစုကြည့်လာတော့မယ်ဆိုတော့ ပြင်ကြဆင်ကြရပါတယ်။ အိန္ဒိယကနေ ဒေါ်စုကို ဖိတ်တာကလည်း နိုင်ငံခေါင်းဆောင်တယောက်အဆင့်နဲ့ အလားတူဖြစ်လို့ ဒေါ်စုသွားမယ့်လာမယ်ခရီးစဉ်တွေ၊ တွေမယ့်သူတွေ၊ လုံခြုံရေးစတာတွေအသေးစိတ်ကို အစိုးရကနေတာဝန်ယူပါတယ်။ Protocol department ကနေ အားလုံးစီစဉ်တယ်။

တခြားအစီအစဉ်တွေနဲ့အတူ မြန်မာကွန်မြူနတီနဲ့ပါတွေ့ဘို့ပါတယ်။ ဒေါ်စုသိထားတာက သူဆုရတဲ့ငွေနဲ့ ဖွင့်ထားတဲ့ Prospect Burma ကျောင်းသာရှိတော့ (ပရိုတိုကော်လ်) အရာရှိတွေက အဲဒီကျောင်းကိုလာကြတယ်။ ကျွန်တော်က ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်လို့ ဆွေးနွေးရတယ်။ အချိန်က စုစုပေါင်းတနာရီတိတိရမယ်တဲ့။

(ပရောစပက်ဘာမား) ကျောင်းလေးကသေးသေးလေး။ ဒေလီမှာနေကြတဲ့ မြန်မာပြည်က လူဦးရေက ၄-၅ ထောင်။ အဲတာနဲ့ ရတဲ့တနာရီကို ၂ နေရာခွဲရအောင် (ပရိုတိုကော်လ်) အရာရှိတွေနဲ့ ညှိရတယ်။ (အောက်စဖို့ဒ်) ကျောင်းကို ရွေးတယ်။ အဲဒီကျောင်းကို ဦးမောသီရိ (ကွယ်လွန်) မိသားစုကပိုင်တာပါ။ ဆရာမကြီးကိုသွားပြောရတယ်။ ဝမ်းသာအားရ လက်ခံပြီး စီစဉ်ပေးမယ်လို့သိရတယ်။ ဒေါ်စုကို လက်ဖက်ရည်နဲ့ဧည့်ခံရင်း မိတ်ဆက်ဘို့နဲ့ စကားပြောမဲ့စဉ်မြင့်၊ စတာတွေ အစီအစဉ်ဆွဲကြတယ်။ အဲတာကို (ပရိုတိုကော်လ်) အရာရှိတွေကိုပြန်ပြောတော့ သူတို့ကလည်းရတယ်။ ဒေါ်စုကို ဧည့်ခံမယ့် အစားအသောက်တွေကို စစ်ဆေးမယ်။ ဆက်မယ့်ပန်းစည်းတွေကို စစ်ဆေးမယ်။ အနီးကပ် ထိုင်မယ့်သူတွေ စာရင်း စတာတွေယူပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးနာမည်တွေပါတယ်။

အိန္ဒိယအစိုးရအရာရှိတွေကလည်း သဘောတူ၊ အောက်စ်ဖို့ဒ်ကျောင်းကလည်း လက်ခံမှ မြန်မာကွန်မြူနတီကို ပြောရတယ်။ အဲလိုချိန်မျိုးမှာ ဒေါ်စုကိုသူတို့လောက် ချစ်တဲ့သူ၊ လေးစားတဲ့သူ၊ ထောက်ခံသူမရှိဆိုသူတွေက ရေတွက်မကုန် ထွက်ပေါ်လာစမြဲပါ။

ဒေါ်အောင်ဆန်းစုကြည့်ကို ဘယ်တုံးကမှ တိုက်ရိုက်မဆက်သွယ်တဲ့ကျွန်တော်က ဒေါက်တာတင်မာအောင်ဆီ ဆက်သွယ်ရပါတော့တယ်။ သူကလည်း အချိန်တိကျဘို့၊ လဖက်ရည်သောက်ချိန်မရှိ၊ လူတဦးချင်းနဲ့ မိတ်ဆက်ချိန်မရှိ၊ ဓါတ်ပုံရိုက်ချိန်မရှိ စတဲ့စည်းကမ်းတွေပြောပါတယ်။ အဲတာနဲ့ အောက်စဖို့ဒ်ကျောင်း + ကွန်မြူနတီကို ပြန်ပြောပြပါတယ်။ ဒိနောက်ပိုင်း ကွန်တော်က (ပရောစပက်ဘာမား) ကျောင်းကိုသာ အသေးစိတ်စီစဉ်ပြီး ကွန်မြူနတီကိစ္စကို တိုက်ရိုက် ဝင်မပါတော့ပါ။

၁၆-၁၁-၂ဝ၁၁ နေ့မှာ (ပရောစပက်ဘာမား) ကျောင်းကို အရင်ဆုံးလာတယ်။ အဲဒီတုံးက ကချင်တွေကမကျေနပ်လို့ မလာကြဘူးဆိုတဲ့သတင်းကို ဒေါ်စုကကြားထားပြီးပါပြီ။ စကားပြောအပြီးမှာ အနားမှာရှိတဲ့ကျွန်တော့်လက်ကိုကိုင်ပြီး ကချင်တွေက ကျမကိုမကျေနပ်လို့ မလာဖူးကြားတယ်။ လာစေချင်ပါတယ်။ ဘာမဆို သဘောထားမတူတာရှိရင် ဆွေးနွေးဖြေရှင်းတာ အကောင်းဆုံးပါလို့ ပြောပါတယ်။ ဒေါ်စုကို ကျွန်တော်က ၁၉၉ဝ NLD အမတ်ပါလို့ မိတ်မဆက်ခဲ့ပါ။ သူပြောခဲ့တာကိုတော့ ကြုံတိုင်းကြုံတိုင်း လူအများသိအောင်ပြန်ပြောပါတယ်။

အဲဒီကနေ နောက်ကျောင်းကို လုံခြုံရေးကားတန်းနဲ့အတူလိုက်ရတယ်။ အလိုက်သိတဲ့တယောက်က သူ့နေရာဖယ်ပေးလို့ ထိုင်ခွင့်ရပါတယ်။

နောက်ဆုံးမှာ ဒေါက်တာတင်မာအောင်ပြောတဲ့ စည်းကမ်းတွေကိုပြောပြမိတဲ့ ကျွန်တော့်မှာ အောက်စ်ဖို့ဒ်ကျောင်းနဲ့ မျက်နှာပျက်ရပါတယ်။ ကွန်မြူနတီထဲ ဟိုပြောသည်ပြောတာတွေတော့ ခေါင်းထဲမထည့်ပါ။ လဖက်ရည်ပွဲလည်းဖြစ်တယ်။ ဓါတ်ပုံစုရိုက်တာလည်းဖြစ်တယ်။ ကျွန်တော်ကဖိတ်လို့ Press card ရပြီးသားသထင်းထောက်တွေနဲ့လည်း အထဲမဝင်ရလို့ မျက်နှာပျက်ရတယ်။ ကျောင်းလေးမှာတော့ သတင်းသမား ကိုဇာနည်တို့ လင်မယားကလာနိုင်ကြလို့ အခုတင်တဲ့ ဓါတ်ပုံတွေရပါတယ်။ လက်ဖက်ရည်ဝိုင်းနဲ့ အုပ်စုဓါတ်ပုံတွေမှာ ကျွန်တော်တို့ဇနီးမောင်နှံ မပါရပါ။

ဒေါက်တာတင်မာအောင် ကျန်းမာပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
ဓါတ်ပုံ = ဒေါက်တာရွန်ဘိတ် (အဲဒီတုံးက ကျောင်းအုပ်နဲ့ အခု ဖလမ်း NLD)၊ ဒေါက်တာခါလီက (ဒေါ်စုနဲ့ အောက်စဖို့ဒ်မှာ ကျောင်းနေဖက်)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး