Elected due date for LSCS ဗိုက်ခွဲမွေးတာ ဘယ်နှစ်လမှာ အကောင်းဆုံးလဲ

၁။ ဆရာ သမီးအသက်က ၃၈ နှစ်ပါဆရာ။ ကိုယ်ဝန်က ၃၂ ပတ်ရှိပြီဆရာ။ ယောက်ကျားလေးပါဆရာ။ ၃၇ ပတ်နဲ့ ခွဲမွေးရင် အဆင်ပြေနိုင်ပါ့မလားဆရာ။ ရိုသေလေးစားစွာဖြင့်။

၂။ ဆရာရှင့် ကျွန်မ ကိုယ်ဝန်ကလစေ့နေပါပြီ။ ဒီလ ၁၂ရက်နေ့ Due date ပေးထားပါတယ်။ OG က ၁၁ ရက်ကနေ ၂၆ ရက်အတွင်း ရွေးပါလို့ပြောပေမယ့် ကျွန်မရဲ့အခက်အခဲလေးတွေကြောင့် ရှေ့တိုးပြီး ၁၂ ရက်ကို ရွေးထားမိပါတယ်။ ကျွန်မ သိချင်တာက ရှေ့တိုးမိလို့ ကလေးမှာအန္တရာယ်ရှိနိုင်ပါသလားရှင့် ဒီလိုစောပြီးမွေးရင်ကောကလေး ဖွံဖြိုးသင့်တာတွေ ရှိနိုင်ပါ့မလားဆရာ။ မွေးမယ့်ရက်ကအရမ်းနီးနေပြီမို့ ကျေးဇူးပြုပြီး ဖြေကြားပေးပါလားဆရာ။ အရမ်းစိတ်ပူမိနေလို့ပါ။

၃။ ဆရာရှင့် ကျမ due date က june 10 မှပါ OG က သူအားတဲ့ရက် May 18 က 24 ရက်ပေးတယ်။ 24 ရက်ကို ယူရင်တောင် ကလေးက 37 ပတ်ပဲရှိလို့ ကလေးအရမ်းနုမှာစိုးလို့ ကျမဘယ်လိုလုပ်ရမလဲ။ တခြားဆရာဝန်နဲ့ဘဲ ရက်စေ့မှခွဲမွေးရမလားဆရာ အကြံပေးပါအုံး။

ကိုယ်ဝန် ၃၇-၃၈ ပါတ်နဲ့ မွေးလာမဲ့ကလေး ကောင်းကောင်းရှင်သန်နိုင်တယ်ဆိုတဲ့အယူအဆ ရှိထားပါတယ်။ ဒါကြောင့် အရင်ကဆိုရင် ကိုယ်ဝန် ၃၇ နဲ့ ၃၈ ပါတ်ကတည်းကခွဲမွေးကြတယ်။ ဒါပေမဲ့ ၂ဝ၁၁ ထဲမှာ ၄% ကျဆင်းလာပါတယ်။ ၃၉ ပါတ်နဲ့ ၄ဝ ပါတ်ထဲရောက်မှသာ ခွဲလာကြပါတယ်။ တကယ်မွေဘို့ခန့်မှန်းရက်နဲ့ နီးလေလေကောင်းလေလေ ဖြစ်ပါတယ်။

မဖြစ်မနေ ခွဲမွေးရမဲ့ကိုယ်ဝန်ဆိုရင် ၃၉ ပါတ်အထိစောင့်တာ အကောင်းဆုံးဖြစ်ပါတယ်။ ရာနှုန်းပြည့် ကောင်းတာကတော့ ဗိုက်နာတာ၊ ရေမြွာပေါက်တာ၊ သွေးဆင်းတာဆိုတဲ့ မွေးကာနီးလက္ခဏာတခုခု စဖြစ်တာနဲ့ ရိုးရိုးဖြစ်ဖြစ်၊ ခွဲမွေးတာဖြစ်ဖြစ် စတင်ဘို့ဖြစ်ပါတယ်။ စောလို့မသင့်ဘူးဆိုတာ မွေးလာမဲ့ကလေးအတွက်သာဖြစ်ပြီး၊ မိခင်အတွက်ကတော့ အားလပ်ရက် ရွေးတာ၊ နေ့ကောင်း ရက်သာ ရွေးနိုင်တာသာရှိပါတယ်။ ကလေးစောမွေးခြင်းကို ဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၇-၅-၂ဝ၁၅
၂-၆-၂ဝ၁၅
၂၃-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး