Fun for food ရီစရာကို အရင်စားရခြင်း

ဆရာရေ ဒီနေ့မှပို့ဖြစ်တယ်ရှင့်။ တစ်ခါမှ overseas မပို့ဖူးတာရယ် ဘာကအဆင်ပြေမလဲမသိတော့ သင့်တော်မယ် ထင်တာလေးတွေတော့ ထည့်ပေးလိုက်ပါတယ်။ ပုဇွန်ခြောက်နည်းနည်း၊ ငါးပုတ်ပြားသေးသေး၊ မုန့်ဟင်းခါးခြောက်လေးက ၃ ထုပ် (မိသားစုအကုန်စားလောက်အောင် ၅ဝ သားစာ ၃ ထုပ်)၊ မန်ကျည်းရွက်ချဉ်ဆားနယ်၊ ပုန်းရည်ကြီးပါတယ်။ ဆတ်သားခြောက်ကြော်ရယ်၊ ငါးမုန့် ၁ ထုပ်၊ ပဲမှုန့်အကျက်မှုန့် ၂ ထုပ်၊ ချဉ်ပေါင်ရွက်ခြောက် တခါစားစာလေး၊ လက်ဖက်ခြောက်အသေး ၁ ဗူး (ဗူးကြီး ၁ ဗူးက သားငယ်လေးဆော့ပြီး ထုတ်ထားတာ မသိလိုက်ဖူး ဆရာရေ၊ ပို့တဲ့နေရာရောက်မှ မပါလာမှန်းသိတော့ ကျန်ခဲ့တာ) မုန့်ဖတ်အခြောက်လည်း ဝယ်ထည့်ပေးဖို့ မေ့သွားတယ်ဆရာ။ ပထမဆုံးပို့ဖူးတာမို့ လိုအပ်ချက်လေးတွေဖြစ်သွားတယ်ဆရာရေ။ ၁၂ ရက်လောက်ကြာရင် ရောက်နိုင်ပါတယ်တဲ့။ အဆင်ပြေပြေရောက်ပါစေလို့ မျှော်လင့်နေပါတယ်ရှင့်။ ဆရာတို့တမိသားစုလုံးကျန်းမာကြပါစေ။

အန်တီကို ဖတ်ပြပြီး နှစ်ယောက်သား ရီနေကြတယ်။ ပွင့်ပွင့်လင်းလင်း ရိုးရိုးလေးရေးလို့။ Thank you very much

ကျမလည်း ကိုယ်လေးစားရတဲ့သူကို ပို့ပေးခွင့်ရလို့ကျေးဇူးတင် ဝမ်းမြောက်ရပါတယ်ဆရာ။

သွားရည်ကျစရာမလာခင် ရီစရာကို အရင်စားရတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး