I’m a bit tired

မောသွားပြီ။ ၃ နာရီကျော်ဆက်တိုက် မေးတာတွေကိုဖြေရတယ်။ ကနေ့တော့ မေးခွန်းအရှည်စားတွေက များတယ်။

မေးပုံမေးနည်းတော့ တိုးတက်လာတယ်။ ကွန်မင့်တွေမှာ စာရေးကြတာတွေလည်း ဂရုတစိုက်ရေးလာတာလည်း သတိထားမိတယ်။

အသက်-ကျား-မ ပြောပြသူကများလာပြီ။ အဆုံးရောက်မှ အသက်ရေးလို့ ၂ ခါဖတ်ရတာလည်း ၃-၄ ယောက်။ ဘာမှမပြောသူလည်းပါတုံးပဲ။ ဟယ်လို-ဟိုင်း-မင်္ဂလာပါလည်း ထုံးစံအတိုင်းပဲ။

အီးမေးလ်ကနေမေးတာတိုင်းကို အဖြေအဆုံးမှာ ကျန်းမာချမ်းသာကြပါစေလို့ ရေးနေတာကနေ ကျန်းမာပါစေလို့သာ ရေးနိုင်တော့တယ်။ စာအုပ်ထုတ်ဘို့ စာတွေစစ်စရာရော၊ ရေးချင်တာတွေရော အများကြီး။

ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး