Independence Day 2015 ဝမ်းတွင်းဟောက်လျက် ကားပက်လက်

ဟိုအရင်က လွတ်လပ်ရေးနေ့
ပြည်လမ်းက ဗိုလ်ရှုခံမှာ၊ မေလှမြိုင်သီချင်းနဲ့ပါ။

လူထုကလည်း လာရှု၊ အားကစားပြိုင်လို့ ရတဲ့ဆု၊ ကလေးပြိုင်လို့ ရတဲ့ဆု။

စစ်အစိုးရလက်ထက် လွတ်လပ်ရေးနေ့
စစ်အင်အားပြကြ၊ ညစာစားကြ။

ဗိုလ်ရှုခံချိန်မှာ တူထုတာခံကြရတဲ့လူထု၊ လွတ်လပ်ရေးနေ့မှာ မွန်းကြပ်ဆွေးမြေ့နေရတဲ့လူထု။

၂ဝ၁၅ လွတ်လပ်ရေးနေ့
အဝါရောင်ပါတဲ့အလံကိုထောင်၊ ရွှေအိုရောင်စလွယ်ကိုသိုင်း၊ နနွင်းမှုံ့ရောင်သံကိုင်းကိုကိုင်၊ စတိုင်ပါပါ နောက်ခံမှာ တင့်ကားတွေနဲ့ ဝံ့ကြွားလှတဲ့သမ္မတ၊

ထော်လာဂျီးမှာ ဆီးဖြူသီးလိုလိုက်ရတဲ့လူထု၊ အမိုးမပါကားပက်လက်၊ အမိုးမလုံတဲ့ စာသင်ကျောင်း တက်ရတဲ့ကျောင်းသားထု၊ လက်နက်အစုံနဲ့စစ်ရေးပြ၊ ဟင်းခွက်စုံမစားကြရတဲ့လူထု။

သိန်းထောင်ကုန်တဲ့နိုင်ငံတော်ပွဲ၊ ဘိန်း-မူးယစ်-ဓါတ်ငွေ့ထွက်တဲ့နိုင်ငံမှာ လူတွေကမွဲ၊ ဂုဏ်ယူကြတဲ့လူတွေကမနည်း၊ သူတို့တတွေက အရိုးအရင်းနဲ့ နောက်မြီးဆွဲ၊ မြန်မာနိုင်ငံတော်ကြီး ပြောင်းလဲတိုးတက်နေပြီဆိုပဲ။     ။

ဒေါက်တာတင့်ဆွေ
၎-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး