Intestine အူဘယ်နှစ်ခွေ မောင့်ဝမ်းထဲမှာရှိပါသလည်း

လာမယ့်လွှတ်တော်နှစ်ရပ်အတွက် လွှတ်တော်ဥက္ကဋ္ဌတွေအမည်စာရင်းထွက်လာပါပြီ။ ရေဒီယိုတခုကနေ လှမ်းမေးတော့ စာရင်းထဲကပုဂ္ဂိုလ်တွေကို မသိတာကများတယ်။ ဒေါက်တာမန်းမြင့်ဆိုင်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရာထားခံရသူ ဦးမန်းဝင်းခိုင်သန်း (NLD မြဝတီ) အကြောင်း VOA ကိုဖြေသွားတာ ကောင်းတယ်။

ရွေးကောက်ပွဲရလဒ်တွေ ထွက်လာပြီးကတည်းက မိတ်ဆွေတွေနဲ့စကားပြောရင် ကြည့်နေ့ အများထင်မှတ်မထားတဲ့ အမည်စာရင်းတွေ ထွက်လာမယ်လို့ပြောထားခဲ့တာပါ။ အခုပုဂ္ဂိုလ်တွေကိုလည်း မှန်အောင်မှန်းဆခဲ့သူ မရှိလောက်ဖူးလို့ ထင်ပါတယ်။ လာပါအုန်းမယ့့် အစိုးရအဖွဲ့ဝင်အမည်စာရင်း။ သည်အတိုင်းလာမှာက များပါမယ်။

ရခိုင်တိုင်းရင်းသားနဲ့ ကချင်တိုင်းရင်သားနာမည်တွေက ထွက်မလာသေးပါ။ ရခိုင်ပါတီခေါင်းဆောင်ကနေ အင်တာဗျူးမှာ ဖြေတာ ကြားရတယ်။ အဲဒီအကြောင်းကို လာမယ့်တနင်္ဂနွေ စကားဝိုင်းမှာ ဝင်ဆွေးနွေးဘို့ RFA က ကျွန်တော့်ကို ဖိတ်ထားတယ်။ ဘယ်ပုဂ္ဂိုလ်တွေနဲ့အတူ ဆွေးနွေးရမလည်းတော့ မသိသေးပါ။

အင်တာဗျူးမှာဖြစ်ဖြစ် မေးတာကိုဖြေဘို့ရှိလာရင်ဖြစ်ဖြစ် ဘယ်လိုဖြေသင့်သလည်းဆိုတဲ့သင်္ခန်းစာကို နာယူဘူးတယ်။ ကြေးမုံမှန်မှာပေါ်လာတဲ့အတိုင်းသာ အတိအကျမြင်သိပြီး ဖြေပါတဲ့။ နိုင်ငံရေးမှာ ဝစီကံမှုနဲ့သာ ဆက်သွယ်ရေး လုပ်ကြရတယ်။ ဆရာဝန်ဖြစ်လို့ လူနာကို ပါးစပ်အဟမခိုင်းပဲ အူဘယ်နှစ်ခွေဆိုတာတော့ သိပါတယ်။ ဟုမ်းဝပ်တော့ လိုမယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး