Martin Luther King Jr. Day မာတင်လူသာကင်းနေ့

လာမယ့် တနင်္လနေ့ ကျောင်းပိတ်မယ်။ မာတင်လူသာကင်းနေ့ဖြစ်လို့ပါ။ သူ့မွေးနေ့က ဇန္နဝါရီ (၁၅) ရက်ဖြစ်ပေမယ့် အမေရိကန် တနင်္လာပိတ်ရက် အက်ဥပဒေအရ တတိယ တနင်္လာရက်လို့ သတ်မှတ်တယ်။ ဒီနှစ်အတွက် ၁၆-၁-၂ဝ၁၇ နေ့မှာကျမယ်။ မနှစ်ကတော့ ၁၆ ရက်နေ့မှာ။

မာတင်လူသာကင်း ဂျူနီယာဟာ အကြမ်းမဖက်လှုပ်ရှားမှု၊ အရပ်သားအခွင့်အရေးလှုပ်ရှားမှု၊ လူမျိုးနွယ်ခွဲခြားမှု ဆန့်ကျင်ရေးမှာ အောင်အောင်မြင်မြင် ဦးဆောင်နိုင်ခဲ့သူဖြစ်တယ်။ ၂၈-၈-၁၉၆၃ နေ့မှာ သူဟောပြောခဲ့တဲ့ I Have a Dream ကျွန်တော့်မှာ အိပ်မက်တခုရှိတယ်ဆိုတဲ့မိန့်ခွန်းက အထင်ရှားဆုံးကျန်ရစ်တယ်။ သူ့မိန့်ခွန်းကို နားထောင်ရသူ လူပေါင်း ၂ သိန်းခွဲရှိတယ်။ မာတင်လူသာကင်း ဂျူနီယာ ၁၉၆၈ မှာ လုပ်ကြံသတ်ဖြတ်တာခံခဲ့ရတယ်။

သမတရီဂင်က အစပိုင်းမှာ နေ့အားရက်သတ်မှတ်ဖို့ ကုန်ကျစရိတ်အကြောင်းပြချက်နဲ့ ဆန့်ကျင်ခဲ့ပေမယ့် ၂-၁၁-၁၉၈၃ နေ့မှာ လက်မှတ်ရေးထိုးလို့ ဖက်ဒရယ်ရုံးပိတ်ရက်ဖြစ်လာပါတယ်။ ရုံးတွေ၊ ဘဏ်တွေ၊ အလုပ်ရုံတွေပိတ်တယ်။

မာတင်လူသာကင်းဟာ ကွန်မြူနစ်လို့ စွပ်စွဲချက်အပေါ်မှာ မှတ်ချက်ပေးဘို့ပြောတော့ ရီဂင်က ၃၅ နှစ်နေရင် သိမှာပါလို့ ပြန်ဖြေတယ်။ ဆိုလိုတာက FBI စောင့်ကြည့်ရေးတိပ်ခွေတွေကို ၃၅ နှစ်ကြာမှာ အများကြည့်ခွင့်ရလို့ဖြစ်တယ်။

Dream အိပ်မက်လှလှမက်ကြပါစေ http://doctortintswe.blogspot.com/2014/11/dream.html
Martin Luther King Jr. Day မာတင်လူသာကင်းနေ့ http://doctortintswe.blogspot.com/2016/01/martin-luther-king-jr-day.html
Online Dream အွန်လိုင်း မိုဘိုင်း အိပ်မက် http://doctortintswe.blogspot.com/2017/01/online-dream.html
Sweet dreams အိပ်မက်ချိုချိုမက်ပါစေ http://doctortintswe.blogspot.com/2015/02/sweet-dreams.html

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၅
၁၂-၁-၂ဝ၁၇
Photo: Martin Luther King Jr. delivering "I Have a Dream" at the 1963 Washington D.C. Civil Rights March.

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး