Metronidazole မက်ထရိုနိုက်ဒဇိုးလ်

(တနှစ်တိတိကတင်ခဲ့တဲ့စာ)

ဆရာ ဒီဆေးက ဘာရောဂါအတွက်သောက်ရတာလဲမသိလို့ပါ။ ဘာမိတွန်မှာလိုက်တာ ဒီဆေးကို သူငယ်ချင်းက ပို့ပေးလိုက်လိုပါ။

Metronidazole မက်ထရိုနိုက်ဒဇိုးလ် ခေါ်တယ်။ ဘာမီတွန်နဲ့ နည်းနည်းလေးမှမတူပါ။ ပိုးသေဆေးဖြစ်တယ်။ anaerobic bacteria ဗက်တီးရီးယားနဲ့ protozoa ပိုးတွေအတွက်သုံးတယ်။

1. Giardiasis (ဂိုင်ယာဒီယား) ပိုးဝင်ခြင်း = လူကြီး = 1-1.5 g တနေ့ ၁ ကြိမ်၊ ၁-၂ ရက်။ ကလေး = 30-40 mg/kg တနေ့ ၁ ကြိမ်၊ ၁-၂ ရက်။ (ဂိုင်ယာဒီးယား) ပိုးဝင်၍ ဝမ်းပျက်ခြင်း၊ 250 mg တတေ့ ၃ကြိမ်၊ ၅ ရက်။ ကျား-မ ဆီးပြွန်ရောင်ခြင်း၊ 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။
2. Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်) ရောဂါ = လူကြီး = 1.5 g တခါတည်းသောက်၊ ဒါမှမဟုတ် 0.5 g တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်၊ လိင်ဆက်ဆံဘက်ကိုလည်း တပါတည်းသောက်စေပါ။ ကလေး = 25 mg/kg တခါတည်းသောက်။ (ထရွိုင်ကိုမိုးနပ်စ်) နှင့် (ဂိုင်ယာဒီယား) ပိုးများကြောင့် မွေးလမ်းကြောင်း-သားအိမ်ရောင်ခြင်း၊ (2 g) တခါထဲ သို့မဟုတ် 250 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်။
3. Amoebiasis (အမီးဘား) ပိုးဝင်ခြင်း = လူကြီး = 0.5 g တနေ့ ၂ ကြိမ်၊ ၅-၁ဝ ရက်။ ကလေး = 25 mg/kg တနေ့ ၁ ကြိမ်၊ ၅-၁ဝ ရက်။
4. Amoebic dysentery (အမီးဘား) ဝမ်းကိုက်ရောဂါ = လူကြီး = 1.5 g တနေ့တခါ၊ ၃ ရက်။ ကိုယ်အလေးချိန် များသူတွေ 1 g တနေ့ ၂ ကြိမ်၊ ၃ ရက်။ ကလေး = 40 mg/kg နေ့စဉ်။
5. Severe amoebic dysentery ဆိုးဝါးလွန်းတဲ့ (အမီးဘား) ဝမ်းကိုက်ရောဂါ = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g စပေးပြီး 0.5 g ၁၂ နာရီတခါ၊ ၃-၆ ရက်။ ကလေး = 20-30 mg/kg နေ့စဉ်။
6. Amoebic liver abscess (အမီးဘား) အသဲပြည်တည်နာ = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g စပေး၊ 0.5 g ၁၂ နာရီတခါ၊ ၃-၆ ရက်။ ကလေး = 20-30 mg/kg နေ့စဉ်။ (အမီးဘား) အသဲပြည်တည်ခြင်း၊ 500–750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။ ကလေး 35 to 50 mg/kg နေ့စဉ် ၃ ခါခွဲပေး၊ ၁ဝ ရက်။
7. Anaerobic bacterial infections (အမီးဘား) ပိုးဝင်ခြင်း = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g စပေး၊ တနေ့ 1 g ကို ၂ ခါခွဲပေး၊ ၅-၁ဝ ရက်။ ကလေး = 10 mg/kg ၁၂ နာရီတခါ၊ ၅-၁ဝ ရက်။
လေမကြိုက်သည့်ပိုးကြောင့် အူမကြီးရောင်ခြင်း၊ 500 mg တနေ့ ၃ ကြိမ်။ 30 mg/kg/dose IV တနေ့ ၃ ကြိမ်၊ စားဆေး-ထိုးဆေး၊ လူကြီး 7.5 mg/kg ၆ နာရီတခါသောက်ဆေး။ ၇-၁ဝ ရက်။ အူမကြီးရောင်ခြင်း၊ 500 mg တနေ့ ၃ ကြိမ်၊ စားဆေး-ထိုးဆေး။ အူမကြီး ခွဲစိတ်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း၊ Cephalosporin နှင့် တွဲပေးသည်။
8. ခွဲစိတ်ကုသရာမှာ (အမီးဘား) ပိုး မဝင်စေအောင် ကြိုတင်ကာကွယ်ရန် = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 1 g IV မခွဲစိတ်မီ ၃ဝ မိနစ်ကြာသွင်း။
9. H pylori infections အစာအိမ်အနာ Clarithromycin and omeprazole နှင့်တွဲပေးသည်။
10. ခရီးသွားဝမ်းလျှောခြင်း၊ Metronidazole 250 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။
11. E histolytica (GE) အစာလမ်း (အူ) ရောင်ခြင်း၊ (အမီးဘား) ဝမ်းကိုက်၊ 400-800 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။
ကလေး 100-400 mg တနေ့ ၃ ကြိမ်။
12. (အမီးဘား) သွားဖုံးရောင်၊ 400 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။
13. ဦးနှောက် ပြည်တည်ခြင်း၊ 7.5 mg/kg တနေ့ ၄ ကြိမ်၊ တနေ့ 4 grams ထက်မပိုရ။ + Penicillin or Cefixime, Cefdinir, Cefoperazone, Cefotaxime, Cefpodoxime, Ceftazidime, Ceftizoxime, Ceftriaxone တခုခုနဲ့တွဲပေး။

ဘေးထွက်- ဆိုးကျိုးများ = ခြေ-လက်ထုံကျင်၊ ပါးစပ်နာ၊ အဖြူကွက်၊ ဆီးပူ၊ ဝမ်းပျက်၊ မျက်စိကြည့်မကောင်း၊ အာရုံစိုက်မရ၊ စိတ်မကြည်လင်၊ ခေါင်းကိုက်၊ လက်တုံ၊ ကြွက်သားလှုတ်၊ တက်၊ ကိုယ်ပူ၊ ချမ်း၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ နေရာင်မခံနိုင်၊ အိပ်ချင်၊ ပျို့အန်၊ မွေးလမ်းကြောင်းယား။

Dr. တင့်ဆွေ
၂ဝ-၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး