Naga friends နာဂမိတ်ဆွေများ

တိုင်းရင်းသားတွေလို့ပြောကြတဲ့အထဲမှာ တခါတလေမှ နည်းနည်းပါးပါးလေးသာပါတဲ့ နာဂလူမျိုးတွေနဲ့ပါ ကျွန်တော်က ခင်ပါတယ်။ ရေစက်ပါတယ်တောင်ပြောရမယ်။ မဆလ ခေတ်ကတည်းက တိုင်းအဆင့်ပါတီလူကြီး နာဂလူမျိုးက ကျွန်တော်တာဝန်ကျလို့ ပြောင်းသွားတဲ့ဆေးရုံအထိလိုက်လာပြီး သူ့သားကို ခွဲစိတ်ပေးဘို့လာအပ်တယ်။

ပြည်ပထွက်တော့ တွေ့ရပေါင်းရတဲ့နာဂတွေကမနည်းဘူး။ ညီအကိုလိုခင်တဲ့သူ၊ တပည့်သားမြေးလိုခင်တဲ့သူတွေရှိတယ်။ သူပုန်ခေါင်းဆောင်ကနေ စာရေးလာတာလည်းရတယ်။ ငယ်သူတွေကို ရင်းနှီးရင် ဆရာလေးလို့ ခေါ်ပါတယ်။ အခုပဲ နာဂလူမျိုးဆရာလေးတယောက်က ဆရာနေကောင်းလားတဲ့။ သူက အခုရန်ကုန်ရောက်နေပုံကြတယ်။ နာဂတောင်တန်း မှာနေလိုက် အိန္ဒိယနာဂဒေသမှာနေလိုက်။ သူရော သူ့အထက်ကစီနီယာ နာဂအမျိုးသား အမျိုးသမီးတို့ နေထိုင်ကြတဲ့ (နာဂလင်း) က (ဒင်မာပူ) ကိုသွားလည်ဘူးတယ်။ လည်တာတော့မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီရေး ကွန်ဖရင့်တခု သွားလုပ်တာပါ။

ဆရာ့ကို ဒေါ်ဇယ်နော်က သတိရကြောင်းပြောပေးပါတဲ့။ ဟာ (ဒေါ်ဇယ်နော်) က ဘယ်သူလည်းကွ။
၁၉၉ဝ ခန္တီး NLD ကပါ။
အော့့် (ဒေါ်ဆယ်ဆယ်နောင်) လို့သာသိတာကွ။
သူက ဆရာ့ကို မြန်မာပြည်ပြန်လာပါတဲ့။

တိုင်းရင်းသားလူမျိုးတွေနာမည်ကို မှတ်သားတာ တိတိကျကျလုပ်ရတယ်။ ပြည်ပရောက် ၁၉၉ဝ အမတ်တွေထဲမှာ ဗမာမဟုတ်သူတွေက များတယ်။ ဒေါက်တာဇလှေထန်း (ချင်း)၊ ဦးလျန်အုတ် (ချင်း)၊ ဦးထန်လျန်ပေါင် (ချင်း)၊ ဦးပီတာလင်းပင် (ရှမ်းစပ်)၊ ဦးစိုင်းဝင်းဖေ (ရှမ်း)၊ ဒူးဝါးဇော်အောင် (ကချင်)၊ ဦးသာနိုး (ရခိုင်)၊ ဦးထွန်းဝင်း (ရခိုင်)၊ ဦးအောင်ထွန်းစိန် (ရခိုင်)၊ ဦးဒယ်နီရယ်အောင် (လားဟူ)၊ ဦးတက်ဒီဘူးရီ (ကရင်နီ)၊ ဦးခွန်မာကိုဘန်း (ကယန်း)၊ ဦးစောတာရူးတူး (ကယား)၊ ဦးနိုင်သောင်းရှိန် (မွန်) နဲ့ ဦးခွန်မြင့်ထွန်း (ပအို့)။

နာဂတွေထဲမှာ အိန္ဒိယနာဂတွေနဲ့လည်း အတော်ခင်တယ်။ BCD ခေါ် ဒေလီမြန်မာစင်တာမှာ အတူလုပ်ခဲ့သူ အိန္ဒိယနာဂ အမျိုးသမီး Dr. Alana Golmei လည်းပါတယ်။ သူရန်ကုန်သွားတော့ ခင်မင်တဲ့ မွန်အမျိုးသမီး တယောက်နေ မပန်းနုလို့ နာမည်ပေးလိုက်တယ်။ အဲတာကြောင့် ကျွန်တော်က အိန္ဒိယအရှေ့မြောက်ဒေသနဲ့ မြန်မာ အမျိုးသမီးတွေအရေး ဆောင်ရွက်တဲ့ သူအဖွဲ့အစည်းကို ပန်းနုဖေါင်ဒေးရှင်းလို့အမည်ပေးတာ အခုထိတွင်နေပါတယ်။ နယူးဒေလီအခြေစိုက် ပညာရှင်များအဖွဲ့ Observer Research Foundation (ORF) က Dr. K. Yhome ကလည်း အိန္ဒိယနာဂအမျိုးသားဖြစ်ပြီး ခင်မင်တယ်။ မြန်မာပြည်နာဂတွေထဲမှာ စစ်အစိုးရနဲ့ပေါင်းစားနေတဲ့ ရန်ကုန်အခြေစိုက် နာဂလူရွယ်အဖွဲ့တခုကိုလည်း သိပါတယ်။

မြန်မာနာဂတွေ အိန္ဒိယနာဂတွေလို တိုးတက်လာပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၆
Photo sent by Rey Tho = ဒေါ်ဆယ်ဆယ်နောင်၊ ၁၉၉ဝ ခန္တီး NLD လွှတ်တော်ကိုယ်စားလှယ်

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး