Pantoprazole ပန်တိုပရာဇိုးလ်

ဆရာ ပုံပါဆေးကို အမြဲသောက်လို့ရလားဆရာ။

(ပန်တိုပရာဇိုးလ်) ဆေးဟာ လူသုံးများတယ်။ Proton pump inhibitors အမျိုးအစားဆေးဖြစ်တယ်။ အစာအိမ်လေနာ၊ အူသိမ်အစပိုင်းလေနာ၊ အစာမျိုပြွန်ကနေ အစာခြေရည်အထက်ဆန်တာအတွက်ပေးတယ်။ အစာအိမ်က အက်စစ်ရည် ထွက်တာကို နည်းစေတယ်။ ရင်ပူတာသက်သာစေမယ်။ အစာမျိုခက်တာနဲ့  မပြတ်တမ်းချောင်းဆိုးနေတာအတွက်ပါ ပေးနိုင်တယ်။ ဆေးန်ာမည်အမျိုးမျိုးရှိတယ်။ Pantocid 40 နာမည်နဲ့လည်းလာတယ်။

ဆေးဘယ်လိုပေးမလည်း
• Duodenal ulcer အူသိမ်အစပိုင်းလေနာဆိုတာ Helicobacter pylori infection ဗက်တီးရီးယားကနေဖြစ်တယ်။
• Zollinger-Ellison Syndrome ရောဂါအတွက်လည်းပေးတယ်။ အဲတာက ရှားတဲ့ သရက်ရွက်နဲ့ အူသိမ်အစပိုင်းမှာ အကျိတ်ဖြစ်တာ။ အစာခြေရည်တွေအများကြီးထွက်စေတယ်။
• အူသိမ်အစပိုင်းလေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၂-၄ ပါတ်။ Helicobacter pylori infection ကြောင့်ဖြစ်ရင် ပိုးသေဆေးနဲ့ပါတွဲပေးရတယ်။
• Gastric ulcer အစာအိမ်လေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပါတ်။
• Reflux oesophagitis အစာခြေရည်အထက်ဆန်လို့ရောင်တာတာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပါတ်။
• Zollinger-Ellison Syndrome ရောဂါအတွက် 40 mg တနေ့ ၂ ကြိမ်။
• Gastro-oesophageal reflux disease (GERD) အစာခြေရည်အထက်ဆန်တာအတွက် 20 mg တနေ့ ၁ ကြိမ်၊ ၄ ပါတ်။ လိုသေးရင် နောက်ထပ် ၄ ပါတ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ ခေါင်းကိုက်၊ ဝမ်းပျက်၊ ပျို့-အန်၊ အာခေါင်ခြောက်၊ သွေးဖြူဥနည်း၊ သွေးမှုံနည်းတာ ဖြစ်နိုင်တယ်။ တာရှည် (၃ နှစ်ကြာ) သောက်ရင် ဗီတာမင် ဘီ-၁၂ နည်းစေတတ်တယ်။ အဲတာနည်းရင် အားနည်းမယ်။ လျှာအနာပေါက်မယ်။ ခြေလက်ထုံမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး