Richard Nixon's signature လက်မှတ်ကပြောတဲ့ သူ့သမိုင်း

အမေရိကန်သမတ (ရစ်ချတ်နစ်ဆင်) ဟာ သမိုင်းတင်ခဲ့သူဖြစ်တယ်။ ၁၉၆၉ ကနေ ၁၉၇၄ အထိ အမေရိကန်သမတ ဖြစ်ခဲ့တယ်။ သူ့လက်ထက် ၁၉၇၃ မှာ ဗီယက်နမ်စစ်ပွဲကိုအဆုံးသတ်ခဲ့တယ်။ ရန်သူတော်တရုပ်ပြည်ကို ၁၉၇၂ မှာ အလည်သွားခဲ့တယ်။ သူ့လုပ်ရပ်အားလုံးထဲမှာ ပိုပြီးအမှတ်ထင်ထင်ကျန်ရစ်ခဲ့တာကတော့ Watergate ဝါးတာဂိတ် အရေးအခင်းဖြစ်ပါတယ်။

၁၇-၆-၁၉၇၂ ခုနှစ်တုံးက ဝါရှင်တန်ဒီစီမြို့တော်က ဒီမိုကရက်တစ်ပါတီရုံးချုပ်ထဲမှာ လူ (၅) ယောက်ခိုးဝင်တဲ့အမှုကနေ စတယ်။ နောက်ဆုံး ၉-၈-၁၉၇၄ နေ့မှာ သမတအဖြစ်ကနေ သက်တမ်းမကုန်သေးပဲ နှုတ်ထွက်ပေးလိုက်ရတယ်။

ပုံပါ သူ့လက်မှတ်တွေကို နှိုင်းယှဉ်ကြည့်ရင် သူ့မှာစိတ်ဖိအားတွေ ဘယ်လိုများများလာခဲ့တယ်ဆိုတာကို ဖတ်နိုင်ပါမယ်။ သုတေသနလုပ်သူကတော့ Signature getting progressively lazier ပြင်းပြင်းလာတယ်၊ ထိုင်းထိုင်းလာတယ်လို့ သုံးပါတယ်။

မြန်မာပြည်က ထွက်တော့မယ် သမတရဲ့လက်မှတ်တွေကို ဘယ်သူများသုတေသနလုပ်နိုင်မလည်း။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး