Stay away အမြဲခွါရှင်း ဖဲကြဉ်မင်း

• ဗူးခါးရေနဲ့ ကြမ်းကြားလေ၊
• မိုးခါးရေသောက်သူတွေများလို့ ကျောင်းကား ဇရပ်သွင်ဖြစ်ရ၏။

• ရေဗူးပေါက်တာ မလိုချင်ဘူးဆိုလို့၊
• အညွန့်အဖူးလေးတွေ အပေါက်ဆန်ခါတွင် စာသင်ကြရ၏။

• ပညာရှာ ပမာသူဖုန်းစား၊
• ဘုန်းတန်ခိုးထွားသူတွေများလို့ ကျောင်းသားတွေ သူဖုန်းစားဖြစ်ရ၏။

• သူတော်မဟုတ် ယုတ်သည့်စရိုက်၊
• လူသူမိုက်ကို မကြိုက်မချစ်၊
• ရန်သူစစ်သို့ မနှစ်သက်ဘဲ၊
• ဝေးစွာရှဲ၍ အမြဲခွါရှင်း၊ ဖဲကြဉ်မင်း။

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၄
(လောကသာရဆုံးမစာကို မှီငြမ်းပါသည်။)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး