The Wiseman ဝိဓူရ

သတင်း = သူရဦးရွှေမန်း နှုတ်ဆက်မိန့်ခွန်း နားထောင်စဉ် အမျိုးသမီးအမတ်အချို့ မျက်ရည်က

ဝိဓူရဦးချစ်မောင် မိန့်ခွန်းပြောခဲ့တာကို အမှတ်ရတယ်။ သခင်ချစ်မောင် (၁၉၁၅-၂ဝဝ၅) ဟာ (ဖဆပလ) ခေတ်မှာ (ပမညတ) ပါတီခေါင်းဆောင်တဦးဖြစ်ပါတယ်။ ၁၉၆၂ မှာ ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကြီးကို ဝန်ကြီးချုပ် ဦးနုကဦးဆောင်ပြီးကျင်းပတော့ (ပမညတ) ကိုယ်စားလှယ်အနေနဲ့ မိန့်ခွန်းပြောရတယ်။ အဲဒီနေ့ဟာ ၁-၃-၁၉၆၂ ရက်နေ့ဖြစ်လို့ ဗိုလ်ချုပ်နေဝင်းအာဏာမသိမ်းခင် တရက်အလိုမှာဖြစ်ပါတယ်။ ဦးချစ်မောင်ရဲ့ ဆွေးနွေးချက်ကို ကျွန်တော့ဘလော့တခုမှာ တင်ထားပါတယ်။ http://union-affairs.blogspot.com/2009/03/blog-post_02.html

ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက ဝိဓူရအမတ်ကြီးဟာ ကောရဗျမင်းကြီးရဲ့ ပညာရှိအမတ်ကြီးဖြစ်တယ်။ သူ့ဂုဏ်သတင်းဟာ ဘောဂဝတီနဂါးပြည်အထိရောက်တယ်။ နဂါးမင်းကြီးရဲ့မိဖုရားက ဝိဓူရအမတ်ကြီးရဲ့တရားကို နာယူလိုတာနဲ့ မိန်းမတို့ မာယာသုံးပြီး နဂါးမင်းကြီးကို ချဉ်းကပ်ပြီး၊ ဝိဓရအမတ်ကြီးရဲ့ နှလုံးသည်းပွတ်ကိုစားသုံးလိုကြောင်းလျှောက်ပါသတဲ့။

နဂါးမင်းကြီးရဲ့သမီးတော် နဂါးမင်းသမီးလေး ဣရန္ဓတီက သူရအောင်ယူပေးမယ်လို့ကတိပေးတယ်။ နတ်၊ ဂန္ဓဗ္ဗဘီလူး၊ နဂါး၊ ကိန္နရာနဲ့ လူပညာရှိတွေကြားအောင် ဝိဓုရရဲ့နှလုံးသည်းပွတ်ကို ဆောင်ယူပေးနိုင်သူကို သူ့ခင်ပွန်းအဖြစ် လက်ဆက်ပါမယ်လို့ ကြေညာလိုက်တယ်။ ပုဏ္ဏနတ်ဘီလူးက နဂါးမင်းသမီးလေးကိုသဘောကျပြီး သူရယူပေးမယ်လို့ ကတိပြုလိုက်တယ်။

ပုဏ္ဏနတ်ဘီလူးက သိန္ဓောမြင်းကိုစီးပြီး ကောရဗျပြည်ကိုသွားတယ်။ ကြွေအံကစားဝါသနာကြီးလှတဲ့ ကောရဗျဘုရင်နဲ့ ကြွေအံကစားတယ်။ သူရှုံးရင် သိန္ဓောမြင်းနဲ့ အဖိုးထိုက်သည့် ပတ္တမြားကိုပေးမယ်။ သူအနိုင်ခဲ့ရင် ဝိဓူရသုခမိန်ကိုပေးလို့ လောင်းကြေးထပ်တယ်။ ကောရဗျဘုရင်ရှုံးလို့ ဝိဓူရကို ပေးလိုက်ရတယ်။

ပုဏ္ဏကဘီလူးက ဝိဓူရကို သိန္ဓောမြင်းမြီးကိုဆွဲခိုင်းပြီး နဂါးပြည်ကိုသွားတယ်။ လမ်းတလျှောက်လုံးမှာ ဝိဓူရကို အမျိုးမျိုး နှိပ်စက်ပြီးခေါ်သွားတယ်။ ဝိဓူရဟာ ဘီလူးကို သာဓုရနတရားဟောလို့ အသက်မသေပါ။ နဂါးပြည်ရောက်တော့ ဝိဓူရကနေ မင်းကျင့်တရား ဆယ်ပါး၊ တိုင်းသူပြည်သားတွေရဲ့ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေနဲ့ မင်းမှုထမ်းတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဟောကြားပါတယ်။

အပြောအဟောကောင်းသူတွေကနေ ဒီဇာတ်တော်ကို ဇာတ်နာအောင် တန်းဆာဆင်ကြတယ်။ ဟိမဝန္တာတောင်တွေနဲ့ တိုက်ခံရတာစသဖြင့် ကြားတဲ့သူတွေငိုချင်လာအောင်ဖွဲ့ဆိုသီကုံးကြတယ်။ သခင်ချစ်မောင်ကလည်း ပါလီမာန်ထဲမှာ အပြောကောင်းလို့ သူ့မိန့်ခွန်းပြီးကတည်းက ဝိဓုရချစ်မောင်လို့ တွင်ခဲ့ပါတယ်။

၂-၃-၁၉၆၂ နေ့မှာ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတော့ ဝိဓူရချစ်မောင်က ခေတ်ပြောင်းတော်လှန်ရေးမှာ ကျရာနေရာက ထမ်းပါ့မယ်၊ ခွေးကတက်မှာ နေရနေရဆိုပြီးပြောလို့ ခွေးကတက်လမ်းစဉ်ဆိုပြီး နာမည်တွင်ပြန်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး