မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, February 24, 2016

Baby Powder ကလေးပေါင်ဒါ

(ဂျွန်ဆင်-အင်-ဂျွန်ဆင်) ပေါင်ဒါကုမ္ပဏီကို နစ်နာကြေး ၇၂ သန်း ချမှတ်တဲ့သတင်းကိုတင်တော့ စိုးရိမ်သူ အတော်များများက မေးကြတယ်။

ကလေးတွေပေါင်ဒါသုံးတာ အန္တရာယ်ရှိပါသလားဆိုတဲ့အမေးကို ၈-၁ဝ-၂ဝ၁၂ အွန်လိုင်းအမေးအဖြေမှာ အမေရိကန် ကလေးအထူးကုဆရာဝန်တယောက်ကနေ သည်လိုဖြေထားပါတယ်။

American Academy of Pediatrics အမေရိကန်ကလေးဆရာဝန်များအကယ်ဒမီက ကလေးတွေပေါင်ဒါသုံးတာကို ဆန့်ကျင်ပါတယ်။

Talc ခေါ်ပေါင်ဒါဟာ hydrated magnesium silicate ဆေးဖြစ်တယ်။ ပေါင်ဒါမှုံ့ဟာပေါ့ပါးလွန်းလို့ လေထဲမှာပါပြီး ကလေးရဲ့အသက်ရှူလမ်းကို အလွယ်လေးနဲ့ဝင်မယ်။ ကလေးအသက်ရှူလမ်းကို အနည်းနဲ့အများထိခိုက်စေနိုင်တယ်။ အသက်ရှူခက်တာ၊ အသက်ရှူကြပ်တာ၊ ပိတ်တာတွေဖြစ်စေနိုင်တယ်။ ချွဲဖြစ်လာစေမယ်။ ပန်းနာရှိတဲ့ ကလေးအကြီးတွေနဲ့လည်းမသင့်ပါ။

သုံးနေရင်လည်း ပေါင်ဒါကိုအမှုံ့ထမသွားအောင်ဂရုစိုက်ပါ။ ကလေးခေါင်းနဲ့ဝေးနိုင်သမျှဝေးပါစေ။ ကလေးမှာ တခုခုနဲ့ ထိကပ်ရာကနေ နီရဲနေရင် ပေါင်ဒါအစား ကလေးလိမ်းနိုင်တဲ့ ခရင်မ်တို့ ဆီတို့ကိုသုံးနိုင်ပါတယ်။ Petroleum jelly လည်း သုံးနိုင်ပါတယ်။

အမေရိကန်ကင်ဆာအသင်းကနေသတိပေးထားတာ အဲလိုဓါတ်ထုတ်လုပ်တဲ့ အလုပ်သမားတွေနဲ့ ပေါင်ဒါကို နှစ်ရှည်လများသုံးသူတွေမှာ အဆုပ်ကင်ဆာဖြစ်စေနိုင်သလား လေ့လာပါတယ်။ အဆုပ်ကင်ဆာသတိပေးရတာက ပေါင်ဒါသက်သက်ကြောင့်လား အထဲမှာပါတဲ့ မီးခံကျောက်မှုံကြောင့်လားတော့ မပြောနိုင်ပါ။ အမေရိကန် ကင်ဆာအသင်းက ပေါင်ဒါသက်သက်ကနေတော့ အဆုပ်ကင်ဆာမဖြစ်စေပါလို့ ထပ်ပြောပါတယ်။

နောက်သတိပေးချက်က မျိုးဥမအိမ်ကင်ဆာအန္တရာယ်။ အဲတာကိုလည်း တိတိကျကျတော့မပြောနိုင်ပါ။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ဆက်စပ်ထားတဲ့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီအဆိုအရ ပေါင်ဒါကို ပေါင်ခြံလို လိင်အင်္ဂါတွေမှာမသုံးဘို့ဖြစ်ပါတယ်။ ကင်ဆာကိုသံသယရှိလို့ပါ။

တကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပသုံးပစ္စည်းမှန်သမျှ သဘာဝထွက်မဟုတ်ရင် ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ သဘာဝထွက်တောင်မှ ရေရှည်လူအများစုကသုံးတဲ့ သနပ်ခါးအစစ်၊ နံ့သာဖြူ၊ ကရမက်တွေသာ အချိန်ကသက်သေခံထားတာရှိပါတယ်။ တိုင်းရင်းဆေးလို အရပ်ဆေးနည်းလို ကြော်ငြာဆေးလို သဘာဝထွက်ကုန်တွေကိုတော့ အာမမခံနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.