Bluetooth-enabled pregnancy kit ဘလူးတုသ်နဲ့ ကိုယ်ဝန်စမ်းနိုင်

First Response ကနေတီထွင်တာဖြစ်ပါတယ်။ စမတ်ဖုံးဖြစ်ဖြစ် တက်ဘလက်ဖြစ်ဖြစ်ရှိရင် ကိုယ်ဝန်ရှိ မရှိ စမ်းလို့ရပြီ။ ဆီးစစ်တံလေးကို စမတ်ဖုံးနဲ့ ချိတ်ဆက်လိုက်ရုံပါပဲ။ ၃ မိနစ်သာကြာမယ်။ Qualcomm technology နည်းပညာကို သုံးထားတယ်။ Pregnancy PRO Digital Pregnancy Test & App Access လို့ ခေါ်တယ်။

အဖြေစောင့်နေတုံးမှာလည်း Calm Me စိတ်အေးသက်သာရစရာဖြစ်ဖြစ် Educate Me ကိုယ်ဝန်နဲ့ မျိုးပွါးပညာပေးဖြစ်ဖြစ် ကြည့်နေနိုင်ပါတယ်။ Entertain Me ကိုရွေးပြီး ဗီဒီယိုတခုခုကြည့်နေနိုင်ပါတယ်။ အဖြေက အနုတ်ပြရင် ကိုယ်ဝန်ရစေဘို့ အကြံကောင်းတွေပေးပါမယ်။ အပေါင်းပြရင် ခန့်မှန်မွေးမယ့်ရက်တွက်ပေးမယ်။

တခုကို ၉ ဒေါ်လာနဲ့ ၁၅ ဒေါ်လာပေးရတဲ့ အမျိုးအစား ၂ ခုရှိတယ်။ ကနေ့ခေတ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၆၄% က စမတ်ဖုန်းသုံးနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး