Chinese billionaires တရုပ်ကုဋေကြွယ်သူဌေးကြီးများ

ကမ္ဘာ့အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီးများအားလုံးရဲ့ ၉ဝ% ဟာ တရုပ်တွေဖြစ်တယ်။ ကမ္ဘာလုံးမှာ စီးပွါးရေး တိုးတက်မှုနှေးလာနေချိန်မှာ တရုပ်သူဌေးတွေ ပိုများလာတယ်။ အခုဆိုရင် ကုဋေကြွယ်သူဌေးကြီးတွေ အရေအတွက်ဟာ ၂၁၈၈ ယောက်ရှိလာပါပြီ။ မနှစ်ကထက် ၉၉ ယောက်ပိုလာတာပါ။ Hurun Global Rich List ကနေပြုစုထားတဲ့စာရင်း ဖြစ်ပါတယ်။

တရုပ်ပြည်မကြီး၊ ဟော်ကောင်၊ တိုင်ဝမ်နဲ့ မကာအိုမှာ တရုပ်သူဌေးပေါင်း ၅၆၈ ယောက်ရှိလာလို့ အမေရိကန်သူဌေး အရေအတွက် ၅၃၅ ယောက်ထက် ပိုများပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီးတွေအားလုံးပိုင်တာက ၇့၃ ထရီလီယန်ဒေါ်လာဖြစ်တယ်။ တရုပ်သူဌေးတွေ ကြွယ်ဝမှု စုစုပေါင်းဟာ ၁့၎ ထရီလီယန်ဒေါ်လာရှိတယ်။ ၁၅-၁-၂ဝေ၆ နေ့အထိတွက်ထားတာဖြစ်ပါတယ်။ ကမ္ဘာမှာ အချမ်းသာဆုံးက မိုက်ကရိုဆော့ဖ်ပိုင်ရှင် (ဘီလ်ဂိတ်) ဖြစ်ပါတယ်။ သူက စုစုပေါင်း (၈ဝ) ဘီလီယန် ချမ်းသာတယ်။ အမေရိကားမှာ ဒုတိယအချမ်းသာဆုံး (ဝါရင်း ဘူဖက်) က (၆၈) ဘီလီယန်ချမ်းသာတယ်။

တရုပ်ပြည် ဘေဂျင်းမှာ ကုဋ္ဋေကြွယ်သူဌေးကြီး ၁ဝဝ နေထိုင်ကြတယ်။ နယူးယောက်မှာ ၉၅ ယောက်နေတယ်။

အချမ်းသာဆုံး ထိပ်တန်း ၁ဝဝ ထဲမှာ တရုပ် ၉ ယောက်ပါတယ်။ (ဝန်ဂျီယန်လင်း) က အချမ်းသာဆုံးတရုပ်ဖြစ်ပြီး ကမ္ဘာ့နံပါတ် ၂၁ နေရာမှာရှိတယ်။ သူက ဖျော်ဖြေရေးလုပ်ငန်းကြီး Wanda ကိုပိုင်တယ်။ သူချမ်းသာတာက ၂၆ ဘီလီယန် ရှိတယ်။ ဟောင်ကောင်က (လီ ကာ-ရှန်း) က ၂၅ ဘီလီယန်ဒေါ်လာ။

ကမ္ဘာ့စီးပွါးရေး နှေးကွေးလာတယ်။ လောင်စာဆီဈေးတွေ ကျတယ်။ အမေရိကန်ဒေါ်လာ ခိုင်မာလာချိန်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး