Dirty hands အညစ်အကြေးကို မကိုင်မိပါစေနဲ့

ပြည်သူ့ချဉ်ပတ်ဆိုတာ အရင်ကသုံးကြတယ်။
အခုညပိုင်း (ဒီတိုင်းပြည်ကအချိန်) မှာ ယောက်ျားလေးတယောက်ပုံနဲ့ လူသတ်ချင်တဲ့သတင်းကို တယောက်ပြီးတယောက် တင်နေကြ၊ မျှဝေနေကြ၊ ရှယ်နေကြတယ်။
တရက်အတွင်းမှာ ထောက်ချုပ်ဟောင်းပုံကလည်း တက်တက်လာတယ်။
နှစ်ရက်အတွင်းမှာ ဘုန်းကြီးတပါးသတင်းကလည်း လာလာနေတယ်။
ကျွန်တော်တော့ဗျာ အဲလိုဟာတွေကို ကိုယ့်စာမျက်နှာပေါ်တင်ရတာကိုက မသတီပါ။ ကြည့်မနေ၊ ဖတ်မနေ၊ ကြည်ညိုမနေချင်ပါ။
အညစ်အကြေးကို လာပေးလို့ မယူရင် ပေးတဲ့သူလက်မှာသာ အညစ်အကြေးက ပေပွနေသတဲ့။ ကိုယ့်လက်ကို ပြောင်အောင်ဆေးကြပါဗျာ။ ပြီးရင် Hand sanitizer နဲ့ပါဆေး။ နောက်လည်း အဲလိုဟာတွေကို မကိုင်မိကြစေနဲ့။

ဒေါက်တာတင့်ဆွေ
၎-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး