El Nino-Linked Drought Is Ethiopia's Worst in 50 Years

(အယ်လ်-နင်နို) ကြောင့် အီသီယိုးပီးယားမှာ နှစ်ပေါင်းငါးဆယ်အတွင်း အဆိုးဆုံးကပ်ဆိုက်

မိုးခေါင်ရေရှားလို့ အီသီယိုးပီးယားမှာ လူ (၁ဝ) သန်းမကအတွက် အစားအစာအကူအညီလိုအပ်နေပါတယ်။ ၁၉၈၄ တုံးကဖြစ်ခဲ့တာထက်ဆိုးတယ်။ မိုးမရွာတာ ၂ နှစ်ရှိလို့ စိုက်ပျိုးထားတဲ့သီးနှံတွေပျက်စီးတယ်။ တိရစ္ဆာန်တွေလည်း သေကုန်ပြီ။ ရေတွေလည်း ခမ်းခြောက်နေတယ်။ ကလေးပေါင်း ၄ သိန်းဟာ အာဟာရချို့တဲ့ကြတော့မယ်။

ပြစ်တင်လက်ညှိုးထိုးရမှာကတော့ ပစိဖိတ်သမုဒ္ဒရာထဲက ဆိုးဝါးလှတဲ့ (အယ်လ်-နင်နို) ရာသီဥတုဖြစ်ပါတယ်။ အမေရိကားမှာတော့ စိုထိုင်းပြီးနှင်းမုန်တိုင်းကျခဲ့တယ်။ ပူလောင်လွန်းတာကို အာဖရိကမှာခံရတယ်။

အီသီယိုးပီးယားအစိုးရက လူဦးရေ (၈) သန်းအတွက်အရေးပေါ်အကူအညီပေးဘို့ ကိုယ်ပိုင်ငွေ ဒေါ်လာ ၃၈၁ သန်း ထုတ်သုံးနေတယ်။ ကုလခန့်မှန်းချက်က ဒေါ်လာ ၁့၎ ဘီဘီယန်လိုမယ်။ အိမ်နီးချင်း ဆိုမားလီယားမှာလည်း ၂ဝ၁၁ တုံးကခံခဲ့ရပြီးပြီ။

မြန်မာပြည်အတွက်လည်း မိုးလေဝသပညာရှင်တွေက သတိပေးနေပြီ။ အပူပိုင်းဒေသတွေက အခုကတည်းက ပြင်ဆင်ထားကြပါ။ တပြည်လုံးစီးပွါးရေးကိုထိခိုက်မယ်။ တမျိုးသားလုံးနဲ့ဆိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး