မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, December 26, 2016

Food for health အစားအသောက်

Food for Health တည့်တဲ့အစာ လူကျန်းမာ

• ဆီးချိုသမား အချိုမစား၊ ဆန်ထက် ဂျုံပိုစား၊
• သွေးတိုးသမား အငန်မစား၊ အချိုလျှော့စား၊ ဆေးမှန်မှန်စား၊
• ကိုလက်စထောများ အသားဆီမစား၊ ပင်လယ်ငါးစား၊
• နှလုံးရောဂါသမား အငန်-အဆီ-အချိုလျှော့စား၊
• လေနာသမား အချိန်မှန်စား၊ စားနေကျအစာစား၊
• ကိုယ်ဝန်ဆောင်ထား တယောက်စာမကစား၊
• ကလေးမွေးထား မမွေးခင်ကလိုစား၊
• ဂေါက်သမား အသားလျှော့စား၊ အမြစ်အသည်းမစား၊
• ပန်းနာ-အလာဂျီရှိသူများ မတည့်တာမစား၊
• သွေးအားနည်းသူများ သံဓါတ်ပါအစာစား၊ အသည်းစား၊
• ဝမ်းပျက်သူများ ဓါတ်ဆား၊
• ဝမ်းချုပ်သူများ ဖိုက်ဘာပါတာစား၊
• ဆီးဆေးသောက်ထား အုန်းရေနဲ့ ငှက်ပျောသီးစား၊
• သွေးယိုသူများ ဗီတာမင် (စီ) စား၊
• ကြက်မျက်သင့်နဲ့ ကြာဆူးရှိသူများ အရောင်ပါအသီးအနှံစား၊ ဗီတာမင်အေစား၊
• ပိန်ချင်သူများ အစားအစာနဲ့ အားကစား သတိထား၊
• အရိုးပါးသူများ ကယ်လ်စီယမ်စား၊
• သွေးဆုံးသူများ ပဲပုပ်စား၊
• ဝချင်သူများ ကလိုရီများများစား၊
• ကျန်းမာချင်သူများ အသီးနေ့တိုင်းစား၊
• ရောဂါမရချင်သူများ အော်ဂဲနစ်အစာစား၊
• ဆေးခန်းမသွားချင်သူများ အသီးအနှံဆီသာစား၊
• လှပချင်သူများ အတုအပ မသုံးစား၊ စိတ်ကောင်းစေတနာထား။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၆
ဓါတ်ပုံ = တည့်တာ ရွေးဝယ်နေတဲ့ ဒေါ်မြမြအေး

No comments:

Post a Comment

Note: Only a member of this blog may post a comment.