Glass vs. Plastic ဖန်လား ပလပ်စတစ်လား

ကလေးနို့ဗူး၊ ရေဗူးကို အစဉ်အဆက် ဖန်ပုလင်းသာသုံးတယ်။ ပလပ်စတစ်တွေကနောက်ပေါ်။ ပေါ့လို့၊ ဈေးချိုလို့နဲ့ မကွဲစေနိုင်လို့ဖြစ်တယ်။ ခေတ်ဆန်တာလည်း ပါတာပေါ့။

ပလပ်စတစ်ပုလင်းတွေ ဗူးတွေကို လေ့လာဆန်းစစ်မှုတွေ လုပ်တော့ ကင်ဆာကိုသံသယရှိတယ်။ ဒါပေမယ့် FDA ကနေ ၂ဝဝ၈ ခုနှစ်မှာ BPA ပါနေလည်း စိတ်ချရပါတယ်လို့ထုတ်ပြန်ပါတယ်။ ဒါပေမယ့် လူတိုင်းက လက်မခံနိုင်ကြသေးလို့ BPA free ကိုပဲ အကောင်းဆုံးယူဆနေကြတယ်။

ဖန်ပုလင်းကနေ ကင်ဆာမဖြစ်စေတာကသေချာတယ်။ ကလေးအတွက်သာ ဆုပ်ကိုင်ရတာလေးလံမယ်။ ဆေးကြော သန့်ရှင်းရတာ ပိုလွယ်တယ်။ ပလပ်စတစ်အသုံးအဆောင်ကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်အပူပေးလို့မရပါ။

Nipples နို့သီးခေါင်း
Clear silicone စီလီကွန်အကြည်နဲ့လုပ်တာအကောင်းဆုံးဖြစ်တယ်။ လက်အိတ်တွေ ကွန်ဒွမ်တွေလုပ်တဲ့ Latex ရာဘာ နဲ့လည်းလုပ်တယ်။ လေးတက်စ်က စီလီကွန်ထက်ဈေးချိုတယ်။ ကွဲအက်လွယ်တယ်။ ပန်းကန်ဆေးစက်ထဲမှာ မသင့်ဘူး။ အဲတာကြောင့် စီလီကွန်နို့သီးခေါင်းက ပိုကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး