မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Wednesday, February 15, 2017

Measles ဝက်သက်ရောဂါ

မနေ့က FM သတင်းမှာ မန္တလေးမှာ ကလေးတွေ ၀တ်သက်ဖြစ်နေတယ်ပြောသွားလို့ စိတ်ပူမိပါတယ်ရှင့်။ ကျေးလက်ဆရာမလေးကို သွားမေးတာ ခုထိုးပေးလို့မရဘူး ၉ လပြည့်တုန်းက တခါထိုးတားတယ်။ တနှစ်ခွဲမှ နောက်တစ်ကြိမ်းထိုးလို့ ရမယ်ပြောပါတယ်ရှင့်။ စိတ်ပူလို့ အပြင်ဆေးခန်းမှာသွားထိုးလို့ရပါလားရှင်။

Measles ဝက်သက်ရောဂါလို့ခေါ်တယ်။ Rubeola လို့လည်းခေါ်တယ်။ Rubella ဆိုတာက ဂျာမန်ဝက်သက်။ Morbillivirus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်။ လူနာရဲ့ နှာခေါင်း-ပါးစပ်က ပိုးပါတဲ့အရည်ဟာ တခြားလူရဲ့ အသက်ရှူလမ်းကနေဝင်ပြီး ကူးစက်တယ်။ ပိုးဝင်ပြီး ၄-၁၂ ရက် အကြာ ရောဂါပေါ်တယ်။ လက္ခဏာတွေ စပေါ်တဲ့ရက်ကနေစပြီး အနီစက်တွေပေါ်ပြီး ၃-၅ ရက်အကြာထိ သူများကို ကူးစက်စေနိုင်တယ်။

ဝက်သက်ကို အလွန်ကူးစက်မြန်ရောဂါလို့သတ်မှတ်ထားတယ်။  ၂ဝ၁၄ ခုနှစ်က တကမ္ဘာလုံးမှာ ဝက်သက်ဖြစ်ခဲ့သူပေါင်း ၁၁၄၉ဝဝ ယောက်နဲ့ နေ့စဉ် သေဆုံးသူပေါင်း ၃၁၄ ယောက် ရှိခဲ့တယ်။ အများဆုံးက ၅ နှစ်အောက်ကလေးတွေဖြစ်တယ်။ ကာကွယ်ဆေးကြောင့် ၂ဝဝ ခုကနေ ၂ဝ၁၄ အတွင်း ဖြစ်နှုန်း ၇၉% ကျဆင်းခဲ့ပါတယ်။

လက္ခဏာတွေ -
ချောင်းဆိုး၊ ခေါင်းကိုက်၊ နှာရည်ယို၊ မျက်စိနာမယ်။ အစားပျက်မယ်၊ အနီရောင်အစက်တွေထွက်၊ ဦးခေါင်းပိုင်းကစထွက်၊ ယားတယ်။ တတိယနေ့မှာ ပေါ်လာတဲ့အနီစက်လေးတွေကို Koplik's spots လို့ခေါ်တယ်။ ပါးစပ်ထဲမှာလဲ ပေါက်တတ်တယ်။ နားနောက်နားမှာစထွက်တယ်။ ယားမယ်။ နီရာကနေညိုပြီး ၄-၈ ရက်အထိ ကြာနိုင်တယ်။ တိတိကျကျဆိုရင် ၄ ရက် ဖျားတယ်။ နူမိုးနီးယားနဲ့ နားကိုက်တာလဲ ဆက်ဖြစ်တတ်တယ်။ ဦးနှောက်ရောင်၊ မျက်ကြည်လွှာ ရောင်တာ ဖြစ်နိုင်တယ်။ ရှားပါတယ်။ အသက်ကြီးမှ ဝက်သက်ပေါက်ရင် ပိုဆိုးတယ်။

ကုသရန်
ပိုးသေမည့်ဆေး မရှိ။ လက္ခဏာများကိုသာကုပါ။ Acetaminophen Paracetamol ပါရာစီတမောဆေးကိုသာ ပေးရတယ်။
• ၂-၆ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ 2⋅5 mL တနေ့ ၄ ကြိမ်၊
• ၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
• ၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊

ယားတာသက်သာအောင် (အင်တီဟစ်တမင်း) ဆေးလဲ Chlorpheniramine (ဘာမီတွန်) eJY Cetrizine (စီထရဇင်း) ဆေးပေးနိုင်တယ်။ Calamine lotion ကိုလဲ လိမ်းပေးနိုင်တယ်။

Cetirizine စီထဇင်းဆေးပြား
လူကြီး = တနေ့ 5 mg or 10 mg
၆-၁၁ နှစ်ကလေး = တနေ့ 5 mg or 10 mg
၆ လမှ ၁-၅ နှစ်ကလေး = တနေ့ 2.5 mg (½ teaspoon)

ချောင်းဆိုးတာအတွက် Fast-acting bronchodilator cough Syrup ချောင်းဆိုးပျောက်ဆေးရည် ပေးတယ်။ ဗီတာမင် (အေ) ကိုလဲ ပေးတာကောင်းတယ်လို့ဆို နိုင်တယ်။

ဝက်သက်ရောဂါကာကွယ်ရန်
ဖြစ်နေတဲ့ကလေးကို သီးခြားထားပါ၊ အခြားကလေးတွေကို ကူးစက်စေမယ်။ ကလေးကာကွယ်ဆေးထိုးဇယား၊
• ၉ လ Measles ဝက်သက်
• ၁၅ လ MMR ပသိရောင်-ဝက်သက်-ဂျာမန်ဝက်သက်၊
• ၄ နှစ် MMR ပသိရောင်-ဝက်သက်-ဂျာမန်ဝက်သက်၊

ကလေးအတွက်ရော မိခင်အတွက်ပါ အစားအသောက် ရှောင်ရန်မရှိပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.