Neem leaf ခါးသက်သက်အလွမ်း

• လူကြုံမှာဘာမှာချင်လဲ၊ စေတနာမိုးတွေသည်း၊
• ဆရာ ဘာပို့ပေးရမလဲ၊ စေတနာမိုးတွေကသည်း၊
• ဒီမှာကနှင်းဖွဲဖွဲ၊ အဲဒီမှာက တမာပွဲ၊
• ကျွန်တော့်မှာ တိုင်းပြည်နဲ့ခွဲကတည်းက တမာနဲ့ခွဲ။

• ဒီမှာလည်းတမာ ခါးသက်သက်ပါ၊ အညွန့်အဖူးလေးတွေလည်းပါ၊
• အောက်ငပိရေလည်းရပါ၊ အညာငပိချက်လည်းချက်တတ်ပါ၊
• ဒါပေမယ့် ဟာတာတာ။

• တောင်လေအလာ ပင်ထက်မှာနီရဲရဲနဲ့ ခပ်ချွဲချွဲကူတဲ့အသံသာ၊
•ဒါပေမယ့် လက်ပံ၊ ဥသြနဲ့ တောရနံ့မပါ၊
• ခါးတဲ့အရသာ ဟာတာတာ၊
• လာမယ့်နွေမှာ ခါးတဲ့အရသာကို ရွှေဗမာတွေ ခံစားတတ်ကြစေချင်ပါ။

ဒေါက်တာတင့်ဆွေ
၈-၂-၂ဝ၁၆
၈-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး