Red Silk-Cotton Tree Flower လက်ပံပွင့်ဋီကာ

တချို့က အလှအပကို ခံစားတယ်။ တချို့က အရသာကို စားသုံးတယ်။ တချို့က ဓလေ့ကို တွေ့တယ်။

လက်ပံပွင့်မှာ ပွင့်ဖတ်တွေကို စားမရပါ။ လက်ပံသား အကောင်းစားမဟုတ်ပါ။ လက်ပံပွင့်ဟာ ဟောင်းနေ ခြောက်နေလည်း ကောင်းတယ်။ စာဟောင်းပေဟောင်းတွေကို မြတ်နိုးတယ်။

လက်ပံသည် တောဇာတိဖြစ်၏။ တောသားတွေက လွမ်းကြ၏။ လက်ပံမှာ ပကာသနမရှိ။ ငွေကြေးမရှိသူတွေက တသသဖြစ်ကြ၏။ လက်ပံသည် ပူလောင်ချိန်မှာပွင့်၏။ အပူသမားတွေကို လောင်မြိုက်စေ၏။

လက်ပံသည် ကဗျာဆန်၏။ စာတတန်ပေတတန်ဖွဲ့နွဲ့ကြ၏။ လက်ပံသည် ရဲရဲနီ၏။ တော်လှန်ရေးသမားတွေကို သတ္တိမွေးပေး၏။ 

လက်ပံပွင့်သည် အလကားရ၏။ ဤသို့သောစေတနာကို ကျွန်ုပ်အလွန်တန်ဖိုးထား၏။ 

လက်ပံသည် အပင်ကြီးသော်လည်း အပွင့်ကိုကြွေချပေး၏။ ဤသို့သောခေါင်းဆောင်မျိုးကို ကျွန်ုပ်အလွန်လေးစား၏။

စနိုးပြင်ပေါ်မှာ ကြွေကျတဲ့ လက်ပံပွင့်ကို ကောက်ရလိုပါ၏။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး