Shan tealeaves ရှမ်းလက်ဖက်ခြောက်

(ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုလျက်)

ရှိတ်စပီးယားက ကျွန်ုပ်သည် ဝိုင်သောက်ပြီးပေးတတ်တဲ့ ကတိမျိုးတွေထက် အမှားတွေကိုပိုလုပ်မိ၏တဲ့။

ရှိတ်စပီးယားလို အမှားတွေမများချင်လို့ အနားမှာယူ၊ အပူအအေး၊ အပေါ့အဖန်၊ အင်မတန်ခံတွင်းတွေ့၊ မေ့မရ နေ့ညသောက်တဲ့ လက်ဖက်ရည်ပူပူ။

ချားလ်စ်ဒစ်ကင်း ကွယ်လွန်တော့ ဝိုင်အပါအဝင် သောက်စရာပုလင်းပေါင်း ၂၁၆ဝ ကျန်ရစ်ခဲ့၏တဲ့။

မနက်လင်းအထိ ဥာဏ်ရှင်းလင်း၊ ချားလ်စ်ဒစ်ကင်းရဲ့ ဝိုင်ပုလင်းနဲ့မလဲ၊ တပြေတရွာဝေးနေလည်း၊ စေတနာကဲ လက်ဆောင်ပေးမြဲ၊ ပြည်တွင်းက ဖရင်းတွေကို ကျေးဇူးတင်နေဆဲ။

ဒေါက်တာတင့်ဆွေ
၇-၂-၂ဝ၁၆
၇-၂-၂ဝ၁၇

- I am falser than vows made in wine. (William Shakespeare)
- On June 9th, 1870 Charles Dickens died at the tender age of 58 at Gad’s Hill Place, near London and leaves behind a collection of more than 180 dozen (2160) bottles of wine, spirits and cordials.

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး