Age and Gender အသက်-ကျား-မ သြကာသ

ကနေ့ညနေ ကျောင်းကပြန်လာကတည်းက မေးခွန်းတွေနဲ့နပမ်းလုံးရပြန်ပါတယ်။ မေးနည်းစည်းကမ်းတင်ရတာ သူများတွေကို အားနာလှပြီ။

1. ဆရာခင်ဗျ ကျွန်တော့်ယောက္ခထီးက နှာခေါင်းထဲက အပုပ်နံ့လိုတွေထွက်ပြီး အနံ့ရနေတာ အဲ့ဒါဘယ်လိုကုသရင် ရနိုင်မလဲဗျ အလင်းပြပေးပါဆရာ
အသက်မပြောလိုသူ။
2. ဆရာခင်ဗျား ကျွန်တော့်သူငယ်ချင်းတစ်ယောက်အကြောင်းမေးချင်လို့ပါ မ့ အသက်၂ဝ ပါ။ သူတို့ သမီးရည်းစား ၂ ယောက်ဟာ အတူကြိုးစားကြရင်းနဲ့ ပြည့်စုံတဲ့တချိန်ယူမယ်လို့ရည်ရွယ်ထားကြသူတွေပါ တားဆေးတွေ သောက်ပေမယ့်လဲ ကံမကောင်းစွာပဲ မ့ မှာ ကိုယ်ဝန်ရှိလာပါတယ့့်
ဒီလိုကျန်းမာရေးကိစ္စကို ကာယကံရှင်ကသာမေးပါ။
3. ဆရာ ရှင့် သားအိမ်ခြစ် တာကို English လို ဘယ်လိုခေါ်လဲရှင့်
D and C (D & C)
4. ဆရာရှင့် သမီးလေးကရှစ်လရှိပါပြီ မနေ့ ကတည်းကကိုယ်ပူတာ အဖျား ၁ဝ၁ ကလုံးဝမကျဘူး Baby gesic တိုက်ပါတဟ် လေးနာရီခြား တခါ ဒီမနက်မှအဖျားကျသွားပါတယ် ဒီနေ့ဝမ်းသွားတာဝမ်းအစိမ်းတွေသွားပါတယ် စိုးရိမ်လို့ပါ ဘာဖြစ်နိုင်လဲလဲမသိလို့ပါဆရာ ဖြေပေးပါအုံး ကျေးဇူးတင်ပါတယ် ဆရာ
ဘာဖြစ်နိုင်သလည်းသာ သိလိုသူ။
5. Hi ဆရာ သမီးကိုယ်ဝန်က ၁ပတ်ပဲရှိသေးတာ ၄ ရက်လောက်ခရီးက ပြန်လာတော့ ပမ်းပြီး နောက်တရက် သွေးတွေဆင်းပြီးပျက်ကျသွားတယ် သွေးက ဂျင်းစကတ်တခုလုံး ရွဲရွဲစိုသွားတယ် အရင်က ကိုယ်ဝန် ဖျက်ချဖူးတယ် ၂ခါလောက် ခုတခါခလေးယူမလို့ ပျက်ကျသွားတာဘာဖစ်တာလဲဆရာ ၄ ရက်လောက် ဝမ်းလျောပြီး နောက်တရက်ပျက်ကျသွားတာပါဆရာ
အသက်မပြောလိုသူ။
6. ဆရာရှင့် သမီးလေးကရှစ်လရှိပါပြီ မနေ့ ကတည်းကကိုယ်ပူတာ အဖျား ၁ဝ၁ ကလုံးဝမကျဘူး Baby gesic တိုက်ပါတဟ် လေးနာရီခြား တခါ ဒီမနက်မှအဖျားကျသွားပါတယ် ဒီနေ့ဝမ်းသွားတာဝမ်းအစိမ်းတွေသွားပါတယ် စိုးရိမ်လို့ပါ ဘာဖြစ်နိုင်လဲ မသိလို့ပါဆရာ ဖြေပေးပါအုံး ကျေးဇူးတင်ပါတယ် ဆရာ
ဘာဖြစ်နိုင်သလည်းသာ သိလိုသူ။
7. မင်္ဂလာပါဆရာ! ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ သွေးထဲကဆီးချို  နှင့် ဆီးထဲကဆီးချို  ဘယ်လို ကွာခြားပါသလဲဆရာ ကျေးဇူးတင်ပါတယ်ဆရာ
အသက်-ကျား-မ မပြောလိုသူ။
8. ဆရာ သမီး အနာစိမ်း အဖုသေးသေးလေးတွေ ၄ လုံးလောက်ပေါက်နေပါတယ် ၃ လုံးကပျောက်သွားပါပြီ ၁ လုံးက အနက်က ပေါက်သွားပြီး နာနေလို့ လိမ်းဆေးတစ်ခုခု ပြောပြပေးပါလားဆရာ cloxicillin 250 mg 8 လုံး လောက်သောက်ပြီး ဆက်မသောက်ဖြစ်ဘူးဆရာ လိမ်းဆေးတစ်ခုခု လမ်းညွှန်ပေးပါဆရာ ကျေးဇူးတင်ပါတယ်
အသက် စတာမပြောလိုသူ။
9. ကျနော် ကပ်ပအိတ်မှာ ဇီရွေးစိလောက် အသားလုံးက ကင်ဆာဖြစ်နိုင်ပါသလား ကျနော့့်  မိန်းမ မယူသေးပါ ကန်တော့ပါ့ လုပ်ပါသည် ခွဲမထုတ်ပဲထားရင် ဆိုးဝါးနိုင်ပါသလား ၁ဝ ၁၂ အရွယ်က ဝက်ခြံစိလောက် ရှိရာမှ အခု ၂၈ ကျော်မှာ ဇီရွေးစိလောက် ဖြစ်လာပါသည် ခင်များ ဆရာအားလျှင် ဖြေကြားပေးစေချင်ပါသည်
အသက်မပြောလိုသူ။
10. မင်္ဂလာပါဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါ ကျွန်တော့သားမှာ ck ဓါတ်များလို့ ကြွက်သားအားနည်းတဲ့ရောဂါ ဖြစ်နေပါတယ် ဒါကြောင့်ပျေက်ကသ်းနိုင် မည့်ဆေးများရှိရငမညွန်ကြားပေးပါဆရာ
အသက်မပြောလိုသူ။
11. ဆရာ ဂရင်ဂျီနာဖြစ်ရင်ခွဲမှပျောက်တာပါလား မခွဲပဲသောက်ဆေးသောက်လို့ရပါသလား ကျေးဇူးပြုပြီး ဖြေကြားပေးပါ အနာဘုက တစ်လုံးထက်ပိုပြီးပေါက်တတ်ပါလား ဆရာ
အသက်မပြောလိုသူ။
12. ဆရာရှင့် wart နဲ့ပါတ်သတ်ပြီးဘယ်လိုဆေးမျိုးအသုံးပြုရမလဲ ရှင်းပြပေးပါလားရှင့် ဘယ်လိုလိမ်းဆေးမျိုး သုံးရမလဲ ပျောက်ကင်းအောင် အရေပြားဆရာဝန်လဲ ညွှန်ပြပေးပါလားဆရာရှင့်
အသက် စတာမပြောလိုသူ။
13. ဆရာခင်ဗျာ ကျတော် ကျီးကန်းပါးစပ်နာလိုဖြစ်နေတာတော်တော်ကြာပါပြီ... စင်္ကာပူက ဆရာဝန်တွေပေးတဲ့ဆေး သောက်တာလည်း မသက်သာဘူးဆရာ.. မြန်မာပြည်အလည်ပြန်တော့ သုံးလေးငါးရက်လောက်မှာ ပျောက်သွားပြီး ဒီကိုပြန်လာတော့ပြန်ဖြစ်လာတာမို့...ဘာဆေးတွေလိမ်းဖို့လိုလည်း ဘာတွေ ရှောင်ကြဉ်ရမယ်ဆိုတာကို ဆရာ့ဆီမှ ညွှန်ကြားပြသမှုကိုတောင်းခံပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ဆရာ..
အသက် စတာမပြောလိုသူ။
14. ဆရာရှင့် DNA စစ်ရင်ဘာတွေလိုအပ်ပါသလဲ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးပါနော်
အသက် စတာမပြောလိုသူ။
15. ဆရာ Motion Sickness အကြောင်းသိချင်လို့ပါ ဆရာ ဟိုတခါရေးထားတဲ့ Post ကို ပြန်ရှာမတွေ့တော့လို့ပါ အဲဒါ ဘာဆေးသောက်ရမလဲဆိုတာ ပြောပေးပါ ဆရာ
အသက်-ကျား-မ မပြောလိုသူ။
16. ဆရာကျွန်မကိုယ်ဝန်၁ဝပတ်ရှိပါပြီ။ ၂၁ ရက်နေ့ညနေမှ ပါးဘယ်ဘက်ပါးစောင်မှာ မီးလောင်ဖုလိုအဖုလေးနှစ်ခု ထွက်လာပါတယ် မထွက်ခင်ရေချိုးတုန်းကနဲနဲနာပါတယ် အခုအဖုထွက်ပြီးလဲနာပါတယ် အခု ၂၂ ရက်နေ့ မနက်စောမှာ ညာဘက်လက်ဖမိုးမှာပါးမှာထွက်တဲ့အဖုမျိုးနှစ်ဖုပေါ်လာပါတယ်ဆရာ စိုးရိမ်စရာအခြေအနေလား သိချင်လို့ပါရှင့် ကျွန်မနေပြည်တော်မှာနေပါတယ်ရှင့် ကျွန်မအသက်၃၆နှစ်ပါရှင်။သားဦးကိုယ်ဝန်ပါ
အသက်ကိုနောက်ဆုံးမှသာပြောလို့ မေးခွန်းကို ၂ ခါဖတ်စေသူ။
17. ဆရာ တခုလောက်မးပါရစေ ကျမသမီးလေးကို Pentaxim နဲ့ IMOJEV ဆိုတဲ့ ကာကွယ်ဆေး နှစ်မျိုး ထိုးတာပါတယ်ဆရာ။ အဲဒါ ခုဖြစ်နေတဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ကိုကာကွယ်ပါလားဆရာ။ နို့မဟုတ် အဲ့အတွက် ဘယ်ကာကွယ်ဆေးကိုထိုးပေးသင့်လဲ ဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါနော်ဆရာ။ သမီးလေးက ခဏခဏ ဖျားတတ်လို့ပါဆရာ။ စိတ်ပူလို့ပါ ဆရာ။
အသက်မပြောလိုသူ။

မေးနည်းစည်းကမ်းနဲ့အညီမေးသူက အခုအရေအတွက်ထက်နည်းပါတယ်။ (အသက်-ကျား-မ) အရင်ပြောပါလို့ သြကာသရွတ်သလို ရွတ်နေတာလည်း မကယ်နိုင်သေးပါလား။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး