Amniocentesis ရေမြွာရည်ဖေါက်ယူစစ်ဆေးခြင်း

ရေမွှာရည်ဖောက်ယူစစ်ဆေးတာကို ဘယ်လိုခေါ်လဲဆရာ။ အဲလို စစ်ဆေးရင် ဘာဖြစ်တတ်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်သူတွေကို ရေမြွာရည်ဖေါက်ယူစစ်ဆေးတာလုပ်ရတယ်။ Triple test ခေါ်တဲ့ သုံးမျိုး စမ်းသပ်နည်းမှာ မူမမှန်တာတွေ့မှသာလုပ်ပါတယ်။ AFP, hCG, and Estriol တွေဖြစ်တယ်။ AFP ဆိုတာ သန္ဓေသားကနေထုတ်ပေးတဲ့ alpha-fetoprotein ပရိုတင်းတမျိုးဖြစ်တယ်။ hCG ဆိုတာ human chorionic gonadotropin ခေါ်တဲ့ အချင်းကနေထုတ်ပေးတဲ့ဟော်မုန်းဖြစ်တယ်။ Estriol ဆိုတာ သန္ဓေသားနဲ့ အချင်းကနေ ထုတ်ပေးတဲ့ estrogen အီစထိုဂျင်ဟော်မုန်းဖြစ်တယ်။ ဒီစမ်းသပ်နည်းက သွေးကိုသာစစ်လို့ စိုးရိမ်စရာမရှိပါ။

ကိုယ်ဝန် ၁၅ ပတ်နဲ့ ၂ဝ ပတ်မှာစမ်းတယ်။ ၁၆-၁၈ ပတ်မှာကပိုသေချာစေနိုင်တယ်။ မွေးရာပါချို့ယွင်းချက်နဲ့ကလေး မွေးဖူးသူ၊ အသက် ၃၅ နှစ်ကျော်သေူ၊ ဆေးအပြင်းတချို့သုံးခဲ့သူ၊ အင်စူလင်ထိုးနေရတဲ့ဆီးချိုရှိသူ၊ ကိုယ်ဝန်ဆောင်နေချိန်မှာ ဗိုင်းရပ်စ်ပိုး ဝင်ခံရသူ၊ ဓါတ်ရောင်ခြည်များများသင့်ခံရသူတွေကို စစ်ဆေးတယ်။

AFP များနေရင် spina bifida နဲ့ anencephaly ဦးနှော်နဲ့အာရုံကြောချို့ယွင်းချက်နဲ့ကလေးဖြစ်နိုင်တယ်။ AFP နည်းနေပြီး hCG နဲ့ estriol မူမမှန်ရင် Trisomy 21 (Down Syndrome) နဲ့ Trisomy 18 (Edwards Syndrome) ဖြစ်နိုင်တယ်။ တခြား ခရိုမိုဇုန်းမူမမှန်တာလည်းဖြစ်နိုင်တယ်။ အဖြေက မတိကျလှပါ။ လိုအပ်ရင် ဆက်စမ်းရမယ်။

ရေမြွာရည်ဖေါက်ယူစစ်ဆေးတာလုပ်ရင် အာလ်ထွာဆောင်းနဲ့ စုပ်ယူမဲ့အပ်ကိုကြည့်ရတယ်။ ကိုယ်ဝန် ၁၄ ပတ်နဲ့ ၂ဝ ပါတ်မှာစစ်တယ်။ တချို့ကိုနောက်ပိုင်ရောက်မှစစ်တယ်။ ခရိုမိုဇုမ်းမူမမှန်တာ၊ အာရုံကြောစနစ်ချို့ယွင်းတာ၊ မျိုးဗီချို့ယွင်းတာတွေကို သိနိုင်တယ်။ ခရိုမိုဇုမ်းမူမမှန်တာက Down syndrome နဲ့ Trisomy 21 တွေဖြစ်တယ်။
မျိုးဗီဖမူမမှန်တာက cystic fibrosis ဖြစ်တယ်။ အာရုံကြောစနစ်မူမမှန်တာက spina bifida ဖြစ်တယ်။
ကိုယ်ဝန်ရင့်ချိန်မှာလုပ်ရင် ကလေးအဆုပ်အခြေအနေသိမယ်။ အဲတာတွေက ၉၈-၉၉% မှန်တယ်။ ကလေးရဲ့ DNA ကိုလည်းသိနိုင်တယ်။ မိဘစစ်မစစ် ၉၉% မှန်တယ်။

စစ်ဆေးနည်းမှာ သတိထားစရာတော့ရှိတယ်။ ဒါပေမယ့် မေယိုးကလင်းနစ်ကနေ တနှစ်မှာ လူ ၂ သိန်းကို လုပ်ပေးနေပါတယ်။ ကိုယ်ဝန်ပျက်နိုင်တဲ့အန္တရာယ်က ၄ဝဝ မှာ ၁ ယောက်နဲ့၊ တချို့နေရာတွေမှာ ၂ဝဝ မှာ ၁ ယောက်သာ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး