Black and White အဖြူနဲ့အမည်း

၂ဝ၁၂ သြဂုတ်လထဲမှာ ဦးသိန်းစိန်အစိုးရကနေ နိုင်ငံရေးလုပ်သူ ၂ဝဝဝ ကျော်ကို အနက်ရောင် အမည်စာရင်းကနေ ပယ်ဖျက်တဲ့ထဲမှာ ကျွန်တော့်နာမည်က နံပါတ် (၇) မှာပါခဲ့ပါတယ်။ ကျေးဇူး။

မြန်မာ့နိုင်ငံရေး အဖြူ-အမည်း သဲကွဲပြီလား။

ပြည်ခိုင်ဖြိုး ဆိုးဆေးနဲ့ နာမည်ကဖြူသွားတယ်။ ကျွန်တော့်ဆံပင်ကတော့ စစ်အစိုးရတက်ကတည်းကဖြူခဲ့တာ။

မြန်မာ့နိုင်ငံရေး အဖြူ-အမည်း အခုထိ မသဲကွဲလှသေးပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၈

Big Name နာမည်ကြီး

Black and White အဖြူနဲ့ အမည်းပို့စ်အောက်မှာ ကွန်မင့်တခု ဖတ်ရတယ်။ ကျေးဇူး။

နိုင်ငံရေး လှုပ်ရှားသူ နာမည်ကြီးစာရင်းထဲပါတဲ့သူ ဖြစ်လို့ပါ။ ဒါကြောင့် အခုအထိ နာမည်ကြီးနေဒါပေါ့။

ဆိုင်းဘုတ်ကြီးကြီးရေးထားရင်၊ အသံကျယ်ကျယ်ဟစ်တတ်ရင်၊ သူများထက်ထူးခြားပြီး ဝတ်စားဆင်ယင်တတ်ရင် နာမည်ကြီးနိုင်တယ်။ Smile!

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး